- By CNI
- Category: အားကစား
- Hits: 445
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁
စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ်က အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဆီမန်ညိုကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အပြောင်းအရွှေ့ ဈေးကွက်က Football Manager ဂိမ်းလို မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
သောမတ်စ်ဖရန့်ခ်က “ကလပ်အသင်းဟာ ဆီမန်ညိုကို ခေါ်ယူချင်ခဲ့တာရှင်းပြီး သူတို့အရာအားလုံး လုပ်ခဲ့ပါတယ်။ ဒါက လူစာရင်း အင်အားကောင်းအောင် ကျနော်တို့ ရှာဖွေနေတဲ့ ကစားသမားတွေရဲ့ အရည်အသွေးတွေပါ။ လူတိုင်းက ကလပ်အတွက် အကောင်းဆုံးကိုပဲ လိုချင်ကြတာပါ။ ဒါပေမယ့် အပြောင်းအရွှေ့က Football Manager လိုမဟုတ်ပါဘူး”လို့ ပြောခဲ့တာပါ။
ဘုန်းမောက်အသင်း ကြယ်ပွင့်ဟောင်း ဆီမန်ညိုဟာ စပါးအသင်း ရင်ဆိုင်ရမယ့် မန်စီးတီးအသင်းထံ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပေါင် ၆၂.၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
စပါးအသင်းဟာ ဒီအပြောင်းအရွှေ့မှာ အက်သလက်တီကိုအသင်း ကွင်းလယ်လူ ဂယ်လာဂါကို ပေါင် ၃၅ သန်း၊ ဘရာဇီးလ် ဘယ်နောက်ခံလူ ဆူဇာကို ကာလရှည် စာချုပ်ချုပ်ဆိုပြီး ခေါ်ယူအားဖြည့်ထားတာပါ။

သောမတ်စ်ဖရန့်ခ်ကို တွေ့ရစဉ်
သောမတ်စ်ဖရန့်ခ်ဟာ ပြီးခဲ့တဲ့နှစ်ဇွန်လမှာ စပါးအသင်း နည်းပြရာထူးကို ရယူခဲ့ပြီး ၂၀၂၈ ခုနှစ်ရာသီကုန်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ဒါပေမယ့် စပါးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၄ နေရာ ရပ်တည်နေတာနဲ့အတူ နိုင်ပွဲတွေ ပျောက်ဆုံး နေတာကြောင့် သောမတ်စ်ဖရန့်ခ်ဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။
စပါးအသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ ဖရန့်ဖတ်အသင်းကို အနိုင်ရခဲ့ပြီး ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်နိုင်ခဲ့တာပါ။
မန်စီးတီးအသင်းနဲ့ပွဲမှာ ဒဏ်ရာကြောင့် အဓိက ကစားသမား ၈ ဦးအထိ လွဲချော်မယ့် စပါးအသင်းဟာ နွေရာသီမှာ ကြီးမားတဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ ရှိလာနိုင်တယ်လို့ နည်းပြ သောမတ်စ်ဖရန့်ခ်က ပြောခဲ့ပါတယ်။
စပါးအသင်းဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ ချယ်လ်ဆီးအသင်း ကစားသမားဟောင်း စတာလင်ကို ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 308
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁
ပရီးမီးယားလိဂ် ချန်ပီယံဆု ကာကွယ်ဖို့နဲ့လွဲပြီး ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်ဖို့ ရုန်းကန်နေရတဲ့ လီဗာပူးလ် အသင်း အနေနဲ့ နောက်ထပ် အမှားတွေ ထပ်ပြီးလုပ်လို့ မရတော့ဘူးလို့ နည်းပြအာနီဆလော့က ပြောခဲ့ပါတယ်။
အာနီဆလော့က “အဆုံးသတ်ဖို့ နီးလာလေလေ အမှားတွေလုပ်ဖို့ အခွင့်အရေးတွေ နည်းလာတယ်ဆိုတာ သိသာ ပါတယ်။ ကျနော်တို့ဟာ အမှားတွေ အများကြီး လုပ်ထားတဲ့အတွက် နောက်ထပ် အမှားတွေ အများကြီး ထပ် လုပ်လို့ မရတော့တဲ့ အနေအထားမှာ ရှိနေပါတယ်။ အမှားတွေနဲ့အတူ နောက်ဆုံးမိနစ်တွေမှာ သွင်းဂိုးတွေ ခွင့်ပြု နေရတာကို ဆိုလိုတာ”လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ပွဲမှာ ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ အပါအဝင် ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲစလုံး နိုင်ပွဲ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် လီဗာပူးလ်အသင်းဟာ အဆင့် ၄ နေရာက ယူနိုက်တက်အသင်းနဲ့ ၂ မှတ် အကွာအဆင့် ၆ နေရာကို ရောက်ရှိသွားခဲ့ပြီး အဆင့် ၁၁ နေရာက ဆန်းဒါးလန်းအသင်းနဲ့ ၃ မှတ်သာကွာဟတော့တာပါ။

လီဗာပူးလ်အသင်းကို တွေ့ရစဉ်
လီဗာပူးလ်အသင်းဟာ ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ကာရာဘတ်အသင်းကို ၆ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရပြီး ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်နိုင်ခဲ့ပါတယ်။
လီဗာပူးလ်အသင်း နည်းပြ အာနီဆလော့က ဒီတစ်ပွဲ အနိုင်ရတာဟာ အသင်းအတွက် မလုံလောက်ပေမယ့် နိုင်ပွဲက အမြဲတမ်း အကူအညီဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် နယူးကာဆယ်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲက သူတို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်မယ် လို့လည်း အာနီဆလော့က ပြောခဲ့တာပါ။
ကာရာဘတ်အသင်းနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ နောက်ခံလူ ဖရင်ပေါင်ဟာ ရက်သတ္တပတ် အနည်းငယ် အနားယူ ရမှာဖြစ်ပြီး ဖခင်ကွယ်လွန်မှုကြောင့် အသင်းရဲ့ ပြီးခဲ့တဲ့ပွဲတွေကို လွဲခဲ့တဲ့ ဗဟိုနောက်ခံလူကိုနာတေးဟာ နယူးကာဆယ်အသင်းနဲ့ပွဲမှာ လီဗာပူးလ်အသင်း လူစာရင်းထဲ ပါဝင်မှာဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 348
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁
ယူနိုက်တက်အသင်းနည်းပြ မိုက်ကယ်ကာရစ်က မန်စီးတီး၊ အာဆင်နယ်အသင်းတို့ကို အနိုင်ရခဲ့ပြီးနောက် အသင်းအနေနဲ့ ဖူလ်ဟမ်အသင်းကို လျှော့တွက်ခဲ့ရင် မှားသွားလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။
မိုက်ကယ်ကာရစ်က “ခက်ခဲတဲ့ပွဲ၊ ခက်ခဲတဲ့ စိန်ခေါ်မှုဖြစ်ပြီး မာကိုက ဖူလ်ဟမ်ကို အလွန်ကောင်းတဲ့ အသင်း ဖြစ်အောင် လုပ်ခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ အိမ်ကွင်းမှာ ကစားရမယ်ဆိုပြီး ပေါ့ပေါ့တန်တန် သဘောထားလို့ မရပါဘူး။ ဒါဆိုရင် မှားသွားပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။
ဇန်နဝါရီထဲမှာ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ မိုက်ကယ်ကာရစ်ဟာ သူ့ရဲ့ပထမဆုံး ၂ ပွဲမှာ ပရီးမီးယားလိဂ်ထိပ်ဆုံး ၂ သင်းကို အနိုင်ယူပြီး စတင်နိုင်ခဲ့ပါတယ်။
မိုက်ကယ်ကာရစ်ဟာ အိုးထရက်ဖို့ဒ်မှာ ကစားရမယ့် ဖူလ်ဟမ်အသင်းနဲ့ ပွဲမှာ ၃ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ဖို့ မျှော်လင့်နေပေမယ့် ပွဲမတိုင်မီ သူ့ရဲ့အသင်းသားတွေကို သတိပေးမှုပြုလုပ်ခဲ့တာပါ။

ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ပြီးခဲ့တဲ့ ၂ ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ တိုက်စစ်မှူး ဇက်ခ်ဇီဟာ ဖူလ်ဟမ်အသင်းနဲ့ပွဲမှာ ပြန်ပါဝင်နိုင်မှာ ဖြစ်ပေမယ့် နောက်ခံလူဒီလစ်ကတော့ ဆက်ပြီးလွဲချော်မှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းနဲ့ပွဲမှာ တံကောက်ကြော ဒဏ်ရာရခဲ့တဲ့ နောက်ခံလူ ဒေါ်ဂူဟာ အချိန်အတော်ကြာ အနား ယူရဦးမှာဖြစ်လို့ စိတ်ပျက်စရာဖြစ်ခဲ့ပြီး စောင့်ကြည့်ရမယ်လို့ ယူနိုက်တက်အသင်းနည်းပြ မိုက်ကယ်ကာရစ်က ပြောခဲ့ပါတယ်။
ဒေါ်ဂူဟာ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ပွဲတွေမှာ ၁ ဂိုးစီသွင်းပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ယူနိုက်တက် အသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူဖို့နဲ့ ပတ်သက်ပြီး စောင့်ကြည့်ဖို့ လည်း မိုက်ကယ်ကာရစ်က ပြောခဲ့ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 294
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၀
ဝက်စ်ဟမ်းအသင်းကနေ ငယ်ဘဝကလပ်ထံ ပြန်ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်လူ ပါကယ်တာက သူ့အတွက် ဖလာမင်ဂိုအသင်းလိုအပ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
ပါကယ်တာက “ဖလာမင်ဂိုက ကျနော့်ကို မလိုအပ်ရင်တောင် ကျနော်က ဖလာမင်ဂိုအသင်းကို လိုအပ်ခဲ့ပါတယ်။ ချင်ခင်မှုအားလုံးကို မြင်တွေ့ရတာ ကျနော်အလွန်ဝမ်းသာပါတယ်။ ပြန်လာရတာ အလွန်ပျော်ရွှင်ပြီး ဒီအခိုက် အတန့်အကြောင်း အများကြီးအိပ်မက်မက်ခဲ့ပါတယ်။ ကျနော်ပျော်ရွှင်ပြီး နိုင်ငံအတွက် ပျော်ရွှင်မှုပေးချင်သလို ကျနော့်ရဲ့အကောင်းဆုံးကိုလည်း ပေးချင်တယ်”လို့ ဖလာမင်ဂို TV ကိုပြောခဲ့တာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ မွေးရပ်မြေထံပြန်သွားချင်တဲ့ ဆန္ဒကို ဖော်ပြခဲ့တဲ့ ပါကယ်တာဟာ ဖလာမင်ဂိုအသင်းထံ ပေါင် ၃၆ သန်းနဲ့ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။
ဖလာမင်ဂိုနဲ့ဝက်စ်ဟမ်းအသင်းတို့ဟာ ပါကယ်တာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေကြာမြင့်ခဲ့ပေမယ့် နောက်ဆုံးမှာ အပြောင်းအရွှေ့အဆုံးသတ်နိုင်ခဲ့တာပါ။

ဝက်စ်ဟမ်း အသင်းဟာ ပါကယ်တာကို ဒီရာသီကုန်အထိ အငှားနဲ့ပြန်ခေါ်ယူချင်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။
ဝက်စ်ဟမ်းအသင်းနည်းပြနူနိုဆန်တိုက ပါကယ်တာဟာ ထူးခြားတဲ့အရည်အသွေးရှိတဲ့ နံပတ် ၁၀ ကစားသမား ဖြစ်လို့ သူ့ရဲ့နေရာမှာ အစားထိုးဖို့ ရှာတွေ့နိုင်မှာမဟုတ်တဲ့အတွက် ရှိတဲ့လူစာရင်းနဲ့ ဆက်သွားရမယ်လို့ ပြောခဲ့ ပါတယ်။
ပါကယ်တာဟာ ဝက်စ်ဟမ်းအသင်းမှာ ၂၀၂၂ ကနေ ၂၀၂၆ ခုနှစ်အထိ ကစားခဲ့ပြီး ပွဲပေါင်း ၁၃၉ ပွဲမှာ ၂၃ ဂိုးသွင်းယူကာ ကွန်းဖရန့်လိဂ်ဖလားရယူနိုင်ခဲ့ပါတယ်။
ပါကယ်တာဟာ ဖလာမင်ဂိုအသင်းထံ ပြန်လာတာနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်း လူစာရင်းထဲ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 320
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၀
တရုတ်ဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင် အမျိုးသားအသင်း နည်းပြဟောင်း လီတိုင် အပါအဝင် ၇၃ ဦးကို တစ်သက်တာ ပိတ်ပင်မှုပြုလုပ်ခဲ့ပြီး လုပ်ပွဲနဲ့ အဂတိလိုက်စားမှုတို့တွေအတွက် ထိပ်တန်းပရော်ဖက်ရှင်နယ် ကလပ် ၁၃ သင်းကို အပြစ်ပေးခဲ့ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင် လက်ထက်မှာ မကြာသေးမီ နှစ်တွေအတွင်း တရုတ်ဘောလုံးလောကရဲ့ အဂတိလိုက် စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့တာပါ။
တရုတ်ဘောလုံးအဖွဲ့ချုပ် (CFA)က ထိပ်တန်းအရာရှိ အများအပြားကို ရာထူးကနေ ဖယ်ရှားခဲ့သလို ကစားသမား အများအပြားကို လုပ်ပွဲကစားခြင်းနဲ့ လောင်းကစား ပြုလုပ်ခြင်းတို့အတွက် ပိတ်ပင်မှုတွေရှိခဲ့ပါတယ်။
၂၀၁၉ ကနေ ၂၀၂၁ ခုနှစ်အထိ လက်ရွေးစင်အသင်းကို ဦးဆောင်ခဲ့တဲ့ အဲဗာတန်အသင်း ကစားသမားဟောင်း လီတိုင်ဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ ထောင်ဒဏ်နှစ် ၂၀ ကျခံနေရပြီး ဖြစ်ပါတယ်။
အခုအချိန်မှာ လီတိုင်နဲ့အတူ အခြား ၇၂ ဦးဟာ ဘောလုံးလှုပ်ရှားမှုတွေကနေ တစ်သက်တာ ပိတ်ပင်ခံခဲ့ရကြောင်း CFA ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားတာပါ။
ဒီအထဲမှာ အမေရိကန် ဒေါ်လာ ၁၁ သန်းတန်ဖိုးရှိ လာဘ်ငွေလက်ခံမှုနဲ့ ထောင်ဒဏ် တစ်သက် ကျခံနေရတဲ့ CAF အကြီးအကဲဟောင်း Chen Xuyuan လည်း ပါဝင်ပါတယ်။

နည်းပြ လီတိုင်ကို တွေ့ရစဉ်
ပြီးခဲ့တဲ့ရာသီက တရုတ်စူပါလိဂ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ အသင်းတွေအနက် ၁၁ သင်းဟာ ရမှတ်လျှော့ခံရမှာဖြစ်သလို ဒဏ်ကြေးငွေလည်း ချမှတ်ခံခဲ့ရပါတယ်။
အဲ့ဒါကြောင့် ၂၀၂၆ ရာသီသစ် စတင်ချိန်မှာ အသင်း ၉ သင်းဟာ အနုတ်နဲ့ စတင်ရမယ်လို့ သိရပါတယ်။
တီယန်ဂျင်း တိုက်ဂါးနဲ့ ပြီးခဲ့တဲ့ရာသီမှာ ဒုတိယရခဲ့တဲ့ ရှန်ဟိုင်းရှန်ဟွာ အသင်းတို့ဟာ ၁၀ မှတ်လျှော့နဲ့ ဒဏ်ကြေး ငွေယွမ် ၁ သန်းပေးရမှာပါ။
ပြီးခဲ့တဲ့ ၃ ရာသီမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ရှန်ဟိုင်းပေါ့အသင်းဟာ ဘေဂျင်းဂူအမ် အသင်းနဲ့အတူ ၅ မှတ်လျှော့နဲ့ ယွမ် ၄ သောင်း ဒဏ်ကြေး ချမှတ်ခံခဲ့ရပါတယ်။
တရုတ်နိုင်ငံရဲ့ ပရော်ဖက်ရှင်နယ်အသင်း အများအပြားဟာ လက်ရှိအချိန်မှာ ဘဏ္ဍာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 350
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၀
ပြင်သစ်တိုက်စစ်မှူးဟောင်း ဘန်ဇီမာဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းရဲ့ စာချုပ် သက်တမ်းတိုးဖို့ ကမ်းလှမ်းမှု ခံခဲ့ရပြီးနောက် လေးစားမှုမရှိသလို ခံစားနေရကြောင်း ESPN က ဖော်ပြထားပါ တယ်။
အသက် ၃၈ နှစ်အရွယ်ရှိ ဘန်ဇီမာဟာ ကြာသပတေးနေ့မှာ ပထမအသင်း လူစာရင်းကနေ သူ့ဘာသာသူ ထွက်ခွာပြီး တစ်ဦးတည်း လေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။
ဘန်ဇီမာ မပါဝင်တဲ့ အယ်လ်အစ်တီဟတ်အသင်းဟာ ဆော်ဒီပရိုလိဂ်ပွဲမှာ အယ်လ်ဖာတက်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့ပါတယ်။
အယ်လ်အစ်တီဟတ်အသင်းဟာ သရေရလဒ်ကြောင့် ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
၂၀၂၂ Ballon d'Or ဆုရှင်ဘန်ဇီမာနဲ့ အယ်လ်အစ်တီဟတ်အသင်းတို့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီ ဖြစ်ပါတယ်။

ဘန်ဇီမာကို တွေ့ရစဉ်
အယ်လ်အစ်တီဟတ်အသင်းဟာ ဘန်ဇီမာကို အလကားနီးပါး ကစားပေးရမယ်ဆိုပြီး စာချုပ်သစ် ကမ်းလှမ်း ခဲ့တာလို့ သတင်းရင်းမြစ်တွေက ဖော်ပြထားတာပါ။
အဲ့ဒါကြောင့် ဘန်ဇီမာဟာ စိတ်ပျက်နေပြီး ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေပါတယ်။
၂၀၂၃ ခုနှစ်မှာ အယ်လ်အစ်တီဟတ်အသင်းထံ ရောက်ရှိလာခဲ့တဲ့ ဘန်ဇီမာဟာ ဆော်ဒီကလပ်အတွက် ၈၇ ပွဲ ကစားထားပြီး ၅၇ ဂိုး သွင်းယူကာ ဆော်ဒီပရိုလိဂ်နဲ့ ဘုရင့်ဖလား ၁ ကြိမ်စီ ရယူပေးနိုင်ခဲ့တာပါ။
လက်ရှိအချိန်မှာ အယ်လ်အစ်တီဟတ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ မူဆာဒီယာဘီဟာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေသလို ကွင်းလယ်လူ ကန်တီလည်း ဖီနာဘာချီအသင်းနဲ့ စာချုပ်ချုပ်ဖို့ နီးစပ်နေပါတယ်။
နွေရာသီမှာ စာချုပ်ကုန်ဆုံးမယ့် ကန်တီကို အယ်လ်အစ်တီဟတ်အသင်းဟာ အလွတ်နဲ့ မဆုံးရှုံးချင်တာကြောင့် ဖီနာဘာချီအသင်းနဲ့ ပြောင်းရွှေ့ကြေး ဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 347
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၀
ဆီနီဂေါအသင်းက မော်ရိုကိုအသင်းကို အနိုင်ရခဲ့တဲ့ ၂၀၂၅ အာဖရိကဖလား ဗိုလ်လုပွဲရဲ့ ပွဲချိန်အတွင်း ရုပ်ပျက် ဆင်းပျက် အဖြစ်အပျက်အတွက် ဆီနီဂေါအသင်းနည်းပြ ပါပီသီယော်ဟာ ၅ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။
အာဖရိကဘောလုံးအဖွဲ့ချုပ် (Caf)ဟာ ပါပီသီယော်ကို ပွဲပယ်အပြင် ဒဏ်ကြေးငွေ ဒေါ်လာ ၁ သိန်း ချမှတ်ခဲ့ပြီး ပါပီသီယော်ဟာ အားကစား စိတ်ဓါတ်မရှိတဲ့ လုပ်ရပ်၊ ပွဲကို ဂုဏ်သိက္ခာ ကျဆင်းစေတဲ့အတွက် အပြစ်ရှိတယ်လို့ ပြောခဲ့တာပါ။
ဇန်နဝါရီ ၁၈ ရက်က ကျင်းပခဲ့တဲ့ အာဖရိကဖလား ဗိုလ်လုပွဲမှာ ဆီနီဂေါအသင်းက အိမ်ရှင် မော်ရိုကိုအသင်းကို အချိန်ပိုမှာ ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ပွဲချိန်မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်း အချိန်ပိုမှာ ကွင်းလယ်ဒိုင်လူကြီးက အိမ်ရှင် မော်ရိုကိုအသင်းကို ပယ်နယ်တီ ပေးခဲ့တာကြောင့် ဆီနီဂေါအသင်းနည်းပြက ဒေါသထွက်ပြီး သူ့ရဲ့ကစားသမားတွေကို ကွင်းထဲကနေ ထွက်ခွာဖို့ညွှန်ကြားကာ အဝတ်လဲခန်းထဲ ခေါ်သွားခဲ့ပါတယ်။

ဆီနီဂေါအသင်း နည်းပြ ပါပီသီယော်ကို တွေ့ရစဉ်
ပွဲကို ၁၇ မိနစ်ကြာ ရပ်ဆိုင်းခဲ့ရပြီး မာနေးက သူ့ရဲ့ ဆီနီဂေါအသင်း ဖော်တွေကို ကွင်းထဲပြန်ဝင်လာနိုင်အောင် ကြိုးပမ်းခဲ့ရတာပါ။
ပွဲပြန်ကစားချိန်မှာ မော်ရိုကိုအသင်းရဲ့ ပယ်နယ်တီ ကန်သွင်းမှုကို ဆီနီဂေါအသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့တဲ့ အတွက် အချိန်ပိုဆက်ပြီး ယှဉ်ပြိုင်ခဲ့ရပါတယ်။
အချိန်ပိုမှာ အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဆီနီဂေါအသင်းဟာ ၅ နှစ်အတွင်း ဒုတိယအကြိမ်မြောက် အာဖရိကဖလား ရရှိခဲ့ပါတယ်။
ဒိုင်လူကြီးအပေါ် အားကစားသမား မပီသတဲ့ အပြုအမူတွေအတွက် ဆီနီဂေါအသင်းက အန်ဒီယာရီနဲ့ ဆားတို့ဟာ ၂ ပွဲပယ်နဲ့ ဆီနီဂေါဘောလုံးအဖွဲ့ချုပ်ဟာ ဒဏ်ကြေးငွေ ဒေါ်လာ ၆၁၅,၀၀၀ ချမှတ်ခံခဲ့ရတာပါ။
မော်ရိုကိုအသင်း တိုက်စစ်မှူး ဆိုင်ဘာရီကို ၃ ပွဲပယ်နဲ့ ဒဏ်ကြေးဒေါ်လာ ၁ သိန်း၊ နောက်ခံလူဟာကီမီကို ၂ ပွဲပယ် နဲ့ ၁ ပွဲကို ၁၂ လ ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
ဗိုလ်လုပွဲရလဒ်ကို ပယ်ဖျက်ပေးဖို့ မော်ရိုကို ဘောလုံးအဖွဲ့ချုပ်ရဲ့ ကြိုးပမ်းမှုကို Caf ရဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပယ်ချခဲ့ပါတယ်။
ဒါ့ပြင် မော်ရိုကိုဘောလုံးအဖွဲ့ချုပ်ဟာ ဘောကောက် ကလေးငယ်တွေရဲ့ လုပ်ရပ်ကြောင့် ဒေါ်လာ ၂ သိန်း ဒဏ်ရိုက် ခံခဲ့ရပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 391
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉
ချယ်လ်ဆီးအသင်း ကစားသမားဟောင်း စတာလင်ရဲ့ ငွေကြေးဆိုင်ရာ မျှော်လင့်ချက်တွေက နာပိုလီအသင်းထံ ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ဖွယ်မရှိဘူးလို့ အီတလီကလပ် အားကစားဒါရိုက်တာ ဂျီယိုဗန်နီမန်နာက ပြောခဲ့ပါတယ်။
ဂျီယိုဗန်နီမန်နာက “စတာလင်ဟာ အလွန်ကောင်းပေမယ့် သူပွဲမကစားရတာ အတော်ကြာနေပါပြီ။ နွေရာသီတုန်း က ကျနော်တို့ သူနဲ့စကားပြောခဲ့ပေမယ့် အခုအချိန်မှာ ခက်ခဲတယ်လို့ ကျနော် မြင်ပါတယ်။ သူ့မှာ ငွေကြေး ဆိုင်ရာ မျှော်လင့်ချက်တွေ အများကြီးရှိတယ်”လို့ Sky Italy ကိုပြောခဲ့တာပါ။
နာပိုလီအသင်းဟာ စတာလင်ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့တဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီး နွေရာသီမှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် စတာလင်ရဲ့ လစာတောင်းဆိုမှုတွေကြောင့် ဒီအပြောင်းအရွှေ့ ဖြစ်ဖွယ်မရှိဘူးလို့ နာပိုလီအသင်း အားကစား ဒါရိုက်တာက ပြောခဲ့ပါတယ်။

စတာလင်ကို တွေ့ရစဉ်
စတာလင်ဟာ တစ်ပတ်လုပ်ခ ပေါင် ၃၂၅,၀၀၀ ရရှိနေတဲ့ ချယ်လ်ဆီးအသင်းကနေ နှစ်ဦးသဘောတူညီမှုနဲ့ ထွက်ခွာခဲ့ပြီ ဖြစ်ပါတယ်။
အသင်းလက်မဲ့ ဖြစ်သွားပြီဖြစ်တဲ့ စတာလင်ဟာ လန်ဒန်ကလပ်တွေထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေရှိခဲ့သလို ပြည်ပထွက်ခွာပြီး ကစားဖို့လည်း စဉ်းစားနေတာပါ။
ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်အသင်းထံ အငှားကစားခဲ့တဲ့ စတာလင်ဟာ ဒီရာသီရဲ့ပထမရာသီဝက်မှာ ချယ်လ်ဆီး အသင်းကြီးနဲ့အဝေးမှာ သီးခြား လေ့ကျင့်မှုတွေသာ ပြုလုပ်ခဲ့ရပါတယ်။
စတာလင်ဟာ လက်ရှိအချိန်မှာ သူ့အတွက် ရွေးချယ်စရာ အားလုံးကို လမ်းဖွင့်ထားပြီး မကြာမီမှာ အသင်း တစ်သင်းထံ ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 394
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉
ယူနိုက်တက်အသင်းဟာ စာချုပ်သက်တမ်းတိုးဖို့ တရားဝင် ဆွေးနွေးမှုတွေ မစတင်ရသေးတာကြောင့် နောက်ခံလူ မက်ဂွဲယားဟာ အသင်းမှာ အနာဂတ် မရေမရာဖြစ်နေပါတယ်။
မက်ဂွဲယားနဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးတော့မှာပါ။
အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ကို အနိုင်ရခဲ့တဲ့ပွဲတွေမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တဲ့ မက်ဂွဲယားကို အီတလီနဲ့ တူရကီကလပ် အသင်းတွေအပြင် အသင်းတချို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
မက်ဂွဲယားဟာ ဇန်နဝါရီ ၁ ရက်ကနေစပြီး ပြည်ပကလပ် အသင်းတွေနဲ့ လွတ်လပ်စွာ ဆွေးနွေးမှုတွေ ပြုလုပ်ပြီး အကြိုစာချုပ်ချုပ်လို့ ရနေပြီဖြစ်ပါတယ်။
The Athletic က အီတလီစီးရီးအေနဲ့ တူရကီစူပါလိဂ် ၂ ခုလုံးရှိ ကလပ်အသင်းတွေကို ကိုယ်စားပြုတဲ့ အေးဂျင့် တွေဟာ ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်မှု ပြုလုပ်ပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မက်ဂွဲယားကို တွေ့ရစဉ်
မက်ဂွဲယားကို ဆော်ဒီကလပ် အသင်းတွေကလည်း စိတ်ဝင်စားနေပေမယ့် သူကတော့ ဆော်ဒီလိဂ်ထံ ပြောင်းရွှေ့ ဖို့ ဖြစ်နိုင်ဖွယ်နည်းနေတာပါ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ ကစားသမားတွေကို လုပ်ခလစာ အများအပြား ပေးခဲ့တာ ကြောင့် အခုအချိန်မှာ ဒီအခြေအနေကို ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေတဲ့အတွက် အသင်းအကြီးအကဲတွေဟာ သူတို့ရဲ့ရွေးချယ်စရာတွေကို ချိန်ဆမှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်။
မက်ဂွဲယားဟာ ဒီရာသီအစပိုင်းမှာ ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရပေမယ့် လီဗာပူးလ်၊ ချယ်လ်ဆီး၊ မန်စီးတီး၊ အာဆင်နယ် အသင်းတို့ကို အနိုင်ရခဲ့တဲ့ပွဲတွေမှာ ပါဝင်ပြီး ခြေစွမ်းပြသနိုင်ခဲ့လို့ ပွဲကြီးပွဲကောင်း ကစားသမား တစ်ဦးလို့ သတ်မှတ်ခံထားရပါတယ်။
မက်ဂွဲယားဟာ နည်းပြ မိုက်ကယ်ကာရစ် လက်ထက်မှာ လီဆန်ဒရိုမာတီနက်ဇ်နဲ့အတူ တွဲဖက်ပြီး ယူနိုက်တက် အသင်းရဲ့ ခံစစ်ကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 312
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉
မန်စီးတီးအသင်းဟာ ဂါလာတာစာရေးအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရကာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်နိုင်ခဲ့ပြီးနောက် နည်းပြဂွာဒီယိုလာက ပလေးအော့ဖ်အဆင့်ကို ရှောင်နိုင်ခဲ့တဲ့အတွက် ကျေနပ် တယ်လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ချန်ပီယံလိဂ်ရဲ့ အခြေအနေ ဘယ်လို ဖြစ်လာမလဲဆိုတာ ထည့်သွင်းစဉ်းစားရင် ထိပ်ဆုံး ၈ သင်း ထဲမှာ အဆုံးသတ်နိုင်ခဲ့လို့ အလွန် ကျေနပ်ပါတယ်။ အသင်းတိုင်းက တကယ်ကို ခက်ခဲတာပါ။ ကျနော်တို့ ပလေး အော့ဖ်အဆင့် မကစားရတာကို ကျနော် အလွန်ကျေနပ်ပြီး ၁၆ သင်းအဆင့်အတွက် အကောင်းဆုံး အခြေအနေနဲ့ ရောက်ရှိလာမယ်လို့ မျှော်လင့်ကြောင်း”ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဘိုဒိုဂလင့်မ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ၁၆ သင်းအဆင့်ကို တိုက်ရိုက် မတက်နိုင် မှာ စိုးရိမ်နေတဲ့ မန်စီးတီးအသင်းဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၈ နေရာမှာ ရပ်တည်ကာ ၁၆ သင်းအဆင့် တက်နိုင်ခဲ့ ပါတယ်။
မန်စီးတီးအသင်းဟာ ရီးရယ်လ်အသင်းရဲ့ ရလဒ်ကြောင့်လည်း ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်နိုင်ခဲ့တာဖြစ်ပြီး ရီးရယ်လ်အသင်းသာ ဘင်ဖီကာအသင်းနဲ့ သရေကျခဲ့ရင် ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာပါ။

ဂွာဒီယိုလာကို တွေ့ရစဉ်
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဘင်ဖီကာအသင်း ဂိုးသမား ရီးရယ်လ်အသင်း ဂိုးဧရိယာထဲ ရောက်ရှိသွား ချိန်မှာ အနည်းငယ် စိုးရိမ်မိခဲ့တယ်လို့ ပြောခဲ့ပြီး သူ့ရဲ့ပြိုင်ဘက်ဟောင်း မော်ရင်ဟိုကို ကျေးဇူးတင်ကြောင်း မက်ဆေ့ချ် ပေးပို့ခဲ့ပါတယ်။
ဂါလာတာစာရေးအသင်းဟာ ဒီပွဲအရေး နိမ့်ခဲ့ပေမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် တက်နိုင်ဖို့အတွက် ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲအဖြစ် စပါးအသင်း အိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။
Source: ESPN
