CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၇

ယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အတွေ့အကြုံရင့် နောက်ခံလူ မက်ဂွဲယားကို ခေါ်ယူဖို့ ချဉ်းကပ်မှု အများအပြားကို ငြင်းပယ်ခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၂၅၀ ကျော် ပါဝင်ကစားထားတဲ့ မက်ဂွဲယားနဲ့ အသင်းရဲ့ စာချုပ်ဟာ ဒီရာသီကုန် အထိသာ သက်တမ်းရှိတော့ပြီး အသင်းဘက်က သူ့ကို စာချုပ်သစ် ကမ်းလှမ်းဖွယ် ရှိ/မရှိ မသေချာ သေးတာပါ။

ဒီအခြေအနေကြောင့် စီးရီးအေ ကလပ်တွေဖြစ်တဲ့ အင်တာမီလန်၊ နာပိုလီ၊ ဖီအိုရင်တီးနားနဲ့ အေစီမီလန်အသင်း တို့ဟာ မက်ဂွဲယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ 

မက်ဂွဲယားဟာ နွေရာသီမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ရင် အလွတ်နဲ့ခေါ်ယူလို့ ရမှာဖြစ်လို့ ပရီးမီးယား လိဂ် ကလပ်အသင်းတွေပါ ဒီအပြောင်းအရွှေ့ထဲ ပါဝင်လာနိုင်တာပါ။ 

မက်ဂွဲယားကို တွေ့ရစဉ် 

ယူနိုက်တက်အသင်းနည်းပြ မိုက်ကယ်ကာရစ်ကတော့ ဇန်နဝါရီအပြောင်းအရွှေ့မှာ မက်ဂွဲယားကို ထွက်ခွာခွင့်ပေး မှာ မဟုတ်တဲ့အတွက် ကလပ်အသင်းဟာ သူ့အတွက် ကမ်းလှမ်းမှုအားလုံးကို ငြင်းပယ်သွားမှာ ဖြစ်ပါတယ်။ 

မက်ဂွဲယားဟာ ဒီရာသီမှာ ဒဏ်ရာတွေကြောင့် ယူနိုက်တက်အသင်းရဲ့ ပွဲအချို့ကို လွဲချော်ထားပေမယ့် နည်းပြ မိုက်ကယ်ကာရစ်က သူ့ရဲ့လက်ထက်မှာ မက်ဂွဲယား လိုအပ်တယ်ဆိုပြီး ဆုံးဖြတ်ထားတာပါ။ 

ယူနိုက်တက်အသင်းဟာ ဗဟိုခံစစ် နေရာအတွက် ရွေးချယ်စရာ နည်းပါးသလို ဒီအပြောင်းအရွှေ့မှာ အသင်းဘက် က အဓိက ကစားသမား ခေါ်ယူပေးဖို့ အစီအစဉ်မရှိတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာ ယူနိုက်တက်အသင်းဟာ မက်ဂွဲယားရဲ့ နေရာမှာ အစားထိုးဖို့ နော်တင်ဟမ်ဖောရက်စ်အသင်း နောက်ခံလူ မူရီလိုကို ပစ်မှတ်ထားနေတယ်လို့ ဖော်ပြထားပါတယ်။ 

Source: Sportsmole