CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉
ချယ်လ်ဆီးအသင်း ကစားသမားဟောင်း စတာလင်ရဲ့ ငွေကြေးဆိုင်ရာ မျှော်လင့်ချက်တွေက နာပိုလီအသင်းထံ ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ဖွယ်မရှိဘူးလို့ အီတလီကလပ် အားကစားဒါရိုက်တာ ဂျီယိုဗန်နီမန်နာက ပြောခဲ့ပါတယ်။
ဂျီယိုဗန်နီမန်နာက “စတာလင်ဟာ အလွန်ကောင်းပေမယ့် သူပွဲမကစားရတာ အတော်ကြာနေပါပြီ။ နွေရာသီတုန်း က ကျနော်တို့ သူနဲ့စကားပြောခဲ့ပေမယ့် အခုအချိန်မှာ ခက်ခဲတယ်လို့ ကျနော် မြင်ပါတယ်။ သူ့မှာ ငွေကြေး ဆိုင်ရာ မျှော်လင့်ချက်တွေ အများကြီးရှိတယ်”လို့ Sky Italy ကိုပြောခဲ့တာပါ။
နာပိုလီအသင်းဟာ စတာလင်ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့တဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီး နွေရာသီမှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် စတာလင်ရဲ့ လစာတောင်းဆိုမှုတွေကြောင့် ဒီအပြောင်းအရွှေ့ ဖြစ်ဖွယ်မရှိဘူးလို့ နာပိုလီအသင်း အားကစား ဒါရိုက်တာက ပြောခဲ့ပါတယ်။

စတာလင်ကို တွေ့ရစဉ်
စတာလင်ဟာ တစ်ပတ်လုပ်ခ ပေါင် ၃၂၅,၀၀၀ ရရှိနေတဲ့ ချယ်လ်ဆီးအသင်းကနေ နှစ်ဦးသဘောတူညီမှုနဲ့ ထွက်ခွာခဲ့ပြီ ဖြစ်ပါတယ်။
အသင်းလက်မဲ့ ဖြစ်သွားပြီဖြစ်တဲ့ စတာလင်ဟာ လန်ဒန်ကလပ်တွေထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေရှိခဲ့သလို ပြည်ပထွက်ခွာပြီး ကစားဖို့လည်း စဉ်းစားနေတာပါ။
ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်အသင်းထံ အငှားကစားခဲ့တဲ့ စတာလင်ဟာ ဒီရာသီရဲ့ပထမရာသီဝက်မှာ ချယ်လ်ဆီး အသင်းကြီးနဲ့အဝေးမှာ သီးခြား လေ့ကျင့်မှုတွေသာ ပြုလုပ်ခဲ့ရပါတယ်။
စတာလင်ဟာ လက်ရှိအချိန်မှာ သူ့အတွက် ရွေးချယ်စရာ အားလုံးကို လမ်းဖွင့်ထားပြီး မကြာမီမှာ အသင်း တစ်သင်းထံ ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
Source: Dailymail
