CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
ယူနိုက်တက်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်း ကြယ်ပွင့် မော်ဂန်ဂစ်ဘ်စ်ဝှိုက်ကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ယူနိုက်တက်အသင်းဟာ စပါးအသင်းနဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းအပြီးမှာ ချုပ်ဆိုခဲ့တဲ့ မော်ဂန်ဂစ်ဘ်စ်ဝှိုက်ရဲ့ စာချုပ်ပါ စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၆၀ ပေးပြီး ခေါ်ယူဖို့ ပြင်ဆင်နေတာပါ။
မန်ချက်စတာကလပ်ဟာ ဂစ်ဘ်စ်ဝှိုက်ကို ခေါ်ယူချင်ပေမယ့် ကလပ်အသင်းရဲ့ မကြာသေးမီက သတ်မှတ်ခဲ့တဲ့ လစာပေးချေတဲ့ ပုံစံကို ပြောင်းလဲလိုခြင်း မရှိဘူးလို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှ ခေါ်ယူခဲ့တဲ့ အမ်ဘူမို၊ ကွန်ညာနဲ့ ဆက်စ်ကိုတို့ကို တစ်ပတ်လုပ်ခပေါင် ၁၅၀,၀၀၀ နဲ့ စာချုပ်ချုပ်ထားပြီး ဂစ်ဘ်စ်ဝှိုက်အနေနဲ့ အသင်းထံ ပြောင်းရွှေ့ချင်တယ်ဆိုရင် ဒီလိုတူညီတဲ့ စာချုပ် ချုပ်ခံရမှာ ဖြစ်ပါတယ်။

မော်ဂန်ဂစ်ဘ်စ်ဝှိုက်ကို တွေ့ရစဉ်
အင်္ဂလန်ကြယ်ပွင့် ဂစ်ဘ်စ်ဝှိုက်ဟာ နည်းပြဟောင်း နူနိုဆန်တို လက်ထက် ပြီးခဲ့တဲ့ရာသီမှာ နော်တင်ဟမ်ဖော ရက်စ် အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ၃၄ ပွဲမှာ ၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။
ဂစ်ဘ်စ်ဝှိုက်ဟာ ဒီရာသီမှာလည်း ခြေစွမ်းကောင်းတွေ ပြသနေပြီး ပရီးမီးယားလိဂ်မှာ ၆ ဂိုး သွင်းယူထားသလို ဖီနာဘာချီအသင်းနဲ့ ယူရိုပါလိဂ် ရှုံးထွက် ပလေးအော့ဖ် ပထမအကျော့ပွဲမှာ အသင်းအတွက် ၁ ဂိုး သွင်းယူနိုင် ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ရာသီကုန်ရင် ထွက်ခွာနိုင်တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ နေရာမှာ ဂစ်ဘ်စ်ဝှိုက်စ် အပါအဝင် ကစားသမားတချို့ကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဂစ်ဘ်စ်ဝှိုက်ကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကလည်း စိတ်ဝင်စားနေပြီး သူ့ကို ခေါ်ယူနိုင်ဖို့ဆိုရင် လုပ်ခလစာ ပိုပေးပြီးကမ်းလှမ်းမှု ပြလုပ်လာနိုင်ပါတယ်။
Source: Goal
