CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၇

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက မန်ချက်စတာဒါဘီပွဲစဉ်မှာ ကာရစ် ကိုင်တွယ်မယ့် ယူနိုက်တက်အသင်းကို ခန့်မှန်းရခက်တာကြောင့် သူ့ရဲ့အာရုံစိုက်မှုက ကိုယ့်အသင်း အပေါ်မှာသာ ရှိတယ်လို့ ပြောခဲ့ပါတယ်။ 

ဂွာဒီယိုလာက “ပြိုင်ဘက်အကြောင်းကို အချက်အလက်တွေ ပိုပြီးမသိဘူးဆိုရင် ကိုယ့်ကိုယ်ကိုနဲ့ ကစားသမားတွေ ကို အာရုံစိုက်ရမှာပါ။ မိုက်ကယ်ဟာ မယ်ဒယ်ဘရော့နဲ့ ယူနိုက်တက်အသင်းကို ယာယီအဖြစ် ကိုင်တွယ်ခဲ့ဖူးပေ မယ့် ဒီပွဲက ကွဲပြားခြားနားသွားမှာပါ။ ဒါကြောင့် အချက်အလက်တွေကို မသိဘူးဆိုရင် ကိုယ့်ကိုယ်ကို အာရုံစိုက် တာ ပိုကောင်းပါတယ်”လို့ ပြောခဲ့တာပါ။ 

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ မိုက်ကယ်ကာရစ်ဟာ သူ့ရဲ့ပထမဆုံးပွဲအဖြစ် မန်ချက်စတာ ဒါဘီပွဲစဉ်ကို စတင်တာဝန်ယူ ကိုင်တွယ်ရမှာဖြစ်ပါတယ်။ 
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၇ နေရာ ရပ်တည်နေတာပါ။

မိုက်ကယ်ကာရစ်ကို တွေ့ရစဉ်

မန်စီးတီးအသင်းကတော့ ထိပ်ဆုံးနေရာက အာဆင်နယ်အသင်းနဲ့ ၆ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေ ပါတယ်။ 

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက တွေ့ဆုံခဲ့တဲ့ပွဲမှာ ယူနိုက်တက်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဂွာဒီယိုလာကတော့ ကာရစ်ရဲ့ လက်အောက်မှာ ရင်ဆိုင်ရမယ့် ယူနိုက်တက်အသင်းကို သတိထားမှုတွေ ပြုလုပ်နေတာပါ။ 

မန်စီးတီးအသင်းဟာ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လက ဂွာဒီယိုလာကို ခန့်အပ်ပြီးကတည်းက ယူနိုက်တက်အသင်းဟာ နည်းပြအပြောင်းအလဲ ၉ ဦးအထိ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ 

ဂွာဒီယိုလာက နည်းပြတစ်ဦး အသင်းမှာ ကာလရှည်ကြာ ရှိနေတာက ရလဒ်ကြောင့်ဖြစ်ပြီး အနိုင်မရရင် ထုတ်ပယ် ခံရမယ်လို့ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား အောင်မြင်မှု အများအပြား ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

Source: CNA