CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆
ပြင်သစ်ဂန္ထဝင်ဇီဒန်းရဲ့သား လူကာဇီဒန်းဟာ ပြင်သစ်လူငယ်အသင်းတွေမှာ ကစားခဲ့ပြီးနောက် အယ်လ်ဂျီးရီးယား အသင်းအတွက် ပြောင်းလဲကစားဖို့ အဘိုးဖြစ်သူက အားပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
လူကာဇီဒန်းက “အယ်လ်ဂျီးရီးယားအကြောင်း စဉ်းစားတဲ့အချိန်မှာ အဘိုးကို သတိရမိခဲ့ပါတယ်။ ငယ်စဉ်ကတည်း က ကျနော်တို့ မိသားစုမှာ အယ်လ်ဂျီးရီးယား ယဉ်ကျေးမှု ရှိခဲ့ပါတယ်။ နိုင်ငံအသင်းအတွက် မကစားခင် သူနဲ့ စကားပြောခဲ့ပြီး ဒီခြေလှမ်းအတွက် သူအလွန်ပျော်ရွှင်ခဲ့ပါတယ်။ လက်ရွေးစင်အသင်းက ခေါ်ယူတဲ့အချိန်မှာ သူက ကျနော့်ကို ဖုန်းဆက်ပြီး ကျနော် ဆုံးဖြတ်ချက်ကောင်း တစ်ခုချခဲ့ပြီး ကျနော့်အတွက် သူအလွန်ဂုဏ်ယူကြောင်း”ပြောခဲ့တယ်လို့ BeIN Sports France ကို ပြောခဲ့ပါတယ်။
ဇီဒန်းဟာ ပြင်သစ်ဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး ၁၉၉၈ ကမ္ဘာ့ဖလားနဲ့ ယူရို ၂၀၀၀ ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့ပါတယ်။
ဂရန်နာဒါအသင်းမှာ ဂိုးသမားအဖြစ် ကစားနေတဲ့ လူကာဇီဒန်းဟာ ပြင်သစ် သက်တမ်းလိုက် လူငယ်အသင်းတွေ မှာ ကစားခဲ့ပေမယ့် အသင်းကြီးမှာ ပါဝင်ကစားနိုင်ဖို့ ခက်ခဲနေတာကြောင့် ဒီနှစ်ထဲမှာ အယ်လ်ဂျီရီးယား လက်ရွေး စင် အသင်းထံ ပြောင်းလဲပြီး ကစားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

လူကာကို တွေ့ရစဉ်
လူကာဇီဒန်းဟာ လျင်လျင်မြန်မြန်ပဲ အယ်လ်ဂျီးရီးယားအသင်းရဲ့ နံပါတ်တစ် ဂိုးသမားဖြစ်ခဲ့ပြီး ဆူဒန်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။
ဒီပွဲကို သူ့ရဲ့ ဖခင်ဖြစ်သူ ဇီဒန်းလည်း တက်ရောက် ကြည့်ရှုခဲ့ပါတယ်။
လူကာဇီဒန်းက အယ်လ်ဂျီးရီးယားအတွက် ကစားမယ့် သူ့ရဲ့ ဆုံးဖြတ်ချက်ကို ဖခင်ဖြစ်သူလည်း ထောက်ခံခဲ့ တယ်လို့ ပြောခဲ့ပါတယ်။
အယ်လ်ဂျီးရီးယားအသင်းဟာ အာဖရိကဖလားအုပ်စု ဒုတိယမြောက်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၈ ရက်မှာ ဘာကီနာဖာဆိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA
