CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅

ချယ်လ်ဆီးအသင်းက အာဆင်နယ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမ အကျော့ပွဲစဉ်မှာ ဂိုးသမားဆန်းချက်ဇ်ရဲ့ အမှားအယွင်း ၂ ခုအတွက် သူ့ကိုအပြစ်တင်ဖို့ နည်းပြရိုစီနီယာက ပြောခဲ့ပါတယ်။ 

ရိုစီနီယာက “ပထမဂိုးက စိတ်ပျက်စရာ ဖြစ်ပေမယ့် ဆန်းချက်ဇ် တစ်ဦးတည်းကြောင့် မဟုတ်ပါဘူး။ ကျနော်ဟာ သူ့ကို သူအရင်က မလုပ်ဖူးတဲ့ အရာတွေလုပ်ဖို့ တောင်းဆိုထားပြီး ပွဲမစခင်မှာ ရှင်းရှင်းလင်းလင်း ပြောထားပါ တယ်။ ကျနော့် ကစားသမားတွေ အမှားလုပ်မိရင် ကျနော် တာဝန်ယူမှာဖြစ်ပြီး ဒါက ကျနော့်အပေါ် မူတည်ပါ တယ်။ ကျနော့်အလုပ်က သူတို့ကို ကူညီဖို့ဖြစ်ပြီး အပြစ်တင်ဖို့မဟုတ်ဘူး”လို့ ပြောခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှာ ဂိုးသမား ဆန်းချက်ဇ်ရဲ့ အမှား ၂ ခုကနေ အာဆင်နယ်အသင်းကို ဦးဆောင်ဂိုး ၂ ဂိုး ပေးခဲ့ရပါတယ်။

ဒါပေမယ့် ဂါနာချိုက ချယ်လ်ဆီးအသင်းအတွက် ချေပဂိုး ပြန်သွင်းခဲ့ပေမယ့် ဇူဘီမန်ဒီက အာဆင်နယ်အသင်း အတွက် တတိယမြောက် သွင်းဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းအတွက် နောက်ထပ် ချေပဂိုးကို ဂါနာချိုကပဲ သွင်းယူနိုင်ခဲ့တာပါ။ 

ဂိုးသမား ဆန်းချက်ဇ်ကို တွေ့ရစဉ် 

ချယ်လ်ဆီးအသင်းဟာ အာဆင်နယ်အသင်းဘက်ကို တတိယမြောက် ချေပဂိုး မသွင်းနိုင်တော့တာကြောင့် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တာကြောင့် အာဆင်နယ်အသင်း အိမ်ကွင်းမှာ ကစားရမယ့် ဒုတိယအကျော့ပွဲမှာ နိုင်ပွဲရရှိဖို့ ရုန်းကန်ရတော့မှာပါ။ 

ချယ်လ်ဆီးအသင်း ပရိသတ်တွေကတော့ ဒီပွဲမှာ အမှားတွေ ပြုလုပ်ခဲ့တဲ့ ဂိုးသမား ဆန်းချက်ဇ်ကို ဝေဖန်ခဲ့ပေမယ့် နည်းပြရိုစီနီယာက သူ့ရဲ့ ဂိုးသမားကို ကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းနဲ့ပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ်နဲ့ ကိုးလ်ပါလ်မာတို့ဟာ လာမယ့် ဘရန်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း နည်းပြရိုစီနီယာက ပြောခဲ့ပါ တယ်။ 

Source: CNA