- By CNI
- Category: အားကစား
- Hits: 360
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄
မန်စီးတီးအသင်းက နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဆီမန်ညိုရဲ့ သွင်းဂိုးကို ခွင့်မပြုခဲ့ပြီးနောက် နည်းပြ ဂွာဒီယိုလာက ဒိုင်လူကြီးတွေရဲ့ အကြီးအကဲဟောင်း ဝပ်ဝက်ဘ်ဆီကနေ ရှင်းလင်းချက်ရဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲမှာ လက်ရှိ ချန်ပီယံ နယူးကာဆယ် အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ချာကီနဲ့ ဆီမန်ညိုတို့က သွင်းဂိုးသွင်းယူခဲ့ကြတာပါ။
မန်စီးတီးအသင်းဟာ ဒီနိုင်ပွဲကြောင့် ဗိုလ်လုပွဲတက်နိုင်ဖို့ အခြေအနေ ကောင်းခဲ့ပေမယ့် ဆီမန်ညို သွင်းယူခဲ့တဲ့ နောက်ထပ် သွင်းဂိုးကို မပယ်ဖျက်မီ VAR ပြန်လည်သုံးသပ်မှု ၆ မိနစ်နီးပါးကြာခဲ့တဲ့အပေါ် နည်းပြဂွာဒီယိုလာက အလွန်စိတ်ပျက်နေခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက နယူးကာဆယ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဖိုဒန်ကို နယူးကာဆယ်အသင်း နောက်ခံလူ ရှားက ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ပယ်နယ်တီ မပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကိုလည်း ဂွာဒီယိုလာက စိတ်ပျက်နေတာပါ။

မန်စီးတီးနဲ့နယူးကာဆယ်အသင်း အငြင်းပွားနေကြစဉ်
ဒါ့ပြင် ဂွာဒီယိုလာက ဆီမန်ညိုရဲ့ သွင်းဂိုးကို ခွင့်ပြုဖို့ လူ ၄ ဦးက ဆုံးဖြတ်ချက်မချနိုင်တာကို နားမလည်နိုင်အောင် ဖြစ်နေပြီး ဒီအရာတွေကို ဟောင်းဝပ်ဝက်ဘ်က ဖုန်းဆက်ပြီး ရှင်းပြလာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းကို အရေးနိမ့်ခဲ့တဲ့ FA ဖလား ဗိုလ်လုပွဲမှာ ပြိုင်ဘက်ဂိုးသမား ဟန်ဒါဆန်ဟာ ဂိုးဧရိယာ အပြင်ဘက်မှာ ဘောလုံးကို လက်နဲ့ရှင်းထုတ်ခဲ့တဲ့ ဖြစ်ရပ်တုန်းကလည်း သူဘာမှ ပြောခဲ့ခြင်းမရှိဘူးလို့ ဂွာဒီယိုလာက ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဘုန်းမောက်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆီမန်ညိုဟာ မန်စီးတီးအသင်းအတွက် ၂ ပွဲ ပါဝင်ကစားအပြီးမှာ ၂ ဂိုးသွင်းယူကာ ၁ ဂိုး ဖန်တီးထားပါတယ်။
မန်စီးတီးအသင်းဟာ နယူးကာဆယ်အသင်းနဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲကို လာမယ့် ဖေဖော်ဝါရီ ၄ ရက် အီးတီဟတ်ကွင်းမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 436
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄
ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူဟောင်း မိုက်ကယ်ကာရစ်ကို ယာယီနည်းပြအဖြစ် ဒီရာသီကုန်အထိ ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ယူနိုက်တက်အသင်းမှာ မိုက်ကယ်ကာရစ်ရဲ့ နည်းပြ အဖွဲ့ဝင်တွေအဖြစ် စတိဗ်ဟော်လန်၊ ဝုဒ်ဂိတ်၊ အီဗန်စ်၊ ဘင်နီယန်နဲ့ မော်ဆန်တို့က တာဝန်ယူသွားမှာပါ။
ယူနိုက်တက်အသင်း အကြီးအကဲတွေဟာ ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ ဆိုးလ်ရှား၊ မိုက်ကယ်ကာရစ်တို့ ၂ ဦးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် မိုက်ကယ်ကာရစ်ကို ခန့်အပ်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ကို ထုတ်ပယ်ပြီးနောက် ယူနိုက်တက်အသင်းကို ၂ ပွဲ တာဝန်ယူခဲ့တဲ့ ဖလက်ချာ ဟာ အသင်းရဲ့ ယူ-၁၈ အသင်းနည်းပြအဖြစ် ဆက်ရှိမှာ ဖြစ်သလို မိုက်ကယ်ကာရစ်ရဲ့ နည်းပြအဖွဲ့ထဲ ပူးပေါင်း လာနိုင်ပါတယ်။

မိုက်ကယ်ကာရစ်ကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ဖလက်ချာရဲ့ လက်ထက်မှာ ပရီးမီးယားလိဂ်ပွဲအဖြစ် ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ပွဲမှာ ၂ ဂိုးစီသရေကျခဲ့ပြီး FA ဖလားမှာတော့ ဘရိုက်တန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ကာ ထွက်ခွာခဲ့ရပါတယ်။
မိုက်ကယ်ကာရစ်ကတော့ ယူနိုက်တက်အသင်းကို ဦးဆောင်ဖို့ တာဝန်ယူရမှာက ဂုဏ်ယူဖို့ကောင်းပြီး ဒီနေရာမှာ အောင်မြင်ဖို့ ဘာတွေ လိုအပ်လဲဆိုတာ သိသလို မျှော်လင့်ထားတဲ့ စံနှုန်းတွေ ရောက်ရှိအောင် ကူညီပေးဖို့ အာရုံစိုက်နေတယ်လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အသင်းဟာ ဒီရာသီအတွက် တိုက်ပွဲဝင်ရမယ့် အရာတွေ အများကြီးရှိတာကြောင့် အားပေးတဲ့ ပရိသတ်တွေ ကို သူတို့နဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည် ပေးသွားမယ်လို့ ဆက်ပြောခဲ့ပါတယ်။
မိုက်ကယ်ကာရစ်ဟာ ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့သလို ကစားသမားဘဝကနေ အနားယူပြီးနောက်မှာ အသင်းရဲ့ နည်းပြအဖွဲ့ဝင်ထဲ ပါဝင်ခဲ့ပါတယ်။
မော်ရင်ဟိုနဲ့ ဆိုးလ်ရှားတို့ရဲ့ နည်းပြအဖွဲ့ထဲမှာ ပါဝင်ခဲ့တဲ့ မိုက်ကယ်ကာရစ်ဟာ ၂၀၂၁ ခုနှစ်မှာ ယူနိုက်တက် အသင်းကို ယာယီနည်းပြအဖြစ် ၃ ပွဲကိုင်တွယ်ခဲ့ပြီး ၂ ပွဲနိုင်၊ ၁ ပွဲ သရေရလဒ် ထွက်ပေါ်အောင် ကူညီပေးနိုင်ခဲ့ပါ တယ်။
မိုက်ကယ်ကာရစ်ဟာ အမြဲတမ်းနည်းပြ ရာထူးအဖြစ် မယ်ဒယ်ဘရော့အသင်းကို ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ် ထံ တန်းတက်အောင် မစွမ်းဆောင်ပေးနိုင်ခဲ့လို့ မနှစ်က နွေရာသီမှာ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 309
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၃
စပါးအသင်းဟာ အက်သလက်တီကိုအသင်း ကွင်းလယ်လူ ဂယ်လာဂါကို ခေါ်ယူမှုပြိုင်ပွဲမှာ အက်စတွန်ဗီလာ အသင်းကို အသာရပြီး ပေါင် ၃၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ဂယ်လာဂါကို ခေါ်ယူဖို့ အခြေအနေ ကောင်းခဲ့တယ်လို့ ထင်ရပေမယ့် စပါးအသင်း ဟာ အင်္ဂလန် ကွင်းလယ်လူအတွက် အက်သလက်တီကိုအသင်း တောင်းဆိုတဲ့ ပေါင် ၃၅ သန်းကို ပေးချေဖို့ ဆန္ဒရှိ ကြောင်း ဖော်ပြခဲ့တာပါ။
အဲ့ဒါကြောင့် စပါးအသင်းဟာ ဂယ်လာဂါကို ခေါ်ယူနိုင်ဖို့ နီးစပ်လာခဲ့တာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ဂယ်လာဂါကို အပြီးသတ် ဝယ်ယူဖို့ ရွေးချယ်ခွင့်နဲ့အတူ ကနဦး အငှားစာချုပ်ချုပ်ဖို့ ဆန္ဒရှိနေတာပါ။
ဂယ်လာဂါဟာ စပါးအသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ရဦးမှာ ဖြစ်ပေမယ့် အပြောင်းအရွှေ့ကို မကြာမီ အပြီးသတ်ဖို့ ရှိနေပါတယ်။

ဂယ်လာဂါကို တွေ့ရစဉ်
လာမယ့် နွေရာသီမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ အင်္ဂလန်အသင်း လူစာရင်းထဲ ပြန်လည်ပါဝင်ဖို့ ကြိုးစားနေတဲ့ ဂယ်လာဂါအတွက် ပရီးမီးယားလိဂ်ထံ ပြန်လာတာက သူ့အတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။
ဂယ်လာဂါဟာ အင်္ဂလန်အသင်းက ဆီနီဂေါအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲ တစ်ပွဲတည်းသာ နည်းပြ တူချယ်လ် လက်ထက်မှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားခွင့်ရထားတာပါ။
၂၀၂၄ ခုနှစ်နွေရာသီမှာ ချယ်လ်ဆီးအသင်းကနေ ပြောင်းရွှေ့ခဲ့တဲ့ ဂယ်လာဂါဟာ အက်သလက်တီကိုအသင်း အတွက် ၇၇ ပွဲ ကစားထားပြီး ၇ ဂိုး သွင်းယူထားပါတယ်။
စပါးအသင်းဟာ ဥရုဂွေးကွင်းလယ်လူ ဘန်တန်ကာ ဒဏ်ရာကြောင့် အနည်းဆုံး ၃ လကြာ အနားယူရမှာဖြစ်လို့ ကွင်းလယ်ပိုင်းကို အားဖြည့်တဲ့အနေနဲ့ ဂယ်လာဂါကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့တဲ့ စပါးအသင်းဟာ လာမယ့်လိဂ်ပွဲအဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 378
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၃
ဂျာမန်နောက်ခံလူဟောင်း မာတီဆက်ကာဟာ အာဆင်နယ်အသင်း အကယ်ဒမီ မန်နေဂျာအဖြစ် ၈ နှစ်ကြာ တာဝန် ထမ်းဆောင်ပြီးနောက် ရာသီကုန်ချိန်မှာ ထွက်ခွာမယ်လို့ ကြေညာခဲ့ပါတယ်။
မာတီဆက်ကာက သူဟာ အသစ်တစ်ခုခုကို စူးစမ်းမှုတွေပြုလုပ်ဖို့ အချိန်တန်ပြီလို့ ပြောခဲ့ပြီး အာဆင်နယ်အသင်း ကလည်း သူ့ရဲ့ ထွက်ခွာမှုကို ကလပ်ရဲ့ ကြေညာချက်ထဲမှာ အတည်ပြုခဲ့ပါတယ်။
အာဆင်နယ်အသင်းမှာ ၂၀၁၁ ကနေ ၂၀၁၈ ခုနှစ်အထိ ကစားပြီး ကစားသမား ဘဝကနေ အနားယူခဲ့တဲ့ မာတီဆက်ကာဟာ အနားယူပြီးနောက် ကလပ်အသင်းရဲ့ အကယ်ဒမီကို ကြီးကြပ်ခဲ့တာ ဖြစ်ပါတယ်။
မာတီဆက်ကာဟာ စကယ်လီ၊ ဝမ်နရီ၊ ဒေါင်းမန်းတို့ အပါအဝင် လူငယ် ကစားသမားတချို့ကို နည်းပြအာတီတာ ရဲ့ အာဆင်နယ်အသင်းကြီးထံ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်တာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

မာတီဆက်ကာကို တွေ့ရစဉ်
မာတီဆက်ကာက အာဆင်နယ်အသင်းဟာ သူ့အတွက် အမြဲတမ်း အလွန်ထူးခြားတဲ့ အသင်းဖြစ်တာကြောင့် ဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ ရာသီကုန်မှာ ထွက်ခွာမယ့်အပေါ် ပြောခဲ့ပါတယ်။
ကစားသမားဘဝကနေ အကယ်ဒမီ အကြီးအကဲအဖြစ် တိုက်ရိုက်ပြောင်းလဲချိန်မှာ ကလပ်ရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ကြောင်းနဲ့ အသစ်အဆန်းတွေကို လေ့လာပြီး ကိုယ့်ကိုကိုယ် ပိုတွန်းအားပေးရမယ့် အချိန်ရောက်ပြီလို့ လည်း မာတီဆက်ကာက ပြောခဲ့တာပါ။
အာဆင်နယ်အသင်း CEO ရစ်ချတ်ဂါလစ်က ရာသီကုန်ချိန်မှာ သူထွက်ခွာတာ မြင်တွေ့ရမှာ ဝမ်းနည်းမိပေမယ့် သူ့ကို အကယ်ဒမီ မန်နေဂျာအဖြစ် ခန့်အပ်နိုင်တဲ့အတွက် ကံကောင်းခဲ့ပြီး သူဟာ အသင်းရဲ့ ရပ်တည်ချက်ကို နားလည်တဲ့သူလို့ ပြောခဲ့ပါတယ်။
မာတီဆက်ကာဟာ အာဆင်နယ်အသင်း ကစားသမားဘဝမှာ FA ဖလား ၃ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ် ရယူနိုင် ခဲ့ပြီး ဂျာမနီလက်ရွေးစင်အသင်းနဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံဆုရရှိခဲ့ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 366
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၃
လက်ရှိချန်ပီယံ PSG အသင်းဟာ အိမ်နီးချင်း ပါရီ FC အသင်းကို အိမ်ကွင်းမှာ ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ကာ ပြင်သစ် ဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
ပြင်သစ်ဖလားကို ပြီးခဲ့တဲ့ရာသီမှာ ၁၆ ကြိမ်မြောက် ရယူနိုင်ခဲ့တဲ့ PSG အသင်းဟာ ဒီပွဲမှာ သူတို့ရဲ့ မြို့ခံပြိုင်ဘက် အသင်းကို အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့တာပါ။
ပါရီ FC အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို PSG အသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ ဂျွန်နသန် အိုင်ကိုနေးက သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ PSG အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၂၅ ကြိမ်၊ ဂိုးပေါက်တည့်မှု ၇ ကြိမ် အထိ ရှိခဲ့ပေမယ့် ပါရီ FC အသင်းဂိုးသမား လက်စွမ်းပြသနိုင်ခဲ့တာပါ။
ပါရီ FC အသင်းကတော့ ဂိုးပေါက်ကန်သွင်းမှု ၄ ကြိမ်၊ ဂိုးပေါက်တည့်မှု ၂ ကြိမ်မှာ ၁ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်း ယှဉ်ပြိုင်နေစဉ်
PSG အသင်းဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ၃၂ သင်းအဆင့်မှာ အရေးနိမ့်ပြီး ပြင်သစ်ဖလားကနေ ထွက်ခွာခဲ့ရတာပါ။
ပါရီ FC အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့တဲ့ အိုင်ကိုနေးက “ ကျနော်တို့ခံစစ်ဟာ အလွန်ကောင်းမွန်စွာ ကစား နိုင်ခဲ့ပြီး ကျနော်တို့ အလွန် ပျော်ရွှင်နေပါတယ်။ သွင်းဂိုးအတွက်လည်း ကျနော်ပျော်ရွှင်နေပြီး ဒါက ကျနော့်ရဲ့ နောက်ဆုံး သွင်းဂိုး မဟုတ်ဖို့လည်း မျှော်လင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဒီနှစ်သင်းဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်း ပထမဆုံး ထိပ်တန်းလိဂ် ဒါဘီပွဲအဖြစ် အခုလ အစောပိုင်းမှာ တွေ့ဆုံခဲ့ပြီး ဒီပွဲမှာ PSG အသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ပါရီ FC အသင်းဟာ PSG အသင်းကို ပြင်သစ်လိဂ်မှာ အရေးနိမ့်ခဲ့တဲ့ ရှုံးကြွေးကို ပြင်သစ်ဖလားပြိုင်ပွဲမှာ ပြန်ပြီး ဆပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 390
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၃
စပိန်လူမျိုးနည်းပြ အလွန်ဆိုဟာ ရီးရယ်လ်အသင်း နည်းပြရာထူးကနေ အပြန်အလှန် သဘောတူညီမှုနဲ့ ထွက်ခွာ ခဲ့တယ်လို့ စပိန်ကလပ်က ကြေညာခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် တစ်ရက်အကြာမှာ အလွန်ဆိုဟာ အသင်းနည်းပြရာထူးကနေ ထွက်ခွာခဲ့တာပါ။
အလွန်ဆိုဟာ အသင်းရဲ့ နာမည်ကြီး ကစားသမားတချို့နဲ့ အဆင်မပြေမှုတွေရှိခဲ့သလို ခရစ္စမတ် မတိုင်မီက အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ဖိအားတွေအောက် ကျရောက်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ရီးရယ်လ်အသင်းဟာ ဘာစီလိုနာအသင်းကို အရေးနိမ့်ခဲ့တဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲမတိုင်မီ နိုင်ပွဲ ဆက်တိုက်ရခဲ့ပြီး အသင်းရဲ့ စွမ်းဆောင်ရည်ကလည်း တိုးတက်မှုတွေ ရှိခဲ့ပါတယ်။
ရီးရယ်လ်အသင်းကတော့ ကလပ်နဲ့ နည်းပြ အလွန်ဆိုတို့အကြား အပြန်အလှန် သဘောတူညီမှုနဲ့ သူ့ရဲ့နည်းပြ ရာထူးကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရီးရယ်လ်အသင်းကို စတင် တာဝန်ယူခဲ့တဲ့ အလွန်ဆိုဟာ အသင်းကို ပွဲပေါင်း ၃၄ ပွဲကိုင်တွယ်ခဲ့တာမှာ ၂၄ ပွဲအနိုင်ရပြီး ၄ ပွဲသရေကျကာ ၆ ပွဲရှုံးနိမ့်ခဲ့ပါတယ်။

အလွန်ဆိုကို တွေ့ရစဉ်
အလွန်ဆို လက်ထက်မှာ ရီးရယ်လ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဘတ်ပီဟာ သူ့ကို နှုတ်ဆက်မှုပြုလုပ်တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်ခဲ့တာပါ။
ဘတ်ပီက အသင်းကို ကိုင်တွယ်တဲ့ ပထမနေ့ကတည်းက သူ့ကိုယုံကြည်မှု ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း နဲ့ သင်ယူခွင့် ရခဲ့တဲ့အတွက် ဝမ်းမြောက်မိပြီး နောက်လာမယ့် အခန်းကဏ္ဍအတွက် အကောင်းဆုံးဖြစ်ပါစေလို့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ အလွန်ဆိုရဲ့ နေရာမှာ ကစားသမားဟောင်း အာဘီလိုအာကို နည်းပြသစ်အဖြစ် တာဝန်ပေး ခဲ့ပါတယ်။
အလွန်ဆိုနဲ့ လီဗာပူးလ်အသင်းမှာ အတူတွဲ ကစားခဲ့ဖူးတဲ့ အာဘီလိုအာဟာ ရီးရယ်လ်ဘီအသင်းကို ကိုင်တွယ်ခဲ့ တာပါ။
လာလီဂါ အမှတ်ပေးဇယားမှာ ဘာစီလိုနာအသင်းနဲ့ ၄ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ ရီးရယ်လ် အသင်းဟာ လာမယ့်လိဂ်ပွဲအဖြစ် လီဗန်တေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 296
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂
ဝုလ်ဖ်ဘတ်အသင်းကို ၈ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘွန်ဒက်လီဂါပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ကြတဲ့ အိုလီဆီနဲ့ လူးဝစ်ဒီယက်ဇ်တို့ကို ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂန္ထဝင်တွေဖြစ်တဲ့ ရော်ဘင်၊ ရီဘာရီတို့နဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။
ဒီပွဲမှာ သူတို့နှစ်ဦးဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ သွင်းဂိုး ၅ ဂိုးမှာ ပါဝင်ပတ်သက်ခဲ့ကြပါတယ်။
အိုလီဆီက ၂ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးကာ လူးဝစ်ဒီယက်ဇ်က ၂ ဂိုး ဖန်တီးမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၂ နေရာက ဒေါ့မွန်အသင်းကို ရမှတ် ၁၁ မှတ်ဖြတ်ပြီး အမှတ် ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
အိုလီဆီဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၂၆ ပွဲ ကစားထားအပြီးမှာ ၁၂ ဂိုး သွင်းယူကာ ၁၅ ဂိုး ဖန်တီးထားပြီး နွေရာသီမှာ လီဗာပူးလ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ လူးဝစ်ဒီယက်ဇ်ကတော့ ၂၃ ပွဲ ပါဝင် ကစားအပြီးမှာ ၁၄ ဂိုး သွင်းယူကာ ၉ ဂိုး ဖန်တီးထားတယ်လို့ Transfermarkt က ဖော်ပြထားပါတယ်။

ရော်ဘင်နဲ့ ရီဘာရီကို တွေ့ရစဉ်
အဲ့ဒါကြောင့် သူတို့ ၂ ဦးဟာ ဒီရာသီ ဘိုင်ယန်မြူးနစ်အသင်း ရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင်ပေးနေတဲ့ တောင်ပံ ကစားသမားတွေ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာ အီဘာလ်က “အိုလီဆီရဲ့ နေရာယူမှုနဲ့ လှုပ်ရှားမှုတွေက ရော်ဘင်နဲ့ တူပါတယ်။ အဝတ်လဲခန်းထဲမှာလည်း ဒီအကြောင်းကို ကျနော်ကို ပြောနေကြပြီး ကျနော်တို့ဟာ ရော်ဘင်အသစ် ကို ရရှိခဲ့ပါတယ်။ ဒီယက်ဇ်ကလည်း ရီဘာရီလိုပဲ ဖန်တီးမှုစွမ်းတွေ အများအပြားပြုလုပ်နိုင်တဲ့သူပါ။ ကျနော်တို့ရဲ့ တောင်ပံ အတွဲအဖက်ကတော့ အံ့မခန်းပါပဲ”လို့ Sky Sports Germany ကို ပြောခဲ့ပါတယ်။
ရော်ဘင်နဲ့ ရီဘာရီတို့ဟာ သူတို့ရဲ့ မျိုးဆက်မှာ အကောင်းဆုံး တောင်ပံကစားသမား ၂ ဦးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ကြတာပါ။
ရော်ဘင်ဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၃၀၉ ပွဲ ကစားခဲ့ပြီး ၁၄၄ ဂိုးသွင်းယူကာ ရီဘာရီကတော့ ၄၂၅ ပွဲ ကစားကာ ၁၂၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 364
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂
ဂါလာတာစာရေးအသင်း တိုက်စစ်မှူး အိုဆီမန်က နိုင်ဂျီးရီးယား လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာဖို့ထက် အာဖရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ဖို့ အာရုံစိုက်နေတယ်လို့ ပြောခဲ့ပါတယ်။
အိုဆီမန်က “စံချိန်ချိုးဖို့ အကြောင်းကို ကျနော် မစဉ်းစားပါဘူး။ စံချိန်တူတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ကျော်ဖြတ်နိုင် တာပဲဖြစ်ဖြစ် ဒါတွေက အရေးမကြီးဘူးလို့ ကျနော် အကြိမ်ပေါင်းများစွာ ပြောခဲ့ပါတယ်။ ကျနော်ဟာ အသင်း အတွက် အကောင်းဆုံး ကြိုးစားပေးနေပြီး ဒီအသင်းရဲ့ သမိုင်းမှာ အစိတ်အပိုင်း အနေနဲ့ ဖြစ်ခွင့်ရတာ မယုံနိုင် လောက်အောင်ပါပဲ။ ဒါကြောင့် ကျနော်ဟာ ကျနော့်နိုင်ငံအတွက် ဆုဖလားတစ်ခုခုရယူပေးချင်တယ်”လို့ ပြောခဲ့တာပါ။
နိုင်ဂျီးရီးယားအသင်းက အယ်လ်ဂျီးရီးယားအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အာဖရိကဖလား ကွာတားဖိုင်နယ် ပွဲမှာ ၁ ဂိုးသွင်းခဲ့တဲ့ အိုဆီမန်ဟာ နိုင်ဂျီးရီးယားအသင်းအတွက် ပွဲပေါင်း ၅၀ ပါဝင်ကစားထားပြီး ၃၅ ဂိုး သွင်းယူ ထားပါတယ်။

အိုဆီမန်ကို တွေ့ရစဉ်
အဲ့ဒါကြောင့် အိုဆီမန်ဟာ နိုင်ဂျီးရီးယားအသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်တဲ့ ယီကီနီရဲ့ ၃၇ ဂိုးကို လိုက်မီဖို့ ၂ ဂိုးသာ လိုတော့တာပါ။
ယီကီနီဟာ ၁၉၉၄ ခုနှစ်က အာဖရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ နိုင်ဂျီးရီးယားအသင်းမှာ ပါဝင်ခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ကြိမ် ပါဝင်ကစားခဲ့ပါတယ်။
၂၀၂၅ အာဖရိကဖလားပြိုင်ပွဲမှာ နိုင်ဂျီးရီးယားအသင်းအတွက် ၄ ဂိုး သွင်းထားတဲ့ အိုဆီမန်က ယီကီနီဟာ နိုင်ငံ အသင်းရဲ့ အကောင်းဆုံး တိုက်စစ်မှူးဖြစ်ပြီး သူဟာ စံချိန်ထက် နိုင်ငံအသင်းနဲ့ ဆုဖလားရယူချင်တယ်လို့ ပြောခဲ့ပါတယ်။
နိုင်ဂျီးရီးယားအသင်းဟာ အာဖရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဖြစ် အိမ်ရှင် မော်ရိုကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 340
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂
ယူနိုက်တက်အသင်းဟာ ဘရိုက်တန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ကာ FA ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ ရပြီးနောက် ယာယီနည်းပြအဖြစ် တာဝန်ယူနေတဲ့ ဖလက်ချာက ကစားသမားတွေ အနေနဲ့ အသင်းမှာ အနာဂတ် အဖြစ် ရှိချင်တယ်ဆိုရင် သက်သေပြဖို့ လိုတယ်လို့ သတိပေးခဲ့ပါတယ်။
ဖလက်ချာက “ကစားသမားတွေရဲ့ အားနည်းတဲ့ အရာတွေကို မြင်တွေ့နိုင်တယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ဒါကို တုန့်ပြန်ရပါမယ်။ ယုံကြည်မှုက ဘောလုံးမှာ အစွမ်းထက်ဆုံး အရာတွေထဲက တစ်ခု ဖြစ်တဲ့အတွက် ဒါကို မလုပ်နိုင်ရင် ပိုပြီးကြိုးစားရမှာဖြစ်ပြီး ဒါဆိုရင် ယုံကြည်မှု ပြန်ရလာပါလိမ့်မယ်။ ဒီရာသီမှာ ကစားဖို့ပွဲတွေ အများကြီး ရှိသေးတဲ့အတွက် ပိုပြီး နက်နက်ရှိုင်းရှိုင်းကြိုးစားရမှာပါ”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဘရိုက်တန်အသင်းကို အရေးနိမ့်ခဲ့တဲ့အတွက် ဒီရာသီ ပြည်တွင်းဖလား ၂ ခုစလုံးကနေ ထွက်ခွာခဲ့ရပြီး ယှဉ်ပြိုင်စရာအဖြစ် ပရီးမီးယားလိဂ်ပြိုင်ပွဲသာ ရှိတော့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ၁၉၈၁-၈၂ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဖလား ပြိုင်ပွဲတွေကနေ စောစီးစွာ ထွက်ခွာခဲ့ရပါတယ်။

ယူနိုက်တက်အသင်းကို တွေ့ရစဉ်
မန်ချက်စတာကလပ်ဟာ ဥရောပပြိုင်ပွဲလည်း ယှဉ်ပြိုင်ကစားရခြင်း မရှိတဲ့အတွက် ၁၉၁၄-၁၅ ရာသီနောက်ပိုင်း ပွဲအနည်းဆုံးကစားရတဲ့ ရာသီဖြစ်လာမှာပါ။
ဖလက်ချာက ကစားသမားတွေဆီကနေ အများကြီး သင်ယူခဲ့ရပြီး သူတို့အနေနဲ့ အသင်းအနာဂတ်ရဲ့ အစိတ်အပိုင်း အဖြစ်ပြသဖို့ လက်ရှိအဖြစ် အပျက်တွေကနေ သင်ယူရမယ်လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဖလက်ချာက အသင်းဟာ လက်ရှိ အခြေအနေတွေကို ရင်ဆိုင်ကိုင်တွယ်ပြီး ဖြေရှင်းရမှာဖြစ်သလို ချန်ပီယံ လိဂ် ဝင်ခွင့်ရရှိခြင်းနဲ့ နောက်တဆင့်တက်အောင် လုပ်ရမယ်လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၇ နေရာ ရပ်တည်နေပြီး အဆင့် ၄ နေရာက လီဗာပူးလ်အသင်းနဲ့ ၃ မှတ် ကွာဟနေပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ၂ ပွဲအဖြစ် မန်စီးတီး၊ အာဆင်နယ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 361
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂
ဘာစီလိုနာအသင်းဟာ စပိန်စူပါဖလားဗိုလ်လုပွဲမှာ ရီးရယ်လ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ဆက်ပြီး ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းဟာ ရာဖင်ညာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ ၂ ဂိုးစီ သရေကျခဲ့ပါတယ်။
ပထမပိုင်း ပွဲချိန်ပြီးဆုံးသွားလို့ ထပ်ဆောင်းအချိန်ပိုမှာ ရီးရယ်လ်အသင်းအတွက် ဗီနီစီးယက်စ်နဲ့ ဂွန်ဇာလိုဂါစီယာ က ဂိုးသွင်းခဲ့ပြီး ဘာစီလိုနာအသင်းအတွက် လီဝန်ဒေါစကီးက သွင်းယူခဲ့တာပါ။
ဘာစီလိုနာအသင်းအတွက် အနိုင်ဂိုးကို ဒုတိယပိုင်းမှာ ရာဖင်ညာကပဲ သွင်းယူခဲ့တာကြောင့် ဘာစီလိုနာအသင်း ဟာ စပိန်စူပါဖလား ချန်ပီယံဆုကို ဆက်ပြီး ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် စပိန်စူပါဖလားကို ၂ ကြိမ်ဆက် ရခဲ့တာဖြစ်ပြီး ဒီ ၂ ကြိမ်စလုံးမှာ ရီးရယ်လ်အသင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ ရီးရယ်လ် ယှဉ်ပြိုင်နေစဉ်
ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းအတွက် ၂ ဂိုးသွင်းယူခဲ့တဲ့ ရာဖင်ညာဟာ ဒီပြိုင်ပွဲမှာ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့သလို အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။
ရာဖင်ညာက “ကျနော်တို့မှာရှိတဲ့ အရာအားလုံးကို ကျနော်တို့ ပေးခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာ ကျနော်ဟာ စိတ်ခံ စားမှုတွေ ပြင်းထန်ခဲ့ပြီး ဒီလိုမျိုးအနိုင်ရဖို့ ကျနော်တို့လိုအပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ဟာ သူကိုင်တွယ်ခဲ့တဲ့ ဗိုလ်လုပွဲတိုင်းမှာ ရာနှုန်းပြည့် အနိုင်ရတဲ့ မှတ်တမ်း ကောင်းကို ဆက်ထိန်းနိုင်ခဲ့သလို အသင်းကလည်း လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ ၁၀ ပွဲ ဆက်တိုက် အနိုင်ရရှိထား တာပါ။
ရီးရယ်လ်အသင်းနည်းပြ အလွန်ဆိုက သူတို့ဟာ ဒီရှုံးနိမ့်မှုကနေ အမြန်ဆုံး ပြန်ကောင်းအောင် လုပ်ပြီး ရှေ့ဆက် သွားရမယ်လို့ ပြောခဲ့ပါတယ်။
စပိန်စူပါဖလားပြိုင်ပွဲကို လက်ခံကျင်းပနေတဲ့ ဆော်ဒီနိုင်ငံဟာ လာမယ့်နှစ်မှာ အာရှဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပရမှာဖြစ်လို့ ၂၀၂၇ စပိန်စူပါဖလားပြိုင်ပွဲကို ကာတာ ဒါမှမဟုတ် ကူဝိတ်နိုင်ငံမှာ ကျင်းပမယ်လို့ စပိန် ဘောလုံးအဖွဲ့ချုပ်က ပြောခဲ့ပါတယ်။
Source: AP
