CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၅

အေစီမီလန်အသင်းဟာ လေဗာကူဆင်အသင်း တိုက်စစ်မှူး ဘိုနီဖေ့စ်ကို ခေါ်ယူဖို့အတွက် ဆေးစစ်မှု ပြုလုပ်ခဲ့ တာမှာ အဆင်ပြေမှု မရှိခဲ့တာကြောင့်  ယူနိုက်တက်အသင်း တိုက်စစ်မှူး ဟော့ဂျ်လန်းကို ခေါ်ယူဖို့ ပြန်လည် ကြိုးပမ်းဖွယ်ရှိနေပါတယ်။ 

အေစီမီလန်အသင်းဟာ ဘိုနီဖေ့စ်ကို အငှားကြေးယူရို ၅ သန်း၊ အပြီးသတ် ခေါ်ယူခွင့် ယူရို ၂၄ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပေမယ့် ဆေးစစ်မှုပြုလုပ်ခဲ့တာမှာ အဆင်ပြေမှု မရှိခဲ့တာပါ။

အဲဒါကြောင့် ဒီအပြောင်းအရွှေ့ဟာ ပျက်ပြယ်သွားခဲ့ပြီး ဘိုနီဖေ့စ်ဟာ လေဗာကူဆင်အသင်းမှာ ဆက်ပြီးရှိနေ တော့မှာ ဖြစ်ပါတယ်။ 

အေစီမီလန်အသင်းဟာ ဘိုနီဖေ့စ်ရဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပြီးနောက် ယူနိုက်တက်အသင်းရဲ့ အစီအစဉ်မှာ ပါဝင်ခြင်း မရှိတော့တဲ့ ဟော့ဂျ်လန်းကို ခေါ်ယူဖို့ ပြန်ကြိုးပမ်းဖွယ်ရှိနေတာပါ။ 

ဟော့ဂျ်လန်းကို တွေ့ရစဉ် 

စီးရီးအေ လက်ရှိချန်ပီယံ နာပိုလီအသင်းကလည်း ဟော့ဂျ်လန်းကို ခေါ်ယူနိုင်ဖို့ ယူနိုက်တက်အသင်းနဲ့ ချိတ်ဆက် မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ 

အေစီမီလန်အသင်း အနေနဲ့ ဟော့ဂျ်လန်းကို ခေါ်ယူနိုင်ဖို့ ဆိုရင် နာပိုလီအသင်းနဲ့ အပြိုင် ယှဉ်ပြိုင်ရတော့မှာပါ။ 

ယူနိုက်တက်အသင်းဟာ ဟော့ဂျ်လန်းကို အပြီးသတ် ရောင်းချဖို့ စိတ်ဝင်စားနေပြီး ကစားသမားကလည်း အငှားနဲ့ ထွက်ခွာရမယ့်အစား အပြီးသတ် ထွက်ခွာဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဆက်စ်ကို,ကို လိုက်ပ်ဇစ်အသင်းကနေ ခေါ်ယူပြီးနောက် ဟော့ဂျ်လန်းရဲ့ အနာဂတ်ဟာ အသင်းမှာ ရေရာမှု မရှိတော့တာပါ။ 

ဟော့ဂျ်လန်းဟာ ဖူလ်ဟမ်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်း လူစာရင်း ကနေ ချန်လှပ်ခံခဲ့ရပြီး အာဆင်နယ်အသင်းနဲ့ အဖွင့်ပွဲစဉ်တုန်းကလည်း ပါဝင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။ 

စက်တင်ဘာ ၁ ရက်မှာ ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ နွေရာသီ အပြောင်းအရွှေ့ ပိတ်မှာဖြစ်လို့ ဟော့ဂျ်လန်းဟာ သူ့ရဲ့အနာဂတ်ကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။ 

ယူနိုက်တက်အသင်း နည်းပြ အာမိုရင်ကလည်း နွေရာသီ ဈေးကွက် ပိတ်သွားရင် အရာအားလုံး ရှင်းရှင်းလင်းလင်း သိရမယ်လို့ ပြောခဲ့ပါတယ်။ 

Source: Goal