CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၁၄

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ စပါးအသင်းနဲ့ ယှဉ်ပြိုင်မယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို ကြည့်ရှုနိုင်ဖို့ အတွက် သူ့ရဲ့နောက်ကွယ်မှာရှိတဲ့ ဝန်ထမ်း ၃၀ ဦးနဲ့ သူတို့ရဲ့မိသားစုတွေအတွက် လက်မှတ်ခကို ပေးချေ ခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဝတ်စုံစီစဉ်သူ အပါအဝင် နည်းပြတွေ၊ ပံ့ပိုးမှုတွေ ပြုလုပ်မယ့် ဝန်ထမ်းတွေရဲ့ မိသားစု တွေနဲ့ သူငယ်ချင်းတွေအတွက် အခမဲ့ လက်မှတ်ပေးသွားဖို့ မရှိတာပါ။

ယူရိုပါလိဂ်ဗိုလ်လုပွဲ ယှဉ်ပြိုင်မယ့် ယူနိုက်တက်နဲ့ စပါးအသင်းတို့ဟာ လက်မှတ်ခွဲတမ်း ၁၅,၀၀၀ ရရှိထားတာ ဖြစ်ပါတယ်။ 

စပါးအသင်းဟာ သူတို့ရဲ့ အချိန်ပြည့် ဝန်ထမ်းတွေအတွက် အခမဲ့လက်မှတ် တစ်စောင်စီ ပေးသွားမှာ ဖြစ်ပေမယ့် ယူနိုက်တက်အသင်းကတော့ ဝန်ထမ်းတွေအတွက် အရေအတွက် အနည်းငယ်သာ ဖယ်ထားခဲ့တာပါ။

ESPN က ယူနိုက်တက်နည်းပြတွေ၊ အားကစားကုထုံး ပညာရှင်တွေနဲ့ ပံ့ပိုးကူညီမှုတွေ ပြုလုပ်မယ့်အဖွဲ့တွေကို အသင်းက ကိုယ်ပိုင် လက်မှတ်ဝယ်ယူဖို့ ပြောထားတယ်လို့ ဖော်ပြထားပါတယ်။ 

ယူနိုက်တက်နဲ့စပါးအသင်း ယှဉ်ပြိုင်နေစဉ်

အဲဒါကြောင့် နည်းပြအာမိုရင်က သူတို့တွေရဲ့ လက်မှတ်ခတွေကို ပေးချေခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ သူတို့ခွဲတမ်းရရှိထားတဲ့ လက်မှတ်တွေကို ပရိသတ်တွေကို ရောင်းချနိုင်ဖို့ကိုသာ ဦးစားပေး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ကစားသမား တစ်ဦးစီကိုလည်း လက်မှတ် ၂ စောင်စီသာ ပေးထားပြီး သူတို့ရဲ့ မိသားစု တွေနဲ့ မိတ်ဆွေတွေကို လက်မှတ်ဝယ်ယူချင်ရင် ရောင်းချမယ်လို့ ပြောထားတာပါ။

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ သူ့ရဲ့နောက်ကွယ်က ဝန်ထမ်းတွေရဲ့ မိသားစု ဒါမှမဟုတ် သူငယ်ချင်း တွေ လိုက်ပါနိုင်မယ့် လက်မှတ် ၂ စောင်ခကို ပေးသွားမှာဖြစ်ပြီး သူလက်မှတ်ခစိုက်ပေးခဲ့တဲ့ သူတွေထဲမှာ လစာ နည်းပါးတဲ့ ဝန်ထမ်းတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ် အသင်းကို ရောက်ရှိလာပြီးကတည်းက ဝန်ထမ်း အများအပြား လျှော့ချတာ အပါအဝင် ကုန်ကျစရိတ်တွေကို သက်သာအောင် ပြုလုပ်နေတာပါ။

ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အနိုင်ရခဲ့ရင် အဖိုးဖွင့် ဘတ်စ်ကားနဲ့ လှည့်ပတ်အောင်ပွဲခံမှာ မဟုတ်ဘဲ ကာရင်တန် လေ့ကျင့်ရေးကွင်းမှာသာ အကင်စုံကျွေးပြီး အောင်ပွဲခံဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ 

Source: Dailymail