- By CNI
- Category: အားကစား
- Hits: 258
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
ပေါ်တူဂီနဲ့ အယ်လ်နာဆာအသင်း ခေါင်းဆောင် ရော်နယ်လ်ဒိုဟာ စပိန်ဒုတိယတန်းကလပ် အယ်လ်မီရီယာ အသင်းရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပါတယ်။
စီရော်နယ်လ်ဒိုဟာ သူ့ရဲ့ CR7 Sports Investments ကုမ္ပဏီကနေတဆင့် အယ်လ်မီရီယာအသင်းရဲ့ ရှယ်ယာ တွေကို ဝယ်ယူခဲ့တာဖြစ်ပြီး ဝယ်ယူခဲ့တဲ့ ငွေကြေးဆိုင်ရာ အချက်အလက်တွေကိုတော့ ထုတ်ဖော် ပြောကြား ထားခြင်း မရှိပါဘူး။
ဒီဝယ်ယူမှုကို ရော်နယ်လ်ဒိုရဲ့ ရေရှည်မဟာဗျူဟာ ရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
ရော်နယ်လ်ဒိုက “ကွင်းပြင်ပ ဘောလုံးအတွက် ပံ့ပိုးကူညီဖို့ ကျနော် ရည်မှန်းထားခဲ့တာ ကြာပါပြီ။ အယ်လ်မီရီယာ ဟာ ခိုင်မာတဲ့ အခြေခံအုတ်မြစ်နဲ့ တိုးတက်ဖို့ အလားအလာရှိတဲ့ စပိန်ကလပ် တစ်ခုပါ။ ကလပ်ကို ဦးဆောင်နေတဲ့ အဖွဲ့နဲ့ လက်တွဲလုပ်ပြီး အသင်းကို တိုးတက်မှုတွေ ရရှိစေချင်တယ်”လို့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြ ထားပါတယ်။
ရော်နယ်လ်ဒိုဟာ ကစားသမားဘဝကနေ အနားယူပြီးရင် ဘောလုံးအသင်း တစ်သင်းရဲ့ ပိုင်ရှင်ဖြစ်ချင်တဲ့ သူ့ရဲ့ ဆန္ဒကို အရင်က ထုတ်ပြောခဲ့ဖူးပါတယ်။

ရော်နယ်လ်ဒိုကို တွေ့ရစဉ်
အခုအချိန်မှာတော့ ရော်နယ်လ်ဒိုဟာ အယ်လ်မီရီယာအသင်းရဲ့ ပိုင်ရှင် အစိတ်အပိုင်းအနေနဲ့ သူ့ရဲ့ပထမဆုံး ခြေလှမ်းကို စတင်ခဲ့တာဖြစ်ပါတယ်။
အယ်လ်မီရီယာအသင်းနည်းပြ ရူဘီက ရော်နယ်လ်ဒို အသင်းရဲ့ ရှယ်ယာရှင် ဖြစ်လာတာဟာ ကလပ်တစ်ခုလုံး၊ မြို့နဲ့ပြည်နယ်အတွက် စိတ်လှုပ်ရှားဖွယ် သတင်းလို့ ပြောခဲ့တာပါ။
ရော်နယ်လ်ဒိုဟာ တစ်နေ့မှာ အယ်လ်မီရီယာအသင်းအတွက် ကစားပေးနိုင် မလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ရူဘီက ဒါဟာ သူ့အတွက် မေးခွန်းဖြစ်ပြီး သူသာ ကစားချင်တယ်ဆိုရင် ဘယ်နည်းပြဖြစ်ဖြစ် လက်ကမ်း ကြိုဆို သွားမှာပါလို့ ပြောခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဧပြီလမှာ စပိန်ဒုတိယတန်းကို တန်းဆင်းခဲ့တဲ့ အယ်လ်မီရီယာအသင်းဟာ လာမယ့် ရာသီလာလီဂါ ပြိုင်ပွဲထံ တန်းပြန်တက်နိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 261
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
ဂါလာတာစာရေးအသင်းတိုက်စစ်မှူးအိုစီမန်က သောကြာနေ့မှာပြုလုပ်မယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်အတွက် မဲခွဲမှုမှာ သူတို့ဟာ လီဗာပူးလ်အသင်းကို ရှောင်ချင်တယ်လို့ဝန်ခံခဲ့ပါတယ်။
အိုစီမန်က “ကျနော်အများကြီးမပြောချင်ပေမယ့် လီဗာပူးလ်အသင်းနဲ့တွေ့ရမှာကို ရှောင်ချင်ပါတယ်။ ဒါပေမယ့် သူတို့နဲ့တွေ့ရရင် ကျနော်တို့အကောင်းဆုံးလုပ်ရမှာဖြစ်ပြီး လွယ်တော့လွယ်မှာမဟုတ်ပါဘူး။ ချန်ပီယံလိဂ် ပြိုင်ပွဲ ဖြစ်တဲ့အတွက် ဘယ်အသင်းကမှ လွယ်မှာမဟုတ်ပါဘူး။ လီဗာပူးလ်အသင်းနဲ့တွေ့ခဲ့ရင် အံ့သြစရာကောင်းတဲ့ ပွဲ ဖြစ်လာဖို့ရှိနေပြီး ကျနော်တို့မှာ တိုက်ပွဲဝင်စိတ်ဓါတ်ရှိပါတယ်”လို့ CBS Sports ကိုပြောခဲ့တာပါ။
ဂါလာတာစာရေးအသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်အဆင့်မှာ ဂျူဗင်တပ်စ်အသင်းကို အချိန်ပိုမှာ အနိုင်ရပြီး နှစ်ကျော့ပေါင်းရလဒ် ၇ ဂိုး-၅ ဂိုးနဲ့ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့ပါတယ်။
တူရကီထိပ်သီး ဂါလာတာ စာရေးအသင်းဟာ ၁၂ နှစ်အကြာမှ ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာပါ။

ဂါလာတာစာရေးအသင်းဟာ ၁၆ သင်းအဆင့်မှာ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ စပါး ဒါမှမဟုတ် လီဗာပူးလ် အသင်းနဲ့တွေ့ဆုံရမှာ ဖြစ်ပါတယ်။
အဲဒါကြောင့် အိုစီမန်က ဂါလာတာစာရေးအသင်းဟာ လီဗာပူးလ်အသင်းကို ရှောင်ပြီး စပါးအသင်းနဲ့ တွေ့ချင်တယ် လို့ ပြောခဲ့တာပါ။
ဂါလာတာစာရေးနဲ့လီဗာပူးလ်အသင်းတို့ဟာ ဒီရာသီချန်ပီယံလိဂ် League Phase မှာတွေ့ဆုံခဲ့ ပြီး ဂါလာတာစာရေးအသင်းက အိမ်ကွင်းမှာ ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
အိုစီမန်ဟာ ဂါလာတာစာရေးအသင်းအတွက် ဒီရာသီမှာပြိုင်ပွဲစုံ ၂၄ ပွဲကစားထားပြီး ၁၆ ဂိုးသွင်းယူထားပါတယ်။
ဂါလာတာစာရေးအသင်းဟာ ဒီရာသီ တူရကီထိပ်တန်းလိဂ်မှာ ထိပ်ဆုံးနေရာရပ်တည်နေသလို တူရကီဖလား ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်တက်ခဲ့ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 286
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
တူရကီကလပ် ထရက်ဇွန်စပေါ်အသင်းမှာ အငှားကစားနေတဲ့ ကင်မရွန်းဂိုးသမား အိုနာနာဟာ လာမယ့်ရာသီမှာ ယူနိုက်တက်အသင်းရဲ့ နံပါတ် ၁ နေရာကို ပြန်လည်ရယူဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ The Guardian က ဖော်ပြ ထားပါတယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ အင်တာမီလန်အသင်းကနေ ၅ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အိုနာနာဟာ ယူနိုက်တက်အသင်းမှာ ပုံမှန် လက်စွမ်း ပြသနိုင်ခြင်း မရှိသလို အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တာကို အမှားအယွင်းတွေနဲ့ ချေဖျက်လေ့ရှိပါတယ်။
အိုနာနာဟာ လက်ရှိ အငှားကစားနေတဲ့ တူရကီမှာ သူ့ကိုယ်သူ ယုံကြည်မှုရှိအောင် လုပ်ဆောင်နေပြီး ၂၀၂၆-၂၇ ရာသီ မတိုင်မီ ပိုထက်မြက်လာစေဖို့ မျှော်လင့်နေတာပါ။
အိုနာနာဟာ ယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက် လူစာရင်းထဲ ပြန်လည် ပါဝင်ချင်နေပေမယ့် နံပါတ် ၁ နေရာကို ပြန်လည်ရယူနိုင်ဖို့ ခက်ခဲတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ခေါ်ယူခဲ့တဲ့ ဘယ်လ်ဂျီယံဂိုးသမား လမ်းမန်းစ်ဟာ အထင်ကြီးဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည် တွေကို ပြသနေတာကြောင့် ယူနိုက်တက်အသင်းရဲ့ ဦးစားပေး ဂိုးသမားအဖြစ် ဆက်ပြီး တာဝန်ယူရဖို့ သေချာနေ တာပါ။

အိုနာနာကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီမှာ အသင်းထံ ပြန်ရောက်လာမယ့် အိုနာနာကို အပြီးသတ်ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။
ယူနိုက်တက်အသင်းရဲ့ လက်ရှိ ဂိုးသမားတွေ ဖြစ်တဲ့ ဘယင်ဒါနဲ့ တွမ်ဟီတန်တို့ကလည်း နွေရာသီမှာ အသင်း ကနေ ထွက်ခွာဖွယ် ရှိနေတာပါ။
အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ ဂိုးသမားသစ် တစ်ဦးခေါ်ယူနိုင်သလို အိုနာနာကို အသင်းမှာ ဒုတိယ ဂိုးသမားအဖြစ် အသုံးပြုသွားနိုင်ပါတယ်။
ဒီရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်ခုတည်းကိုသာ ယှဉ်ပြိုင်နေရတဲ့ ယူနိုက်တက်အသင်းဟာ လာမယ့် ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
ယူနိုက်တက်အသင်းဟာ လက်ရှိ အချိန်မှာတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည် နေပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 270
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
PSG အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ချယ်လ်ဆီးနဲ့ ဘာစီလိုနာအသင်း ၂ သင်းထဲက ၁ သင်းနဲ့ တွေ့ဆုံရမယ့်အပေါ် နည်းပြလူးဝစ်အင်းနရစ်က ၂ သင်းစလုံးဟာ အံ့မခန်းဖွယ် ကောင်းမွန်တဲ့ အသင်းတွေလို့ ပြောခဲ့ပါတယ်။
လူးဝစ်အင်းနရစ်က “၂ သင်းစလုံးက လွယ်ကူမှာ မဟုတ်ပါဘူး။ ဒါက ကျနော့်အပေါ်မှာ မူတည်တာ မဟုတ်တဲ့ အတွက် ဘယ်အသင်းနဲ့ တွေ့တွေ့ ကျနော် လိုက်လျောညီထွေ ဖြစ်အောင် လုပ်သွားမှာပါ။ သူတို့က အံ့မခန်းဖွယ် ကောင်းမွန်တဲ့ အသင်း ၂ သင်းပါ။ ဘာစီလိုနာက ကျနော့်အတွက် အလွန်ထူးခြားပြီး ချယ်လ်ဆီးအသင်းနဲ့ တွေ့ရ မယ်ဆိုရင် ကျနော်တို့မှာ လုပ်စရာ အနည်းငယ်တွေ ရှိပါလိမ့်မယ်”လို့ Movistar ကိုပြောခဲ့တာပါ။
လက်ရှိချန်ပီယံ PSG အသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ဖ် ဒုတိယအကျော့ပွဲမှာ မိုနာကိုအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့ပါတယ်။
PSG အသင်းဟာ ပထမအကျော့ ပွဲစဉ်မှာ ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့အတွက် နှစ်ကျော့ပေါင်း ရလဒ် ၅ ဂိုး-၄ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

PSG အသင်း ယှဉ်ပြိုင်နေစဉ်
အဲ့ဒါကြောင့် PSG အသင်းဟာ ၁၆ သင်းအဆင့်မှာ ချယ်လ်ဆီး ဒါမှမဟုတ် ဘာစီလိုနာအသင်းနဲ့ တွေ့ဆုံရမှာပါ။
PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်က အသင်းရဲ့ ခက်ခဲတဲ့ ချန်ပီယံလိဂ် League Phase ကြောင့် သူ့ ကစား သမားတွေဟာ ဥရောပမှာ ဖိအားများတဲ့ ပွဲတွေအတွက် ကျင့်သားရနေပြီလို့လည်း ပြောခဲ့ပါတယ်။
ဒါ့ပြင် လူးဝစ်အင်းနရစ်က သူတို့မှာ ဒဏ်ရာရ ကစားသမားတွေ အများကြီးရှိခဲ့ပေမယ့် လာမယ့်ပွဲတွေမှာ အသင်း တစ်သင်းလုံး ပါဝင်နိုင်ဖို့က အရေးကြီးတယ်လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်နဲ့ ပြည်တွင်းဖလားတွေ အားလုံး ရယူနိုင်ခဲ့တဲ့ PSG အသင်းဟာ ဒီရာသီမှာတော့ အနည်းငယ် ရုန်းကန်ရမှုတွေ ရှိခဲ့ပါတယ်။
PSG အသင်းဟာ လာမယ့် ပြင်သစ်လီဂူး-၁ ပွဲအဖြစ် လီဟာဗရီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 295
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
ရီးရယ်လ်အသင်းကြယ်ပွင့် ဗီနီစီးယက်စ်ဟာ ဘင်ဖီကာအသင်း ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေ ခံခဲ့ရပေမယ့် ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ဖ် ဒုတိယအကျော့ပွဲမှာ ဂိုးသွင်းယူပြီးနောက် အသင်းပရိသတ်တွေအရှေ့ ကခုန် အောင်ပွဲခံခဲ့ပါတယ်။
ရီးရယ်လ်အသင်းက ဘင်ဖီကာအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲရဲ့ပွဲချိန်မိနစ် ၈၀ မှာ ဗီနီစီးယက်စ်ဟာ အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ဘင်ဖီကာအသင်းကို ပထမအကျော့မှာ ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့အတွက် နှစ်ကျော့ပေါင်း ရလဒ် ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဗီနီစီးယက်စ်ဟာ ဒီပွဲရဲ့ ပထမအကျော့တုန်းက ဂိုးသွင်းယူပြီးနောက် ဘင်ဖီကာအသင်း ပရိသတ်တွေအရှေ့ရှိ ထောင့်ကန်ဘော အလံတိုင်နားမှာ ကခုန်အောင်ပွဲခံခဲ့တာကြောင့် ဘင်ဖီကာအသင်း ကစားသမားတွေနဲ့ ထိပ်တိုက် တွေ့ခဲ့ပြီး ပရက်စ်တီယန်နီက သူ့ကိုလူမျိုးရေး ခွဲခြားမှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုထွက်ပေါ်ခဲ့တာပါ။

ရီးရယ်လ်အသင်းကို တွေ့ရစဉ်
ပရက်စ်တီယန်နီကတော့ UEFA က သူ့ကိုယာယီ ၁ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့လို့ ဒုတိယအကျော့ပွဲကို ပါဝင်ခဲ့ရခြင်း မရှိပါဘူး။
ဒီပွဲကို ဘာနေဗျူးကွင်းကြီးထဲ လာရောက်အားပေးခဲ့တဲ့ ဘင်ဖီကာအသင်းပရိသတ် ၃ ထောင်ကျော်ဟာ ဗီနီစီးယက်စ် ဘောလုံးထိတဲ့ အကြိမ်တိုင်း လှောင်ပြောင်ခဲ့ကြသလို ပွဲမတိုင်မီ ပွဲထွက်လူစာရင်းမှာ ဘရာဇီးလ် ကစားသမားရဲ့ နာမည်ကို ကြေညာချိန် ပြင်းပြင်းထန်ထန် လှောင်ပြောခဲ့ကြပါတယ်။
ဒီပွဲမတိုင်မီမှာ ရီးရယ်လ်အသင်း ပရိသတ်တွေဟာ “လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ကြောင်း”ရေးသားထားတဲ့ စာတန်းကို ကွင်းအတွင်း ပြသခဲ့သလို လေးစားမှုရှိဆိုတဲ့ စာတန်းကိုလည်း ပြသခဲ့ပါတယ်။
ဒုတိယအကျော့ပွဲမှာ ၁ ဂိုးသွင်းခဲ့တဲ့ ဗီနီစီးယက်စ်ဟာ ရီးရယ်လ်အသင်းအတွက် နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ၆ ဂိုး သွင်းယူနိုင်ခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ စပို့တင်းလစ္စဘွန်း ဒါမှမဟုတ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 279
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
ယူနိုက်တက်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်း ကြယ်ပွင့် မော်ဂန်ဂစ်ဘ်စ်ဝှိုက်ကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ယူနိုက်တက်အသင်းဟာ စပါးအသင်းနဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းအပြီးမှာ ချုပ်ဆိုခဲ့တဲ့ မော်ဂန်ဂစ်ဘ်စ်ဝှိုက်ရဲ့ စာချုပ်ပါ စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၆၀ ပေးပြီး ခေါ်ယူဖို့ ပြင်ဆင်နေတာပါ။
မန်ချက်စတာကလပ်ဟာ ဂစ်ဘ်စ်ဝှိုက်ကို ခေါ်ယူချင်ပေမယ့် ကလပ်အသင်းရဲ့ မကြာသေးမီက သတ်မှတ်ခဲ့တဲ့ လစာပေးချေတဲ့ ပုံစံကို ပြောင်းလဲလိုခြင်း မရှိဘူးလို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှ ခေါ်ယူခဲ့တဲ့ အမ်ဘူမို၊ ကွန်ညာနဲ့ ဆက်စ်ကိုတို့ကို တစ်ပတ်လုပ်ခပေါင် ၁၅၀,၀၀၀ နဲ့ စာချုပ်ချုပ်ထားပြီး ဂစ်ဘ်စ်ဝှိုက်အနေနဲ့ အသင်းထံ ပြောင်းရွှေ့ချင်တယ်ဆိုရင် ဒီလိုတူညီတဲ့ စာချုပ် ချုပ်ခံရမှာ ဖြစ်ပါတယ်။

မော်ဂန်ဂစ်ဘ်စ်ဝှိုက်ကို တွေ့ရစဉ်
အင်္ဂလန်ကြယ်ပွင့် ဂစ်ဘ်စ်ဝှိုက်ဟာ နည်းပြဟောင်း နူနိုဆန်တို လက်ထက် ပြီးခဲ့တဲ့ရာသီမှာ နော်တင်ဟမ်ဖော ရက်စ် အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ၃၄ ပွဲမှာ ၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။
ဂစ်ဘ်စ်ဝှိုက်ဟာ ဒီရာသီမှာလည်း ခြေစွမ်းကောင်းတွေ ပြသနေပြီး ပရီးမီးယားလိဂ်မှာ ၆ ဂိုး သွင်းယူထားသလို ဖီနာဘာချီအသင်းနဲ့ ယူရိုပါလိဂ် ရှုံးထွက် ပလေးအော့ဖ် ပထမအကျော့ပွဲမှာ အသင်းအတွက် ၁ ဂိုး သွင်းယူနိုင် ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ရာသီကုန်ရင် ထွက်ခွာနိုင်တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ နေရာမှာ ဂစ်ဘ်စ်ဝှိုက်စ် အပါအဝင် ကစားသမားတချို့ကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဂစ်ဘ်စ်ဝှိုက်ကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကလည်း စိတ်ဝင်စားနေပြီး သူ့ကို ခေါ်ယူနိုင်ဖို့ဆိုရင် လုပ်ခလစာ ပိုပေးပြီးကမ်းလှမ်းမှု ပြလုပ်လာနိုင်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 307
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးအသင်းဟာ အက်သလက်တီကိုအသင်း တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ESPN က ဖော်ပြထားပါတယ်။
ဂရစ်ဇ်မန်းနဲ့ အက်သလက်တီကိုအသင်းတို့ဟာ ၂၀၂၇ ခုနှစ်အထိ စာချုပ်ရှိနေပေမယ့် သူ့ရဲ့အဖွဲ့ဟာ ဖြစ်နိုင်ဖွယ် ရှိတဲ့ အပြောင်းအရွှေ့အတွက် အော်လန်ဒိုစီးတီးအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။
ဆွေးနွေးမှုတွေ ရှိနေပေမယ့် ဂရစ်ဇ်မန်းနဲ့ အော်လန်ဒိုစီးတီးအသင်းတို့ကြားမှာ ဘာသဘောတူညီမှုမှ ရခဲ့ခြင်း မရှိသေးပါဘူး။
ဂရစ်ဇ်မန်းဟာ မြောက်အမေရိကလိဂ်ထံ ပြောင်းရွှေ့ချင်တဲ့ သူ့ရဲ့ဆန္ဒကို အကြိမ်ကြိမ် ဖော်ပြခဲ့ပြီး မေဂျာလိဂ်ကို သူ့ရဲ့ အနာဂတ် ရည်မှန်းချက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုအသင်းနဲ့ စာချုပ်သစ် မချုပ်မီ LAFC အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ခံခဲ့ရသေးတာပါ။

ဂရစ်ဇ်မန်းကို တွေ့ရစဉ်
ဂရစ်ဇ်မန်းက သူ့ရဲ့ရည်မှန်းချက်ဟာ မေဂျာလိဂ်မှာ အဆုံးသတ်ဖို့ ဖြစ်တယ်လို့ ၂၀၂၃ ခုနှစ်မှာ ESPN ကို ပြောခဲ့ ပါတယ်။
ဂရစ်ဇ်မန်းဟာ မေဂျာလိဂ်ထံ ဘယ်အချိန် ပြောင်းရွှေ့မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ပြောင်းရွှေ့ခဲ့မယ်ဆိုရင် နွေရာသီမှာ ပြောင်းရွှေ့နိုင်တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။
အက်သလက်တီကိုအသင်းမှာ ဒုတိယအကြိမ်မြောက်အဖြစ် ကစားနေတဲ့ ဂရစ်ဇ်မန်းဟာ ပွဲပေါင်း ၁၈၀ ကျော် ကစားထားပြီး ၆၉ ဂိုး သွင်းယူထားပါတယ်။
ဆိုစီဒက်အသင်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့တဲ့ ဂရစ်ဇ်မန်းဟာ နောက်ထပ် စပိန်ကလပ်တွေ ဖြစ်တဲ့ အက်သလက်တီကိုနဲ့ ဘာစီလိုနာအသင်းမှာ ကစားခဲ့ပါတယ်။
ပြင်သစ်အသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလား၊ ၂၀၂၀-၂၁ နေးရှင်းလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တဲ့ ဂရစ်ဇ်မန်းဟာ ၂၀၂၄ ခုနှစ် မှာ နိုင်ငံအသင်းကနေ အနားယူခဲ့တာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 377
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
မက္ကဆီကိုနိုင်ငံမှာ မူးယစ်ဂိုဏ်း အကြမ်းဖက်မှုတွေ ဖြစ်ပွားနေပေမယ့် ပူးတွဲအိမ်ရှင်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပနိုင်မယ်လို့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ယုံကြည်မှုရှိနေပါတယ်။
အင်ဖန်တီနိုက “အလွန်စိတ်ချမှုရှိသလို အရာအားလုံး ကောင်းပါတယ်။ အလွန် အံ့မခန်း ဖြစ်ပါလိမ့်မယ်”လို့ AFP သတင်းဌာနကို ပြောခဲ့တာပါ။
မက္ကဆီကိုနိုင်ငံဟာ အမေရိကန်၊ ကနေဒါနိုင်ငံတို့နဲ့အတူ ဇွန်လ ၁၁ ရက်ကနေ ဇူလိုင် ၁၉ ရက်အထိ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။
မက္ကဆီကိုနိုင်ငံမှာ စစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း အင်အားကြီးမားတဲ့ ဂျာလက်စကို မျိုးဆက်သစ်ဂိုဏ်း(CJNG)ရဲ့ ခေါင်းဆောင် အသတ်ခံရပြီးနောက် နေရာအနှံ့အပြားမှာ အကြမ်းဖက်မှုတွေ ဖြစ်လာခဲ့တာပါ။
အဲ့ဒါကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာတွေ ရှိလာခဲ့ပါတယ်။

ဖီဖာဥက္ကဋ္ဌကို တွေ့ရစဉ်
အကြမ်းဖက်မှု စတင်ခဲ့တဲ့ ဂျာလက်စကိုရဲ့မြို့တော် ဂွါဒါလာဂျာရာမှာ ကမ္ဘာ့ဖလားပွဲစဉ် ၄ ပွဲ ကျင်းပဖို့ စီစဉ်ထား ပြီး မွန်တာရေးမှာ ၄ ပွဲနဲ့ မက္ကဆီကိုစီးတီးမှာ ၅ ပွဲ ကျင်းပသွားမှာပါ။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကတော့ မက္ကဆီကိုနိုင်ငံရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ပြောထားပါတယ်။
ဖီဖာရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သူတို့ဟာ အာဏာပိုင်တွေနဲ့ အဆတ်မပြတ် ဆက်သွယ်ကာ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
မက္ကဆီကိုသမ္မတကတော့ ကမ္ဘာ့ဖလား ပရိသတ်တွေအတွက် အန္တရာယ်မရှိကြောင်းနဲ့ သူတို့ရဲ့ ဘေးကင်းရေး အတွက် အာမခံချက် အပြည့်အဝ ပေးခဲ့ပါတယ်။
မက္ကဆီကိုအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်အာဖရိက၊ တောင်ကိုရီးယား၊ UEFA ပလေးအော့ဖ်က အနိုင်ရတဲ့အသင်းတို့နဲ့ အုပ်စု A မှာ ကျရောက်နေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 263
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
နော်ဝေကလပ် ဘိုဒိုဂီလင့်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက်နိုင်ခဲ့တဲ့ အင်တာမီလန်အသင်းကို ရှုံးထွက် ပလေးအော့ဖ် အဆင့်မှာ နှစ်ကျော့စလုံး အနိုင်ယူပြီး ဒီပြိုင်ပွဲရဲ့ ၁၆ သင်း အဆင့်ကို ပထမဆုံးအကြိမ် တက်နိုင်ခဲ့ပါတယ်။
ဆန်စီရိုမှာကစားခဲ့တဲ့ ဒုတိယအကျော့ပွဲမှာ ဘိုဒိုဂီလင့်အသင်းဟာ အိမ်ရှင် အင်တာမီလန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဘိုဒိုဂီလင့်အသင်းဟာ ပထမအကျော့ အိမ်ကွင်းပွဲစဉ်တုန်းကလည်း အင်တာမီလန်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင် ရခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၅ ဂိုး-၂ ဂိုးနဲ့အနိုင်ရပြီး ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဘိုဒိုဂီလင့်အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် League Phase မှာ မန်စီးတီးနဲ့ အက်သလက်တီကိုအသင်းတို့ကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် နောက်ထပ် ဥရောပထိပ်သီးဖြစ်တဲ့ အင်တာမီလန်အသင်းကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

ဘိုဒိုဂီလင့်အသင်းကို တွေ့ရစဉ်
ဘိုဒိုဂီလင့်အသင်း နည်းပြ နက်ဆန်က ဘိုဒိုနဲ့ နော်ဝေ ဘောလုံးလောကအတွက် သမိုင်းဝင် အချိန်အခါဖြစ်ပြီး ဒီစီမံကိန်းအပေါ် ယုံကြည်မှု အပြည့်ရှိတဲ့လူတွေ အများကြီးရှိတယ်ဆိုတာ မယုံနိုင်စရာပါပဲလို့ ပွဲအပြီးမှာ ပြောခဲ့ ပါတယ်။
အင်တာမီလန်အသင်းနည်းပြ ချီဗူးက ဘိုဒိုဂီလင့်အသင်းဟာ သူတို့လုပ်နိုင်စွမ်းရှိတဲ့ အရာတွေကို သက်သေ ပြသ သွားခဲ့ပြီး သူတို့ကတော့ ကံမကောင်းစွာနဲ့ပဲ လိုချင်တဲ့အတိုင်း ဖြစ်မလာခဲ့ဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဘိုဒိုဂီလင့်အသင်းဟာ ၂ ပွဲစလုံး အနိုင်ရခဲ့တာကြောင့် သူတို့ ၁၆ သင်းအဆင့်တက်ဖို့ ထိုက်တန်ခဲ့သလို ပိုပြီးလည်း ကောင်းခဲ့တယ်လို့ အင်တာမီလန်အသင်း ကွင်းလယ်လူ ဘာရယ်လာက ပြောခဲ့ပါတယ်။
ဘိုဒိုဂီလင့်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာတော့ မန်စီးတီး ဒါမှမဟုတ် စပို့တင်းလစ္စဘွန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 274
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄
ဒတ်ချ်လူမျိုးနည်းပြ အက်ဒ်ဗိုကတ်ဟာ ကူရာဆာအိုအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိတဲ့ အသေးငယ်ဆုံး နိုင်ငံဖြစ်အောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ၃ လအကြာမှာ သူ့ရဲ့နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
အသက် ၇၈ နှစ်အရွယ်ရှိ နည်းပြဟာ ကျန်းမာရေး အခြေအနေ ဆိုးရွားနေတဲ့ သမီးဖြစ်သူကို ပြုစုပေးဖို့အတွက် အခုလို ဆုံးဖြတ်ချက်ချခဲ့တာလို့ ဒတ်ချ်သတင်းစာ AD က ဖော်ပြထားတာပါ။
နယ်သာလန်အသင်းကို ၃ ကြိမ် တာဝန်ယူခဲ့တာ အပါအဝင် ရိန်းဂျားစ်၊ ဆန်းဒါးလန်းနဲ့ ဖီနာဘာချီအသင်းတို့ကို ကိုင်တွယ်ခဲ့တဲ့ အက်ဒ်ဗိုကတ်ဟာ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အက်ဒ်ဗိုကတ်က “ဘောလုံးထက် မိသားစုက ပိုပြီး အရေးကြီးတယ်ဆိုတာ ကျနော် အမြဲတမ်း ပြောဖူးပါတယ်။ ဒါကြောင့် ဒါဟာ သဘာဝကျတဲ့ ဆုံးဖြတ်ချက်ပါ။ ဒါပေမယ့် ကျနော်ဟာ ကူရာဆာအိုနိုင်ငံ၊ ပရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အလွန် လွမ်းဆွတ်နေမှာပါ။ ကမ္ဘာ့ အသေးငယ်ဆုံးနိုင်ငံကို ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်အောင် လုပ်ပေးနိုင်ခဲ့တာက ကျနော့်အတွက် ဂုဏ်ယူစရာပါပဲ”လို့ ပြောခဲ့ပါတယ်။

အက်ဒ်ဗိုကတ်ကို တွေ့ရစဉ်
ကူရာဆာအိုအသင်းဟာ အက်ဒ်ဗိုကတ်ရဲ့ နေရာမှာ နောက်ထပ် အတွေ့အကြုံရင့် ဒတ်ချ်လူမျိုးနည်းပြ တစ်ဦး ဖြစ်တဲ့ ဖရက်ဒ်ရက်ဒ်တန်ကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။
ဖရက်ဒ်ရက်တန်က အက်ဒ်ဗိုကတ်ရဲ့ အလုပ်ကို ဆက်လုပ်ရမှာက ဂုဏ်ယူစရာဖြစ်ပြီး သူ့ရဲ့ လမ်းကြောင်းအတိုင်း ဆက်သွားကာ အောင်မြင်အောင် လုပ်ဆောင်ပေးနိုင်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
ကူရာဆာအိုအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု E မှာ ဂျာမနီ၊ အီကွေဒေါ၊ အိုင်ဗရီကို့စ်တို့နဲ့ တစ်အုပ် စုတည်း ကျရောက်နေတာပါ။
ကူရာဆာအိုအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ ခြေစမ်းပွဲတွေအဖြစ် တရုတ်၊ သြစတြေးလျ၊ စကော့တလန် အသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: Dailymail
