CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉
မန်စီးတီးအသင်းဟာ ဂါလာတာစာရေးအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရကာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်နိုင်ခဲ့ပြီးနောက် နည်းပြဂွာဒီယိုလာက ပလေးအော့ဖ်အဆင့်ကို ရှောင်နိုင်ခဲ့တဲ့အတွက် ကျေနပ် တယ်လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ချန်ပီယံလိဂ်ရဲ့ အခြေအနေ ဘယ်လို ဖြစ်လာမလဲဆိုတာ ထည့်သွင်းစဉ်းစားရင် ထိပ်ဆုံး ၈ သင်း ထဲမှာ အဆုံးသတ်နိုင်ခဲ့လို့ အလွန် ကျေနပ်ပါတယ်။ အသင်းတိုင်းက တကယ်ကို ခက်ခဲတာပါ။ ကျနော်တို့ ပလေး အော့ဖ်အဆင့် မကစားရတာကို ကျနော် အလွန်ကျေနပ်ပြီး ၁၆ သင်းအဆင့်အတွက် အကောင်းဆုံး အခြေအနေနဲ့ ရောက်ရှိလာမယ်လို့ မျှော်လင့်ကြောင်း”ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဘိုဒိုဂလင့်မ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ၁၆ သင်းအဆင့်ကို တိုက်ရိုက် မတက်နိုင် မှာ စိုးရိမ်နေတဲ့ မန်စီးတီးအသင်းဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၈ နေရာမှာ ရပ်တည်ကာ ၁၆ သင်းအဆင့် တက်နိုင်ခဲ့ ပါတယ်။
မန်စီးတီးအသင်းဟာ ရီးရယ်လ်အသင်းရဲ့ ရလဒ်ကြောင့်လည်း ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်နိုင်ခဲ့တာဖြစ်ပြီး ရီးရယ်လ်အသင်းသာ ဘင်ဖီကာအသင်းနဲ့ သရေကျခဲ့ရင် ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာပါ။

ဂွာဒီယိုလာကို တွေ့ရစဉ်
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဘင်ဖီကာအသင်း ဂိုးသမား ရီးရယ်လ်အသင်း ဂိုးဧရိယာထဲ ရောက်ရှိသွား ချိန်မှာ အနည်းငယ် စိုးရိမ်မိခဲ့တယ်လို့ ပြောခဲ့ပြီး သူ့ရဲ့ပြိုင်ဘက်ဟောင်း မော်ရင်ဟိုကို ကျေးဇူးတင်ကြောင်း မက်ဆေ့ချ် ပေးပို့ခဲ့ပါတယ်။
ဂါလာတာစာရေးအသင်းဟာ ဒီပွဲအရေး နိမ့်ခဲ့ပေမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် တက်နိုင်ဖို့အတွက် ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲအဖြစ် စပါးအသင်း အိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။
Source: ESPN
