- By CNI
- Category: အားကစား
- Hits: 233
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ ဒီနှစ်ကုန်ရင် ကစားသမားဘဝကနေ အနားယူဖို့ စဉ်းစားနေတယ်လို့ ပြောခဲ့ပါတယ်။
နေမာက “အခုကစပြီး ဘာတွေဖြစ်လာမလဲဆိုတာ ကျနော်မသိဘူး၊ လာမယ့်နှစ် အတွက်လည်း မသိပါဘူး။ ဒီဇင်ဘာလရောက်ရင် ကျနော် အနားယူချင်လာနိုင်ပါတယ်။ ဒီနှစ်က ဆန်းတို့စ် အတွက်တင် မဟုတ်ဘဲ ဘရာဇီးလ် အတွက်လည်း အရေးကြီးတဲ့နှစ်ပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမယ့် နှစ်ဖြစ်လို့ ကျနော့် အတွက်လည်း အရေးကြီးတယ်”လို့ ဘရာဇီးလ်ရုပ်သံ Caze ကို ပြောခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ နေမာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ် လက်ရွေးစင် အသင်းအတွက် ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။
ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းကနေ ထွက်ခွာပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှာ ငယ်ဘဝကလပ် ဆန်းတို့စ် အသင်းထံ ပြန်လည် ပြောင်းရွှေ့ခဲ့တဲ့ နေမာဟာ မနှစ်ကရာသီမှာ အသင်းကို ဘရာဇီးလ် ထိပ်တန်းလိဂ်မှာ ဆက်ပြီး ရှိနေနိုင်အောင် ကူညီပေးနိုင်ခဲ့တာပါ။

နေမာကို တွေ့ရစဉ်
ဆန်းတို့စ်အသင်းနဲ့ ၂၀၂၆ ခုနှစ် ရာသီကုန်အထိ စာချုပ်သက်တမ်းတိုးခဲ့တဲ့ နေမာဟာ ဒူးခွဲစိတ်မှု ခံယူပြီးနောက် မကြာသေးမီကမှ အသင်းအတွက် ပြန်ကစားနိုင်ခဲ့ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိ နေမာဟာ ဆန်းတို့စ်အသင်းအတွက် ပြန်ကစားနိုင်ခဲ့တဲ့ ပထမဆုံးပွဲမှာ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ဘရာဇီးလ် လက်ရွေးစင်အသင်းအတွက် ၇၉ ဂိုး သွင်းယူထားပြီး ဂိုးအများဆုံး သွင်းယူထားတဲ့သူအဖြစ် ရပ်တည် နေတဲ့ နေမာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ ဆန်းတို့စ်အသင်းရဲ့ ပွဲတွေမှာ အကောင်းဆုံး ခြေစွမ်းပြသနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
ဘရာဇီးလ်အသင်းဟာ မတ်လထဲမှာ ပြင်သစ်၊ ခရိုအေးရှားအသင်းတို့နဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားပြီး ဒီပွဲတွေ အတွက် အသင်း လူစာရင်းမှာ နေမာ ပါဝင်လာနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 295
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
အာဆင်နယ်အသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့တဲ့ တောင်ပံကစားသမား ဆာကာက အသင်းနဲ့ အတူ အရာအားလုံး အနိုင်ရဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
ဆာကာက “ဒီကလပ် အသင်းအတွက် ဂုဏ်ယူစရာတွေကို ပြန်လည်ယူဆောင်ပေးဖို့ ကျနော် အစွမ်းကုန် ကြိုးစား ချင်ပါတယ်။ ပရိသတ်တွေလည်း ဒါကို မြင်တွေ့နိုင်မယ်လို့ မျှော်လင့်ပြီး တစ်နေ့မှာ ကျနော်တို့ အတူတူ ဒီအောင်မြင်မှုကို ဂုဏ်ပြုချင်ပါတယ်။ ကျနော့်ရဲ့ ကစားသမားဘဝ အဆုံးမှာ ဒီအောင်မြင်မှုတွေကို ပြန်စဉ်းစားပြီး ဒီအရာကို ကျနော် မြင်တွေ့ချင်ပါတယ်။ ဒါက ကျနော့်ကို ပျော်ရွှင်စေမှာပါ”လို့ စာချုပ်သစ် ချုပ်အပြီးမှာ ပြောခဲ့ တာပါ။
စာချုပ်သစ်ကြောင့် ဆာကာဟာ တစ်ပတ်ကို ပေါင် ၃ သိန်းကျော်နဲ့ အာဆင်နယ်အသင်းရဲ့ လုပ်ခလစာ အများဆုံး ရရှိတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဆာကာကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေကို တစ်နှစ်ကြာ လုပ်ဆောင်ခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီမှာ နှုတ်နဲ့သဘောတူညီမှု ရရှိခဲ့တာပါ။

ဆာကာကို တွေ့ရစဉ်
အသက် ၈ နှစ်အရွယ်မှာ အာဆင်နယ်အကယ်ဒမီကို ရောက်ရှိလာခဲ့တဲ့ ဆာကာဟာ လက်ရှိအချိန်မှာ အသက် ၂၄ နှစ်ရှိပြီ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဆာလီဘာ၊ ဂါဘရီရယ်လ်၊ ဝမ်နရီနဲ့ စကယ်လီတို့ကို ကာလရှည် စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် ဆာကာကို စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။
အသက် ၁၇ နှစ်အရွယ် ၂၀၁၈ ခုနှစ်မှာ အာဆင်နယ်အသင်းကြီးအတွက် ပွဲဦးထွက်ခွင့် ရခဲ့တဲ့ဆာကာဟာ လက်ရှိ အချိန်မှာ ပြိုင်ပွဲစုံ ၂၉၇ ပွဲ ကစားထားပြီး ၇၈ ဂိုး သွင်းယူထားပါတယ်။
ဆာကာဟာ အင်္ဂလန်အသင်းမှာလည်း အဓိက ကစားသမားအဖြစ် ပါဝင်နေရပြီး ၄၈ ပွဲ ကစားထားတာမှာ ၁၄ ဂိုး သွင်းယူထားပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းလူစာရင်းထဲ ပါဝင်ဖို့ရှိနေပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 264
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
စပါးအသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် နော်တင်ဟမ်ဖောရက်စ်အသင်း နည်းပြရာထူးကို ရယူခဲ့ တာဟာ စောလွန်းပြီး အမှားဖြစ်ခဲ့တယ်လို့ နည်းပြဟောင်း ပိုစတီကိုဂလူးက ဝန်ခံခဲ့ပါတယ်။
ပိုစတီကိုဂလူးက “နော်တင်ဟမ်ဖောရက်စ်ကိုသွားဖို့ ကျနော် ဆုံးဖြတ်ချက်က ဆိုးရွားခဲ့ပြီး အဲ့ဒါကို ကျနော် တာဝန်ယူရမှာပါ။ စပါးအသင်းကနေ ထွက်ခွာအပြီးမှာ ဒါက အလွန် စောလွန်းခဲ့ပါတယ်။ ဒါက ကျနော့် အမှားသာ ဖြစ်ခဲ့ပြီး တခြားဘယ်သူ့မှ အပြစ် မဟုတ်ပါဘူး”လို့ The Overlap podcast ကို ပြောခဲ့တာပါ။
ပိုစတီကိုဂလူးဟာ စပါးအသင်းကို ယူရိုပါလိဂ်ဖလား ရယူပေးပြီး ဆုဖလားရရှိဖို့ နှစ်ပေါင်း ၁၇ နှစ်ကြာ အသင်း စောင့်ဆိုင်း နေရတာကို အဆုံးသတ် ပေးခဲ့ပေမယ့် ရက်သတ္တပတ် အနည်းငယ်အကြာမှာ ရာထူးကနေ ထုတ်ပယ်ခံ ခဲ့ရပါတယ်။
ဒါပေမယ့် ပိုစတီကိုဂလူးဟာ ပရီးမီးယားလိဂ် ရာသီသစ် စတင်ပြီး မကြာမီမှာတင် နော်တင်ဟမ်ဖောရက်စ်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာပါ။

ပိုစတီကိုဂလူးကို တွေ့ရစဉ်
ပိုစတီကိုဂလူးဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို နိုင်ပွဲရယူပေးနိုင်ခဲ့ခြင်း မရှိတာကြောင့် ရက်ပေါင်း ၃၉ ရက် ကြာသာ ကိုင်တွယ်ခဲ့ရပြီး ထုတ်ပယ်ခံခဲ့ရပါတယ်။
ပိုစတီကိုဂလူး ကိုင်တွယ်ခဲ့တဲ့ ၈ ပွဲမှာ နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ၂ ပွဲသရေနဲ့ ၆ ပွဲရှုံး ရလဒ်ထွက်ပေါ်ခဲ့ တာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပိုစတီကိုဂလူးရဲ့ နေရာမှာ အစားထိုးခဲ့တဲ့ နည်းပြ ရှောင်ဒိုက်ကိုလည်း မကြာသေးမီက ထုတ်ပယ်ခဲ့ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ လက်ရှိအချိန်မှာ ဒီရာသီရဲ့ စတုတ္ထမြောက် အမြဲတမ်း နည်းပြအဖြစ် ဗစ်တောပါရဲရားကို ခန့်အပ်ထားပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ ဥရောပဝင်ခွင့်ရခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေပြီး တန်းဆင်းဇုန်အဆင့် ၁၈ နေရာက ဝက်စ်ဟမ်းအသင်းနဲ့ ၃ မှတ်အကွာ အဆင့် ၁၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 259
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ယူရိုပါလိဂ် ရှုံးထွက် ပလေးအော့ဖ် ပထမအကျော့ပွဲမှာ ဖီနာဘာချီအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရပြီးနောက် နည်းပြသစ် ပါရဲရားက သူ့ရဲ့အသင်းသစ်ဆီကနေ မြင်တွေ့ခဲ့ရတာကို ကျေနပ်တယ်လို့ ပြောခဲ့ပါတယ်။
ပါရဲရားက “ကွင်းထဲမှာ သူတို့ကိုယ်သူတို့ ဖော်ပြဖို့ ကျနော် တောင်းဆိုခဲ့ပြီး သူတို့လုပ်နိုင်ခဲ့ပါတယ်။ ရလဒ်ကောင်း တွေရဖို့ လိုအပ်ပေမယ့် ပွဲကို ပျော်ရွှင်စွာ ကစားဖို့လည်း လိုပါတယ်။ သူတို့ ကစားနေတဲ့ ပုံစံကို နှစ်သက်ရင် အဆင့်မြင့်မြင့် လုပ်နိုင်ပါတယ်။ တစ်ပွဲချင်းစီကို အနိုင်ရဖို့ ကြိုးစားသွားမှာဖြစ်ပြီး အလွန်ခက်ခဲပါလိမ့်မယ်။ ဖီနာဘာချီအသင်း အိမ်ကွင်းမှာ ၃ ဂိုးသွင်းပြီး ပေးဂိုး မပေးခဲ့ရပေမယ့် လာမယ့်ပွဲက ကွဲပြားတဲ့ပွဲစဉ် ဖြစ်လာဖို့ ရှိနေတဲ့အတွက် ကျနော်တို့ တသမတ်တည်းဖြစ်ဖို့ လိုတယ်”လို့ ပြောခဲ့တာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ နည်းပြသစ် ပါရဲရား စတင်ကိုင်တွယ်တဲ့ ပထမဆုံးပွဲမှာ ဖီနာဘာချီအသင်းကို အဝေးကွင်း ဂိုးပြတ်အနိုင်ရခဲ့လို့ ၁၆ သင်းအဆင့် တက်နိုင်ဖို့ နီးစပ်ခဲ့ပါတယ်။
ဒီပွဲမှာ နော်တင်ဟမ်ဖောရက်စ်အသင်းအတွက် ဂိုးတွေကို မူရီလို၊ အီဂေါဂျီးဆပ်စ်နဲ့ ဂစ်ဘ်ဝှိုက်စ်တို့က သွင်းယူခဲ့ တာပါ။

နော်တင်ဟမ်ဖောရက်စ်အသင်း ယှဉ်ပြိုင်နေစဉ်
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးနေတာကြောင့် နည်းပြ အပြောင်းအလဲ ၄ ဦးအထိ ပြုလုပ်ထားရတာ ဖြစ်ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်း ခေါင်းဆောင် ဂစ်ဘ်ဝှိုက်စ်က အသင်းဟာ စစ်မှန်တဲ့ ကိုယ်ပိုင် လက္ခဏာနဲ့ ကစား နိုင်ခဲ့တယ်လို့ ခံစားခဲ့ရပြီး နည်းပြနဲ့ သူ့ရဲ့အဖွဲ့ဝင်တွေဟာ အသင်းအတွက် အပြုသဘောဆောင်တဲ့ စွမ်းအင်တွေ ယူဆောင်လာခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဂစ်ဘ်ဝှိုက်စ်က သူတို့ဟာ ဒါကို ဆက်လက်သင်ယူပြီး တစ်ပွဲချင်းစီ ရလဒ်ကောင်း ရရှိအောင် လုပ်ဆောင် သွားမယ်လို့ ပြောခဲ့တာပါ။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၇ နေရာ ရပ်တည်နေတဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းဟာ လာမယ့် လိဂ်ပွဲအဖြစ် လီဗာပူးလ်အသင်းကို အိမ်ကွင်း လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 242
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက ခေတ်သစ် ဘောလုံးလောကမှာ အကောင်းဆုံးကစားသမား ၂ ဦးဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ထက် ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒင်ဟိုက သူ့ကို အထင်ကြီးစေခဲ့တယ်လို့ ပြောခဲ့ပါ တယ်။
ကွန်ပနီက “မက်ဆီနဲ့ရော်နယ်လ်ဒိုတို့က အံ့ဖွယ်ထူးခြား ကောင်းမွန်တဲ့သူတွေပါ။ ဒါပေမယ့် ရော်နယ်လ်ဒင်ဟိုက ပွဲတစ်ပွဲမှာ ကျနော့်ကို အထင်ကြီးစေဆုံး ဖြစ်ခဲ့ပါတယ်။ သူ့ကိုသိကြလား”လို့ ဂျာမနီရှိ ဘိုင်ယန်မြူးနစ်အသင်းကို အားပေးတဲ့ လူငယ်ပရိသတ်တွေနဲ့ ကျင်းပတဲ့ပွဲမှာ ပြောခဲ့တာပါ။
မက်ဆီနဲ့ရော်နယ်လ်ဒိုတို့ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်အတွင်းမှာ ကမ္ဘာ့ဘောလုံးလောကရဲ့ စင်မြင့်ထက်မှာ အကောင်းဆုံးဆုတွေကို သိမ်းပိုက်ပြီး နိုင်ငံအသင်း၊ ကလပ်အသင်းတွေနဲ့ ဆုဖလားအောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပါတယ်။
ရော်နယ်လ်ဒင်ဟိုကလည်း သူ့ရဲ့ခေတ်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံရတဲ့အထိ အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး နိုင်ငံအသင်းနဲ့ ကမ္ဘာ့ဖလား၊ ကလပ်အသင်းတွေနဲ့ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလားအောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်း နည်းပြ ကွန်ပနီကို တွေ့ရစဉ်
မန်စီးတီးအသင်း နောက်ခံလူဟောင်း ကွန်ပနီဟာ ၂၀၀၃ ကနေ ၂၀၂၀ ခုနှစ်အထိ ဖြတ်သန်းခဲ့တဲ့ ကစားသမား ဘဝမှာ ပွဲပေါင်း ၆၀၀ ကျော် ကစားခဲ့ပြီး မက်ဆီ၊ ရော်နယ်လ်ဒို၊ ရော်နယ်လ်ဒင်ဟိုတို့ အပါအဝင် ကမ္ဘာ့ဘောလုံး လောကရဲ့ ထိပ်တန်း ကစားသမား အများအပြားနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။
ကွန်ပနီဟာ သူ့မျိုးဆက်မှာ ထိပ်တန်း ခံစစ်မှူးတွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခံခဲ့ရပြီး မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်နဲ့ ပြည်တွင်းဖလား အများအပြား ရရှိအောင် ဦးဆောင် နိုင်ခဲ့ တာပါ။
ကစားသမားဘဝကနေ အနားယူပြီးနောက် နည်းပြလောကထဲကို ရောက်ရှိလာခဲ့တဲ့ ကွန်ပနီဟာ အန်ဒါလက်ချ်၊ ဘန်လေနဲ့ လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်နေတာဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 263
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉
လီဗာပူးလ်နဲ့ဘာစီလိုနာအသင်းကွင်းလယ်လူဟောင်း ကော်တင်ဟိုဟာ ငယ်ဘဝကလပ် ဗာစကိုဒဂါးမား အသင်းနဲ့ စာချုပ်ဖျက်သိမ်းဖွယ်ရှိနေတယ်လို့ ဘရာဇီးလ်သတင်းတွေမှာ ဖော်ပြထားပါတယ်။
၂၀၂၅ ခုနှစ်မှာ ဗာစကိုဒဂါးမားအသင်းထံ အပြီးသတ်ပြောင်းရွှေ့လာခဲ့တဲ့ ကော်တင်ဟိုဟာ အသင်းပရိသတ်တွေ ရဲ့လှောင်ပြောင်မှုခံခဲ့ရပြီးနောက် စာချုပ်ကို အဆုံးသတ်ဖို့ရှိနေတာပါ။
ကော်တင်ဟိုဟာ စာချုပ်ကိုဖျက်သိမ်းဖို့ ရည်ရွယ်ထားပြီး ကလပ်အသင်းအကြီးအကဲ ပီဒရင်ဟိုက ဒီအကြောင်းကို ကလပ်အသင်းအဖွဲ့ဝင်တွေကို အသိ ပေးထားပြီးဖြစ်ပါတယ်။
ဗာစကိုဒဂါးမားအသင်းဟာ ကော်တင်ဟိုရဲ့ဒီဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်နေပြီး မန်နေဂျာက သူ့ရဲ့စိတ် ပြောင်းလဲသွားစေဖို့ ကြိုးစားခဲ့တယ်လို့ Globo က ဖော်ပြထားပါတယ်။
ဗာစကိုဒဂါးမားအသင်းကနေ ကော်တင်ဟို ထွက်ခွာချင်တဲ့အကြောင်းရင်းက အားကစားစီမံကိန်းအပေါ် မကျေနပ်တာကြောင့်မဟုတ်ဘဲ ပရိသတ်တွေရဲ့ ဆက်ဆံမှုကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

မကြာသေးမီက ပရိသတ်တချို့အကြားမှာ ကော်တင်ဟိုအပေါ် မကျေနပ်မှုတွေတိုးလာခဲ့ပြီး သူဟာ ပြီးခဲ့တဲ့ အပတ်က ဘာဟီရာအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ လှောင်ပြောင်ခံခဲ့ရတဲ့အတွက် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတာပါ။
ဒီပွဲအပြီးမှာ ဗာစကိုဒဂါးမားအသင်းနည်းပြက ကော်တင်ဟိုဟာ ထူးချွန်တဲ့သူဖြစ်ပြီး အသင်းအတွက် လက်ဆောင် လို့ ပြောခဲ့ပေမယ့် ပရိသတ်တွေကလည်း သူတို့လှောင်ပြောင်ချင်တဲ့သူကို လှောင်ပြောင်ခွင့်ရှိတာကို လက်ခံခဲ့ ပါတယ်။
ကော်တင်ဟိုဟာ လီဗာပူးလ်အသင်းကနေ ထွက်ခွာအပြီးမှာ ကစားသမားဘဝ အကောင်းဆုံး ပုံစံရဖို့ ရုန်းကန် နေရပြီး ဗာစကိုဒဂါးမားအသင်းအတွက် ပွဲပေါင်း ၈၀ ကစားထားတာမှာ ၁၇ ဂိုးသွင်းယူထားပါတယ်။
Source: DailyMail
- By CNI
- Category: အားကစား
- Hits: 286
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉
အာဂျင်တီးနားကွင်းလယ်လူ မက်အလစ္စတာရဲ့ ဖခင်ဖြစ်သူက သူ့သားနဲ့ ယူနိုက်တက်အသင်းတို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ ထင်ကြေးတွေကို ပယ်ချခဲ့ပြီး သားဖြစ်သူဟာ လီဗာပူးလ်အသင်း အကြောင်းပဲ စဉ်းစားနေ တယ်လို့ ပြောခဲ့ပါတယ်။
ကားလို့စ်က “သူဟာ အခုအချိန်မှာ လီဗာပူးလ်အသင်း အကြောင်းကိုပဲ စဉ်းစားနေပါတယ်။ သူ့ရဲ့စာချုပ် သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ကျနော်တို့ စောင့်ဆိုင်းနေပါတယ်။ ကလပ်ရဲ့ အစီအစဉ်က ဘယ်လိုလဲဆိုတာနဲ့ စာချုပ် သက်တမ်းတိုးဖို့နဲ့ ပတ်သက်ပြီး ဘာတွေ ဖြစ်လာမလဲဆိုတာ ကျနော်တို့ စောင့်ကြည့်သွားမှာပါ။ ဒါပါပဲ”လို့ ထင်ကြေးတွေနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။
လာမယ့်နွေရာသီမှာ ကွင်းလယ်ပိုင်းကို အားဖြည့်မယ့် ယူနိုက်တက်အသင်းဟာ မက်အလစ္စတာရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး ရာသီကုန်ချိန်မှာ လီဗာပူးလ်အသင်းကနေ ခေါ်ယူဖို့ လှုပ်ရှားလာနိုင်တယ်လို့ The Daily Mirror က ဖော်ပြထားပါတယ်။

မက်အလစ္စတာကို တွေ့ရစဉ်
လီဗာပူးလ်အသင်းနဲ့ မက်အလစ္စတာရဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ်အထိ သက်တမ်း ရှိနေပေမယ့် အခွင့်အရေး ကောင်းတွေ ပေါ်လာရင် ကစားသမားဟာ စိတ်ပြောင်း သွားနိုင်တယ်လို့ ဖော်ပြမှုတွေလည်း ရှိနေတာပါ။
ရီးရယ်လ်အသင်းကလည်း မကြာသေးမီ လတွေအတွင်း မက်အလစ္စတာကို စိတ်ဝင်စားကြောင်း ပြသထားပါ တယ်။
၂၀၂၃ ခုနှစ်မှာ ဘရိုက်တန်အသင်းကနေ ပေါင် ၅၅ သန်းနဲ့ ရောက်ရှိလာတဲ့ မက်အလစ္စတာဟာ လီဗာပူးလ်အသင်း အတွက် ပြိုင်ပွဲစုံ ၁၃၂ ပွဲ ပါဝင်ကစားထားပြီး ၁၇ ဂိုး သွင်းယူထားပါတယ်။
မက်အလစ္စတာဟာ လီဗာပူးလ်အသင်းအတွက် ပွဲဦးထွက်ရာသီမှာ ကာရာဘောင်းဖလား ရယူနိုင်ခဲ့ပြီး မနှစ်က ရာသီမှာတော့ ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့တာပါ။
မက်အလစ္စတာဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ၄၂ ပွဲ ကစားထားပြီး ၆ ဂိုးသွင်းယူကာ ၂၀၂၂ ကမ္ဘာ့ဖလား၊ ၂၀၂၂ Finalissima နဲ့ ၂၀၂၄ ကိုပါအမေရိကဖလား ချန်ပီယံဆုတို့ကို ရရှိထားပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 864
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉
နယူးကာဆယ်အသင်း ကြယ်ပွင့် ဂေါ်ဒွန်ဟာ ချန်ပီယံလိဂ် ပွဲစဉ်တစ်ပွဲရဲ့ ပထမပိုင်းမှာ ၄ ဂိုး သွင်းယူနိုင်တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့သလို ရှုံးထွက်အဆင့်မှာ ဒီလိုမျိုး သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား အဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။
နယူးကာဆယ်အသင်းက အဇာဘိုင်ဂျန်ကလပ် ကာရာဘတ်အသင်းကို ၆ ဂိုး-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပလေးအော့ဖ် ပထမအကျော့ပွဲမှာ ဂေါ်ဒွန်ဟာ ပထမပိုင်းအတွင်း ၄ ဂိုး သွင်းယူပြီးနောက် ဒီမှတ်တမ်းကို ရရှိခဲ့တာပါ။
၃၃ မိနစ်အတွင်း ဟက်ထရစ် ဂိုးရရှိခဲ့တဲ့ ဂေါ်ဒွန်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်္ဂလိပ် ကစားသမား တစ်ဦးအတွက် အမြန်ဆုံး ဟက်ထရစ် ဖြစ်ခဲ့ပြီး ဒီပြိုင်ပွဲမှာ သူ့ရဲ့သွင်းဂိုးက ၁၀ ဂိုးအထိ ရှိလာခဲ့ပါတယ်။
ဂေါ်ဒွန်က “မှတ်တမ်းတွေက ကောင်းပေမယ့် ဘောလုံးမှာတော့ အသင်းအကြောင်းပါပဲ။ အသင်းအောင်မြင်မှု ရရှိမှသာ တစ်ဦးချင်း အခိုက်အတန့်တွေက အရေးပါပြီး ဒီပွဲမှာဒါက အရေးအကြီးဆုံးပါပဲ။ ကျနော် တစ်ဦးတည်း အတွက် တင်မဟုတ်ဘဲ ပါဝင်ပတ်သက်တဲ့သူတွေ အားလုံးအတွက် အလွန်ဂုဏ်ယူပါတယ်။ ဒီမှာလာကစားဖို့က ဘယ်တော့မှ မလွယ်ကူတာကြောင့် တစ်သင်းလုံးအတွက် ကျနော် အလွန်ပျော်ပါတယ်”လို့ UEFA ကိုပြောခဲ့တာ ပါ။

ဂေါ်ဒွန်ကို တွေ့ရစဉ်
ဒါ့ပြင် ဂေါ်ဒွန်ဟာ နယူးကာဆယ်အသင်း ဂန္ထဝင် အလန်ရှီးယားရဲ့ ချန်ပီယံလိဂ် တစ်ရာသီအတွင်း ဂိုးအများဆုံး သွင်းယူနိုင်တဲ့ စံချိန်ကို ၆ ဂိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းက ဂေါ်ဒွန်ဟာ ပထမပိုင်းမှာ အလွန်ကောင်းမွန်ခဲ့ပြီး သူ့ရဲ့ပထမဆုံး သွင်းဂိုးက အရေးပါတဲ့ အခိုက်တန့် ဖြစ်တဲ့အတွက် အလွန်ကျေနပ်မိတယ်လို့ ပြောခဲ့ပါတယ်။
နယူးကာဆယ်အသင်းဟာ လာမယ့် အပတ်မှာ ကာရာဘတ်အသင်းကို ဒုတိယအကျော့အဖြစ် အိမ်ကွင်း လက်ခံ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲရလဒ်ကြောင့် ၁၆ သင်းအဆင့် တက်နိုင်ဖို့ သေချာခဲ့ပါတယ်။
နယူးကာဆယ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် မန်စီးတီးအသင်း အိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 273
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉
အာဆင်နယ်အသင်းဟာ ဝုလ်ဗ်စ်အသင်းနဲ့ပွဲမှာ ဦးဆောင်ဂိုး ၂ ဂိုး ရခဲ့ပေမယ့် ချေပဂိုးတွေ ပြန်ပေးရကာ ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် နည်းပြအာတီတာက ဒီရလဒ်အတွက် မိမိကိုယ်ကို အပြစ်တင် ရမှာဖြစ်သလို ဝေဖန်မှုတိုင်း ကိုလည်း လက်ခံရမယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “ဒီပွဲမှာ ကျနော်တို့ အမှားလုပ်မိခဲ့တာက အလွန်ရိုးရှင်းပြီး အခြေခံကျတဲ့ အရာတွေပါ။ ကျနော်တို့ ဟာ လိုအပ်တဲ့အဆင့်မှာ မကစားနိုင်တဲ့အတွက် ဘယ်လိုမေးခွန်း၊ ဝေဖန်မှုနဲ့ ထင်မြင်မှုတွေကို လက်ခံရမှာပါ။ ကျနော်တို့ဟာ လုပ်ရမယ့်အရာကို မလုပ်နိုင်ခဲ့တာကြောင့် ဘယ်သူ ဘာပြောပြော မှန်ကန်နိုင်ပါတယ်။ ဒုတိယပိုင်း စွမ်းဆောင်ရည်က ဒီလိဂ်မှာ အနိုင်ရဖို့ လိုအပ်တဲ့ စံနှုန်းတွေနဲ့ နီးစပ်မှုကို မပြသနိုင်ခဲ့ပါဘူး။ ရလဒ်နဲ့ ပွဲပြီးဆုံးတဲ့ အပေါ် အလွန်စိတ်ပျက်ပေမယ့် ကိုယ့်ကိုယ်ကို အပြစ်တင်ရမယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ဆာကာ၊ ဟင်ကာပီတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင် နိုင်ခဲ့ပေမယ့် မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်း အချိန်ပိုမှာ ပေးခဲ့ရတဲ့ သွင်းဂိုး အပါအဝင် ချေပဂိုး ၂ ဂိုးခွင့်ပြုခဲ့ရပြီး ဝုလ်ဗ်စ်အသင်းနဲ့ ရမှတ်ခွဲယူခဲ့ ရပါတယ်။

အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၂ ပွဲသာ အနိုင်ရခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဒီပွဲရလဒ်ကြောင့် အဆင့် ၂ နေရာက မန်စီးတီးအသင်းကို ၁ ပွဲ ပိုကစားပြီး ရမှတ် ၅ မှတ်သာ ဖြတ်ထားနိုင်တော့တာပါ။
အာဆင်နယ်အသင်း တောင်ပံကစားသမား ဆာကာက အလွန်စိတ်ပျက်ပြီး ပြောစရာ ဘာမှမရှိသလို သူတို့ရဲ့ စံနှုန်းတွေ ကြီးကြီးမားမား ကျဆင်းသွားခဲ့တာကြောင့် အပြစ်ပေး ခံခဲ့ရတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဒါ့ပြင် ဆာကာက ရမှတ်တွေ ဆုံးရှုံးခဲ့ရတဲ့ အရာတွေကို ပြင်ဆင်ပြီး လာမယ့်ပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူဖို့က အခုအချိန်မှာ သူတို့ရဲ့အာရုံစိုက်မှုလို့ ပြောခဲ့ပါတယ်။
ဝုလ်ဗ်စ်အသင်းနည်းပြ အက်ဒ်ဝါ့တ်က အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂ ပွဲဆက် သရေကျပြီး ဒီပွဲမှာ မမျှော်လင့်ထားတဲ့ ရမှတ်ရယူနိုင်ဖို့ ယုံကြည်မှု ပြသခဲ့တဲ့အပေါ် ဂုဏ်ယူမိတယ်လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် စပါးအသင်းနဲ့ မြောက်လန်ဒန် ဒါဘီ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 305
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈
ဒတ်ချ်ကလပ် ဖီယင်နုအသင်းဟာ ကစားသမားသစ် စတာလင် သူ့ရဲ့ အသင်းဖော်သစ်တွေနဲ့ လေ့ကျင့်မှု ပြုလုပ်နိုင်ဖို့အတွက် ရော့တာဒမ်ရှိ သူတို့ရဲ့ အိမ်ကွင်းအစား ဘယ်လ်ဂျီယံမှာ လေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။
အင်္ဂလန် ကစားသမားဟောင်း စတာလင်ဟာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာပြီးနောက် ပြီးခဲ့တဲ့အပတ်မှာ ဖီယင်နုအသင်းထံ ရာသီကုန်အထိ စာချုပ်ချုပ်ကာ ပြောင်းရွှေ့ခဲ့ပါတယ်။
ဒါပေမယ့် စတာလင်ဟာ အလုပ်လုပ်ခွင့် ပါမစ် မရသေးတာကြောင့် နယ်သာလန်မှာ လေ့ကျင့်မှု ပြုလုပ်နိုင်မှာ မဟုတ်သလို ကစားခွင့်လည်း ရမှာမဟုတ်သေးပါဘူး။
ဒီအချိန်မှာ ဖီယင်နုအသင်းနည်းပြ ဗန်ပါစီက စတာလင်ကို အသင်းနဲ့အတူ အမြန်ဆုံး လေ့ကျင့်မှု ပြုလုပ်နိုင်အောင် အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်ကို ရော့တာဒမ်ကနေ ၁၃၇ ကီလိုမီတာ အကွာအဝေးရှိတဲ့ တူဘိုက်ဇ်ထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

စတာလင်ကို တွေ့ရစဉ်
ဖီယင်နုအသင်းဟာ တနင်္ဂနွေနေ့မှာ ကစားမယ့် တဲလ်စတားအသင်းနဲ့ အိမ်ကွင်းပွဲစဉ် မတိုင်မီ စတာလင်ရဲ့ အလုပ် လုပ်ခွင့် ပါမစ်ရနိုင်ဖို့ မျှော်လင့်နေပါတယ်။
မန်စီးတီး၊ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတွေမှာ ကစားခဲ့တဲ့ စတာလင်ဟာ ဖီယင်နုအသင်းထံ မပြောင်းရွှေ့ မီမှာ ရွေးချယ်စရာ အများအပြားရှိခဲ့ပြီး အင်္ဂလန်နဲ့ဥရောပ ကလပ်ပေါင်း ၁၈ သင်းက သူ့ကို စိတ်ဝင်စားခဲ့ ကြတယ်လို့ BBC Sport က ဖော်ပြခဲ့ပါတယ်။
ဖီယင်နုအသင်းဟာ ဒီရာသီ ဒတ်ချ် အမှတ်ပေးလိဂ်မှာ ထိပ်ဆုံးနေရာက PSV အသင်းနဲ့ ၁၄ မှတ် အကွာအဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။
စတာလင်ဟာ အင်္ဂလန်အသင်းအတွက် ၈၂ ပွဲ ကစားထားပြီး ဂိုး ၂၀ သွင်းယူထားပေမယ့် ၂၀၂၂ ခုနှစ်ကတည်းက နိုင်ငံအသင်းအတွက် ပါဝင်ကစားရခြင်း မရှိသေးတာ ဖြစ်ပါတယ်။
Source: BBC
