- By CNI
- Category: အားကစား
- Hits: 350
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆
ပေါ်တူဂီနဲ့ ယူနိုက်တက်အသင်း တောင်ပံကစားသမားဟောင်း နာနီဟာ အနားယူတာကနေ ပြန်လာပြီး ကာဇက်စတန်ကလပ် FC Aktobe အသင်းနဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိ နာနီဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့တာပါ။
အခုအချိန်မှာတော့ နာနီက FC Aktobe အသင်းထံ ရောက်ရှိခဲ့တဲ့အတွက် ပျော်ရွှင်ပြီး ကာဇက်စတန်နိုင်ငံရဲ့ ကလပ်အသင်းနဲ့ ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ကူညီနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
နာနီဟာ FC Aktobe အသင်းနဲ့ တစ်ရာသီ စာချုပ်ချုပ်ခဲ့ပြီး စာချုပ်ထဲမှာ ကလပ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အတွင်း တိုးချဲ့ထားတဲ့ အခန်းကဏ္ဍလည်း ပါဝင်တယ်လို့ ကာဇက်စတန်ကလပ်က ပြောခဲ့တာပါ။

နာနီကို တွေ့ရစဉ်
FC Aktobe အသင်းဟာ ပြီးခဲ့တဲ့ရာသီ ကာဇက်စတန် ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာနဲ့ ရာသီသိမ်းပြီး ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်နဲ့ ဝေးခဲ့ရတာဖြစ်ပါတယ်။
FC Aktobe အသင်းဟာ ကာဇက်စတန် ပရီးမီးယားလိဂ်ဖလားကို ၅ ကြိမ် ရယူနိုင်ခဲ့ပြီး ကာဇက်စတန်ဖလားနဲ့ စူပါဖလားတို့ကိုလည်း ရယူနိုင်ခဲ့ပါတယ်။
နာနီဟာ ၂၀၀၇ ခုနှစ်မှာ စပို့တင်းလစ္စဘွန်းအသင်းကနေ ယူနိုက်တက် အသင်းကို ရောက်ရှိလာခဲ့ပြီး ၈ ရာသီကြာ ရှိခဲ့ကာ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလားအောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပါတယ်။
နာနီဟာ ဖီနာဘာချီ၊ ဗလင်စီယာ၊ လာဇီယို၊ အော်လန်ဒိုစီးတီး၊ ဗီနီဇီယာ၊ မဲလ်ဘုန်းဗစ်ထရီနဲ့ အဒါနာဒီမာစပေါ် အသင်းတွေမှာလည်း ကစားခဲ့တာပါ။
နာနီဟာ ပေါ်တူဂီအသင်းအတွက် ၁၁၂ ပွဲ ကစားခဲ့ပြီး ၂၄ ဂိုးသွင်းယူကာ ယူရို ၂၀၁၆ ဖလား ရယူနိုင်ခဲ့ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 290
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆
လီဗာပူးလ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘယ်နောက်ခံလူ ရော်ဘတ်ဆန်ကို ပရီးမီးယားလိဂ်ပြိုင်ဘက် စပါးအသင်းထံ ရောင်းချဖွယ်မရှိဘူးလို့ ဘီဘီစီ အပါအဝင် ဗြိတိန်မီဒီယာ အများအပြားက ဖော်ပြထားပါတယ်။
ဒီရာသီကုန်ရင် စာချုပ်ကုန်ဆုံးတော့မယ့် ရော်ဘတ်ဆန်အတွက် စပါးအသင်းရဲ့ ပေါင် ၅ သန်းနဲ့ ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်းဟာ စဉ်းစားမှုတွေ ပြုလုပ်ခဲ့ပေမယ့် ရှေ့ဆက်မသွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ချန်ပီယံလိဂ် ပွဲအပြီးမှာ ကလပ်အသင်း ၂ သင်းဟာ အပြောင်းအရွှေ့ ဖြစ်လာနိုင်တဲ့ မူအရ သဘောတူညီမှု ရခဲ့ကြပါတယ်။
ဒါပေမယ့် ဒီသဘောတူညီမှုထဲမှာ လီဗာပူးလ်အသင်းဟာ ရိုးမားအသင်းထံ အငှားချထားတဲ့ ဆီမီကက်စ်ကို ပြန်လည် ခေါ်ယူနိုင်မှုအပေါ် မူတည်ခဲ့ပြီး ဒါကလည်း အခုအချိန်ထိ ဖြစ်လာခြင်း မရှိသေးပါဘူး။
ဘုန်းမောက်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူးလ်အသင်းရဲ့ နောက်ခံလူ ဂိုးမက်ဇ် ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

ရော်ဘတ်ဆန်ကို တွေ့ရစဉ်
စကော့တလန်အသင်း ခေါင်းဆောင်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ ပုံမှန်ကစားခွင့် ရချင်နေပေမယ့် စပါး အသင်းထံ အပြောင်းအရွှေ့ကို တွန်းအားပေးခြင်းမရှိတာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာ ဟားလ်စီးတီးအသင်းကနေ ရောက်လာခဲ့တဲ့ ရော်ဘတ်ဆန်ဟာ လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း ၃၆၀ ကျော်ကစားထားပြီး ပရီးမီးယားလိဂ် ၂ ကြိမ်၊ချန်ပီယံလိဂ် ၁ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၉ ခု ရယူထားနိုင်ခဲ့ပါတယ်။
နည်းပြဟောင်း ကလော့ပ် လက်ထက်မှာ အဓိက ဦးစားပေးဖြစ်ခဲ့တဲ့ ရော်ဘတ်ဆန်ဟာ ဒီရာသီနည်းပြ အာနီ ဆလော့ လက်ထက်မှာ အရန်ကစားသမားအဖြစ်သာ ပါဝင်နေရတာ ဖြစ်ပါတယ်။
ဘုန်းမောက်အသင်းနဲ့ပွဲအပြီးမှာ လီဗာပူးလ်အသင်း ခေါင်းဆောင် ဗန်ဒိုက်က ရော်ဘတ်ဆန်ကို အသင်းရဲ့ အလွန် အရေးကြီးတဲ့ သူတစ်ဦးလို့ ခေါ်ကာ သူ့ကိုအသင်းမှာ ဆက်နေစေချင်တယ်လို့ ပြောခဲ့ပါတယ်။
လက်ရှိ ချန်ပီယံ လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး ၅ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေပြီး အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 397
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆
ယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် နည်းပြမိုက်ကယ်ကာရစ်က ရှေ့မှာကြီးမားတဲ့ ပွဲတွေလာဖို့ရှိသလို ၂ ပွဲဆက် အနိုင်ရရှိခဲ့တာက ယုံကြည်မှုတွေ အများကြီးရနိုင်တယ်လို့ ပြောခဲ့ပါတယ်။
မိုက်ကယ်ကာရစ်က “ကျနော်တို့မှာ ပွဲကြီးတွေ၊ ကြီးမားတဲ့ပွဲတွေလာဖို့ ရှိတော့မှာပါ။ ဘာလို့လဲဆိုရင် နောက်ထပ် ပွဲတိုင်းက ကြီးမားတဲ့ပွဲတွေ ဖြစ်လို့ပါ။ ကျနော်တို့ဟာ တိုးတက်အောင် ဆက်ပြီးလုပ်ရမယ့် အရေးကြီးတဲ့ အရာ တွေ ရှိနေပါသေးတယ်။ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ကို အနိုင်ရခဲ့တဲ့ ပွဲတွေကနေ စိတ်ခံစားမှုတွေ၊ စွမ်းအင် တွေနဲ့ ယုံကြည်မှုတွေ အများကြီး ရနိုင်ပါတယ်။ ဒါပေမယ့် နှိမ့်ချပြီး ဒီရလဒ်တွေကို ကျနော်တို့ ဘယ်လိုရယူခဲ့ရလဲ ဆိုတာ နားလည်ရမယ်”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ အမ်ဘူမို၊ ဒေါ်ဂူ၊ ကွန်ညာတို့ရဲ့ သွင်းဂိုးတွေနဲ့ အာဆင်နယ်အသင်းကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် အဝေးကွင်းပွဲမှာ နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မိုက်ကယ်ကာရစ်ကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၄ နေရာကို တက်နိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းကတော့ ဒီပွဲအရေးနိမ့်မှုကြောင့် ဒီရာသီ သူတို့ရဲ့အိမ်ကွင်းမှာ ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့သလို အဆင့် ၂ နေရာက မန်စီးတီးနဲ့ အဆင့် ၃ နေရာက အက်စတွန်ဗီလာအသင်းတို့ကို ၄ မှတ်သာ ဖြတ်ထားနိုင်တော့ ပါတယ်။
ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြအဖြစ် ရာသီကုန်အထိ တာဝန်ပေးခြင်း ခံထားရတဲ့ ကာရစ်ဟာ သူ့ရဲ့ ပထမဆုံးပွဲမှာ မန်စီးတီးအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့သလို အာဆင်နယ်အသင်း ကိုလည်း အနိုင်ရလဒ် ရယူပေးခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ပြည်တွင်းဖလား ပြိုင်ပွဲတွေကနေ ထွက်ခွာထားရလို့ ရာသီကုန်အထိ ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်ခုတည်းသာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အဲ့ဒါကြောင့် မိုက်ကယ်ကာရစ်က လက်ကျန်ပွဲတိုင်းကို အာရုံစိုက်ဖို့ အရေးကြီးတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဒါ့ပြင် မိုက်ကယ်ကာရစ်က ယူနိုက်တက်အသင်းရဲ့ အမြဲတမ်း နည်းပြရာထူးနဲ့ပတ်သက်ပြီး သူအပတ်တိုင်း ဖြေနေမှာ မဟုတ်ဘဲ သူလုပ်နိုင်သလောက် ဆက်ပြီး လုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် ဖူလ်ဟမ်အသင်းကို အိမ်ကွင်းလက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 376
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၄
ပြင်သစ်တိုက်စစ်မှူး မာတီတာဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ထွက်ခွာဖွယ် ရှိတယ်လို့ သတင်းထွက် နေပေမယ့် နည်းပြဂလက်စ်နာက သူဟာ ချယ်လ်ဆီးအသင်းနဲ့ပွဲမှာ အသင်းအတွက် ပါဝင်မယ်လို့ ပြောခဲ့ပါတယ်။
ဂလက်စ်နာက “အလွန်ရှင်းပါတယ်။ ကမ်းလှမ်းမှု တစ်စုံတစ်ခု မရောက်လာသေးသလို သူကလည်း အပြောင်း အရွှေ့ တောင်းဆိုမှု မလုပ်ရသေးပါဘူး။ အဲ့ဒါကြောင့် သူဟာ ချယ်လ်ဆီးအသင်းနဲ့ပွဲမှာ ပါဝင်ကစားမှာပါ။ လွန်ခဲ့တဲ့ ၂ ပတ်က ကျနော် ပြောခဲ့တာကို ထပ်ပြောချင်ပါတယ်။ ကစားသမားတိုင်းအတွက် ကလပ်အသင်းက အိုကေဆိုပြီး ပြောထားတဲ့ ဈေးနှုန်းရှိပါတယ်”လို့ ပြောခဲ့တာပါ။
ဇန်နဝါရီ အပြောင်းအရွှေ့မှာ မာတီတာကို ခေါ်ယူဖို့ အက်စတွန်ဗီလာနဲ့ ဂျူဗင်တပ်စ်အသင်း အပါအဝင် အသင်း တချို့က စိတ်ဝင်စားနေတဲ့ သတင်းတွေကြောင့် သူဟာ အသင်းကနေ ထွက်ခွာချင်နေတယ်လို့ ဗြိတိန်မီဒီယာ တွေက ဖော်ပြထားပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဒီအပြောင်းအရွှေ့မှာ အသင်းခေါင်းဆောင် ဂူဟီကို မန်စီးတီးအသင်းထံ ပေါင်သန်း ၂၀ နဲ့ရောင်းချခဲ့ပြီးနောက် နည်းပြဂလက်စ်နာက သူ့ရဲ့ ကစားသမားတွေကို မထွက်ခွာအောင် ထိန်းသိမ်းဖို့ စိတ်အားထက်သန်နေပါတယ်။

မာတီတာကို တွေ့ရစဉ်
မာတီတာဟာ ဒီရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၀ ဂိုး သွင်းယူထားပြီး ထိပ်တန်းဂိုးသွင်းရှင် အဖြစ် ရပ်တည်နေပေမယ့် ပရီးမီးယားလိဂ် နောက်ဆုံး ၉ ပွဲမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
ဒီရာသီကုန်ရင် ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ထွက်ခွာမယ့် နည်းပြဂလက်စ်နာဟာ အသင်းရဲ့နည်းပြအဖြစ် ကျန်ရှိနေတဲ့ သူ့ရဲ့အချိန်တွေအတွက် ၁၀၀ ရာခိုင်နှုန်း ပေးဆပ်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းကို FA ဖလားနဲ့ ကွန်မြူနတီဒိုင်းရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ ဂလက်စ်နာဟာ အသင်းက အဓိက ကစားသမားတွေကို ရောင်းချခဲ့တဲ့အပေါ် စိတ်ပျက်ပြီး အသင်းအကြီးအကဲတွေဟာ သူ့ရဲ့ အသင်းကို စွန့်ပစ်ခဲ့တယ်လို့ ခံစားရကြောင်း ဆန်းဒါးလန်းအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ပြောခဲ့တာပါ။
ဂလက်စ်နာက သူပြောခဲ့တဲ့ မှတ်ချက်ကို နောင်တမရဘူးလို့လည်း ပြောခဲ့ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 424
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၄
အာဆင်နယ်အသင်းဟာ လူငယ်ကြယ်ပွင့် ဝမ်နရီကို မာဆေးလ်အသင်းထံ အငှားမချမီ ဝက်စ်ဟမ်းအသင်းရဲ့ အငှားနဲ့ခေါ်ယူဖို့ ချဉ်းကပ်မှုကို ငြင်းပယ်ခဲ့ပါတယ်။
တန်းဆင်းဇုန်ထဲ ကျရောက်နေတဲ့ ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ်မှာ ဆက်ပြီးရှိနေနိုင်အောင် တိုက်ပွဲဝင် ဖို့အတွက် ဝမ်နရီကို ရာသီကုန်အထိ ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တာပါ။
ဒါပေမယ့် အာဆင်နယ်အသင်းက ဝက်စ်ဟမ်းအသင်းရဲ့ လက်ရှိအခြေအနေဟာ သူတို့နဲ့ ဆန့်ကျင်ဘက် ဖြစ်နေ ကြောင်းနဲ့ ဝမ်နရီကို ပြည်ပကလပ်တွေထံ စေလွှတ်ဖို့သာ ဦးစားပေးခဲ့တယ်လို့ talkSPORT က ဖော်ပြထားပါ တယ်။
ဝမ်နရီဟာ ပြီးခဲ့တဲ့ရက်ကမှ ဘရိုက်တန်အသင်း နည်းပြဟောင်း ဒီဇာဘီကိုင်တွယ်နေတဲ့ မာဆေးလ်အသင်းထံ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။

ဝမ်နရီကို တွေ့ရစဉ်
ဝမ်နရီဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၂ ပွဲ ကစားထားပြီး ၁ ဂိုး သွင်းယူထားပေမယ့် ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရသလို ပွဲကစားချိန် မိနစ် အများအပြားရရှိဖို့ ခက်ခဲနေတာ ဖြစ်ပါ တယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာက ပါရမီရှိတဲ့ လူငယ်ကစားသမားတွေဟာ ပွဲကစားချိန် လိုအပ်တဲ့အတွက် ဝမ်နရီရယ်၊ သူ့အဖေ၊ အေးဂျင်နဲ့ကလပ်တို့ဟာ ဆွေးနွေးမှုတွေ ပြုလုပ်ပြီး အငှားနဲ့ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အာတီတာက မာဆေးလ်အသင်းနည်းပြ ဒီဇာဘီဟာ လူငယ် ကစားသမားတွေကို တိုးတက်အောင် ပြုလုပ် နိုင်ပေးနိုင်တဲ့သူ ဖြစ်တာကြောင့် သူ့အတွက် အလွန်ကောင်းမွန်တဲ့ အတွေ့အကြုံ ဖြစ်လာမှာပါလို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းနဲ့ ၂၀၃၀ ရာသီကုန်အထိ စာချုပ်ရှိနေတဲ့ ဝမ်နရီဟာ လန်ဒန်ကလပ်အတွက် ပွဲပေါင်း ၅၁ ပွဲ ကစားထားပြီး ၁၀ ဂိုး သွင်းယူထားပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 382
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၄
ဝိန်းရွန်နီရဲ့ အကြီးဆုံးသားဖြစ်သူ ကိုင်ရွန်နီဟာ ဖခင်ဖြစ်သူရဲ့ ခြေရာအတိုင်းနင်းပြီး အိုးထရက်ဖို့ဒ်မှာ သူ့ရဲ့ ပထမဆုံးပွဲအဖြစ် FA Youth Cup ပွဲမှာ ယူနိုက်တက် ယူ-၁၈ အသင်းအတွက် ပါဝင်ကစားခဲ့ပါတယ်။
ယူနိုက်တက်အသင်းက ဒါဘီအသင်းကို အချိန်ပိုမှာ ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ပဉ္စမအဆင့်တက်ခဲ့တဲ့ ဒီပွဲမှာ ကိုင်ရွန်နီဟာ လူစားဝင်အဖြစ် ပါဝင်ကစားခဲ့တာပါ။
ဝိန်းရွန်နီနဲ့ ကောလင်းတို့ကလည်း သားဖြစ်သူရဲ့ အိုးထရက်ဖို့ဒ် ပွဲဦးထွက်ကို တက်ရောက် ကြည့်ရှုခဲ့ပါတယ်။
ဒီပွဲကို ယူနိုက်တက်အသင်း ယာယီနည်းပြ မိုက်ကယ်ကာရစ်နဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေ၊ အသင်းအကြီး အကဲဝီလ်ကော့စ်တို့လည်း ကြည့်ရှုခဲ့ကြပါတယ်။
ကိုင်ရွန်နီဟာ ပြီးခဲ့တဲ့လက ယူ-၁၈ လိဂ်ဖလားပွဲမှာ ယူနိုက်တက်အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဒီပွဲတွေ ကို အသင်းရဲ့ အိမ်ကွင်းအဖြစ် အသုံးပြုနေတဲ့ ကာရင်တန် လေ့ကျင့်ရေးစခန်းမှာ ကစားခဲ့ရတာပါ။

ကိုင်ရွန်နီ ကစားနေတာကို လာကြည့်သူတွေကို တွေ့ရစဉ်
ကိုင်ရွန်နီဟာ ယူနိုက်တက်အသင်း အကယ်ဒမီကို အသက် ၁၁ နှစ်အရွယ် ၂၀၂၀ ခုနှစ်မှာ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး လူငယ်အသင်းတွေမှာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
ကိုင်ဟာ သူငယ်ငယ်လေးတုန်းက အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ဖခင်ဖြစ်သူ ဝိန်းရွန်နီနဲ့အတူ ရှိခဲ့တဲ့ပုံကို ပြီးခဲ့တဲ့ ရက်ပိုင်းက အင်စတာဂရမ်မှာ တင်ခဲ့ပြီး ယူ-၁၈ အသင်းနဲ့ အိုးထရက်ဖို့ဒ်မှာ ပွဲဦးထွက်မယ့် အကြောင်းကို ပြောခဲ့တာပါ။
ဒါဘီအသင်းကို အနိုင်ရခဲ့တဲ့ ယူနိုက်တက်အသင်းဟာ FA Youth Cup ပဉ္စမအဆင့်မှာ အောက်စ်ဖို့ဒ် ယူနိုက်တက် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဝိန်းရွန်နီဟာ ယူနိုက်တက်အသင်းမှာ ၁၃ နှစ်ကြာ ကစားခဲ့ပြီး ၅၅၉ ပွဲမှာ ၂၅၃ ဂိုးသွင်းယူကာ အသင်းဂန္ထဝင် ဆာဘော်ဘီ ချာလ်တန်ရဲ့ ဂိုးသွင်း အများဆုံးစံချိန်ကို ချိုးဖျက်နိုင်ခဲ့သလို အသင်းနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတိုင်းမှာ ဆုဖလားရယူနိုင်ခဲ့ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 357
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၄
ချယ်လ်ဆီးအသင်းကြယ်ပွင့် ကိုးလ်ပါလ်မာဟာ အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် နည်းပြရိုစီနီယာက သူဟာ အသင်းမှာ အလွန်ပျော်ရွှင်နေတယ်လို့ ပြောခဲ့ပါတယ်။
ရိုစီနီယာက “ကျနော် သူနဲ့ အကြိမ်ပေါင်းများစွာ စကားပြောခဲ့ပြီး သူဟာ ဒီမှာရှိနေရတာကို အလွန်ပျော်ရွှင် နေပုံရပါတယ်။ သူက ကျနော်တို့ရဲ့ ရေရှည်အစီအစဉ်မှာ အဓိက အစိတ်အပိုင်း ဖြစ်ပါတယ်။ သူဟာ ထူးချွန်တဲ့ ကစားသမားဖြစ်ပြီး ကစားသမားတိုင်းဟာ ဒဏ်ရာကြောင့် သူတို့ရဲ့ ကစားသမားဘဝမှာ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းရပါတယ်”လို့ ပြောခဲ့တာပါ။
ကိုးလ်ပါလ်မာဟာ မန်စီးတီးအသင်းကနေ ရောက်ရှိလာပြီးကတည်းက ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၄၈ ဂိုး သွင်းယူထားပြီး ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ကိုးလ်ပါလ်မာဟာ ဒဏ်ရာတွေကြောင့် ဒီရာသီမှာ ပွဲကစားခွင့် အကန့်အသတ်နဲ့သာ ရရှိနေပြီး ဗြိတိန် မီဒီယာတွေက သူဟာ အိမ်လွမ်းမှုကြောင့် ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ လမ်းဖွင့်ထားတယ်လို့ ဖော်ပြ ထားတာပါ။

ကိုးလ်ပါလ်မာကို တွေ့ရစဉ်
ဘရန်ဖို့ဒ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပယ်နယ်တီကနေ ဂိုးသွင်းခဲ့တဲ့ ကိုးလ်ပါလ်မာ ဟာ ပါဖို့စ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
ကိုးလ်ပါလ်မာဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ ချယ်လ်ဆီးအသင်းအတွက် ပါဝင်နိုင်ဖို့ ရှိနေပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြ ရိုစီနီယာက ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲမှာ ရုပ်ပိုင်းဆိုင်ရာ တိုက်ပွဲအတွက် အသင့် ပြင်ထားရမှာဖြစ်ပြီး ဒီပွဲကို ပေါ့ပေါ့တန်တန် သဘောထားမှာ မဟုတ်ဘဲ အကောင်းဆုံးရလဒ်ရဖို့ ကြိုးပမ်းသွား မယ်လို့ ပြောခဲ့ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 387
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၃
ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ ကတ်စီမီရို ရာသီကုန်မှာ ထွက်ခွာမယ့်အကြောင်း အတည်ပြုပြီးနောက် ကြယ်ပွင့်ကစားသမား ကိုဘီမေနူးနဲ့ စာချုပ်ဆွေးနွေးမှုတွေ ပြန်ပြုလုပ်ဖို့ အသင့်ရှိနေပါတယ်။
ကိုဘီမေနူးဟာ နည်းပြဟောင်း အာမိုရင် လက်ထက်မှာ ပွဲကစားခွင့် မရတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ စီစဉ်ထားတာပါ။
ဒါပေမယ့် ယာယီနည်းပြ မိုက်ကယ်ကာရစ်က သူ့ကို မန်စီးတီးအသင်းနဲ့ပွဲမှာ ပွဲထွက်လူစာရင်းထဲ အသုံးပြုခဲ့ပြီး နောက် ယူနိုက်တက်အသင်းမှာ ဆက်ပြီးရှိနေနိုင်တာ ဖြစ်ပါတယ်။
ကိုဘီမေနူးနဲ့ ယူနိုက်တက်အသင်းရဲ့ စာချုပ်ဟာ ၁၈ လ ကျန်ရှိနေသလို နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့် လည်း ရှိနေပါတယ်။

ကိုဘီမေနူးကို တွေ့ရစဉ်
အင်္ဂလန်ကွင်းလယ်လူဟာ နည်းပြဟောင်း အာမိုရင် လက်ထက်တုန်းက ယူနိုက်တက်အသင်းမှာ သူ့ရဲ့အနာဂတ် မရေမရာဖြစ်ခဲ့ပြီး သူ့ကိုအသုံးမပြုတဲ့ အာမိုရင်ဟာ မကြာခဏဆိုသလို မီဒီယာတွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရတာပါ။
မိုက်ကယ်ကာရစ်ဟာ မန်စီးတီးအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကိုဘီမေနူးကို ကတ်စီမီရို၊ ဘရူနို ဖာနန်ဒက်စ်တို့နဲ့အတူ တွဲဖက်အသုံးပြုခဲ့ပြီး သူကလည်း ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
မိုက်ကယ်ကာရစ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ယူနိုက်တက်အသင်းဖော်ဟောင်း ရီယိုဖာဒီနန်နဲ့ စကားပြော ခဲ့ချိန်မှာ ယူနိုက်တက်အသင်းဟာ ကိုဘီမေနူးကို အခြေခံပြီး တည်ဆောက်သင့်တယ်လို့ အကြံပြုခဲ့တာပါ။
ကိုဘီမေနူးဟာ နည်းပြဟောင်း အဲရစ်တန်ဟတ် လက်ထက်မှာ အသင်းရဲ့အဓိက ကစားသမားဖြစ်ခဲ့ပြီး ယူနိုက်တက်အသင်းကို FA ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ကိုဘီမေနူး အနေနဲ့ စာချုပ်သစ် ချုပ်ခဲ့ရင် သူ့အသင်းဖော်တွေရဲ့ လုပ်ခလစာနဲ့ညီမျှတဲ့ လစာပမာဏကို တိုးမြှင့်ပြီး ရရှိမယ်လို့ Sky Sports က ဖော်ပြထားပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 389
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၃
ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း ဒီယေဂိုကော်စတာက အီတလီလူမျိုးနည်းပြ ကွန်တီဟာ အသင်းမှာရှိခဲ့တဲ့ အချိန်အတွင်း အမြဲတမ်း ဒေါသထွက်ခဲ့ပြီး ဘယ်သူ့မှ သူ့ကို ကြိုက်နှစ်သက်ခဲ့ခြင်း မရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။
ဒီယေဂိုကော်စတာက “သူဟာ တခြားသူတွေကို မယုံကြည်သလို အရာအားလုံးကို သူသိတယ်ဆိုပြီး ထင်နေတဲ့ သူပါ။ သူဟာ အမြဲတမ်း ဒေါသထွက်တဲ့အတွက် သူနဲ့လေ့ကျင့်ရတာကို မပျော်ရွှင်ပါဘူး။ ဘယ်သူ့ကမှ သူ့ကို မကြိုက် နှစ်သက်တာကြောင့်လည်း သူကြာကြာ မခံခဲ့တာပါ။ ပြီးခဲ့တာက ပြီးသွားပါပြီ”လို့ အိုဘီမီခေးလ် podcast ကို ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီယေဂိုကော်စတာကို ၂၀၁၄ ခုနှစ်မှာ အက်သလက်တီကို အသင်းကနေ ပေါင် ၃၂ သန်းနဲ့ ခေါ်ယူခဲ့ပြီး သူဟာ အသင်းမှာ လျင်မြန်စွာ အသားကျကာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်နဲ့ လိဂ်ဖလား ၁ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဒီယေဂိုကော်စတာဟာ ချယ်လ်ဆီးအသင်းထံ ကွန်တီ ရောက်ရှိလာအပြီးမှာ အဆင်မပြေမှု ရှိခဲ့တာပါ။

ကော်စတာနဲ့ မော်ရင်ဟိုကို တွေ့ရစဉ်
ဒီယေဂိုကော်စတာဟာ တရုတ်စူပါလိဂ်ရဲ့ ပြင်းထန်တဲ့ စိတ်ဝင်စားမှုတွေကြောင့် လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရသလို နည်းပြကွန်တီက သူ့ကိုအသင်းကနေ ထွက်ခွာနိုင်ကြောင်း နွေရာသီမှာ စာပေးပို့ပြီး အသိပေးခဲ့ ပါတယ်။
အဲ့ဒါကြောင့် ကော်စတာဟာ ချယ်လ်ဆီးအသင်းမှာ ၃ ရာသီကြာ ကစားပြီးနောက် အသင်းဟောင်း အက်သလက်တီကိုအသင်းထံ ပြန်ပြောင်းရွှေ့သွားခဲ့ပါတယ်။
ကော်စတာဟာ ဒီနောက်မှာ အက်သလက်တီကို မင်နဲရိုး၊ ဝုလ်ဗ်စ်၊ ဘိုတာဖိုဂိုနဲ့ ဂရီမီယိုအသင်းတွေမှာ ကစားခဲ့ပြီး လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေပါတယ်။
ကော်စတာက သူအနှစ်သက်ဆုံး နည်းပြက မော်ရင်ဟိုဖြစ်ပြီး သူ့ရဲ့ idol က ဒရော့ဘာ ဖြစ်တယ်လို့ ပြောခဲ့ပါ တယ်။
Source: metro
- By CNI
- Category: အားကစား
- Hits: 293
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၃
အက်စတွန်ဗီလာအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့ပြီးနောက် နည်းပြ အူနှိုင်း အမ်မရီက ဒီဆုဖလားကို ရယူနိုင်ဖို့ အိပ်မက်မက်နေပါတယ်။
အူနှိုင်းအမ်မရီက “ဒီပြိုင်ပွဲမှာ ဆုဖလားအတွက် ယှဉ်ပြိုင်တဲ့ သူဖြစ်ဖို့ ကျနော်တို့မှာ ရှင်းလင်းတဲ့ ရည်မှန်းချက်တွေ ရှိပါတယ်။ ချန်ပီယံလိဂ်ကစားဖို့ ဒီဆုဖလားလိုအပ်ရင် ဆုဖလားရယူနိုင်ဖို့ ယှဉ်ပြိုင်တဲ့သူ ဖြစ်ချင်ပါတယ်။ ကျနော် ဟာ ဒီအသင်းနဲ့ ဆုဖလားတွေ ရယူဖို့ အိပ်မက်မက်နေပြီး ယူရိုပါလိဂ်က ဒီနှစ်မှာ ကျနော်တို့ရဲ့ ရည်မှန်းချက်တွေ ထဲက တစ်ခုပါ”လို့ ပြောခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ဖီနာဘာချီအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ယူရိုပါလိဂ်ပွဲစဉ်ကစားဖို့ ၁ ပွဲ ကျန်ရှိသေးချိန်မှာ ၁၆ သင်းအဆင့် တက်နိုင်ဖို့ သေချာသွားခဲ့တာပါ။
အက်စတွန်ဗီလာအသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရရှိနေပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၃ နေရာ ရပ်တည်နေပါတယ်။
ဒါပေမယ့် နည်းပြအူနှိုင်းအမ်မရီက သူ့အသင်းဟာ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၅ သင်းထဲ ဝင်ရောက်နိုင်မယ့် အသင်း မဟုတ်ဘူးလို့ အဲဗာတန်အသင်းကို အရေးနိမ့်တဲ့ပွဲ အပြီးမှာ ပြောခဲ့တာပါ။

အူနှိုင်းအမ်မရီကို တွေ့ရစဉ်
အက်စတွန်ဗီလာအသင်း အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး ၄ သင်း ဒါမှမဟုတ် ၅ သင်းအပြင် ဘက် ရပ်တည်မယ်ဆိုရင် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သူတို့ရဲ့တစ်ခုတည်းသော မျှော်လင့်ချက်က ယူရိုပါလိဂ်ဖလား ရယူနိုင်ဖို့ ဖြစ်ပါတယ်။
အူနှိုင်းအမ်မရီဟာ ယူရိုပါလိဂ်ဖလားကို နည်းပြအဖြစ် စံချိန်တင် ၄ ကြိမ်အထိ ရရှိထားပြီး နောက်ဆုံးအကြိမ် အဖြစ် ၂၀၂၁ ခုနှစ်မှာ ဗီလာရီးရယ်လ်အသင်းနဲ့ ရယူနိုင်ခဲ့တာပါ။
အက်စတွန်ဗီလာအသင်းဟာ ဆုဖလား ရရှိမှုအရ အင်္ဂလိပ်ဘောလုံးလောကမှာ သတ္တမမြောက် အအောင်မြင်ဆုံး အသင်းဖြစ်ပေမယ့် ၁၉၉၆ ခုနှစ်မှာ လိဂ်ဖလားရရှိခဲ့တာက သူတို့ရဲ့အဓိက ဆုဖလား နောက်ဆုံးရရှိမှုဖြစ်ပါတယ်။
Source: BBC
