CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃
ယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမား ခေါ်ယူမှု ဒါမှမဟုတ် ထွက်ခွာမှုနဲ့ ပတ်သက်ပြီး ဘာအစီအစဉ်မှ မရှိဘူးလို့ နည်းပြအာမိုရင်က ပြောခဲ့ပါတယ်။
အာမိုရင်က “အသင်းလူစာရင်းကို အပြောင်းအလဲတွေ ပြုလုပ်ဖို့ ကျနော်တို့ ဆွေးနွေးထားတာ မရှိပါဘူး။ ချန်ပီယံ လိဂ် ဝင်ခွင့်နေရာနဲ့ နီးစပ်နေပေမယ့် လာမယ့်ပွဲကို အာရုံစိုက်သွားမှာပါ။ ဘယ်သူ့မှ ထွက်ခွာဖို့ တောင်းဆိုထား တာလည်း မရှိပါဘူး။ သူတို့ ကျနော့် ဆီလာပြီး ပြောဖို့ကိုလည်း မမျှော်လင့်ထားပါဘူး”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒဏ်ရာရ ကစားသမားတွေနဲ့ အာဖရိကဖလားပြိုင်ပွဲထံ စေလွှတ်ထားရတဲ့ ကစားသမား တွေ ရှိတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေ တာပါ။
ဒါပေမယ့် နည်းပြအာမိုရင်က သူတို့ဟာ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဘာမှ ဆွေးနွေးထားခြင်း မရှိဘူးလို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အမှတ်ပေးဇယား အောက်ဆုံးက ဝုလ်ဗ်စ် အသင်းနဲ့ သရေကျခဲ့တာကြောင့် ဝေဖန်မှုတွေခံခဲ့ရပါတယ်။
ယူနိုက်တက်အသင်း တွေ့ဆုံရမယ့် လိဒ်စ်အသင်းဟာ လက်ရှိအချိန်မှာ ရှုံးပွဲမရှိ အကောင်းဆုံးပုံစံ ပြသနေတာ ကြောင့် ခက်ခဲတဲ့ပွဲဖြစ်လာဖို့ ရှိနေတာပါ။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က သူတို့ဟာ ဘယ်ပွဲကိုမဆို အနိုင်ယူနိုင်တယ်ဆိုတာ သက်သေပြပြီးဖြစ်လို့ အနိုင်ရယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။
Source: CNA
