CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆

ပြင်သစ်နောက်ခံလူ ဆာလီဘာက အာဆင်နယ်အသင်းဟာ မထင်မှတ်ထားတဲ့ အရာတွေကို လုပ်နိုင်ပြီး ဒီရာသီမှာ ဆုဖလား ၄ ခုစလုံး ရနိုင်တယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။ 

ဆာလီဘာက “ပြီးခဲ့တဲ့ ၃ ရာသီမှာ ကျနော်တို့ ပရီးမီးယားလိဂ်ဖလား ရဖို့နီးစပ်ခဲ့ပြီး မနှစ်က ရာသီမှာ ချန်ပီယံလိဂ် နဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ရောက်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ပြိုင်ပွဲတိုင်းမှာ ဆုဖလား ရယူနိုင်တယ်ဆိုတာ ကျနော် တို့ သိပါတယ်။ ဒါပေမယ့် ကွင်းထဲမှာ ဒီအရာတွေကို ပြသရမှာဖြစ်ပြီး အခု ဆုဖလားတွေရယူဖို့ စတင်ရတော့မှာ ပါ။ ကျနော်တို့ဟာ ဆုဖလားတွေရရှိဖို့ နီးစပ်နေတယ်ဆိုတာ သိပြီး မနှစ်ကရာသီက သင်ခန်းစာတွေကို သင်ယူ ရမယ်”လို့ ပြောခဲ့တာပါ။ 

အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်နေသလို ကာရာ ဘောင်း လိဂ်ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီး ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။

လန်ဒန်ကလပ်ဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ဆုဖလားရယူနိုင်ဖို့ ရေပန်းစားနေတာပါ။ 

အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ် 

အာဆင်နယ်အသင်းဟာ နည်းပြ အာတီတာ လက်ထက်မှာ ၂၀၂၀ ခုနှစ်က FA ဖလား ရယူပြီးနောက်ပိုင်း ဆုဖလားတွေနဲ့ ဝေးကွာနေပါတယ်။ 

အဲ့ဒါကြောင့် စပိန်လူမျိုးနည်းပြဟာ ဒီရာသီမှာ အာဆင်နယ်အသင်းကို ဆုဖလားတွေ ရယူပေးနိုင်ဖို့ ဖိအားတွေ ရှိနေပါတယ်။ 

အာဆင်နယ်အသင်း နောက်ခံလူ ဆာလီဘာကတော့ သူတို့ဟာ ဒီရာသီကစားနေတဲ့ ပြိုင်ပွဲတိုင်းမှာ ဆုဖလားတွေ ရယူနိုင်တယ်ဆိုတာ သိတယ်လို့ ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ဆာလီဘာက သူတို့ဟာ ပွဲတိုင်းကို အာရုံစိုက်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိနေရမှာဖြစ်သလို ရာသီ ကုန်ဆုံးချိန်မှာ ဆုဖလားကိုင်မြှောက်နိုင်ဖို့က အရေးကြီးတယ်လို့ ပြောခဲ့တာပါ။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၂ နေရာက မန်စီးတီးအသင်းကို ၂ မှတ်၊ အဆင့် ၃ နေရာက အက်စတွန်ဗီလာ အသင်းကို ၃ မှတ်ဖြတ် ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းဟာ ၂၀၂၅ ခုနှစ်ထဲ နောက်ဆုံးပွဲတွေအဖြစ် ဘရိုက်တန်၊ အက်စတွန်ဗီလာအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: ESPN