- By CNI
- Category: အားကစား
- Hits: 284
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅
ချယ်လ်ဆီးအသင်းရဲ့ ကစားသမားသစ် အီမီဂါဟာ ပြင်သစ် လီဂူး-၁ ကလပ် စထရာဘောင်းအသင်း ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကြောင့် ဝမ်းနည်းကြေကွဲနေခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ ဒတ်ချ်ကစားသမားဟာ ချယ်လ်ဆီးအသင်း ပိုင်ရှင်တွေ ပိုင်ဆိုင်တဲ့ ကလပ်အသင်း နှစ်သင်းကြား အပြောင်းအရွှေ့အဖြစ် စထရာဘောင်းအသင်းကနေ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။
အီမီဂါဟာ လာမယ့် နွေရာသီမှသာ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့မှာ ဖြစ်တဲ့အတွက် ဒီရာသီ စထရာဘောင်း အသင်းမှာ ဆက်ပြီးကစားရမှာပါ။
ဒါပေမယ့် စထရာဘောင်းအသင်း ပရိသတ်တွေကတော့ လီဟာဗရီအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ် လီဂူး-၁ ပွဲစဉ်ရဲ့ ပွဲချိန်အတွင်းမှာ ဒီအပြောင်းအရွှေ့ သတင်းကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြပါတယ်။

အီမီဂါကို တွေ့ရစဉ်
စထရာဘောင်းအသင်း ပရိသတ်တွေဟာ အီမီဂါကို “အင်္ကျီပြောင်းပြီးသွားရင် မင်းရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို ပြန်ပေးဆိုပြီး”ရေးသားထားတဲ့ စာတန်းကို ကွင်းအတွင်းမှာ ပြသထားခဲ့တာပါ။
အီမီဂါဟာ ဒဏ်ရာကြောင့် လီဟာဗရီအသင်းနဲ့ပွဲစဉ်မှာ စထရာဘောင်းအသင်းအတွက် မပါဝင်နိုင်ခဲ့ပေမယ့် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရယူတဲ့အချိန်မှာ ကျယ်လောင်စွာ လှောင်ပြောင်မှုတွေ ခံခဲ့ရတာ ဖြစ်ပါတယ်။
စထရာဘောင်းအသင်း နည်းပြ လီယန်ရိုစီနီယာက “အီမီဂါဟာ ဝမ်းနည်းကြေကွဲနေပြီး ကျနော်လည်း အတူတူ ပါပဲ။ မြင်တွေ့ခဲ့ရတဲ့အတွက် အရာကို ကျနော် အလွန်စိတ်ပျက်မိပါတယ်။ ပြီးခဲ့တဲ့ရာသီရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးကို ဒီလိုဆန့်ကျင်တာဟာ လက်ခံနိုင်စရာ မရှိပါဘူး။ အီမီဂါဟာ အသင်းမှာရှိနေတဲ့ အချိန်အထိ အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိနေမယ်”လို့ အသင်းရဲ့မီဒီယာအဖွဲ့ကို ပြောခဲ့တာပါ။
ချယ်လ်ဆီးနဲ့ စထရာဘောင်း အသင်းဟာ ကစားသမား အများအပြားကို လဲလှယ်မှုတွေ ပြုလုပ်ခဲ့ပြီး မကြာသေး မီက ချယ်လ်ဆီးအသင်းဟာ စထရာဘောင်းအသင်းထံ ရောင်းချခဲ့တဲ့ ကစားသမားတစ်ဦးကို ရက်အနည်းငယ် အကြာမှာ ပြန်လည်ခေါ်ယူခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဘန်ချီဝဲလ်ကို စထရာဘောင်းအသင်းထံ အငှားချခဲ့သလို ဇွန်လ အစောပိုင်းက ခေါ်ယူခဲ့တဲ့ မာမာဒူဆားကို ပြင်သစ်ကလပ်ထံ ပြန်ပြီး အငှားချခဲ့တာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 300
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက တိုက်စစ်မှူး ဟာလန်းဟာ အသင်းတစ်ရာသီအတွင်း ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တဲ့ နှစ်ကထက် ပိုပြီးကောင်းတယ်လို့ ယူနိုက်တက်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်အပြီးမှာ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ဟာလန်းဟာ စတင်တဲ့ အချိန်ကတည်းက မယုံနိုင်လောက်အောင် ကောင်းတဲ့သူဖြစ်ပေမယ့် သူဟာ ဒီရာသီမှာတော့ အရင်ကထက် ပိုပြီးကောင်းလာခဲ့ပါတယ်။ ဆုဖလား ၃ လုံး ရယူခဲ့တဲ့နှစ်ကထက် ပိုပြီး ကောင်းတယ်လို့ ကျနော် ပြောချင်ပါတယ်။ သူဟာဂိုးတွေ အများကြီးသွင်းပြီး ကျနော်တို့ကို ကူညီစေချင်ပါတယ်။ ဟာလန်းဟာ သူဒီကိုရောက်လာကတည်းက ဘယ်တော့မှ စိတ်မပျက်ခဲ့ပါဘူး။ သူဟာ နှစ်ပေါင်းများစွာ စာချုပ် ချုပ်ခဲ့သလို အထူးကစားသမားပါ”လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နော်ဝေအသင်းအတွက် တစ်ပွဲတည်း ၅ ဂိုးသွင်းခဲ့တဲ့ ဟာလန်းဟာ ယူနိုက်တက် အသင်းနဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ၂ ဂိုးသွင်းယူခဲ့ပါတယ်။

ဟာလန်းကို တွေ့ရစဉ်
အသက် ၂၅ နှစ်အရွယ်ရှိ ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ် ၄ ပွဲ ကစားအပြီးမှာ ၅ ဂိုးသွင်းယူကာ အကောင်းဆုံးပုံစံတွေကို ပြသနေတာပါ။
ဒါအပြင် ဟာလန်းဟာ မန်စီးတီးအသင်း ကစားသမားဘဝ ပရီးမီးယားလိဂ် အိမ်ကွင်းသွင်းဂိုး ၅၀ လည်း ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။
မန်စီးတီးအသင်းအတွက် ပွဲဦးထွက်ခဲ့တဲ့ ၂၀၂၂-၂၃ ရာသီတည်းကနေ လက်ရှိအချိန်ထိ ဟာလန်းဟာ အသင်း အတွက် ပွဲပေါင်း ၁၅၀ ကစားထားပြီး ၁၂၉ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်၊ FA ဖလားနဲ့ ဥရောပစူပါဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့တာပါ။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆုဖလားလက်မဲ့ ဖြစ်ခဲ့သလို ဒီရာသီပရီးမီးယားလိဂ် ၄ ပွဲ ကစားအပြီးမှာ ၂ ပွဲနိုင်၊ ၂ ပွဲရှုံးနိမ့်ထားပါတယ်။
မန်စီးတီးအသင်းဟာ လာမယ့်ကြားရက်မှာ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် နာပိုလီအသင်းကို အိမ်ကွင်းလက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 376
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅
လီဗာပူးလ်အသင်းဟာ ဘန်လေအသင်းကို နောက်ကျ ပင်နယ်တီ သွင်းဂိုးကြောင့် ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး နောက် နည်းပြအာနီဆလော့က သူ့အသင်း ကံကောင်းခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
အာနီဆလော့က “၁၈ ကိုက်ထဲမှာ ကစားသမား ၁၁ ဦးရှိတဲ့အသင်းနဲ့ ရင်ဆိုင်တဲ့အချိန်မှာ အခွင့်အရေးတွေ ဖန်တီးရ တာ ဘယ်လောက်အထိ ခက်ခဲလဲဆိုတာ ကျနော်သိပါတယ်။ သူတို့နဲ့ပတ်သက်ပြီး အဆိုးမြင်တဲ့ အရာတွေ ဘာမှ မပြောပေမယ့် ရင်ဆိုင်ရတာ ဘယ်လောက်အထိ ခက်ခဲလဲဆိုတာကို ရှင်းပြတာပါ။ သရေဟာ ဒီပွဲအတွက် ကျနော်တို့ မျှော်လင့်ထားတဲ့အရာ ဖြစ်နိုင်ပေမယ့် လူစားလဲမှုတွေ ပြုလုပ်ပြီး ကြိုးစားခဲ့ရပါတယ်။ ကျနော်တို့ ပင်နယ်တီရခဲ့ပြီး ကံကောင်းခဲ့တယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ မိနစ် ၉၀ ပြည့်ပြီးတဲ့အချိန်ထိ ဂိုးမရှိ သရေကျနေပေမယ့် နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ဘန်လေ အသင်းကစားသမား မက်ချ်ဘရီရဲ့ လက်ထိဘောကြောင့် လီဗာပူးလ်အသင်း ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီပင်နယ်တီကို ဆာလက်က အမှားအယွင်းမရှိ ကန်သွင်းပြီး လီဗာပူးလ်အသင်းကို နိုင်ပွဲရယူပေးနိုင်ခဲ့တာပါ။

လီဗာပူးလ်အသင်း ယှဉ်ပြိုင်နေစဉ်
လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲစလုံး ရာနှုန်းပြည့်နိုင်ပွဲ ရရှိထားတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၄ ပွဲစလုံး မိနစ် ၈၀ နောက်ပိုင်းမှာ အနိုင်ဂိုးတွေ ရယူနိုင်ခဲ့ပြီး ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က သူ့အသင်းဟာ ခံစစ်ကစားနေတဲ့ ဘန်လေအသင်းကို သွင်းဂိုး သွင်းယူ နိုင်ဖို့ ခက်ခဲပေမယ့် နောက်ကျ အနိုင်ဂိုးကြောင့် ကံကောင်းခဲ့တယ်လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့နောက်ဆုံးနေ့က နယူးကာဆယ်အသင်းကနေ ပေါင် ၁၂၅ သန်းနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး အစ်ဆက်ကို ပွဲလူစာရင်းထဲမှာ ထည့်သွင်းလာခဲ့ခြင်း မရှိပါဘူး။
လီဗာပူးလ်အသင်း နည်းပြအာနီဆလော့က တိုက်စစ်မှူး အစ်ဆက်ကို လာမယ့် အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မိနစ်အနည်းငယ် အသုံးပြုဖွယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 292
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅
ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် နည်းပြအာမိုရင်ဟာ ယူနိုက်တက် အသင်းမှာ သူ့ရဲ့ ၃-၄-၃ စနစ်ကို ပြောင်းလဲသင့်တယ်ဆိုပြီး အကြံပြုမှုတွေ ရှိနေပေမယ့် သူကတော့ ဒါကို ပြောင်းလဲချင်ရင် လူပြောင်းမှရမယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ကျနော်ကတော့ ကျနော့်ရဲ့ အတွေးအခေါ် ကစားကွက်ပုံစံတွေကို ပြောင်းလဲမှာ မဟုတ်ပါဘူး။ ယူနိုက်တက်အသင်း အကြီးအကဲတွေ အနေနဲ့ ဒါကို ပြောင်းလဲချင်ရင် လူကိုပြောင်းလဲမှရမှာပါ။ ကစားကွက်ပုံစံကို ပြောင်းလဲချင်တဲ့ အချိန်ရောက်ရင်တော့ ပြောင်းလဲသွားမှာပါ။ အခုဖြစ်နေတဲ့ အရာတွေက ယူနိုက်တက်အသင်းမှာ ရှိသင့်တဲ့ မှတ်တမ်းတွေ မဟုတ်ဘူးဆိုတာ ကျနော် လက်ခံပါတယ်။ ကျနော် အရာအားလုံးကို နားလည်ပါတယ်။ ကျနော်တို့ ပိုကောင်းအောင် လုပ်နေပေမယ့် ရလဒ်တွေကတော့ ဒီလိုဖြစ်မလာပါဘူး။ ကျနော့် ဘက်ကတော့ အရာအားလုံးကို ပေးသွားမှာပါ”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းကို အရေးနိမ့်ပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၄ ပွဲကစား အပြီးမှာ ရှုံးပွဲ ၂ ပွဲအထိ ကြုံတွေ့ထားပြီး ဖြစ်ပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ဟာ ယူနိုက်တက်အသင်းကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကနေ စတင်တာဝန်ယူပြီး ကတည်းက ပရီးမီးယားလိဂ် ပွဲပေါင်း ၃၁ ပွဲ ကိုင်တွယ်ထားတာမှာ ၈ ပွဲသာ အနိုင်ရအောင် ကိုင်တွယ်ပေး နိုင်ခဲ့တာပါ။

ယူနိုက်တက်အသင်းကို တွေ့ရစဉ်
အာမိုရင်ဟာ ပရီးမီးယားလိဂ်မှာ မှတ်တမ်းဆိုးတွေကို ပိုင်ဆိုင်ထားတာကြောင့် သူ့ရဲ့ကစားကွက်ပုံစံကို အပြောင်းအလဲလုပ်ဖို့ အကြံပြု တိုက်တွန်းခဲ့ကြပါတယ်။
ဒါပေမယ့် နည်းပြအာမိုရင်ကတော့ သူအသုံးပြုနေတဲ့ ကစားကွက်ပုံစံကို စွန့်လွှတ်သွားဖို့ စိတ်ကူးမရှိဘဲ အသင်း ဘက်က ဒါကို ပြောင်းလဲချင်ရင် နောက်ထပ် နည်းပြတစ်ဦးပြောင်းလဲရမယ်လို့ ပြောလာခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၄ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်သာ ရရှိထားတာကြောင့် နည်းပြ ဆာအဲလက်စ်ဖာဂူဆန် လက်ထက် ၁၉၉၂-၉၃ ရာသီနောက်ပိုင်း အဆိုးရွားဆုံးရာသီ စတင်မှုနဲ့ ကြုံတွေ့ နေရတာ ဖြစ်ပါတယ်။
ကိန်းဂဏန်း အချက်အလက်တွေကို တွက်ချက်တဲ့ Opta က ယူနိုက်တက်အသင်းဟာ ထိပ်ဆုံး ၅ သင်း ထဲဝင်ဖို့ ထက် တန်းဆင်းနိုင်ခြေ ပိုများတယ်လို့ ဖော်ပြထားတာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းကို အိမ်ကွင်းလက်ခံ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 391
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၃
ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက နေမာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်နိုင်ပေမယ့် သူဟာ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ကောင်းမွန်ကြောင်း အရင်ဆုံးသက်သေပြဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
အန်ဆယ်လော့တီက “နေမာရဲ့ ကစားပုံကို ကျနော်တို့ စောင့်ကြည့်သွားမှာ မဟုတ်ပါဘူး။ သူ့ရဲ့အရည်အသွေးကို လူတိုင်းသိပါတယ်။ ခေတ်သစ် ဘောလုံးလောကမှာ သူ့ရဲ့အရည်အသွေးတွေကို အသုံးချဖို့အတွက်ဆိုရင် သူဟာ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ကောင်းမွန်ရပါမယ်။ သူဟာ ရုပ်ပိုင်းဆိုင်ရာ အကောင်းဆုံးပုံစံမှာရှိနေရင် နိုင်ငံအသင်း မှာ ရှိနေတာ ပြဿနာမဟုတ်ပါဘူး။ အားလုံးကလည်း နေမာကို ရုပ်ပိုင်းဆိုင်ရာ အကောင်းဆုံးပုံစံနဲ့ နိုင်ငံအသင်း မှာ လိုချင်ကြပါတယ်”လို့ ESPN ကို ပြောခဲ့တာပါ။
ဘရာဇီးလ်အသင်းအတွက် ၇၉ ဂိုးသွင်းယူထားပြီး နိုင်ငံအသင်းရဲ့ ဂိုးသွင်း အများဆုံးအဖြစ် ရပ်တည်နေတဲ့ နေမာ ဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာရရှိခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ နောက်ပိုင်း နိုင်ငံအသင်းအတွက် ပါဝင် ကစားရခြင်း မရှိသေးတာဖြစ်ပါတယ်။
ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ နေမာဟာ ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းထံ ပြန်လာပြီးနောက် ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ဒဏ်ရာ ဆုတ်ယုတ်မှုတွေကြောင့် နည်းပြအန်ဆယ်လော့တီရဲ့ ဘရာဇီးလ်အသင်းလူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရတာပါ။

နေမာကို တွေ့ရစဉ်
နေမာကတော့ သူဟာ ရုပ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ မဆိုင်ဘဲ နည်းစနစ်ပိုင်းအရ ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပြီး နည်းပြရဲ့ထင်မြင်ချက်ကို လေးစားသွားမှာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက အသင်းရဲ့ လူစာရင်းမှာ နေမာ ပါဝင်ခြင်း ရှိ၊မရှိဆိုတာ သူ့ရဲ့ ကြံ့ခိုင်မှုအပေါ် မူတည်ပြီး ဆုံးဖြတ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။
ဘရာဇီးလ်အသင်းဟာ လာမယ့် အောက်တိုဘာမှာ နိုင်ငံတကာ ခြေစမ်းပွဲတွေအဖြစ် တောင်ကိုရီးယား၊ ဂျပန် အသင်းတို့နဲ့ ယှဉ်ပြိုင်ဖို့ စီစဉ်ထားပြီး ဒီပွဲတွေမှာ နေမာ ပြန်ပါဝင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 324
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၃
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက တိုက်စစ်မှူး ဟာလန်းဟာ လီဗာပူးလ်အသင်း တိုက်စစ်မှူးသစ် အစ်ဆက် ထက် ပိုကောင်းတယ်လို့ ပြောလိုက်ပြီး ဟာလန်းကို ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ကစားသမားနဲ့မှ လဲလှယ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ဟာလန်းက အထက်မှာရှိနေပြီး အစ်ဆက်က ထူးခြားတဲ့ ကစားသမားပါ။ ဒါပေမယ့် ဟာလန်း အကြောင်းကို ခင်ဗျားတို့မေးတော့ သူက ထိပ်တန်းကစားသမားပါလို့ ပြောရမှာပါ။ အစ်ဆက်ဟာ သူတို့ပေးချေခဲ့ ရတဲ့ ပြောင်းရွှေ့ကြေးကြောင့် ထိပ်တန်းကစားသမား ဖြစ်ရပါမယ်။ ဒါက ထင်မြင်ချက်တွေပေးရတဲ့ ဂိမ်းဖြစ်ပါ တယ်။ ကျနော်ဟာ ဟာလန်းကို ဘယ်သူ့အတွက်နဲ့မှ ပြောင်းလဲသွားမှာ မဟုတ်ဘဲ သူ့ကို ကျနော်နှစ်သက်ပါတယ်”လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ပရီးမီးယားလိဂ် စံချိန်တင် ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူထားတဲ့ တိုက်စစ်မှူး အစ်ဆက်ဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ဖြစ်နိုင်တယ်လို့ ပြောထားပါတယ်။
ဒါပေမယ့် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက သူ့ရဲ့တိုက်စစ်မှူး ဟာလန်းက အစ်ဆက် အပါအဝင် ကမ္ဘာပေါ် မှာရှိတဲ့ အခြားတိုက်စစ်မှူးတွေထက် ပိုပြီးကောင်းတယ်လို့ ယုံကြည်နေတာပါ။

ဟာလန်းနဲ့ အစ်ဆက်ကို တွေ့ရစဉ်
ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ၃ ဂိုး သွင်းယူထားသလို ပြီးခဲ့တဲ့ မောလ်ဒိုဗာအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နော်ဝေအသင်းအတွက် ၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဒါအပြင် ဟာလန်းဟာ ဖင်လန်အသင်းနဲ့ ပွဲစဉ်မှာလည်း နော်ဝေအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ယူနိုက်တက်အသင်းနဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်မှာ အိုမာမာမွတ်ရှ်၊ ချာကီနဲ့ အစ်နူရီတို့ လွဲချော်မယ်လို့ အတည်ပြုခဲ့ပြီး ကွင်းလယ်လူ ဖိုဒန် ပြန်ပါဝင်မယ်လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၂ ပွဲအထိ အရေးနိမ့်ကာ ၂၁ နှစ်အတွင်း အဆိုးရွားဆုံး ရာသီစတင်မှုနဲ့ ကြုံတွေ့နေရပြီး လီဗာပူးလ်အသင်းနဲ့ ၆ မှတ်အထိ ကွာဟနေတာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 333
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၃
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ အသင်းခေါင်းဆောင် ဂူဟီကို ရောင်းချမယ့် အခြေအနေနဲ့ ပတ်သက်ပြီး ကလပ်အသင်းကနေ ထွက်ခွာဖို့ ဘယ်တုန်းကမှ ခြိမ်းခြောက်ခဲ့ခြင်း မရှိဘူးလို့ နည်းပြ ဂလက်စ်နာက ပြောခဲ့ပါတယ်။
ဂလက်စ်နာက “ဒီအကြောင်းကို ပြောချင်တာ နောက်ဆုံးအကြိမ်လို့ ထင်ပါတယ်။ ကျနော် ကလပ်ကနေ ထွက်ခွာ မယ်လို့ ဘယ်တုန်းကမှ မခြိမ်းခြောက်ခဲ့ပါဘူး။ ဘယ်သူ့ကိုမှ ခြိမ်းခြောက်ဖို့ မလိုပါဘူး။ ကျနော်နဲ့အသင်းဥက္ကဋ္ဌ ကြားမှာလည်း ဆိုးရွားတဲ့ တင်းမာမှုတွေ မရှိပါဘူး။ ဒါဟာ အားကစားနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုသာဖြစ်ပြီး သူဟာ ငွေကြေးနဲ့ ခရစ္စတယ်ပဲလေ့စ်ရဲ့အားကစားအမြင်အတွက် ဒါကို ငြင်းပယ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
အင်္ဂလန်နောက်ခံလူ ဂူဟီဟာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းဟာ သူ့ရဲ့နေရာမှာ အစားထိုးဖို့ အဆင်မပြေခဲ့တာကြောင့် ဒီအပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ဂလက်စ်နာဟာ ဂူဟီကို ထွက်ခွာခွင့်ပေးခဲ့ရင် အသင်းကနေ သူထွက်ခွာမယ် ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် သူကတော့ ဒါကို ငြင်းခဲ့တာပါ။

ဂူဟီကို တွေ့ရစဉ်
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဂူဟီကို နွေရာသီမှာ မရောင်းချနိုင်ခဲ့တာကြောင့် ရာသီအကုန်မှာ အလွတ်နဲ့ဆုံးရှုံးရ မယ့် အခြေအနေမှာ ရှိနေပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ တူးလော့စ်အသင်း ဗဟိုနောက်ခံလူ ကန်ဗော့ကို ၄ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပြီး ဂီတာဖေးအသင်း တိုက်စစ်မှူး အူချီကို ရာသီကုန်အထိ အငှားနဲ့ခေါ်ယူ ခဲ့တာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ဂလက်စ်နာက ဂူဟီဟာ အလွန်ကောင်းမွန်တဲ့ ကစားသမားဖြစ်သလို ကောင်းမွန်တဲ့ စရိုက်လက္ခဏာရှိပြီး သူအသင်းမှာရှိနေတဲ့ အချိန်အထိ အသင်းခေါင်းဆောင်အဖြစ် ရှိနေမယ်လို့ ပြောခဲ့ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ရှုံးပွဲမရှိသေးတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ စက်တင်ဘာ ၁၃ ရက်မှာ လိဂ်ပွဲစဉ်အဖြစ် ဆန်းဒါးလန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 397
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၃
အဲဗာတန်အသင်းဟာ မန်စီးတီးအသင်းကနေ အငှားနဲ့ခေါ်ယူထားတဲ့ အင်္ဂလန်တောင်ပံ ကစားသမား ဂရီလစ်ရှ်ကို အငှားစာချုပ်ကုန်ဆုံးချိန်မှာ ပေါင်သန်း ၅၀ အောက်နဲ့ အပြီးသတ် ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။
ဂရီလစ်ရှ်ဟာ မန်စီးတီးအသင်းမှာ ပွဲကစားခွင့်တွေ ဆုံးရှုံးခဲ့ပြီးနောက် နွေရာသီ အပြောင်းအရွှေ့မှာ အဲဗာတန် အသင်းထံ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
ဂရီလစ်ရှ်ဟာ အဲဗာတန်အသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲမှာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်လာခဲ့ပါတယ်။
ဂရီလစ်ရှ်ဟာ အဲဗာတန်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် သြဂုတ်လအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့တာပါ။
ဂရီလစ်ရှ်ဟာ ဒီဆုကို သူ့ရဲ့ ကစားသမားဘဝမှာ ပထမဆုံးအကြိမ် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
အဲဗာတန်အသင်းဟာ ဂရီလစ်ရှ်ရဲ့ ခြေစွမ်းကို နှစ်သက်နေတာကြောင့် အပြီးသတ် ခေါ်ယူနိုင်ဖို့ စိတ်အား ထက်သန်နေပြီး အငှားစာချုပ်ထဲမှာ ပေါင်သန်း ၅၀ နဲ့ ဝယ်ယူဖို့အတွက် ရွေးချယ်ခွင့်ရှိနေတာပါ။

ဂရီလစ်ရှ်ကို တွေ့ရစဉ်
အဲဗာတန်အသင်းကတော့ ဒီပြောင်းရွှေ့ကြေး ပမာဏထက် လျော့နည်းတဲ့ ပြောင်းရွှေ့ကြေးနဲ့ ဂရီလစ်ရှ်ကို အပြီးသတ် ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။
ဂရီလစ်ရှ်နဲ့ မန်စီးတီးအသင်းရဲ့ စာချုပ်ဟာ လာမယ့် နွေရာသီဆိုရင် တစ်နှစ်သာ ကျန်ရှိတော့မှာဖြစ်လို့ အဲဗာတန် အသင်းဟာ အင်္ဂလန်ကစားသမားကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှုရှိနေတာပါ။
ဂရီလစ်ရှ်ဟာ အဲဗာတန်အသင်းမှာ ပြသနေတဲ့ သူ့ရဲ့ခြေစွမ်းကို ဆက်ထိန်းပြီး အင်္ဂလန်အသင်း လူစာရင်းထဲမှာ ပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
ဂရီလစ်ရှ်ဟာ ပြီးခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ အသင်းလူစာရင်းထဲ ပါဝင်ခဲ့ခြင်း မရှိတာပါ။
ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၂ ပွဲ အနိုင်ရရှိထားတဲ့ အဲဗာတန်အသင်းဟာ စက်တင်ဘာ ၁၃ ရက်မှာ လိဂ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 334
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂
လက်စတာအသင်းကနေ ထုတ်ပယ်ခံထားရတဲ့ နစ္စတယ်ရွိုင်းဟာ FC တွမ်တီးအသင်းရဲ့ နည်းပြရာထူးရယူကာ နည်းပြလောကထဲကို ပြန်လည် ဝင်ရောက်ဖွယ် ရှိနေပါတယ်။
ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းဟာ လက်စတာအသင်းကို ၂၇ ပွဲ ကိုင်တွယ်ခဲ့တာမှာ ၅ ပွဲသာ အနိုင်ရပြီး ၁၉ ပွဲ ရှုံးပွဲကြုံတွေ့ကာ အသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းဆင်းခဲ့ရတာပါ။
ဒတ်ချ်ကလပ် FC တွမ်တီးအသင်းဟာ ပြီးခဲ့တဲ့အပတ်က နည်းပြဂျိုဆက်အိုစတင်နဲ့ လမ်းခွဲခဲ့ပြီးနောက် နည်းပြသစ် ရှာဖွေမှု ပြုလုပ်နေတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ FC တွမ်တီးအသင်းရဲ့ နည်းပြရာထူးအတွက် နည်းပြ အများအပြား ချိတ်ဆက်မှုတွေ ခံနေရတာ ပါ။

နစ္စတယ်ရွိုင်းကို တွေ့ရစဉ်
အဲရစ်တန်ဟတ်၊ ဗန်ဘွန်မဲလ်၊ ရီနီဟော့ခ်တို့ဟာ FC တွမ်တီးအသင်း နည်းပြသစ် ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ပါဝင်နေပါတယ်။
ဒတ်ချ်လိဂ်မှာ မှတ်တမ်းကောင်းတွေ ရရှိထားတဲ့ နစ္စတယ်ရွိုင်းကလည်း သူတို့ထဲက တစ်ဦးအနေနဲ့ ရှိနေတာပါ။
ESPN ရဲ့ သုံးသပ်သူ တစ်ဦးဖြစ်တဲ့ အာမာဒီက နစ္စတယ်ရွိုင်းဟာ FC တွမ်တီးအသင်းရဲ့ နည်းပြရာထူးအတွက် အပြင်းထန်ဆုံး စဉ်းစားသင့်တယ်သူလို့ အကြံပြုထားပါတယ်။
နစ္စတယ်ရွိုင်းဟာ ဒတ်ချ်ကလပ် PSV အသင်းကို ကိုင်တွယ်ခဲ့တုန်းက ပွဲပေါင်း ၅၁ ပွဲမှာ အနိုင် ၆၄.၇၁ ရာခိုင်နှုန်း အထိရှိခဲ့ပြီး ဒတ်ချ်ဖလား ရယူပေးနိုင်ခဲ့တာပါ။
နစ္စတယ်ရွိုင်းဟာ လက်စတာအသင်းကို မကိုင်တွယ်မီ ယူနိုက်တက်အသင်းမှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ရင်းနဲ့ နည်းပြအဲရစ်တန်ဟတ် ထုတ်ပယ်ခံရချိန်မှာ အသင်းကို ယာယီနည်းပြအဖြစ် ၄ ပွဲကိုင်တွယ်ခဲ့ပြီး ၃ ပွဲနိုင်၊ ၁ ပွဲသရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
FC တွမ်တီးအသင်းဟာ ဒီရာသီ ဒတ်ချ်လိဂ်ပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ နိုင်ပွဲ ၁ ပွဲသာရရှိကာ ရှုံးပွဲ ၃ ပွဲအထိ ကြုံတွေ့ ထားပြီး အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 336
CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂
အာဆင်နယ်အသင်းဟာ ရီးရယ်လ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပြင်သစ်နောက်ခံလူ ဆာလီဘာနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ စတင်ပြီး ပြုလုပ်နေပြီ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ စာချုပ်သက်တမ်း ၂ နှစ်သာ ကျန်ရှိတော့တဲ့ ဆာလီဘာကို စာချုပ်သစ်ချုပ်ပြီး အသင်းမှာ ဆက်ထားဖို့ စိတ်အားထက်သန်နေတာပါ။
ပြင်သစ်သတင်းစာ Foot Mercato က ရီးရယ်လ်အသင်းဟာ ဆာလီဘာကို ခေါ်ယူချင်နေတာကြောင့် သူ့ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ဖော်ပြထားပါတယ်။
အာဆင်နယ်အသင်းနဲ့ ဆာလီဘာတို့ဟာ စာချုပ်သစ်အတွက် သဘောတူညီမှု မရရှိသေးပေမယ့် လန်ဒန်ကလပ် ဟာ စာချုပ်သစ် အမြန်ဆုံး ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေတာပါ။
အာဆင်နယ်အသင်းဟာ ဒီနွေရာသီမှာ မိုစကွဲယား၊ ဟင်ကာပီတို့လို နောက်တန်းတွေ အပါအဝင် အဓိက ကစားသမား အများအပြားကို ခေါ်ယူအားဖြည့်ထားတာ ဖြစ်ပါတယ်။

ဆာလီဘာကို တွေ့ရစဉ်
၂၀၁၉ ခုနှစ်က အာဆင်နယ်အသင်းကို ရောက်ရှိလာခဲ့တဲ့ ဆာလီဘာဟာ ၂၀၂၂-၂၃ ရာသီမှသာ စတင်ပါဝင်ခွင့် ရခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။
ဆာလီဘာဟာ အာဆင်နယ်အသင်းအတွက် ၁၃၇ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုးသွင်းယူကာ အသင်းမှာ ပျော်ရွှင် နေတယ်လို့ ပြောထားပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ ဆာလီဘာဟာ ပြီးခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် အပါအဝင် အသင်းရဲ့ပွဲစဉ်အချို့ကို လွဲချော်ဖွယ်ရှိနေ တာပါ။
အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲကစားအပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲ အရေးနိမ့်ထားပါတယ်။ အာဆင်နယ်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ပြီးရင် ဘီလ်ဘာအိုအသင်းနဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
