CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၄

ယူနိုက်တက်အသင်း နည်းပြဟောင်း ဆိုးလ်ရှားဟာ ဆွီဒင်လက်ရွေးစင်အသင်း နည်းပြရာထူးအတွက် ဆွီဒင် ဘောလုံးအဖွဲ့ချုပ်နဲ့ တွေ့ဆုံပြီးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဆွီဒင်အသင်းနည်းပြ အန်ဒါဆန်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ခြေစစ်ပွဲအောင်မြင်အောင် ကိုင်တွယ် နိုင်ခဲ့ခြင်း မရှိတာကြောင့် ရာထူးကနေ နုတ်ထွက်ခဲ့တာပါ။ 

အဲ့ဒါကြောင့် ဆွီဒင်ဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြသစ် ရှာဖွေမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ 

ဒီအချိန်မှာ ဆိုးလ်ရှားဟာ ၂၀၂၁ ခုနှစ်က ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် နည်းပြလောကထဲ ပြန်လည်ဝင်ရောက်ဖို့ လုပ်ဆောင်နေတာကြောင့် ဆွီဒင်အသင်းနည်းပြသစ်ဖြစ်လာမယ့် စာရင်းထဲ ပါဝင်လာခဲ့တာပါ။

ဆွီဒင်ကစားသမားဟောင်း မဲလ်ဘတ်ချ်နဲ့ သြစတြေးလျ အမျိုးသမီးအသင်းနည်းပြ ဂူစတာဆန်တို့ဟာလည်း ဆွီဒင်အသင်းနည်းပြသစ် ဖြစ်လာမယ့် စာရင်းထဲ ပါဝင်နေတယ်လို့ သိရပါတယ်။ 

ဒါပေမယ့် မဲလ်ဘတ်ချ်နဲ့ ဆွေးနွေးမှုတွေဟာ ပျက်ပြယ်ခဲ့ပြီး ဂူစတာဆန်နဲ့ ဆွေးနွေးမှုတွေကလည်း မပြီးပြတ် သေးပေမယ့် ဆွီဒင်ဘောလုံးအဖွဲ့ချုပ်ဟာ အခြားရွေးချယ်စရာတွေကို ထည့်သွင်းစဉ်းစားမှုတွေ ပြုလုပ်နေတာပါ။ 

ဆိုးလ်ရှားဟာ ဒီဇင်ဘာလက ဆွီဒင်ဘောလုံးအဖွဲ့ချုပ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် ဆွီဒင်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဆိုးလ်ရှားဟာ မကြာသေးခင်ကလည်း တူရကီကလပ် ဘက်ဆီးတပ်စ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး နည်းပြ အလုပ်ကိုင်တစ်ခုကို စောင့်ဆိုင်းနေတာပါ။ 

ဆွီဒင်ဘောလုံးအဖွဲ့ချုပ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲကို ဆွီဒင်အသင်း လွဲချော်ခဲ့တာကြောင့် နည်းပြသစ်အဖြစ် တာဝန် ယူမယ့်သူတွေကို ဆက်လက် အကဲဖြတ်မှာဖြစ်ပြီး အချိန်ယူဆုံးဖြတ်ဖို့ ရှိနေပါတယ်။ 

ဆွီဒင်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်က အက်စတိုးနီးယားအသင်းနဲ့ ခြေစမ်းပွဲကစားထားပြီး ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိထားတာပါ။

ဆွီဒင်အသင်းဟာ နောက်ထပ် ခြေစမ်းပွဲအဖြစ် မတ်လ ၂၁ ရက်မှ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

Source: Goal