CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅
ဘရာဇီးလ်နောက်ခံလူဟောင်း သီယာဂိုဆေးလ်ဗားဟာ ကစားသမားဘဝကနေ အနားယူဖို့ နီးကပ်လာချိန်မှာ သူကစားခဲ့တဲ့ အသင်းတွေ အားလုံးကို နည်းပြဖို့ ရည်ရွယ်ထားတယ်လို့ ထုတ်ပြောခဲ့ပါတယ်။
သီယာဂိုဆေးလ်ဗားက “ကျနော် နည်းပြဖြစ်လာတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ရည်မှန်းချက်တစ်ခု ချမှတ်ထားပါ တယ်။ ဒါကတော့ ကျနော်ကစားခဲ့တဲ့ အသင်းတွေ အားလုံးကို နည်းပြဖို့ပါ”လို့ L’Equipe နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ သီယာဂိုဆေးလ်ဗားဟာ PSG အသင်း မှာ ၈ ရာသီကြာ ကစားခဲ့ပြီး ဆုဖလားပေါင်း ၁၉ ခု ရယူနိုင်ခဲ့သလို ဘရာဇီးလ် လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၀၀ ကျော်ကစားပြီး ကိုပါအမေရိကနဲ့ ကွန်ဖက်ဒရေးရှင်းဖလားတို့ကို ရရှိခဲ့ပါတယ်။
သီယာဂိုဆေးလ်ဗားဟာ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ချိန်မှာလည်း ခြေစွမ်းပြသနိုင်ခဲ့ပြီး ချန်ပီယံလိဂ်၊ ဥရောပ စူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကို ရယူနိုင်ခဲ့တာပါ။

သီယာဂိုဆေးလ်ဗားကို တွေ့ရစဉ်
အသက် ၄၁ နှစ်အရွယ်ရှိ သီယာဂိုဆေးလ်ဗားဟာ လက်ရှိအချိန်မှာ သူ့ရဲ့ ငယ်ဘဝကလပ် ဖလူမီနန့်စ်အသင်းမှာ ကစားနေတာ ဖြစ်ပါတယ်။
သီယာဂိုဆေးလ်ဗားက သူဟာ ကစားသမားဘဝကနေ အနားယူပြီးချိန်မှာ နည်းပြလောကထဲကို ဝင်ရောက်ချင် ကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီး သူကစားခဲ့တဲ့ အသင်းတွေကို ကိုင်တွယ်ဖို့ ရည်ရွယ်ထားတာပါ။
သီယာဂိုဆေးလ်ဗားဟာ သူ့ရဲ့ ကစားသမားဘဝမှာ ဘရာဇီးလ်ကလပ်တွေဖြစ်တဲ့ ဖူတီဘောလ်၊ ဂျူဗင်တူဒီ၊ ဖလူမီနန့်စ်၊ ဥရောပ ထိပ်သီးတွေဖြစ်တဲ့ ပေါ်တို၊ အေစီမီလန်၊ PSG နဲ့ ချယ်လ်ဆီးအသင်းတို့မှာ ကစားခဲ့ပါတယ်။
သီယာဂိုဆေးလ်ဗားဟာ ချယ်လ်ဆီးအသင်းနဲ့ နီးကပ်စွာ ချိတ်ဆက်မှုရှိနေပြီး မကြာသေးမီက သူ့ရဲ့သားဖြစ်သူ အီဆာဂိုဆေးလ်ဗားဟာ လန်ဒန်ကလပ်နဲ့ စာချုပ်ချုပ်ဆိုထားဖြစ်ပါတယ်။
Source: Metro
