CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၀
ဂါနာလက်ရွေးစင် ဆီမန်ညိုကို မန်စီးတီးအသင်းထံ ရောင်းချခဲ့တဲ့ ဘုန်းမောက်အသင်းဟာ အာဆင်နယ်အသင်း ကြယ်ပွင့် ဝမ်နရီကို ဇန်နဝါရီအပြောင်းအရွှေ့မှာ အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
၂၀၂၂ ခုနှစ်မှာ အသက် ၁၅ နှစ်အရွယ်နဲ့ ပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံး ပွဲဦးထွက်အဖြစ် မှတ်တမ်းရေးထိုး ထားတဲ့ ဝမ်နရီဟာ ဒီရာသီ အာဆင်နယ်အသင်းမှာ ပုံမှန်ပွဲကစားချိန် မိနစ်တွေရရှိဖို့ ရုန်းကန်နေရတာပါ။
ဝမ်နရီဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် ၆ ပွဲ အပါအဝင် ပြိုင်ပွဲစုံ ၁၁ ပွဲ ပါဝင် ကစားထားပြီး ၁ ဂိုး သွင်းယူထားပါတယ်။
ဝမ်နရီကို အငှားနဲ့ခေါ်ယူချင်နေတဲ့ ဘုန်းမောက်အသင်းဟာ သူ့ကို ပွဲကစားချိန် မိနစ်တွေပိုပေးဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သိရပါတယ်။

ဝမ်နရီကို တွေ့ရစဉ်
ဝမ်နရီကတော့ ပွဲကစားချိန် နည်းပါးနေပေမယ့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးတဲ့ အနေနဲ့ အာဆင်နယ် အသင်းမှာ ဆက်ပြီးရှိနေဖို့ စိတ်အားထက်သန်နေတာပါ။
အင်္ဂလန် ယူ-၂၁ ကစားသမားဟာ လန်ဒန်ကလပ်မှာ ဆက်နေပြီး ပါဝင်ကစားဖို့ အခွင့်အရေးရတဲ့ အချိန်မှာ အကူအညီပေးဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဝမ်နရီဟာ သူရဲ့ တိုးတက်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ အငှားပြောင်းရွှေ့မှုကို မပြုလုပ်ဖို့ ဆန္ဒရှိနေတာပါ။
လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်နေပြီး ဆုဖလားရရှိဖို့ ရေပန်းစားနေတာကြောင့် ဝမ်နရီဟာ အသင်းနဲ့ ဆုဖလားကိုင်မြှောက်နိုင်ဖို့လည်း ဆန္ဒပြင်းပြနေ ပါတယ်။
အသက် ၈ နှစ် အရွယ်ကတည်းက အာဆင်နယ်အသင်းမှာရှိခဲ့တဲ့ ဝမ်နရီဟာ အာဆင်နယ်အသင်းကြီးအတွက် ပွဲပေါင်း ၅၀ ပါဝင်ကစားထားပြီး ၁၀ ဂိုးသွင်းယူထားတာပါ။
ဝမ်နရီဟာ ပို့စ်မောက်အသင်းနဲ့ ကစားမယ့် FA ဖလား တတိယအဆင့်ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ ပွဲထွက် လူစာရင်းထဲ ပါဝင်လာနိုင်ဖို့ရှိနေပါတယ်။
Source: besoccer
