CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၉
ယူနိုက်တက်အသင်း နည်းပြအာမိုရင်က ပရီးမီးယားလိဂ်ပြိုင်ဘက် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အသင်းအနိုင်ရရှိဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ဆုဖလားကို ရယူနိုင်ဖို့ဟာ ခက်ခဲတဲ့ရာသီမှာ ကျနော်တို့ကို အားပေးပံ့ပိုးမှုတွေ ပြုလုပ်ခဲ့တဲ့ ပရိသတ် တွေအတွက် ကျနော်တို့လုပ်နိုင်တဲ့ အနည်းဆုံးအရာပါ။ ဗိုလ်လုပွဲကြောင့် ကျနော် စိတ်ဖိစီးမှု ဖြစ်နေပါပြီ။ ဗိုလ်လု ပွဲမှာ အနိုင်ရအောင် မလုပ်နိုင်ခဲ့ရင် ဗိုလ်လုပွဲရောက်အောင် လုပ်ထားတဲ့အရာတွေဟာ ဘာမှမဟုတ်တော့ပါဘူး။ အဲဒါကြောင့် ကျနော်တို့ အနိုင်ရရှိအောင် လုပ်ဆောင်ဖို့လိုအပ်သလို အနိုင်ရဖို့လည်း ကြိုးစားသွားမှာပါ”လို့ ပြော ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ဘီလ်ဘာအိုအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲရဲ့ပထမပိုင်းမှာ ယူနိုက်တက်အသင်းဟာ ဘီလ်ဘာအိုအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာ မေဆန်မောင့်က ၂ ဂိုး၊ ကတ်စီမီရိုနဲ့ ဟော့ဂျ်လန်းတို့က ၁ ဂိုးစီသွင်းယူခဲ့တာကြောင့် အနိုင်ရလဒ် ပြတ်သားခဲ့တာပါ။
ယူနိုက်တက်အသင်း ယှဉ်ပြိုင်နေစဉ်
ယူနိုက်တက်အသင်းဟာ ပထမအကျော့ကလည်း ဘီလ်ဘာအိုအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရထားတဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၇ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။
ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲမယ့်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရမှာဖြစ်လို့ ယူနိုက်တက်နဲ့ စပါး အသင်းထဲက တစ်သင်းဟာ ချန်ပီယံလိဂ် ယှဉ်ပြိုင်ခွင့်ရရှိမှာပါ။
၂ သင်းစလုံးဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေ ဆိုးနေပြီး ယူနိုက်တက်အသင်းက အဆင့် ၁၅၊ စပါး အသင်းက အဆင့် ၁၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ စပါးအသင်းနဲ့ တွေ့ဆုံထားတဲ့ ၃ ပွဲစလုံး အရေးနိမ့်ထားတာပါ။
စပါးနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို မေလ ၂၁ ရက် ဘီလ်ဘာအိုအသင်း အိမ်ကွင်းမှာ ကျင်းပ သွားမှာ ဖြစ်ပါတယ်။
Source: Metro