CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၇

နယ်သာလန် လက်ရွေးစင်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းကို လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ 

နစ္စတယ်ရွိုင်းဟာ နယ်သာလန် လက်ထောက်နည်းပြအဖြစ် မခန့်အပ်ခံရမီက ယူနိုက်တက်အသင်းကို ရာသီကုန် အထိ ယာယီနည်းပြအဖြစ် ကိုင်တွယ်မယ့် နည်းပြစာရင်းထဲမှာ ပါဝင်ခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ မိုက်ကယ်ကာရစ်ကို ယာယီနည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာကြောင့် နစ္စတယ်ရွိုင်းဟာ ဖေဖော်ဝါရီ ၁ ရက်မှာ နယ်သာလန်အသင်းနည်းပြ ရော်နယ်ကိုးမန်းနဲ့ သွားရောက် ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။ 

နစ္စတယ်ရွိုင်းကို တွေ့ရစဉ်

နစ္စတယ်ရွိုင်းက “ဒီရာထူးနဲ့ နိုင်ငံအသင်းကို ပြန်လာရတာက ကျနော့်အတွက် ကြီးမားတဲ့ဂုဏ်ယူမှုဖြစ်ပြီး အံ့သြ ဖွယ်ကောင်းတဲ့ စိန်ခေါ်မှုတစ်ခုပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုအနေနဲ့ တာဝန်ယူရမှာက ပိုပြီးတော့ ထူးခြားစေပါတယ်။ အောင်မြင်တဲ့ ပြိုင်ပွဲတစ်ခုမှာ ပါဝင်ကူညီနိုင်ဖို့ ကျနော်မျှော်လင့်ပါတယ်” ပြောခဲ့ပါတယ်။ 

နယ်သာလန် လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၇၀ ပါဝင်ကစားပြီး ၃၅ ဂိုး သွင်းယူနိုင်ခဲ့တဲ့ နစ္စတယ်ရွိုင်းဟာ ပြီးခဲ့တဲ့ ရာသီကုန်မှာ လက်စတာအသင်းကနေ ထုတ်ပယ်ခံရပြီးကတည်းက ဘယ်အသင်းကိုမှ တာဝန်ယူရခြင်း မရှိသေးတာ ဖြစ်ပါတယ်။

နစ္စတယ်ရွိုင်းဟာ ဘာစီလိုနာအသင်း နည်းပြဟောင်း ရော်နယ်ကိုးမန်းနဲ့ PSV အသင်းမှာ အတူတွဲ အလုပ်လုပ်ခဲ့ ပြီးနောက် နယ်သာလန်အသင်းမှာ ထပ်ပြီး အလုပ်အတူတူတွဲလုပ်ရဦးမှာပါ။

နယ်သာလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျပန်၊ တူနီးရှား၊ ဥရောပ ပလေးအော့ဖ် ခြေစစ်ပွဲမှာ အနိုင်ရတဲ့ အသင်းတို့နဲ့ အုပ်စု F မှာ ကျရောက်နေတာဖြစ်ပါတယ်။ 

Source: Dailymail