CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇

ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း ပါတိုဟာ လိဂ်တူးကလပ် ကိုလ်ချက်စတာအသင်းမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

ကလပ်အသင်း အများအပြားမှာ ကစားခဲ့တဲ့ ပါတိုရဲ့ အကောင်းဆုံးအချိန်ကတော့ အေစီမီလန်အသင်းမှာ ကစားခဲ့တဲ့ ၂၀၀၇ ကနေ ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပါတယ်။

ပါတိုဟာ ၂၀၁၅-၁၆ ရာသီအတွင်း ချယ်လ်ဆီးအသင်းမှာ ကာလတို အငှားကစားခဲ့ပြီး ပရီးမီးယားလိဂ် ၂ ပွဲမှာ ၁ ဂိုး သွင်းခဲ့ပါတယ်။ 

ဘရာဇီးလ် တိုက်စစ်မှူးဟောင်းဟာ အသက် ၃၆ နှစ်အရွယ်မှာ ကစားသမား ဘဝကနေ အနားယူခဲ့ပေမယ့် ဘောလုံးလောကမှာ ဆက်ပြီးရှိနေဖို့ စိတ်အားထက်သန်နေတာပါ။

The Daily Gazette က ပါတိုဟာ အင်္ဂလိပ်ဘောလုံးရဲ့ စတုတ္ထတန်းမှာ ယှဉ်ပြိုင်နေတဲ့ အသင်းတစ်သင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ 

ပါတိုကို တွေ့ရစဉ်

ပါတိုဟာ ကလပ်အသင်းမှာ ရင်းနှီးမြှုပ်နှံဖို့ အလားအလာနဲ့ ပတ်သက်ပြီး ကိုလ်ချက်စတာအသင်း တာဝန်ရှိ သူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ အဆိုပါသတင်းရဲ့ဖော်ပြချက်ထဲမှာ ပါရှိပါတယ်။ 

စနေနေ့က ကိုလ်ချက်စတာနဲ့ ဖလီးဝုဒ်တောင်း အသင်းတို့ရဲ့ပွဲကို တက်ရောက်ကြည့်ရှုခဲ့တဲ့ ဧည့်သည်အုပ်စု တစ်ခုမှာ ပါတိုပါဝင်တယ်လို့ သိရပါတယ်။ 

ကိုလ်ချက်စတာအသင်း အကြီးအကဲ ရော်ဘီကောင်းလင်းဟာ ဒီပွဲမတိုင်မီမှာ ပါတိုကို ကွင်းထဲခေါ်ဆောင်သွား ခဲ့တာ ဖြစ်ပါတယ်။ 

ပါတိုအနေနဲ့ ကိုလ်ချက်စတာကို ဝယ်ယူမယ့် လုပ်ငန်းအစုအဖွဲ့တစ်ခုမှာ ပါဝင်မယ်ဆိုရင် သူ့ရဲ့အခန်းကဏ္ဍက ဘယ်လိုဖြစ်လာမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ကိုလ်ချက်စတာအသင်းဟာ လိဂ်တူးမှာ နောက်ဆုံး ၆ ပွဲဆက်တိုက် ရှုံးပွဲမရှိဘဲ အဆင့် ၈ နေရာမှာ ရပ်တည်နေ သလို အဆင့် ၃ နေရာက အသင်းနဲ့ ၅ မှတ်သာကွာဟပါတယ်။ 

ကိုလ်ချက်စတာအသင်းဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလိပ်ဘောလုံးရဲ့ တတိယတန်းထံ တန်းတက်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ 

Source: sportsmole