CNI Sport News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၀

ချယ်လ်ဆီးအသင်းက ဝုလ်ဗ်စ်အသင်းကို ၄ ဂိုး-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ အနီကတ် ပြသခံခဲ့ရတဲ့ တိုက်စစ်မှူး ဒီလပ်ဟာ မိုက်မဲတဲ့သူလို့ နည်းပြမာရက်စ်ကာက ဝေဖန်ခဲ့ပါတယ်။ 

မာရက်စ်ကာက “အလွန်မိုက်မဲတဲ့ အနီကတ်ဖြစ်ပြီး လုံးဝ မလိုအပ်သလို ဒါကို ကျနော်တို့ ရှောင်ရှားရမှာပါ။ ဘရိုက်တန်၊ ယူနိုက်တက် အသင်းနဲ့ပွဲတွေမှာ ပြသခံရတဲ့ အနီကတ်ကို လက်ခံလို့ရပေမယ့် နော်တင်ဟမ် ဖောရက်စ်နဲ့ ဒီပွဲမှာ ပြသခံရတဲ့ အနီကတ်ကို ကျနော်တို့ ရှောင်ရှားနိုင်ရမှာပါ။ ၇ မိနစ်အတွင်း အဝါကတ် ၂ ကြိမ် ပြသခံခဲ့ရပါတယ်။ ပထမ အဝါကတ် ပြသခံရအပြီးမှာ စိတ်အေးအေးထားဖို့ သူ့ကို ကျနော် ၄၊ ၅ ကြိမ်လောက် ပြောခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။ 

ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ဒီလပ်ဟာ သြဂုတ်နောက်ပိုင်း ချယ်လ်ဆီးအသင်းအတွက် ပထမဆုံးပွဲအဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ပွဲစဉ်ရဲ့ ပွဲချိန်မိနစ် ၆၀ မှာ လူစားလဲ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ 

ဒီလပ်ကို တွေ့ရစဉ် 

ဒါပေမယ့် ဒီလပ်ဟာ ကွင်းထဲမှာ ၂၆ မိနစ်ကြာသာရှိခဲ့ရပြီး ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။ 

ချယ်လ်ဆီးအသင်းဟာ နောက်ဆုံး ကစားထားတဲ့ ၉ ပွဲမှာ အနီကတ် ၆ ကတ် ပြသခံထားရပြီး ဒီလပ်ဟာ ဒီပွဲမှာ ပြသခံရတဲ့ အနီကတ်ကြောင့် စပါးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို လွဲချော်မှာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဝုလ်ဗ်စ်အသင်းကို အနိုင်ရခဲ့တဲ့အတွက် ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့ပြီး လိဂ်ဝမ်းကလပ် ကာဒစ်ဖ်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

ဝုလ်ဗ်စ်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေဆိုးနေပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နိုင်ပွဲ မရရှိသေးသလို ကာရာဘောင်းဖလား ပြိုင်ပွဲကနေလည်း ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

ဝုလ်ဗ်စ်အသင်း ပရိသတ်တွေဟာ အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် နည်းပြပါရဲရားကို ထုတ်ပယ်ဖို့ တောင်းဆိုမှု တွေ ပြုလုပ်ခဲ့ကြပါတယ်။

နည်းပြ ပါရဲရားကတော့ ယုံကြည်မှုရှိပြီး ရှေ့ဆက်နိုင်ဖို့အတွက် အနိုင်ရဖို့သာ လိုအပ်တော့ပြီး ဒါကို ချယ်လ်ဆီး အသင်းနဲ့ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ မြင်တွေ့ခဲ့ရတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ 

Source: ESPN