CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃
ဝက်စ်ဟမ်းအသင်းထံ ပြောင်းဖို့ ငြင်းခဲ့တဲ့ အင်္ဂလန်တောင်ပံကစားသမား စတာလင်ဟာ ချယ်လ်ဆီးအသင်းရဲ့ လန်ဒန်ပြိုင်ဘက်ထံ ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်နေပါတယ်။
ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းမှာ အငှားကစားခဲ့တဲ့ စတာလင်ဟာ ဒီရာသီ ချယ်လ်ဆီးအသင်းကြီးနဲ့ အဝေးမှာ သီးခြားလေ့ကျင့်မှုတွေ ပြုလုပ်နေရတာပါ။
ချယ်လ်ဆီးအသင်းဟာ တစ်ပတ်လုပ်ခပေါင် ၃၂၅,၀၀၀ ပေးချေနေရတဲ့ စတာလင်ကို ရောင်းချချင်နေပြီး ဝက်စ်ဟမ်းအသင်းအသင်းက သူ့ကို အငှားနဲ့ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
The Times က စတာလင်ဟာ ဝက်စ်ဟမ်းအသင်းရဲ့ ချဉ်းကပ်မှုကို ငြင်းပယ်ခဲ့ပြီး အနောက်လန်ဒန်ပြိုင်ဘက် ဖူလ်ဟမ်အသင်းထံ ပြောင်းရွှေ့ချင်နေတယ်လို့ ဖော်ပြထားပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ တန်းဆင်းဇုန်အန္တရာယ် ကျရောက်နေပြီး ဖူလ်ဟမ်အသင်းက အဆင့် ၁၁ နေရာမှာ ရပ်တည်နေတာပါ။

စတာလင်ကို တွေ့ရစဉ်
၂၀၂၂ ခုနှစ်က ပေါင်သန်း ၅၀ နဲ့ မန်စီးတီးအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ စတာလင်ဟာ ချယ်လ်ဆီးအသင်းနဲ့ ၁၈ လ စာချုပ် ကျန်ရှိနေတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ် ရယူနိုင်ခဲ့တဲ့ စတာလင်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်ကနေ အပြီးသတ် ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။
စတာလင်ဟာ ပြီးခဲ့တဲ့နွေရာသီက ဥရောပထိပ်တန်း အသင်းအချို့ရဲ့ ကမ်းလှမ်းမှု ရခဲ့ပေမယ့် မိသားစုနဲ့ အနီးကပ် ရှိချင်တာကြောင့် လန်ဒန်မှာပဲ ဆက်နေချင်တာ ဖြစ်ပါတယ်။
ဖူလ်ဟမ်အသင်း တောင်ပံကစားသမား ထရာအိုရေးဟာ ဝက်စ်ဟမ်းအသင်းထံ ပြောင်းရွှေ့ခဲ့ရင် ဖူလ်ဟမ်အသင်း ထံ ပြောင်းရွှေ့ချင်တဲ့ စတာလင်ရဲ့ မျှော်လင့်ချက် ပိုပြီးခိုင်မာလာမှာပါ။
အသက် ၃၁ နှစ်အရွယ်ရှိ စတာလင်ဟာ ချယ်လ်ဆီးအသင်းအတွက် ၈၁ ပွဲ ကစားခဲ့ပြီး ၁၉ ဂိုးသွင်းခဲ့ပါတယ်။
Source: The Sun
