CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အင်္ဂလန်ကွင်းလယ်လူ ကိုဘီမေနူးဟာ အသင်းအနာဂတ် ဖြစ်ပေမယ့် သူ့ရဲ့သက်သေပြဖို့ အခွင့်အရေးကို စောင့်ရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ကိုဘီမေနူးမှာ အခွင့်အရေးတွေ အမြဲတမ်းရှိပြီး သူဟာ မတူညီတဲ့ နေရာတွေမှာ ကစားခဲ့ပါတယ်။ သူဟာ နေရာတိုင်းမှာ ကစားနိုင်တာကြောင့် ယူနိုက်တက်ရဲ့ အနာဂတ် ဖြစ်လာပါလိမ့်မယ်။ ဒါက ကျနော့်ရဲ့ ခံစားချက်ပါ။ သူဟာ အခွင့်အရေးကို စောင့်ဖို့ပဲလိုပြီး ဘောလုံးမှာ ၂ ရက်အတွင်း အရာအားလုံး ပြောင်းလဲသွား နိုင်တယ်”လို့ ပြောခဲ့ပါတယ်။
ကိုဘီမေနူးဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၁၂ ပွဲ ကစားထားပေမယ့် ကာရာဘောင်းလိဂ်ဖလား ပွဲစဉ် တစ်ပွဲသာ ပွဲထွက် လူစာရင်း ပါဝင်ခဲ့ရတာပါ။
ကိုဘီမေနူးဟာ ယူနိုက်တက်အသင်းအတွက် ပွဲထွက် ပါဝင်နိုင်မယ့် အခွင့်အရေးရတဲ့ အခုအချိန်မှာ ဒဏ်ရာ ကြောင့် အနားယူနေရပါတယ်။
အင်္ဂလန်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ အက်စတွန်ဗီလာအသင်းနဲ့ ပွဲမတိုင်မီ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့တာ ကြောင့် အသင်းရဲ့ လာမယ့်ပွဲအချို့ကို လွဲချော်ဦးမှာပါ။

ကိုဘီမေနူးကို တွေ့ရစဉ်
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ကိုဘီမေနူးဟာ ဒီရာသီမှာ ပွဲကစားချိန်နည်းနေပေမယ့် အသင်းရဲ့ အနာဂတ်အဖြစ် ရှုမြင်နေတာ ဖြစ်ပါတယ်။
ဇန်နဝါရီအပြောင်းအရွှေ့မှာ ကိုဘီမေနူး၊ ဇက်ခ်ဇီ အပါအဝင် လူငယ် ကစားသမားအချို့ အသင်းကနေ ထွက်ခွာနိုင်တယ်ဆိုပြီး သတင်းတွေ ထွက်နေပေမယ့် နည်းပြ အာမိုရင်က သူတို့နေရာမှာ အစားထိုးမယ့် ကစားသမားမရရင် ထွက်ခွာခွင့်ပေးဖို့ ခက်ခဲနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်၊ ကိုဘီမေနူး၊ မက်ဂွဲယားနဲ့ ဒီလစ်တို့ကို ဒဏ်ရာကြောင့် အနားပေးထားရပြီး အာမက်၊ အမ်ဘူမိုနဲ့ မက်ဇရာအူရီတို့ကို အာဖရိကဖလားပြိုင်ပွဲထံ စေလွှတ်ထားရတာဖြစ်ပါတယ်။
Source: ESPN
