CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇
ဘိုင်ယန်မြူးနစ်အသင်းနဲ့ တိုက်စစ်မှူး ဟာရီကိန်းတို့ဟာ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ် လို့ အသင်းအားကစား ဒါရိုက်တာ မက်ဇ်အီဘာလ်က ပြောခဲ့ပါတယ်။
၂၀၂၃ ခုနှစ်နွေရာသီမှာ စပါးအသင်းကနေ ယူရိုသန်း ၁၀၀ နဲ့ ရောက်ရှိလာခဲ့တဲ့ ဟာရီကိန်းနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ ၂၀၂၇ ခုနှစ် နွေရာသီဆိုရင် ကုန်ဆုံးတော့မှာပါ။
ဘွန်ဒက်လီဂါ လက်ရှိ ချန်ပီယံအသင်းဟာ တိုက်စစ်မှူး ဟာရီကိန်းကို အသင်းမှာ ၂၀၂၈ ဒါမှမဟုတ် ၂၀၂၉ ခုနှစ် နွေရာသီအထိ စာချုပ် သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာ မတ်ဇ်အီဘာလ်က “ကျနော်တို့ ဟာရီကိန်းနဲ့ စကားပြောပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ တစ်ချိန်ချိန်မှာ ဆုံးဖြတ်ချက်တစ်ခု ချရမယ်ဆိုတာ လူတိုင်းသိပါတယ်”လို့ Sky Germany ကို ပြောခဲ့တာပါ။

ဟာရီကိန်းကို တွေ့ရစဉ်
အသက် ၃၂ နှစ်အရွယ်ရှိ အင်္ဂလန်အသင်း ခေါင်းဆောင်ဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၁၂၆ ပွဲ ကစားထားပြီး ၁၁၉ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု အကြိမ် ၃၀ ပြုလုပ်ထားပါတယ်။
ဟာရီကိန်းဟာ ဘွန်ဒက်လီဂါသမိုင်းမှာ ဂိုးပါဝင်မှု ၁၀၀ အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်း တင်ထားတာပါ။
ဟာရီကိန်းဟာ နွေရာသီမှာ ပရီးမီးယားလိဂ်ထံ ပြန်လာဖွယ် ရှိတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းမှာ ဆက်ရှိမယ့် အရိပ်အမြွက် ပြောထားခဲ့ပါတယ်။
ဟာရီကိန်းဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံပွဲ ၃၀ ကစားထားပြီး ၃၄ ဂိုးသွင်းယူကာ အသင်းကို ဘွန်ဒက်လီဂါ ထိပ်ဆုံးနေရာနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဆင့် ၂ နေရာ ရပ်တည်အောင် ကူညီ ပေးထားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း CEO ဒရီးဆန်က ဟာရီကိန်းနဲ့ သူ့မိသားစုဟာ မြူးနစ်မှာ အခြေကျနေပြီဖြစ်လို့ အလျင် စလိုလုပ်ဖို့ အကြောင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။
Source: BBC
