CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄

ချယ်လ်ဆီးအသင်းနည်းပြသစ် ရိုစီနီယာဟာ အသင်းရဲ့ အပယ်ခံ ကစားသမားတွေအဖြစ် သတ်မှတ်ခံထားရတဲ့ စတာလင်၊ ဒီဆာဆီတို့နဲ့ တွေ့ဆုံပြီး စကားပြောသွားမယ်လို့ ပြောခဲ့ပါတယ်။ 

ရိုစီနီယာက “ကျနော် သူတို့နဲ့ စကားပြောသွားမှာပါ။ အခုက ခင်ဗျားတို့ သိတဲ့အတိုင်း ဇန်နဝါရီထဲကို ရောက်နေ တာလေ။ စတာလင်ဟာ အလွန်ကောင်းမွန်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပြီး ကျနော်သူ့ကို အလွန်လေးစား ပါတယ်။ ဒီဆာဆီကလည်း ကျနော် နှစ်သက်ခဲ့တဲ့ ကစားသမားတစ်ဦးပါ။ သူတို့နဲ့ စကားပြောမှာဖြစ်သလို ကလပ် အသင်းနဲ့လည်း စကားပြောမှာပါ။ လာမယ့်ရက် အနည်းငယ်အတွင်း ဒါကို ကျနော် လုပ်ဆောင်သွားမှာပါ”လို့ ပြောခဲ့တာပါ။ 

၂၀၂၃-၂၄ ရာသီမှာ ချယ်လ်ဆီးအသင်းကို ပေါင် ၄၇.၅ သန်း၊ ပေါင် ၃၈.၅ သန်းတို့နဲ့ ရောက်ရှိလာခဲ့တဲ့ စတာလင်နဲ့ ဒီဆာဆီတို့ဟာ ဒီရာသီအစကတည်းက အသင်းကြီးနဲ့ အဝေးမှာ သီးခြား လေ့ကျင့်မှုတွေ ပြုလုပ်နေရတာ ဖြစ်ပါ တယ်။

စတာလင်နဲ့ ဒီဆာဆီကို တွေ့ရစဉ်

ပြီးခဲ့တဲ့ နွေရာသီက အငှားနဲ့ ထွက်ခွာနိုင်မယ့် ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တဲ့ စတာလင်နဲ့ ဒီဆာဆီတို့ဟာ ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ စာရင်းထဲမှာ ရှိနေကြပါတယ်။ 

စတာလင်နဲ့ ဒီဆာဆီတို့ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ ပြင်ပကလပ်အသင်း တွေရဲ့ ချိတ်ဆက်မှုတွေ ခံနေရပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်အသင်းထံ အငှားကစားခဲ့တဲ့ စတာလင်ဟာ မိသားစုနဲ့အတူ လန်ဒန်မှာပဲ ဆက်ရှိချင် တာကြောင့် လန်ဒန်ကလပ်အသင်းတွေထံ ပြောင်းဖို့သာ စိတ်ဝင်စားနေပါတယ်။
ဒီဆာဆီကတော့ ချယ်လ်ဆီးအသင်းကနေ အပြီးသတ် ထွက်ခွာဖို့ ဆန္ဒရှိနေတာပါ။ 

ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့တိုင်း ကစားသမားသစ် ခေါ်ယူဖို့ လှုပ်ရှားမှုတွေ ရှိပေမယ့် အခုဇန်နဝါရီ အပြောင်းအရွှေ့မှာ နည်းပြသစ် အပြောင်းအလဲနဲ့အတူ လှုပ်ရှားမှုတွေ မရှိသေးတာ ဖြစ်ပါတယ်။ 

Source: BBC