CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၀

၂၀၂၅ အာဖရိကဖလားပြိုင်ပွဲရဲ့ အိမ်ရှင်အသင်းဖြစ်တဲ့ မော်ရိုကိုအသင်းဟာ ကွာတားဖိုင်နယ်ပွဲမှာ ကင်မရွန်း အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်ခဲ့ပါတယ်။ 

မော်ရိုကိုအသင်းအတွက် ဂိုးတွေကို ဘရာဟင်ဒီယက်ဇ်နဲ့ ဆိုင်ဘာရီတို့က သွင်းယူခဲ့တာပါ။

ဘရာဟင်ဒီယက်ဇ်ဟာ ဒီပြိုင်ပွဲမှာ မော်ရိုကိုအသင်းအတွက် ပွဲတိုင်း ဂိုးသွင်းယူထားပြီး ၅ ဂိုးနဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။

မော်ရိုကိုအသင်းဟာ ၂၀၀၄ ပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဖရိကဖလား ဆီမီးဖိုင်နယ် တက်ခဲ့ပြီး နောက် နည်းပြရီဂရာဂီက သမိုင်းရေးထိုးဖို့ ရည်ရွယ်ထားတယ်လို့ ပြောခဲ့ပါတယ်။

ရီဂရာဂီက “ကစားသမားတွေနဲ့ ပရိသတ်တွေကို ကျနော် ကျေးဇူးတင်ချင်ပါတယ်။ ကွင်းထဲမှာ ကစားသမား ၁၂ ဦး နဲ့ ကစားနေရသလို အမှန်တကယ် ခံစားခဲ့ရပါတယ်။ ဆီမီးဖိုင်နယ်တက်ဖို့ ထိုက်တန်ပြီး ကစားသမားတွေ ပြသခဲ့ တဲ့ အရာတွေကို ကျနော် အလွန်ကျေနပ်ပါတယ်။ အသင်းတိုင်းက ကျနော်တို့ကို အနိုင်ရချင်တာကြောင့် ကျနော် တို့ နှိမ့်ချရမှာ ဖြစ်ပြီး ပြိုင်ဘက်အားလုံးကို လေးစားရမှာပါ။ အခုအချိန်မှာ ကျနော်တို့ သမိုင်းရေးထိုးဖို့ ရည်ရွယ် ထားတယ်”လို့ ပြောခဲ့တာပါ။ 

 မော်ရိုကိုအသင်းကို တွေ့ရစဉ်

မော်ရိုကိုအသင်းဟာ ၁၉၇၆ က ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ အာဖရိကဖလား ချန်ပီယံဆုကို တစ်ကြိမ်တည်းသာ ရရှိထားပြီး ဒီနောက်ပိုင်းမှာ အမြင့်ဆုံးအောင်မြင်မှုအဖြစ် ၂၀၀၄ ပြိုင်ပွဲမှာ ဒုတိယရခဲ့တာ ဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် မော်ရိုကိုအသင်းဟာ သူတို့ရဲ့ မြေပေါ်မှာ ကျင်းပတဲ့ အခုနှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ 

မော်ရိုကိုအသင်းဟာ အယ်လ်ဂျီးရီးယားနဲ့ နိုင်ဂျီးရီးယားအသင်းတို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ဆီမီးဖိုင်နယ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

အာဖရိကဖလား ကွာတားဖိုင်နယ် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆီနီဂေါနဲ့ မာလီအသင်းတို့ပွဲမှာ ဆီနီဂေါအသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်ခဲ့ပါတယ်။ 

Source: CNA