CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉

ယူနိုက်တက်အသင်းဟာ စာချုပ်သက်တမ်းတိုးဖို့ တရားဝင် ဆွေးနွေးမှုတွေ မစတင်ရသေးတာကြောင့် နောက်ခံလူ မက်ဂွဲယားဟာ အသင်းမှာ အနာဂတ် မရေမရာဖြစ်နေပါတယ်။ 

မက်ဂွဲယားနဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးတော့မှာပါ။ 

အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ကို အနိုင်ရခဲ့တဲ့ပွဲတွေမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တဲ့ မက်ဂွဲယားကို အီတလီနဲ့ တူရကီကလပ် အသင်းတွေအပြင် အသင်းတချို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ 

မက်ဂွဲယားဟာ ဇန်နဝါရီ ၁ ရက်ကနေစပြီး ပြည်ပကလပ် အသင်းတွေနဲ့ လွတ်လပ်စွာ ဆွေးနွေးမှုတွေ ပြုလုပ်ပြီး အကြိုစာချုပ်ချုပ်လို့ ရနေပြီဖြစ်ပါတယ်။ 

The Athletic က အီတလီစီးရီးအေနဲ့ တူရကီစူပါလိဂ် ၂ ခုလုံးရှိ ကလပ်အသင်းတွေကို ကိုယ်စားပြုတဲ့ အေးဂျင့် တွေဟာ ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်မှု ပြုလုပ်ပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

မက်ဂွဲယားကို တွေ့ရစဉ်

မက်ဂွဲယားကို ဆော်ဒီကလပ် အသင်းတွေကလည်း စိတ်ဝင်စားနေပေမယ့် သူကတော့ ဆော်ဒီလိဂ်ထံ ပြောင်းရွှေ့ ဖို့ ဖြစ်နိုင်ဖွယ်နည်းနေတာပါ။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ ကစားသမားတွေကို လုပ်ခလစာ အများအပြား ပေးခဲ့တာ ကြောင့် အခုအချိန်မှာ ဒီအခြေအနေကို ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေတဲ့အတွက် အသင်းအကြီးအကဲတွေဟာ သူတို့ရဲ့ရွေးချယ်စရာတွေကို ချိန်ဆမှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်။ 

မက်ဂွဲယားဟာ ဒီရာသီအစပိုင်းမှာ ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရပေမယ့် လီဗာပူးလ်၊ ချယ်လ်ဆီး၊ မန်စီးတီး၊ အာဆင်နယ် အသင်းတို့ကို အနိုင်ရခဲ့တဲ့ပွဲတွေမှာ ပါဝင်ပြီး ခြေစွမ်းပြသနိုင်ခဲ့လို့ ပွဲကြီးပွဲကောင်း ကစားသမား တစ်ဦးလို့ သတ်မှတ်ခံထားရပါတယ်။

 မက်ဂွဲယားဟာ နည်းပြ မိုက်ကယ်ကာရစ် လက်ထက်မှာ လီဆန်ဒရိုမာတီနက်ဇ်နဲ့အတူ တွဲဖက်ပြီး ယူနိုက်တက် အသင်းရဲ့ ခံစစ်ကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ထားတာ ဖြစ်ပါတယ်။

Source: Goal