CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅
ရီးရယ်လ်အသင်းဟာ နည်းပြအာဘီလိုအာ စတင်ကိုင်တွယ်တဲ့ ပထမဆုံးပွဲမှာ ဒုတိယတန်းကလပ် အယ်လ်ဘာ စီတီ အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ပြီး ကိုပါဒယ်ရေးဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။
ဒီပွဲရဲ့ မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာ ဂွန်ဇာလိုဂါစီယာက ရီးရယ်လ်အသင်းအတွက် ချေပဂိုး သွင်းယူ နိုင်ခဲ့ပေမယ့် နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ ဘီတန်ကော်က အယ်လ်ဘာစီတီအသင်းအတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူခဲ့တာပါ။
အဲ့ဒါကြောင့် စပိန်ဒုတိယတန်းပြိုင်ပွဲမှာ အဆင့် ၁၇ နေရာ ရပ်တည်နေတဲ့ အယ်လ်ဘာစီတီအသင်းဟာ ရီးရယ်လ် အသင်းကို ပထမဆုံးအကြိမ် အနိုင်ရပြီး ကွာတားဖိုင်နယ်တက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းကို အရေးနိမ့်ခဲ့တဲ့ ရီးရယ်လ်အသင်းဟာ ဒီရှုံးပွဲ ကြောင့် နောက်ထပ် ဆုဖလားတစ်ခုကို လက်လွှတ်ခဲ့ရပါတယ်။

ရီးရယ်လ်အသင်းကို တွေ့ရစဉ်
ဇာဘီအလွန်ဆိုရဲ့ နေရာမှာ ရီးရယ်လ်အသင်းကို ပထမဆုံးပွဲအဖြစ် တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ နည်းပြအာဘီလိုအာ က ဒီရှုံးပွဲအတွက် သူ့မှာတာဝန်ရှိတယ်လို့ ပြောခဲ့ပါတယ်။
အာဘီလိုအာက “ဒီကလပ်မှာ သရေရလဒ်က ဆိုးရွားတယ်ဆိုရင် ရှုံးနိမ့်မှုကို မြင်ယောင် ကြည့်နိုင်ပါတယ်။ အဆင့် နိမ့်အသင်းကို အရေးနိမ့်ခဲ့ရတာက နာကျင်စရာကောင်းပြီး ကျနော်တို့ တိုးတက်အောင် လုပ်ရမယ်ဆိုတာ သိသာ ပါတယ်။ ကျနော်က ဆုံးဖြတ်ချက်တွေ ချတဲ့အတွက် ဒီရလဒ်က ကျနော့်မှာ တာဝန်ရှိပါတယ်။ ရှုံးနိမ့်မှုတွေက အောင်မြင်မှု လမ်းကြောင်းရဲ့ အစိတ်အပိုင်းဖြစ်ပြီး ဒါက ကျနော်တို့ကို ပိုပြီးကောင်းလာစေမှာပါ”လို့ ပြောခဲ့တာ ပါ။
ရီးရယ်လ်အသင်းဟာ ဒီပွဲမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ကော့တွိုက်စ်၊ ဘတ်ပီ၊ ဘယ်လင်ဂမ်၊ ချူအာမန်နီ၊ ရိုဒရီဂိုတို့ကို ချန်လှပ်ပြီး အသင်းရဲ့ အဓိက ကစားသမားတချို့နဲ့ အကယ်ဒမီထွက် ကစားသမားတွေကို တွဲဖက် အသုံးပြုခဲ့ပါတယ်။
ရီးရယ်လ်အသင်းနည်းပြ အာဘီလိုအာက ဒီလူစာရင်းက သူ့အတွက် မှန်ကန်တယ်လို့ ယုံကြည်ခဲ့ပြီး လာမယ့်ပွဲမှာ ကစားသမား အများအပြားဟာ အကောင်းဆုံး ရုပ်ပိုင်းဆိုင်ရာအဆင့်ကို ပြန်ရပြီး ပါဝင်လာကြမယ်လို့ ပြောခဲ့ပါ တယ်။
ရီးရယ်လ်အသင်းဟာ လာမယ့် လာလီဂါပွဲအဖြစ် လီဗန်တေးအသင်းကို အိမ်ကွင်းလက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။
Source: ESPN
