CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅

စပါးအသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ပြီးနောက် အသင်းရဲ့ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကို နည်းပြ သောမတ်စ်ဖရန့်ခ်က ဒေါသထွက်ပြီး စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။ 

သောမတ်စ်ဖရန့်ခ်က “အလွန်စိတ်ပျက်ဖို့ ကောင်းသလို ဒေါသလည်း ထွက်ပါတယ်။ တော်တော်လေး ဆိုးရွားတဲ့ စွမ်းဆောင်ရည်ပါ။ ကျနော်တို့ဟာ ဘောလုံးပြန်ရတဲ့ အချိန်တိုင်း ဘောလုံးကို ပြန်ပြီး ဆုံးရှုံးနေရသလိုပါပဲ။ ရိုးရှင်း တဲ့ ဘောလုံးပေးပို့မှုတွေလည်း ဆုံးရှုံးခဲ့ပါတယ်။ ပိုကောင်းတဲ့အသင်းက နိုင်ပွဲရခဲ့တာပါ။ ကျနော်တို့ဟာ ပိုပြီး တသမတ်တည်းဖြစ်အောင် လုပ်ဖို့လိုအပ်ပါတယ်”လို့ ပြောခဲ့တာပါ။ 

ပြီးခဲ့တဲ့နွေရာသီမှာ စပါးအသင်းကို စတင်တာဝန်ယူခဲ့တဲ့ နည်းပြ သောမတ်စ်ဖရန့်ခ်ဟာ သူ့ရဲ့ လက်ထက်မှာ ပထမဆုံးအကြိမ်အဖြစ် အသင်းကို ၃ ပွဲဆက်တိုက် နိုင်ပွဲရရှိအောင် ကိုင်တွယ်နိုင်ဖို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် စပါးအသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ဆိုးရွားတဲ့ စွမ်းဆောင်ရည်နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ တာကြောင့် နည်းပြ သောမတ်စ်ဖရန့်ခ်ဟာ သူ့ရဲ့ စိတ်ပျက်မှုကို ဖုံးကွယ်နိုင်ခဲ့ခြင်းမရှိတာပါ။ 

ဒီပွဲမှာ စပါးအသင်းဟာ အမှားအယွင်းတွေကနေ သွင်းဂိုး ၂ ဂိုးခွင့်ပြုခဲ့ရတာဖြစ်ပြီး သောမတ်စ်ဖရန့်ခ်က ဒါက တစ်ဦးချင်း အမှားတွေကြောင့် ဖြစ်ပေမယ့် အနိုင်ရလည်း အတူတူ ရှုံးနိမ့်လည်း အတူတူ ဖြစ်ရမယ်လို့ ပြောခဲ့ပါ တယ်။

စပါးအသင်း ယှဉ်ပြိုင်နေစဉ်

စပါးအသင်းဟာ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ်အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီး လာမယ့်လိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

နည်းပြ ရှောင်ဒိုက် ကိုင်တွယ် ပြီးနောက်ပိုင်း ရလဒ်ကောင်းတွေ ပြန်ရလာခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းက တော့ တန်းဆင်းဇုန်နဲ့ ၅ မှတ်အကွာ အဆင့် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။

နည်းပြရှောင်ဒိုက်က ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုခဲ့ပြီး ပိုကောင်းအောင် ဆက်လုပ် ရဦးမယ်လို့ ပြောခဲ့ပါတယ်။ 

Source: CNA