CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂
ယူနိုက်တက်အသင်းဟာ ဘရိုက်တန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ကာ FA ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ ရပြီးနောက် ယာယီနည်းပြအဖြစ် တာဝန်ယူနေတဲ့ ဖလက်ချာက ကစားသမားတွေ အနေနဲ့ အသင်းမှာ အနာဂတ် အဖြစ် ရှိချင်တယ်ဆိုရင် သက်သေပြဖို့ လိုတယ်လို့ သတိပေးခဲ့ပါတယ်။
ဖလက်ချာက “ကစားသမားတွေရဲ့ အားနည်းတဲ့ အရာတွေကို မြင်တွေ့နိုင်တယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ဒါကို တုန့်ပြန်ရပါမယ်။ ယုံကြည်မှုက ဘောလုံးမှာ အစွမ်းထက်ဆုံး အရာတွေထဲက တစ်ခု ဖြစ်တဲ့အတွက် ဒါကို မလုပ်နိုင်ရင် ပိုပြီးကြိုးစားရမှာဖြစ်ပြီး ဒါဆိုရင် ယုံကြည်မှု ပြန်ရလာပါလိမ့်မယ်။ ဒီရာသီမှာ ကစားဖို့ပွဲတွေ အများကြီး ရှိသေးတဲ့အတွက် ပိုပြီး နက်နက်ရှိုင်းရှိုင်းကြိုးစားရမှာပါ”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဘရိုက်တန်အသင်းကို အရေးနိမ့်ခဲ့တဲ့အတွက် ဒီရာသီ ပြည်တွင်းဖလား ၂ ခုစလုံးကနေ ထွက်ခွာခဲ့ရပြီး ယှဉ်ပြိုင်စရာအဖြစ် ပရီးမီးယားလိဂ်ပြိုင်ပွဲသာ ရှိတော့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ၁၉၈၁-၈၂ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဖလား ပြိုင်ပွဲတွေကနေ စောစီးစွာ ထွက်ခွာခဲ့ရပါတယ်။

ယူနိုက်တက်အသင်းကို တွေ့ရစဉ်
မန်ချက်စတာကလပ်ဟာ ဥရောပပြိုင်ပွဲလည်း ယှဉ်ပြိုင်ကစားရခြင်း မရှိတဲ့အတွက် ၁၉၁၄-၁၅ ရာသီနောက်ပိုင်း ပွဲအနည်းဆုံးကစားရတဲ့ ရာသီဖြစ်လာမှာပါ။
ဖလက်ချာက ကစားသမားတွေဆီကနေ အများကြီး သင်ယူခဲ့ရပြီး သူတို့အနေနဲ့ အသင်းအနာဂတ်ရဲ့ အစိတ်အပိုင်း အဖြစ်ပြသဖို့ လက်ရှိအဖြစ် အပျက်တွေကနေ သင်ယူရမယ်လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဖလက်ချာက အသင်းဟာ လက်ရှိ အခြေအနေတွေကို ရင်ဆိုင်ကိုင်တွယ်ပြီး ဖြေရှင်းရမှာဖြစ်သလို ချန်ပီယံ လိဂ် ဝင်ခွင့်ရရှိခြင်းနဲ့ နောက်တဆင့်တက်အောင် လုပ်ရမယ်လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၇ နေရာ ရပ်တည်နေပြီး အဆင့် ၄ နေရာက လီဗာပူးလ်အသင်းနဲ့ ၃ မှတ် ကွာဟနေပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ၂ ပွဲအဖြစ် မန်စီးတီး၊ အာဆင်နယ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
