CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၁

ချယ်လ်ဆီးအသင်းဟာ ဆာဗတ်တီအသင်းနဲ့ ယှဉ်ပြိုင်မယ့် ယူရိုပါကွန်းဖရန့်လိဂ် ပလေးအော့ဖ်ပွဲအတွက် လူစာရင်းမှာ စတာလင် အပါအဝင် ကစားသမား ၄ ဦးကို ချန်လှပ်ခဲ့ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ် အုပ်စုယှဉ်ပြိုင်နိုင်ဖို့အတွက် ဆာဗတ်တီအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပလေးအော့ဖ် ပွဲစဉ်နှစ်ကျော့စလုံးကို ရလဒ်ကောင်း ရယူနိုင်ဖို့ လိုအပ်နေတာပါ။ 

စတာလင်ဟာ ပြီးခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာလည်း ချယ်လ်ဆီးအသင်းရဲ့ လူစာရင်းမှာ ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ စတာလင်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း လုပ်ဆောင်ပေး ဖို့ ကစားသမားရဲ့ ကိုယ်စားလှယ်အဖွဲ့က ကြေညာချက် ထုတ်ပြန်ပြီး ပြောခဲ့ပေမယ့် လူစာရင်းထပ်ပြီး ချန်လှပ် ခံရတာပါ။

နောက်ခံလူတွေဖြစ်တဲ့ ဘန်ချီဝဲလ်၊ ဖိုဖာနာနဲ့ တိုဆင်တို့လည်း ချယ်လ်ဆီးအသင်း လူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။ 

 စတာလင်ကို တွေ့ရစဉ်

တိုဆင်ဟာ ဒီနွေရာသီမှာ ဖူလ်ဟမ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာ ခဲ့ပြီး မန်စီးတီးအသင်းနဲ့ပွဲစဉ်မှာ အရန်လူစာရင်း ပါဝင်ခဲ့ပါတယ်။ 

ဖိုဖာနာကတော့ မန်စီးတီးအသင်းနဲ့ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့တာပါ။ 

ဘန်ချီဝဲလ်ဟာ စတာလင်လိုပဲ ပြီးခဲ့တဲ့ မန်စီးတီးအသင်းနဲ့ပွဲမှာ လူစာရင်းထဲ ပါဝင်ခွင့်မရခဲ့တာ ဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ဘန်ချီဝဲလ်ကို အသင်းသစ်ရှာဖွေဖို့ မကြာသေးခင်က မီဒီယာတွေ့ဆုံမှု မှာ တိုက်တွန်းထားတာပါ။ 

ချယ်လ်ဆီးအသင်းဟာ ဒီအပြောင်းအရွှေ့မှာ ကစားသမား ၁၁ ဦးအထိ ခေါ်ယူထားပြီး လူစာရင်းမှာ ကစားသမား ဦးရေ ၄၀ ကျော်အထိ ရှိနေတာဖြစ်ပါတယ်။ 

အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ ကစားသမားအချို့ကို ရောင်းချဖို့ လုပ်ဆောင်နေပြီး လူကာကူ၊ ဘရိုဂျာတို့ဟာ အသင်းက ထွက်ခွာဖို့ရှိနေတာပါ။ 

ချယ်လ်ဆီးအသင်းဟာ ဆာဗတ်တီအသင်းနဲ့ ကွန်းဖရန့်လိဂ် ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်ကို သြဂုတ် ၂၃ ရက် အိမ်ကွင်းမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ 

Source: Metro