- By CNI
- Category: အားကစား
- Hits: 345
ထရူဘင်ရဲ့နောက်ဆုံးမိနစ်ဂိုးကို သမိုင်းဝင်ဂိုးလို့ မော်ရင်ဟို ပြော
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉
ဘင်ဖီကာအသင်းက ရီးရယ်လ်အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ နောက်ဆုံးမိနစ် သွင်းဂိုး သွင်းပြီး အသင်းကို ဒီပြိုင်ပွဲမှာ ဆက်ပြီးရှိနေစေခဲ့တဲ့ ယူကရိန်းဂိုးသမား ထရူဘင်ရဲ့ဂိုးကို သမိုင်းဝင်ဂိုးလို့ ဘင်ဖီကာအသင်းနည်းပြ မော်ရင်ဟိုက ပြောခဲ့ပါတယ်။
မော်ရင်ဟိုက “၃ ဂိုး-၂ ဂိုးဆိုတဲ့ ရလဒ်က မလုံလောက်တဲ့ အချိန်မှာ ကံကောင်းတာက ကျနော်တို့ တည်ကန်ဘော ရခဲ့ပါတယ်။ ကျနော်ဟာ ထရူဘင်ကို ဂိုးဧရိယာထဲ သွားခွင့်ပေးခဲ့ပြီး သူဟာ ဂိုးဧရိယာထဲဝင်ကာ အံ့သြဖွယ်ကောင်း တဲ့ သွင်းဂိုး၊ သမိုင်းဝင် သွင်းဂိုးသွင်းယူခဲ့ပါတယ်။ အားကစားကွင်းကြီး ပြိုကျတော့မလိုကို ခံစားခဲ့ရပါတယ်။ မယုံနိုင်စရာပါပဲ”လို့ Movistar Plus နဲ့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့တာပါ။
ဘင်ဖီကာအသင်းဟာ ရီးရယ်လ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့သာ အနိုင်ရခဲ့ရင် ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာရမှာ ဖြစ်ပေမယ့် နောက်ဆုံးမိနစ်မှာ ရရှိတဲ့ ဖရီးကစ်ကို ဂိုးသမား ထရူဘင်က ခေါင်းတိုက်ပြီး သွင်းဂိုး ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘင်ဖီကာအသင်းဟာ ဒီသွင်းဂိုးကြောင့် ၁၆ သင်းအဆင့်ကို တက်နိုင်ဖို့ ပလေးအော့ဖ် ဆက်ပြီး ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါ တယ်။

မော်ရင်ဟိုကို တွေ့ရစဉ်
ရီးရယ်လ်အသင်းကလည်း ဒီရှုံးပွဲကြောင့် ၁၆ သင်းအဆင့်ကို တိုက်ရိုက် မတက်နိုင်ဘဲ ပလေးအော့ဖ် ယှဉ်ပြိုင် ရမှာပါ။
ရီးရယ်လ်အသင်းကို အနိုင်ရခဲ့တာဟာ ဘင်ဖီကာအသင်းအတွက် မယုံနိုင်လောက်အောင် ဂုဏ်သိက္ခာရှိပြီး အနိုင်ရဖို့ ထိုက်တန်တယ်လို့လည်း မော်ရင်ဟိုက ပြောခဲ့ပါတယ်။
ဘင်ဖီကာအသင်း ဂိုးသမား ထရူဘင်က ရူးသွပ်စရာကောင်းတဲ့ အခိုက်အတန့်ဖြစ်ပြီး ဒါဟာ သူ့ရဲ့အသက် ၂၄ နှစ် အရွယ်မှာ ပထမဆုံးအကြိမ် ဖြစ်တဲ့အတွက် မယုံနိုင်လောက်အောင်ပါပဲလို့ ပြောခဲ့တာပါ။
ဘင်ဖီကာအသင်းဟာ နှစ်ကျော့ကစားရမယ့် ချန်ပီယံလိဂ် ပလေးအော့ဖ်မှာ ရီးရယ်လ်အသင်း ဒါမှမဟုတ် အင်တာမီလန်အသင်းနဲ့ တွေ့ဆုံရမယ်လို့ သိရပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 271
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈
ကင်မရွန်းဂိုးသမား အိုနာနာရဲ့ အေးဂျင့်တွေနဲ့ အင်တာမီလန်အသင်းတို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အိုနာနာဟာ ဒီနွေရာသီမှာ ယူနိုက်တက်အသင်းကနေ အသင်းဟောင်းထံ ပြန်လာဖွယ်ရှိနေပါတယ်။
အိုနာနာရဲ့ ကိုယ်စားလှယ်တွေဟာ အလားအလာရှိတဲ့ သဘောတူညီချက် အများအပြားကို ဆွေးနွေးဖို့ မီလန်မြို့ ကို ရောက်ရှိနေတာဖြစ်ပြီး Daily Mail Sport က အင်တာမီလန်အသင်းထံ ပြန်သွားနိုင်ဖွယ်ရှိတဲ့ အရာကို ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အိုနာနာဟာ ယူနိုက်တက်အသင်းမှာ နံပါတ်တစ်နေရာ ဆုံးရှုံးခဲ့ပြီးနောက် တူရကီကလပ် ထရက်ဇွန်စပေါ် အသင်းထံ အငှားသွားရောက် ကစားနေတာပါ။
အိုနာနာဟာ သူ့ရဲ့ အိုးထရက်ဖို့ဒ် ကစားသမားဘဝကို မစွန့်လွှတ်ချင်ပေမယ့် ရာသီကုန်ချိန်မှာ အပြီးသတ် ထွက်ခွာရဖွယ်ရှိနေတဲ့အတွက် အင်တာမီလန်အသင်းမှာ ဆွန်မားရဲ့ နေရာကို အစားထိုးဝင်ရောက်ဖို့ ဆွေးနွေး နေတာ ဖြစ်ပါတယ်။

အိုနာနာကို တွေ့ရစဉ်
အိုနာနာဟာ အင်တာမီလန်အသင်းမှာ တစ်ရာသီကြာသာ ကစားခဲ့ပေမယ့် အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့သလို အီတလီဖလားနဲ့ စူပါဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့တာပါ။
အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ အိုနာနာကို ပေါင် ၄၇.၂ သန်းနဲ့ ခေါ်ယူခဲ့ပေမယ့် သူဟာအသင်းအတွက် ကစားခဲ့တဲ့ ၂ ရာသီမှာ လက်စွမ်းပိုင်း မတည်ငြိမ်မှုတွေကြောင့် အငှားချခံခဲ့ရတာ ဖြစ်ပါတယ်။
အိုနာနာဟာ ထရက်ဇွန်စပေါ်အသင်းမှာတော့ လက်စွမ်းကောင်းတွေ ပြန်ပြသနိုင်ခဲ့ပြီး ၁၆ ပွဲ ကစားထားတာမှာ ၃ ပွဲသာ ရှုံးပွဲကြုံတွေ့ထားခဲ့ပါတယ်။
ထရက်ဇွန်စပေါ်အသင်းဟာ တူရကီလိဂ်မှာ ဂါလာတာစာရေး၊ ဖီနာဘာချီအသင်းတို့ရဲ့နောက် အဆင့် ၃ နေရာ ရပ်တည်နေပြီး လာမယ့် ရာသီချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မျှော်လင့်နေပါတယ်။
ထရက်ဇွန်စပေါ်အသင်းကလည်း အိုနာနာကို အပြီးသတ် ခေါ်ယူချင်နေတာကြောင့် ယူနိုက်တက်အသင်းဟာ သူ့ကိုရောင်းချပြီး လာမယ့်နွေရာသီ အပြောင်းအရွှေ့ အသုံးစရိတ်ကို တိုးချင်နေတာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 252
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈
စပိန်ကွင်းလယ်လူ ဖာမင်လိုပက်ဇ်ဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၃၁ ခုနှစ် ရာသီကုန်အထိ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့တာကြောင့် သူ့ကိုခေါ်ယူချင်နေတဲ့ ချယ်လ်ဆီးအသင်းရဲ့ စိတ်ဝင်စားမှုတွေဟာ ရပ်တန့် သွားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဖာမင်လိုပက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ခြင်း မရှိတာပါ။
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဖာမင်လိုပက်ဇ်ကို ငွေကြေး အများအပြားနဲ့ ကမ်းလှမ်းမှုပြုလုပ်ဖို့ စောင့်ဆိုင်းမှုတွေ ရှိနေတာဖြစ်ပါတယ်။
ဒါကြောင့် ဘာစီလိုနာအသင်းဟာ အခုလ အစောပိုင်းမှာ ဖာမင်လိုပက်ဇ်ရဲ့ စာချုပ်ကို သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ စတင်ခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ဖာမင်လိုပက်ဇ်ကို ခေါ်ယူချင်နေတဲ့ ချယ်လ်ဆီးအသင်းရဲ့ စိတ်ဝင်စားမှုကို တားဆီးဖို့ သာမက အခုရာသီမှာ သူ့ရဲ့စွမ်းဆောင်ရည်အတွက် ချီးမြှင့်ဖို့ စာချုပ်သက်တမ်း တိုးချင်ခဲ့တာဖြစ်ပါတယ်။

ဖာမင်လိုပက်ဇ်ကို တွေ့ရစဉ်
ဘာစီလိုနာအသင်းဟာ မတ်လမတိုင်မီ ဖာမင်လိုပက်ဇ်ရဲ့ စာချုပ်သက်တမ်းတိုးမှုကို အပြီးသတ်ချင်နေသလို နည်းပြ ဟန်ဆီဖလစ်ကလည်း ပြီးခဲ့တဲ့ နွေရာသီကလို ကစားသမားရဲ့ အနာဂတ်ထင်ကြေးတွေကို ထပ်ပြီး ဖြစ်လိုခြင်း မရှိတာပါ။
ဖာမင်လိုပက်ဇ်နဲ့ ဘာစီလိုနာအသင်း အရင်ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၃ နှစ် ကျန်ရှိနေပြီး ဒီစာချုပ်ထဲမှာ ယူရိုသန်း ၅၀၀ တန်ကြေးရှိတဲ့ စာချုပ် ဖျက်သိမ်းကြေး ပါဝင်ပါတယ်။
ဘာစီလိုနာအသင်းဖော် အော်လ်မိုက ဖာမင်လိုပက်ဇ် စာချုပ်သက်တမ်းတိုးမှာက သတင်းကောင်းဖြစ်ပြီး သူနဲ့ကစားတဲ့ နေရာချင်း တူညီပေမယ့် ဘယ်တုန်းကမှ ပြဿနာမရှိသလို အတူတွဲ ကစားခွင့်ရတာကို ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။
ဘာစီလိုနာအကယ်ဒမီထွက် ဖာမင်လိုပက်ဇ်ဟာ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၀ ဂိုး သွင်းယူထားသလို ဂိုးဖန်တီးမှုလည်း ၁၀ ကြိမ် ပြုလုပ်ထားပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 260
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈
စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ်က အသေးစား ကားမတော်တဆမှုဖြစ်ခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး မူအာနီရဲ့ အခြေအနေ ကောင်းမွန်တယ်လို့ ပြောခဲ့ပါတယ်။
အင်္ဂါနေ့က ဆိုရှယ်မီဒီယာပေါ်ပျံ့နှံ့ခဲ့တဲ့ ဓါတ်ပုံတွေထဲမှာ မူအာနီနဲ့ အသင်းဖော် အိုဒိုဘတ်တို့ဟာ ပျက်ဆီးနေတဲ့ ဖာရာရီကားဘေးမှာ ရပ်နေခဲ့တာပါ။
အိုဒိုဘတ်ကလည်း သူ့ရဲ့ကိုယ်ပိုင်ကားနဲ့ သွားနေတာဖြစ်ပြီး မူအာနီကို ကူညီဖို့ ကားကို ရပ်တန့်ခဲ့ပါတယ်။
ဒီမတော်ဆမှုဟာ ဖရန့်ဖတ်အသင်းနဲ့ ချန်ပီယံလိဂ် League Phase နောက်ဆုံးပွဲအတွက် ဂျာမနီနိုင်ငံကို ထွက်ခွာဖို့ လေဆိပ်ထံသွားချိန်မှာ ဖြစ်ခဲ့တာလို့ သတင်းမှာ ဖော်ပြထားတာပါ။
မူအာနီနဲ့ အိုဒိုဘတ်တို့ ၂ ဦးစလုံးဟာ စပါးအသင်းထံ အနောက်ကနေ လိုက်ပါ ပူးပေါင်းမှာဖြစ်ပြီး နည်းပြ သောမတ်စ်ဖရန့်ခ်က မတော်တဆမှုမှာ ပါဝင်ခဲ့တဲ့ သူအားလုံး အခြေအနေ ကောင်းမွန်တယ်လို့ ပြောခဲ့ပါတယ်။

မူအာနီကိုတွေ့ရစဉ်
မူအာနီနဲ့ အိုဒိုဘတ်တို့ ၂ ဦးစလုံး ဖရန့်ဖတ်အသင်းနဲ့ပွဲမှာ ပါဝင်နိုင်မယ်လို့လည်း သောမတ်စ်ဖရန့်ခ်က အပြည့်အဝ မျှော်လင့်နေပါတယ်။
PSG အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ မူအာနီဟာ စပါးအသင်းအတွက် ဥရောပပြိုင်ပွဲမှာ ၂ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။
မူအာနီဟာ ဒီအပြောင်းအရွှေ့မှာ အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းထံ ပြန်သွားဖို့ သတင်းတွေ ထွက်ပေါ် နေတာပါ။
စပါးအသင်းရဲ့ အဓိကနောက်ခံလူတွေဖြစ်တဲ့ ဗန်ဒီဗန်နဲ့ ပေါ်ရိုတို့ကတော့ ဒဏ်ရာတွေကြောင့် ဖရန့်ဖတ်အသင်း နဲ့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။
စပါးအသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရလဒ်ကောင်းနေပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရလဒ်ဆိုးနေပြီး အဆင့် ၁၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 297
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈
ချယ်လ်ဆီးအသင်းနည်းပြ ရိုစီနီယာက အသင်းရဲ့အဓိက ကစားသမားဖြစ်တဲ့ ကိုးလ်ပါလ်မာဟာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ချင်တယ်ဆိုတဲ့ လက်တွေ့မကျတဲ့ သတင်းတွေကို ဆွေးနွေးဖို့ အဓိပ္ပါယ်မရှိဘူးလို့ ပြောခဲ့ပါတယ်။
ရိုစီနီယာက “ဒီသတင်းတွေက လက်တွေ့ မကျသလို ဆွေးနွေးစရာ အကြောင်းလည်း မရှိပါဘူး။ ကိုးလ်က အလွန် ပျော်ရွှင်နေပြီး သူနဲ့ကျနော် အကြိမ်ပေါင်းများစွာ စကားပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ သူဟာ ဒီမှာရှိနေရတာကို နှစ်သက်သလို ချယ်လ်ဆီး ကစားသမား ဖြစ်ချင်တာပါ။ ထင်ကြေးပေးမှုတွေကို ရပ်တန့်လို့ရမှာ မဟုတ်ပေမယ့် တချို့က အမှန်တရားနဲ့ ဝေးကွာလွန်းပါတယ်။ ဒီအကြောင်း ဆွေးနွေးဖို့ အဓိပ္ပါယ်မရှိဘူးလို့”ပြောခဲ့တာပါ။
အသက် ၂၃ နှစ်အရွယ်ရှိ ကစားသမားဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ မတည်မငြိမ်ဖြစ်နေပြီး အနောက်လန်ဒန်မှာ အခက်အခဲဆုံး အချိန်တွေနဲ့ ရုန်းကန်နေရတဲ့အတွက် ကလေးဘဝက အားပေးခဲ့တဲ့ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ချင်နေတယ်လို့ ထင်ကြေးသတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းကနေ ရောက်ရှိလာပြီးကတည်းက ချယ်လ်ဆီးအသင်းမှာ အဓိက ကစားသမားအဖြစ် ခြေစွမ်း ပြသနေတဲ့ ကိုးလ်ပါလ်မာဟာ ဒီရာသီမှာ ဒဏ်ရာတွေကြောင့် ပွဲကစားခွင့် အကန့်အသတ်နဲ့သာ ရရှိထားတာပါ။

ကိုးလ်ပါလ်မာကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်းဟာ ကိုးလ်ပါလ်မာ နောက်ထပ် ဒဏ်ရာရရှိမှာကို စိုးရိမ်တဲ့အတွက် ကစားချိန် မိနစ်တွေကို သတိထားပြီး အသုံးပြုနေတာ ဖြစ်ပါတယ်။
ကိုးလ်ပါလ်မာဟာ နာပိုလီအသင်းနဲ့ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ် League Phase နောက်ဆုံးပွဲမှာ ချယ်လ်ဆီး အသင်းအတွက် ပါဝင်ရဖွယ် ရှိနေပါတယ်။
မာရက်စ်ကာရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး ချယ်လ်ဆီးအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြရိုစီနီယာဟာ အသင်းကို ၅ ပွဲ ကိုင်တွယ်ထားတာမှာ ၄ ပွဲ အနိုင်ရရှိထားတာပါ။
ချယ်လ်ဆီးအသင်းဟာ အပယ်ခံ ကစားသမားဖြစ်တဲ့ စတာလင်ရဲ့ စာချုပ်ကို အဆုံးသတ်ဖို့ရှိနေပြီး နည်းပြ ရိုစီနီယာက သူ့ကို အလွန်လေးစားပေမယ့် အခုအချိန်မှာ သူ့ရဲ့အခြေအနေအကြောင်းကို မပြောချင်ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
စတာလင်ဟာ ချယ်လ်ဆီးအသင်းအတွက် ၂၀၂၃-၂၄ ရာသီမှာ နောက်ဆုံး ပါဝင်ကစားခဲ့တာဖြစ်ပြီး မနှစ်က ရာသီမှာ အာဆင်နယ်အသင်းထံ အငှားသွားကစားခဲ့တာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 300
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇
ရီးရယ်လ်အသင်းကနေ အငှားနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူး အန်းဒရစ်ဟာ မက်ဇ်အသင်းကို ၅ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လိုင်ယွန်အသင်းအတွက် ဟက်ထရစ် သွင်းပြီးနောက် ဒါက အစပဲရှိသေးတယ်လို့ ပြောခဲ့ပါ တယ်။
အန်းဒရစ်က “ဒါက ကျနော့်ဘဝရဲ့ ပထမဆုံး ဟက်ထရစ်ဖြစ်ပြီး ကျနော် အလွန်ပျော်ပါတယ်။ ဒီဘောလုံးကို ကျနော် ထိန်းသိမ်းထားမှာဖြစ်ပြီး ကျနော့်ဘဝရဲ့ မယုံနိုင်စရာနေ့ တစ်နေ့ပါပဲ။ လီဂူး-၁ မှာ ကစားရတာက အလွန် ကောင်းပြီး လိုင်ယွန်အသင်းထံ ရောက်လာတာက အမှားမဟုတ်ပါဘူး။ ဘဝက ဒီလိုပဲဖြစ်ပြီး ကျနော့်ဘဝက အမြဲတမ်း ခက်ခဲခဲ့ပါတယ်။ ကျနော့် ပတ်ဝန်းကျင်က လူတွေဆီကနေ ရတဲ့ခွန်အားတွေကြောင့် သန်မာနေတာ ဖြစ်ပြီး ဒါက အစပဲရှိသေးတယ်”လို့ ပြောခဲ့ပါတယ်။
အန်းဒရစ်ဟာ ရီးရယ်လ်အသင်းမှာ ပွဲကစားချိန် မိနစ်တွေရဖို့ အလွန်ခက်ခဲခဲ့တာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ လိုင်ယွန်အသင်းထံ ရာသီကုန်အထိ အငှားနဲ့ပြောင်းရွှေ့လာခဲ့တာပါ။
အန်းဒရစ်ဟာ လိုင်ယွန်အသင်းအတွက် ၃ ပွဲသာ ပါဝင်ကစားရသေးပေမယ့် ၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားပါတယ်။

အန်းဒရစ်ကိုတွေ့ရစဉ်
လိုင်ယွန်အသင်းထံ မပြောင်းရွှေ့မီမှာ ဘရာဇီးလ်အသင်း နည်းပြ အန်ဆယ်လော့တီဆီကနေ အကြံရယူခဲ့တဲ့ အန်းဒရစ်က ဒီအသင်းမှာ ရှိနေရတာဟာ အလွန်ကံကောင်းတယ်လို့ ခံစားနေရပါတယ်။
အန်းဒရစ်ဟာ လိုင်ယွန်အသင်းမှာ ပြသနေတဲ့ လက်ရှိပုံစံကို ဆက်ထိန်းနိုင်ရင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်း လူစာရင်းထဲ ပါဝင်ခွင့်ရဖို့ မျှော်လင့်ချက် ရှိနေပါတယ်။
ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက ကစားသမားတွေ အနေနဲ့ ကမ္ဘာ့ဖလား လူစာရင်းထဲ ပါဝင်ချင်ရင် ပုံမှန်ကစားခွင့် ရဖို့လိုသလို ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးဖြစ်ဖို့ လိုတယ်လို့ ပြောထားပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိ အန်းဒရစ်ဟာ ဘရာဇီးလ်အသင်းအတွက် ၁၄ ပွဲ ကစားပြီး ၃ ဂိုးသွင်းယူထားကာ ၂၀၂၅ ခုနှစ်ထဲမှာ ၁ ပွဲသာ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 293
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇
ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း ပါတိုဟာ လိဂ်တူးကလပ် ကိုလ်ချက်စတာအသင်းမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကလပ်အသင်း အများအပြားမှာ ကစားခဲ့တဲ့ ပါတိုရဲ့ အကောင်းဆုံးအချိန်ကတော့ အေစီမီလန်အသင်းမှာ ကစားခဲ့တဲ့ ၂၀၀၇ ကနေ ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပါတယ်။
ပါတိုဟာ ၂၀၁၅-၁၆ ရာသီအတွင်း ချယ်လ်ဆီးအသင်းမှာ ကာလတို အငှားကစားခဲ့ပြီး ပရီးမီးယားလိဂ် ၂ ပွဲမှာ ၁ ဂိုး သွင်းခဲ့ပါတယ်။
ဘရာဇီးလ် တိုက်စစ်မှူးဟောင်းဟာ အသက် ၃၆ နှစ်အရွယ်မှာ ကစားသမား ဘဝကနေ အနားယူခဲ့ပေမယ့် ဘောလုံးလောကမှာ ဆက်ပြီးရှိနေဖို့ စိတ်အားထက်သန်နေတာပါ။
The Daily Gazette က ပါတိုဟာ အင်္ဂလိပ်ဘောလုံးရဲ့ စတုတ္ထတန်းမှာ ယှဉ်ပြိုင်နေတဲ့ အသင်းတစ်သင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ပါတိုကို တွေ့ရစဉ်
ပါတိုဟာ ကလပ်အသင်းမှာ ရင်းနှီးမြှုပ်နှံဖို့ အလားအလာနဲ့ ပတ်သက်ပြီး ကိုလ်ချက်စတာအသင်း တာဝန်ရှိ သူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ အဆိုပါသတင်းရဲ့ဖော်ပြချက်ထဲမှာ ပါရှိပါတယ်။
စနေနေ့က ကိုလ်ချက်စတာနဲ့ ဖလီးဝုဒ်တောင်း အသင်းတို့ရဲ့ပွဲကို တက်ရောက်ကြည့်ရှုခဲ့တဲ့ ဧည့်သည်အုပ်စု တစ်ခုမှာ ပါတိုပါဝင်တယ်လို့ သိရပါတယ်။
ကိုလ်ချက်စတာအသင်း အကြီးအကဲ ရော်ဘီကောင်းလင်းဟာ ဒီပွဲမတိုင်မီမှာ ပါတိုကို ကွင်းထဲခေါ်ဆောင်သွား ခဲ့တာ ဖြစ်ပါတယ်။
ပါတိုအနေနဲ့ ကိုလ်ချက်စတာကို ဝယ်ယူမယ့် လုပ်ငန်းအစုအဖွဲ့တစ်ခုမှာ ပါဝင်မယ်ဆိုရင် သူ့ရဲ့အခန်းကဏ္ဍက ဘယ်လိုဖြစ်လာမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ကိုလ်ချက်စတာအသင်းဟာ လိဂ်တူးမှာ နောက်ဆုံး ၆ ပွဲဆက်တိုက် ရှုံးပွဲမရှိဘဲ အဆင့် ၈ နေရာမှာ ရပ်တည်နေ သလို အဆင့် ၃ နေရာက အသင်းနဲ့ ၅ မှတ်သာကွာဟပါတယ်။
ကိုလ်ချက်စတာအသင်းဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလိပ်ဘောလုံးရဲ့ တတိယတန်းထံ တန်းတက်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
Source: sportsmole
- By CNI
- Category: အားကစား
- Hits: 287
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇
PSG အသင်းဟာ ဆယ်ကျော်သက် ကြယ်ပွင့်ကစားသမား ဒရိုဖာနန်ဒက်ဇ်အတွက် ဘာစီလိုနာအသင်း သတ်မှတ် ထားတဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၆ သန်းထက် အနည်းငယ်ပိုပေးဖို့ သဘောတူညီခဲ့ပြီးနောက် အပြောင်းအရွှေ့ အပြီးသတ်နိုင်ခဲ့ပါတယ်။
အသက် ၁၈ နှစ်အရွယ်ရှိ ဒရိုဖာနန်ဒက်ဇ်ဟာ ပုံမှန်ကစားခွင့် ရချင်တာကြောင့် ထွက်ခွာချင်တဲ့ အကြောင်းကို ထုတ်ဖော် ပြောခဲ့တဲ့အတွက် ဘာစီလိုနာအသင်း အံ့အားသင့်ခဲ့ရပါတယ်။
ဥရောပထိပ်တန်းကလပ် အများအပြားဟာ ဒရိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပေမယ့် PSG အသင်းက သူ့ကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး နည်းပြ လူးဝစ်အင်းနရစ်က ဒီအပြောင်းအရွှေ့မှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ တာ ဖြစ်ပါတယ်။
ဒရိုဖာနန်ဒက်ဇ်က PSG အသင်းထံ ပြောင်းရွှေ့ခွင့် ရခဲ့တဲ့အတွက် အလွန်ပျော်ရွှင်ပြီး ဂုဏ်ယူမိကြောင်းနဲ့ ဒါက သူနဲ့ သူ့မိသားစုအတွက် ကြီးမားတဲ့ ဂုဏ်ယူစရာ အခိုက်အတန့်လို့ ပြောခဲ့ပါတယ်။

ဒရိုဖာနန်ဒက်ဇ်ကို တွေ့ရစဉ်
ဒါ့ပြင် PSG အသင်းအတွက် ကစားပေးဖို့ အလွန်စိတ်လှုပ်ရှားနေပြီး အသင်းဂျာစီကို ဝတ်ဆင်ကာ အရာအားလုံး ပေးသွားမယ်လို့ ဒရိုဖာနန်ဒက်ဇ်က ကစားသမားသစ်အဖြစ် မိတ်ဆက်ချိန်မှာ ပြောခဲ့တာပါ။
အသက် ၁၄ နှစ်အရွယ် ၂၀၂၂ ခုနှစ်မှာ ဘာစီလိုနာ အကယ်ဒမီထံ ရောက်ရှိလာခဲ့တဲ့ ဒရိုဖာနန်ဒက်ဇ်ကို ဘာစီလိုနာ အသင်း နည်းပြဟန်ဆီဖလစ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အာရှခရီးစဉ်ထံ ခေါ်ဆောင်သွားခဲ့သလို ဒီရာသီလာလီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ပွဲဦးထွက်ခွင့်ပေးခဲ့ပါတယ်။
ဒရိုဖာနန်ဒက်ဇ် ထွက်ခွာမယ့် ဆုံးဖြတ်ချက်ကို သိခဲ့ပြီးနောက် ဟန်ဆီဖလစ်က သူဟာအသင်းအတွက် ၁၀၀ ရာခိုင်နှုန်း ကတိကဝတ်မရှိတဲ့ ကစားသမားတွေကို မလိုချင်ဘူးလို့ ပြောခဲ့တာပါ။
ဒရိုဖာနန်ဒက်ဇ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းကြီးအတွက် ၅ ပွဲ ပါဝင်ကစားထားပေမယ့် ပုံမှန်ပွဲကစားခွင့်ရဖို့ မသေချာတာကြောင့် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 276
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇
ဘိုင်ယန်မြူးနစ်အသင်းနဲ့ တိုက်စစ်မှူး ဟာရီကိန်းတို့ဟာ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ် လို့ အသင်းအားကစား ဒါရိုက်တာ မက်ဇ်အီဘာလ်က ပြောခဲ့ပါတယ်။
၂၀၂၃ ခုနှစ်နွေရာသီမှာ စပါးအသင်းကနေ ယူရိုသန်း ၁၀၀ နဲ့ ရောက်ရှိလာခဲ့တဲ့ ဟာရီကိန်းနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ ၂၀၂၇ ခုနှစ် နွေရာသီဆိုရင် ကုန်ဆုံးတော့မှာပါ။
ဘွန်ဒက်လီဂါ လက်ရှိ ချန်ပီယံအသင်းဟာ တိုက်စစ်မှူး ဟာရီကိန်းကို အသင်းမှာ ၂၀၂၈ ဒါမှမဟုတ် ၂၀၂၉ ခုနှစ် နွေရာသီအထိ စာချုပ် သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာ မတ်ဇ်အီဘာလ်က “ကျနော်တို့ ဟာရီကိန်းနဲ့ စကားပြောပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ တစ်ချိန်ချိန်မှာ ဆုံးဖြတ်ချက်တစ်ခု ချရမယ်ဆိုတာ လူတိုင်းသိပါတယ်”လို့ Sky Germany ကို ပြောခဲ့တာပါ။

ဟာရီကိန်းကို တွေ့ရစဉ်
အသက် ၃၂ နှစ်အရွယ်ရှိ အင်္ဂလန်အသင်း ခေါင်းဆောင်ဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၁၂၆ ပွဲ ကစားထားပြီး ၁၁၉ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု အကြိမ် ၃၀ ပြုလုပ်ထားပါတယ်။
ဟာရီကိန်းဟာ ဘွန်ဒက်လီဂါသမိုင်းမှာ ဂိုးပါဝင်မှု ၁၀၀ အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်း တင်ထားတာပါ။
ဟာရီကိန်းဟာ နွေရာသီမှာ ပရီးမီးယားလိဂ်ထံ ပြန်လာဖွယ် ရှိတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းမှာ ဆက်ရှိမယ့် အရိပ်အမြွက် ပြောထားခဲ့ပါတယ်။
ဟာရီကိန်းဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံပွဲ ၃၀ ကစားထားပြီး ၃၄ ဂိုးသွင်းယူကာ အသင်းကို ဘွန်ဒက်လီဂါ ထိပ်ဆုံးနေရာနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဆင့် ၂ နေရာ ရပ်တည်အောင် ကူညီ ပေးထားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း CEO ဒရီးဆန်က ဟာရီကိန်းနဲ့ သူ့မိသားစုဟာ မြူးနစ်မှာ အခြေကျနေပြီဖြစ်လို့ အလျင် စလိုလုပ်ဖို့ အကြောင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 272
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆
ချန်ပီယံရှစ်ကလပ် လက်စတာအသင်းဟာ ရလဒ်ဆိုးတွေကြောင့် အသင်းကို ကိုင်တွယ်တာ ၆ လကျော်သာ ရှိသေးတဲ့ နည်းပြ မာတင်စီ ဖူအန်တက်စ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။
လက်စတာအသင်းဟာ QPR အသင်းကနေ ထွက်ခွာခဲ့တဲ့ မာတင်စီ ဖူအန်တက်စ်ကို ပြီးခဲ့တဲ့ ဇူလိုင်လမှာ နည်းပြ သစ်အဖြစ် နစ္စတယ်ရွိုင်းရဲ့ နေရာမှာ အစားထိုး ခန့်အပ်ခဲ့တာပါ။
လက်စတာအသင်းဟာ နည်းပြ မာတင်စီ ဖူအန်တက်စ်ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် ၂ နှစ်ခွဲကျော်အတွင်း မှာ ၇ ဦးမြောက် အမြဲတမ်းနည်းပြကို ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ လက်စတာအသင်းဟာ ပထမအသင်းနည်းပြ အန်ဒီကင်းကို ယာယီနည်းပြအဖြစ် တာဝန်ပေး ထားတယ်လို့ ကြေညာထားပါတယ်။
လက်စတာအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံရှစ်ပွဲစဉ်မှာ အောက်စဖို့ဒ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေး နိမ့်ခဲ့ပါတယ်။
လက်စတာအသင်းဟာ ဒီရှုံးပွဲကြောင့် ဒီရာသီ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၁၁ ပွဲ ရှုံးပွဲ ကြုံတွေ့ထားပြီး အဆင့် ၁၄ နေရာမှာ ရပ်တည်နေကာ ပလေးအော့ဖ် ဝင်ခွင့်နဲ့ အမှတ်ကွာဟနေတာ ဖြစ်ပါတယ်။

နည်းပြ မာတင်စီ ဖူအန်တက်စ်ကို တွေ့ရစဉ်
အဲ့ဒါကြောင့် လက်စတာအသင်းဟာ နည်းပြကို ထုတ်ပယ်ဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ရတယ်လို့ ထုတ်ပြန် ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားတာပါ။
လက်စတာအသင်းဟာ ပြီးခဲ့တဲ့နှစ် မေလတုန်းက EFL ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှုနဲ့ စွဲချက်တင် ခံထားရ ပြီး အမှတ်လျှော့ ခံရဖွယ်လည်း ရှိနေပါတယ်။
လက်စတာအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲထံ တန်းပြန်တက်ချိန်မှာ ဘဏ္ဍာရေး အခြေအနေကြောင့် လူစာရင်း အင်အား ကောင်းမွန်အောင် မလုပ်နိုင်ခဲ့တဲ့အတွက် တန်းပြန်ဆင်းခဲ့ရပြီး ဒီရာသီ ချန်ပီယံရှစ် ပြိုင်ပွဲမှာလည်း ရုန်းကန် နေရတာပါ။
ချန်ပီယံရှစ် နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့တဲ့ လက်စတာအသင်းဟာ လာမယ့်လိဂ်ပွဲအဖြစ် ချာလ်တန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
