CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၀

ဝက်စ်ဟမ်းအသင်းကနေ ငယ်ဘဝကလပ်ထံ ပြန်ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်လူ ပါကယ်တာက သူ့အတွက် ဖလာမင်ဂိုအသင်းလိုအပ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ 

ပါကယ်တာက “ဖလာမင်ဂိုက ကျနော့်ကို မလိုအပ်ရင်တောင် ကျနော်က ဖလာမင်ဂိုအသင်းကို လိုအပ်ခဲ့ပါတယ်။ ချင်ခင်မှုအားလုံးကို မြင်တွေ့ရတာ ကျနော်အလွန်ဝမ်းသာပါတယ်။ ပြန်လာရတာ အလွန်ပျော်ရွှင်ပြီး ဒီအခိုက် အတန့်အကြောင်း အများကြီးအိပ်မက်မက်ခဲ့ပါတယ်။ ကျနော်ပျော်ရွှင်ပြီး နိုင်ငံအတွက် ပျော်ရွှင်မှုပေးချင်သလို ကျနော့်ရဲ့အကောင်းဆုံးကိုလည်း ပေးချင်တယ်”လို့ ဖလာမင်ဂို TV ကိုပြောခဲ့တာပါ။ 

ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ မွေးရပ်မြေထံပြန်သွားချင်တဲ့ ဆန္ဒကို ဖော်ပြခဲ့တဲ့ ပါကယ်တာဟာ ဖလာမင်ဂိုအသင်းထံ ပေါင် ၃၆ သန်းနဲ့ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။ 

ဖလာမင်ဂိုနဲ့ဝက်စ်ဟမ်းအသင်းတို့ဟာ ပါကယ်တာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေကြာမြင့်ခဲ့ပေမယ့် နောက်ဆုံးမှာ အပြောင်းအရွှေ့အဆုံးသတ်နိုင်ခဲ့တာပါ။ 

ဝက်စ်ဟမ်း အသင်းဟာ ပါကယ်တာကို ဒီရာသီကုန်အထိ အငှားနဲ့ပြန်ခေါ်ယူချင်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ 

ဝက်စ်ဟမ်းအသင်းနည်းပြနူနိုဆန်တိုက ပါကယ်တာဟာ ထူးခြားတဲ့အရည်အသွေးရှိတဲ့ နံပတ် ၁၀ ကစားသမား ဖြစ်လို့ သူ့ရဲ့နေရာမှာ အစားထိုးဖို့ ရှာတွေ့နိုင်မှာမဟုတ်တဲ့အတွက် ရှိတဲ့လူစာရင်းနဲ့ ဆက်သွားရမယ်လို့ ပြောခဲ့ ပါတယ်။ 

ပါကယ်တာဟာ ဝက်စ်ဟမ်းအသင်းမှာ ၂၀၂၂ ကနေ ၂၀၂၆ ခုနှစ်အထိ ကစားခဲ့ပြီး ပွဲပေါင်း ၁၃၉ ပွဲမှာ ၂၃ ဂိုးသွင်းယူကာ ကွန်းဖရန့်လိဂ်ဖလားရယူနိုင်ခဲ့ပါတယ်။ 

ပါကယ်တာဟာ ဖလာမင်ဂိုအသင်းထံ ပြန်လာတာနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်း လူစာရင်းထဲ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ 

Source: Goal