- By CNI
- Category: အားကစား
- Hits: 333
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၀
အက်စတွန်ဗီလာအသင်းဟာ အင်္ဂလန်ကွင်းလယ်လူ ဂယ်လာဂါကို ဇန်နဝါရီအပြောင်းအရွှေ့မှာ အက်သလက်တီ ကို အသင်းကနေ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
ဂယ်လာဂါကလည်း ပရီးမီးယားလိဂ် ချန်ပီယံဆု ပြေးလမ်းကြောင်းထဲမှာရှိနေတဲ့ အက်စတွန်ဗီလာအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ ပွဲ ကစားအပြီးမှာ အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ၆ မှတ် အကွာမှာရှိနေတဲ့ အက်စတွန်ဗီလာအသင်းဟာ အခုအပြောင်းအရွှေ့မှာ အသင်းလူစာရင်းကို အားကောင်းအောင် ပြုလုပ်ချင်နေတာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်း နည်းပြ အူနှိုင်းအမ်မရီဟာ ဂယ်လာဂါ ချယ်လ်ဆီးအသင်းမှာ ကစားခဲ့ချိန်ကတည်းက နှစ်သက်ခဲ့တာကြောင့် သူ့ကိုခေါ်ယူချင်နေတယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၁၈ လက ပေါင် ၃၄ သန်းနဲ့ အက်သလက်တီကိုအသင်းထံ ရောက်လာခဲ့တဲ့ ဂယ်လာဂါဟာ ပွဲကစားချိန် မိနစ်နည်းပါးမှုကြောင့် ပရီးမီးယားလိဂ်ထံ ပြန်လာဖို့ ချိတ်ဆက်မှုတွေ ခံနေရတာပါ။

ဂယ်လာဂါကို တွေ့ရစဉ်
ဂယ်လာဂါဟာ ဒီရာသီမှာ အက်သလက်တီကိုအသင်းအတွက် ၂၇ ပွဲ ပါဝင်ကစားထားပေမယ့် ၉ ပွဲသာ ပွဲထွက် လူစာရင်း ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။
အင်္ဂလန်ကွင်းလယ်လူဟာ မက်ဒရစ်မှာ ပျော်ရွှင်နေသလို နည်းပြဆီမြွန်နီနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပေမယ့် ဗီလာထံ ပြောင်းရွှေ့ခြင်းကနေ ဘာတွေ ယူဆောင်လာနိုင်မလဲဆိုတာ စိတ်ဝင်စားနေတာပါ။
အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အံ့အားသင့်ဖွယ် စိန်ခေါ်နေသလို ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲက တစ်သင်းလည်း ဖြစ်ပါတယ်။
ဂယ်လာဂါဟာ ပုံမှန်ပွဲကစားခွင့်ရမယ်ဆိုရင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်း လူစာရင်းမှာ ပါဝင်နိုင်ဖို့ မျှော်လင့်ခွင့်ရှိနေတာပါ။
အက်သလက်တီကိုအသင်းဟာ ဂယ်လာဂါအတွက် အနည်းဆုံးပေါင် ၃၅ သန်း လိုချင်နေတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 311
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၀
ဂါနာလက်ရွေးစင် ဆီမန်ညိုကို မန်စီးတီးအသင်းထံ ရောင်းချခဲ့တဲ့ ဘုန်းမောက်အသင်းဟာ အာဆင်နယ်အသင်း ကြယ်ပွင့် ဝမ်နရီကို ဇန်နဝါရီအပြောင်းအရွှေ့မှာ အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
၂၀၂၂ ခုနှစ်မှာ အသက် ၁၅ နှစ်အရွယ်နဲ့ ပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံး ပွဲဦးထွက်အဖြစ် မှတ်တမ်းရေးထိုး ထားတဲ့ ဝမ်နရီဟာ ဒီရာသီ အာဆင်နယ်အသင်းမှာ ပုံမှန်ပွဲကစားချိန် မိနစ်တွေရရှိဖို့ ရုန်းကန်နေရတာပါ။
ဝမ်နရီဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် ၆ ပွဲ အပါအဝင် ပြိုင်ပွဲစုံ ၁၁ ပွဲ ပါဝင် ကစားထားပြီး ၁ ဂိုး သွင်းယူထားပါတယ်။
ဝမ်နရီကို အငှားနဲ့ခေါ်ယူချင်နေတဲ့ ဘုန်းမောက်အသင်းဟာ သူ့ကို ပွဲကစားချိန် မိနစ်တွေပိုပေးဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သိရပါတယ်။

ဝမ်နရီကို တွေ့ရစဉ်
ဝမ်နရီကတော့ ပွဲကစားချိန် နည်းပါးနေပေမယ့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးတဲ့ အနေနဲ့ အာဆင်နယ် အသင်းမှာ ဆက်ပြီးရှိနေဖို့ စိတ်အားထက်သန်နေတာပါ။
အင်္ဂလန် ယူ-၂၁ ကစားသမားဟာ လန်ဒန်ကလပ်မှာ ဆက်နေပြီး ပါဝင်ကစားဖို့ အခွင့်အရေးရတဲ့ အချိန်မှာ အကူအညီပေးဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဝမ်နရီဟာ သူရဲ့ တိုးတက်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ အငှားပြောင်းရွှေ့မှုကို မပြုလုပ်ဖို့ ဆန္ဒရှိနေတာပါ။
လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်နေပြီး ဆုဖလားရရှိဖို့ ရေပန်းစားနေတာကြောင့် ဝမ်နရီဟာ အသင်းနဲ့ ဆုဖလားကိုင်မြှောက်နိုင်ဖို့လည်း ဆန္ဒပြင်းပြနေ ပါတယ်။
အသက် ၈ နှစ် အရွယ်ကတည်းက အာဆင်နယ်အသင်းမှာရှိခဲ့တဲ့ ဝမ်နရီဟာ အာဆင်နယ်အသင်းကြီးအတွက် ပွဲပေါင်း ၅၀ ပါဝင်ကစားထားပြီး ၁၀ ဂိုးသွင်းယူထားတာပါ။
ဝမ်နရီဟာ ပို့စ်မောက်အသင်းနဲ့ ကစားမယ့် FA ဖလား တတိယအဆင့်ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ ပွဲထွက် လူစာရင်းထဲ ပါဝင်လာနိုင်ဖို့ရှိနေပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 338
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၀
၂၀၂၅ အာဖရိကဖလားပြိုင်ပွဲရဲ့ အိမ်ရှင်အသင်းဖြစ်တဲ့ မော်ရိုကိုအသင်းဟာ ကွာတားဖိုင်နယ်ပွဲမှာ ကင်မရွန်း အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်ခဲ့ပါတယ်။
မော်ရိုကိုအသင်းအတွက် ဂိုးတွေကို ဘရာဟင်ဒီယက်ဇ်နဲ့ ဆိုင်ဘာရီတို့က သွင်းယူခဲ့တာပါ။
ဘရာဟင်ဒီယက်ဇ်ဟာ ဒီပြိုင်ပွဲမှာ မော်ရိုကိုအသင်းအတွက် ပွဲတိုင်း ဂိုးသွင်းယူထားပြီး ၅ ဂိုးနဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။
မော်ရိုကိုအသင်းဟာ ၂၀၀၄ ပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဖရိကဖလား ဆီမီးဖိုင်နယ် တက်ခဲ့ပြီး နောက် နည်းပြရီဂရာဂီက သမိုင်းရေးထိုးဖို့ ရည်ရွယ်ထားတယ်လို့ ပြောခဲ့ပါတယ်။
ရီဂရာဂီက “ကစားသမားတွေနဲ့ ပရိသတ်တွေကို ကျနော် ကျေးဇူးတင်ချင်ပါတယ်။ ကွင်းထဲမှာ ကစားသမား ၁၂ ဦး နဲ့ ကစားနေရသလို အမှန်တကယ် ခံစားခဲ့ရပါတယ်။ ဆီမီးဖိုင်နယ်တက်ဖို့ ထိုက်တန်ပြီး ကစားသမားတွေ ပြသခဲ့ တဲ့ အရာတွေကို ကျနော် အလွန်ကျေနပ်ပါတယ်။ အသင်းတိုင်းက ကျနော်တို့ကို အနိုင်ရချင်တာကြောင့် ကျနော် တို့ နှိမ့်ချရမှာ ဖြစ်ပြီး ပြိုင်ဘက်အားလုံးကို လေးစားရမှာပါ။ အခုအချိန်မှာ ကျနော်တို့ သမိုင်းရေးထိုးဖို့ ရည်ရွယ် ထားတယ်”လို့ ပြောခဲ့တာပါ။

မော်ရိုကိုအသင်းကို တွေ့ရစဉ်
မော်ရိုကိုအသင်းဟာ ၁၉၇၆ က ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ အာဖရိကဖလား ချန်ပီယံဆုကို တစ်ကြိမ်တည်းသာ ရရှိထားပြီး ဒီနောက်ပိုင်းမှာ အမြင့်ဆုံးအောင်မြင်မှုအဖြစ် ၂၀၀၄ ပြိုင်ပွဲမှာ ဒုတိယရခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် မော်ရိုကိုအသင်းဟာ သူတို့ရဲ့ မြေပေါ်မှာ ကျင်းပတဲ့ အခုနှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
မော်ရိုကိုအသင်းဟာ အယ်လ်ဂျီးရီးယားနဲ့ နိုင်ဂျီးရီးယားအသင်းတို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ဆီမီးဖိုင်နယ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အာဖရိကဖလား ကွာတားဖိုင်နယ် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆီနီဂေါနဲ့ မာလီအသင်းတို့ပွဲမှာ ဆီနီဂေါအသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်ခဲ့ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 374
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၀
နော်ဝေလူမျိုးနည်းပြ ဆိုးလ်ရှားဟာ ယာယီနည်းပြရာထူးအတွက် ယူနိုက်တက်အသင်း အကြီးအကဲတွေနဲ့ စနေနေ့မှာ မျက်နှာချင်းဆိုင် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ရှိတယ်လို့ ဗြိတိန်မီဒီယာအများအပြားက ဖော်ပြထား ပါတယ်။
ယူနိုက်တက်အသင်းဟာ ရာသီကုန်အထိ ယာယီနည်းပြ ခန့်အပ်မှုကို အပြီးသတ်ဖို့ လုပ်ဆောင်နေပြီး ဒီရာထူးကို ရယူနိုင်ဖို့ ရေပန်းစားနေတဲ့ သူတွေထဲက တစ်ဦးဖြစ်တဲ့ ကွင်းလယ်လူဟောင်း မိုက်ကယ်ကာရစ်နဲ့ အသင်း အကြီးအကဲတွေဟာ တွေ့ဆုံမှု ပြုလုပ်ပြီး ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့် မန်စီးတီးအသင်းနဲ့ မန်ချက်စတာဒါဘီ ပွဲမတိုင်မီ ယာယီနည်းပြ ခန့်အပ်ချင် နေတာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်မှာ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟို ထွက်ခွာပြီးနောက် ဆိုးလ်ရှားနဲ့ ကာရစ်တို့ဟာ ယူနိုက်တက် အသင်းမှာ အတူလက်တွဲ အလုပ်လုပ်ခဲ့ပေမယ့် အခုအချိန်မှာတော့ သူတို့ ၂ ဦးစလုံးဟာ ယာယီနည်းပြရာထူးကို ရယူချင်နေတာပါ။

ဆိုးလ်ရှားနဲ့ မိုက်ကယ်ကာရစ်ကို တွေ့ရစဉ်
ဆိုးလ်ရှားဟာ မော်ရင်ဟို ထွက်ခွာသွားချိန်မှာ ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ပြီး ရလဒ်ကောင်းတွေ ရယူပေးနိုင်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ်၊ မတ်လမှာ အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါ တယ်။
ဒါပေမယ့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ ယူနိုက်တက်အသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဆိုးလ်ရှားဟာ တူရကီကလပ် ဘီဆစ်တက်အသင်းကို နောက်ဆုံးကိုင်တွယ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ သြဂုတ်လမှာ ထုတ်ပယ်ခံခဲ့ရတာပါ။
ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးတဲ့ ကာရစ်ဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ မယ်ဒယ်ဘရော့ အသင်းကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အသင်းရဲ့ နည်းပြရာထူးအတွက် ကွင်းလယ်လူဟောင်း ဖလက်ချာကို တာဝန်ပေးထားပြီး သူဟာ ဘရိုက်တန်အသင်းနဲ့ FA ဖလားတတိယအဆင့်ပွဲကို အပြည့်အဝ အာရုံစိုက်ထားတယ် လို့ ပြောခဲ့ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 341
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉
စပါးအသင်း တောင်ပံကစားသမား ကူဒက်စ်ဟာ ဆန်းဒါးလန်းအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ရခဲ့တဲ့ ပေါင်ဒဏ်ရာကြောင့် ဧပြီလအထိ အနားယူရမယ်လို့ နည်းပြ သောမတ်စ်ဖရန့်ခ်က ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ဝက်စ်ဟမ်းအသင်းကနေ ပေါင် ၅၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ကူဒက်စ်ဟာ စပါးအသင်း အတွက် ပြိုင်ပွဲစုံ ၂၆ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားတာပါ။
ကူဒက်စ်ဟာ လာမယ့် မတ်လ နိုင်ငံတကာပွဲတွေအပြီး ဧပြီ ၁၁ ရက်မှာ ပြန်ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာ စပါးအသင်းအတွက် ပြန်လည်ပါဝင်နိုင်ဖို့ရှိနေပါတယ်။
စပါးအသင်းဟာ ကူဒက်စ်ကို ဒဏ်ရာကြောင့် လက်လွှတ်ရမယ့်အပြင် ကွင်းလယ်လူ ဘာ့ဂ်ဗောလ်ရဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်ရမှာဖြစ်သလို ဘန်တန်ကာကိုလည်း တံကောက်ကြော ဒဏ်ရာကြောင့် အနားပေးရဖို့ ရှိနေတာပါ။

ကူဒက်စ်ကို တွေ့ရစဉ်
စပါးအသင်းဟာ တိုက်စစ် ကစားသမားတွေဖြစ်တဲ့ မက်ဒီဆန်၊ ကူလူဆက်ဗ်စကီးနဲ့ ဆိုလန်ကီတို့ကိုလည်း အနားပေးထားရပြီး ဘရန်နန်ဂျွန်ဆင်ကို ခရစ္စတယ်ပဲလေ့စ်အသင်းထံ ရောင်းချထားပါတယ်။
အဲ့ဒါကြောင့် စပါးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ တိုက်စစ် ကစားသမားတစ်ဦး ခေါ်ယူဖို့ ပစ်မှတ်ထား နေတာပါ။
စပါးအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ ဘုန်းမောက်အသင်းကို အရေးနိမ့်ခဲ့တာ အပါအဝင် ပရီးမီးယားလိဂ် မှာ ရလဒ်တွေ ဆိုးနေပြီး အဆင့် ၁၄ နေရာမှာ ရပ်တည်နေတာပါ။
ဒီပွဲမှာ စပါးအသင်း ကစားသမားအချို့နဲ့ အသင်းပရိသတ်တွေ အပြန်အလှန် အချင်းများမှုတွေ ရှိခဲ့ကြပြီး အသင်း ခေါင်းဆောင် ရိုမဲရိုးက အသင်းအကြီးအကဲတွေကို ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။
စပါးအသင်းဟာ လာမယ့်ပွဲအဖြစ် အက်စတွန်ဗီလာအသင်းနဲ့ FA ဖလားတတိယအဆင့် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 336
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉
ဆန်းတို့စ်အသင်းရဲ့ ကစားသမားသစ် ဂါဘီဂိုလ်ဟာ အသင်းဖော်နေမာကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးလ်အသင်း လူစာရင်းထဲ ပါဝင်အောင် ကူညီပေးချင်တယ်လို့ ပြောခဲ့ပါတယ်။
ဂါဘီဂိုလ်က “နေမာက ကျနော့်ရဲ့ idol နဲ့ သူငယ်ချင်းဆိုတာ လူတိုင်းသိပါတယ်။ ကျနော်ဟာ သူနဲ့အတူ လက်ရွေးစင်အသင်းမှာ ကစားခဲ့ပြီး ကျနော်တို့ အလွန်ပျော်ရွှင်ခဲ့ပါတယ်။ ကျနော် သူ့ကို ၁၀၀ ရာခိုင်နှုန်း ကူညီပေးချင်ပါတယ်။ ကမ္ဘာ့ဖလားအတွက်နဲ့ ဆန်းတို့စ်အသင်း ဆုဖလားတွေအတွက် တိုက်ပွဲဝင်ဖို့ ကျနော်တို့ သူ့ကိုလိုအပ်ပါတယ်”လို့ ပြောခဲ့တာပါ။
အသက် ၂၉ နှစ်အရွယ်ရှိ ဂါဘီဂိုလ်ဟာ ခရူဇီယိုအသင်းကနေ အသင်းဟောင်း ဆန်းတို့စ်အသင်းထံ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး အသင်းရဲ့ တိုက်စစ်မှာ နေမာနဲ့အတူ တွဲဖက်ပြီး ကစားမှာဖြစ်ပါတယ်။
နေမာကလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဆန်းတို့စ်အသင်းနဲ့ ၂၀၂၆ ရာသီကုန်အထိ စာချုပ်သစ် ချုပ်ထားတာပါ။

နေမာနဲ့ ဂါဘီဂိုလ်ကို တွေ့ရစဉ်
နေမာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးလ်အသင်း လူစာရင်းထဲ ပါဝင်ဖို့ ထိုက်တန်ကြောင်း နည်းပြ အန်ဆယ်လော့တီကို ပြသဖို့ ကြိုးပမ်းနေပါတယ်။
ဘရာဇီးလ်ကြယ်ပွင့်ဟာ ဆန်းတို့စ်အသင်းကို ဘရာဇီးလ် ထိပ်တန်းလိဂ်မှာ ဆက်ပြီးရှိနေအောင် ကူညီပေးနိုင် ခဲ့ပြီးနောက် သူ့ရဲ့ ဒူးကို အသေးစား ခွဲစိတ်မှုခံယူထားတာပါ။
ဂါဘီဂိုလ်နဲ့ နေမာတို့ဟာ ဆန်းတို့စ်အသင်းမှာ အတူတွဲ ကစားခဲ့ဖူးသလို ၂၀၁၆ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်နဲ့ ၂၀၂၁ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ ဘရာဇီးလ်အသင်းရဲ့ အစိတ်အပိုင်းလည်း ဖြစ်ခဲ့ပါတယ်။
ဂါဘီဂိုလ်ဟာ ဘရာဇီးလ်အသင်းရဲ့ အနာဂတ် တိုက်စစ်မှူးအဖြစ် ဖော်ပြခြင်းခံခဲ့ရပေမယ့် နောက်ပိုင်းမှာ ခြေစွမ်းပိုင်း ကျဆင်းမှုတွေကြောင့် ၂၀၂၂ ခုနှစ်နောက်ပိုင်း လက်ရွေးစင်အသင်းလူစာရင်းနဲ့ ဝေးကွာခဲ့တာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 279
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉
ရီးရယ်လ်အသင်းက အက်သလက်တီကိုအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ စပိန်စူပါကိုပါဖလား ဆီမီးဖိုင်နယ်ပွဲ မှာ အသင်းတောင်ပံ ကစားသမား ဗီနီစီးယက်စ်အပေါ် အက်သလက်တီကိုအသင်း နည်းပြ ဆီမြွန်နီရဲ့ မှတ်ချက်ကို မကြိုက်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။
အလွန်ဆိုက “ဒီလိုမျိုးလုပ်တာကို ကျနော် မကြိုက်ပါဘူး။ ဆီမြွန်နီက ဗီနီစီးယက်စ်ကို တစ်ခုခုပြောတာ ကျနော် တွေ့ခဲ့ပါတယ်။ ကျနော်ဟာ ပြိုင်ဘက်အသင်းရဲ့ ကစားသမားတွေကို လေးစားဖို့ ကြိုးစားပါတယ်။ ဆီမြွန်နီ ပြောတာကို ကြားတဲ့အချိန်မှာ ပိုပြီးတော့တောင် မနှစ်သက်ပါဘူး။ ပြိုင်ဘက်တွေအပေါ် လေးစားမှုရှိရမှာဖြစ်ပြီး ကန့်သတ်ချက်ရှိတယ်”လို့ ပြောခဲ့တာပါ။
ရုပ်သံမှတ်တမ်းတွေအရ ရီးရယ်လ်အသင်းအကြီးအကဲ ပီရက်ဇ်ဟာ ဗီနီစီးယက်စ်ကို အသင်းကနေ ထုတ်ပစ်တော့ မယ်ဆိုပြီး ကွင်းဘေးစည်းမှာ ဆီမြွန်နီက အကြိမ်ကြိမ် ပြောနေတဲ့ပုံရပါတယ်။
အဲ့ဒါကြောင့် ဗီနီစီးယက်စ်နဲ့ ဆီမြွန်နီတို့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ခဲ့ပါတယ်။

ဗီနီစီးယက်စ်ကိုတွေ့ရစဉ်
ကွင်းထဲကနေ ထွက်ခွာချိန်မှာ စကားအပြန်အလှန်ပြောပြီး တုန့်ပြန်နေကြတဲ့ သူတို့နှစ်ဦးကို ကွင်းလယ်ဒိုင်လူကြီး က အဝါကတ်ပြသခဲ့ပါတယ်။
ဆီမြွန်နီဟာ ဗီနီစီးယက်စ်ကို သူပြောခဲ့တာနဲ့ ပတ်သက်ပြီး ငြင်းဆိုခဲ့ခြင်း မရှိပေမယ့် ဒီဖြစ်ရပ်ကို အသေးစိတ် ရှင်းပြဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဆီမြွန်နီက ကွင်းထဲမှာ ဖြစ်ခဲ့တဲ့ အရာတွေဟာ ကွင်းထဲမှာပဲရှိပြီး ဒီထက် ဘာမှပြောစရာမရှိဘဲ ရီးရယ်လ်အသင်းရဲ့ ကစားသမားတွေ အားလုံးကို အလွန်လေးစားတယ်လို့ ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ စပိန်ကိုပါဖလား ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းနည်းပြ အလွန်ဆိုက ဆီမီးဖိုင်နယ်ပွဲကို လွဲခဲ့တဲ့ ဘတ်ပီဟာ ဘာစီလိုနာအသင်းနဲ့ ကစားမယ့် ဗိုလ်လုပွဲမတိုင်မီ ဆော်ဒီနိုင်ငံကို ရောက်ရှိလာမယ်လို့ အတည်ပြုခဲ့ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 322
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉
အာဆင်နယ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ ဂိုးမရှိသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဒဏ်ရာရနေတဲ့ လီဗာပူးလ် အသင်း နောက်ခံလူ ဘရက်ဒလေကို ကွင်းပြင်ထွက်အောင် တွန်းထုတ်ဖို့ ကြိုးစားခဲ့မှုအတွက် အာဆင်နယ်အသင်း တောင်ပံကစားသမား မာတင်နယ်လီက တောင်းပန်ခဲ့ပါတယ်။
မာတင်နယ်လီက “ကျနော်သူ့ကို ဆက်သွယ်ပြီး တောင်းပန်မှု ပြုလုပ်ခဲ့ပြီးပါပြီ။ သူဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တာ ကို ကျနော် တကယ် နားမလည်ခဲ့တာပါ။ ဒီတုန့်ပြန်မှုအတွက် ကျနော် အလွန်စိတ်မကောင်းဖြစ်ကြောင်း ပြောချင် ပါတယ်။ ကော်နာ အမြန်ဆုံး ပြန်လည်သက်သာစေဖို့ ကျနော်ဆုတောင်းပါတယ်”လို့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။
ဘရက်ဒလေဟာ ဒီပွဲရဲ့ မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာ ဘောလုံးကို ရယူဖို့ကြိုးစားရင်း နာကျင်မှုကို ခံစားခဲ့ရတာကြောင့် သူ့ရဲ့ ဒူးကိုကိုင်ပြီး ကွင်းထဲလဲကျသွားခဲ့ပါတယ်။
ဒီအချိန်မှာ မာတင်နယ်လီဟာ ပွဲကို အမြန်ဆုံး ပြန်ပြီးစတင်နိုင်ဖို့အတွက် ဘရက်ဒလေကို ကွင်းပြင်ထွက်အောင် တွန်းထုတ်ခဲ့တာပါ။

လီဗာပူးလ်နဲ့ အာဆင်နယ် အငြင်းပွားနေစဉ်
ဒီလုပ်ရပ်ကြောင့် နှစ်သင်း ကစားသမားတွေဟာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပြီး မာတင်နယ်လီနဲ့ ကိုနာတေးတို့ဟာ အဝါကတ် ပြသခံခဲ့ရပါတယ်။
ဘရက်ဒလေကတော့ ကုသမှုခံယူပြီးနောက် ကွင်းထဲကနေ ထမ်းစင်နဲ့ ထွက်ခွာသွားခဲ့ရတာပါ။
ဘောလုံးပွဲ ဝေဖန်သုံးသပ်သူ ပြုလုပ်နေတဲ့ ရွိုင်ကိန်းနဲ့ ဂယ်ရီနဗီးလ်တို့က မာတင်နယ်လီကို ပြင်းပြင်းထန်ထန် ဝေဖန်မှု ပြုလုပ်ခဲ့ပါတယ်။
မာတင်နယ်လီဟာ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး နောက်ပိုင်းမှာ သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ တောင်းပန်မှု ပြုလုပ်ခဲ့တာ ပါ။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က မာတင်နယ်လီကို ကာကွယ်ပေးခဲ့ပြီး ဘရက်ဒလေ ဒဏ်ရာရနေမှန်း သိရင် သူဒီလိုလုပ်မှာ မဟုတ်ဘူးဆိုတာ သေချာတယ်လို့ ပြောခဲ့ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 311
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၈
ယူနိုက်တက်အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ အာမိုရင်ဟာ အသင်းဟောင်း ဘင်ဖီကာအသင်း ရဲ့ နည်းပြဖြစ်လာနိုင်တဲ့ သူတွေထဲ ပါဝင်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
စပို့တင်းလစ္စဘွန်းအသင်းကို ဆုဖလား အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တဲ့ အာမိုရင်ဟာ ယူနိုက်တက်အသင်းမှာ ရှိခဲ့တဲ့ ၁၄ လအတွင်း ပွဲပေါင်း ၆၃ ပွဲ ကိုင်တွယ်ခဲ့တာမှာ ၂၄ ပွဲသာ နိုင်ပွဲရယူပေးနိုင်ခဲ့တာပါ။
အဲ့ဒါကြောင့် အာမိုရင်ဟာ ဆာအဲလက်စ်ဖာဂူဆန် နောက်ပိုင်း ယူနိုက်တက်အသင်းရဲ့ အမြဲတမ်း နည်းပြတွေထဲမှာ နိုင်ပွဲ ရာခိုင်နှုန်း အနည်းဆုံး ရယူနိုင်ခဲ့တဲ့သူအဖြစ် မှတ်တမ်းဆိုးရရှိခဲ့ပါတယ်။
အာမိုရင်ဟာ ယူနိုက်တက်အသင်းမှာ မအောင်မြင်ခဲ့ပေမယ့် ပေါ်တူဂီမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာကြောင့် သူ့ရဲ့ အသင်းဟောင်း ဘင်ဖီကာအသင်းရဲ့ ချိတ်ဆက်မှုတွေ ခံနေရတာပါ။

အာမိုရင်ကို တွေ့ရစဉ်
အာမိုရင်ဟာ အရင်ကလည်း ဘင်ဖီကာအသင်းထံ ပြန်ဖို့ ချိတ်ဆက်မှုတွေ ခံခဲ့ရပေမယ့် သူကတော့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။
ဘင်ဖီကာအသင်းဟာ ဝါရင့်နည်းပြ မော်ရင်ဟိုကို နည်းပြအဖြစ် ခန့်အပ်ထားပေမယ့် အသင်းဟာ ပေါ်တူဂီလိဂ် ပြိုင်ပွဲမှာ အဆင့် ၁ နေရာက ပေါ်တိုအသင်းနဲ့ ၁၀ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။
ဒါ့ပြင် ဘင်ဖီကာအသင်းဟာ ပေါ်တူဂီဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အဆင့် ၂၅ နေရာ ရပ်တည်နေတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဘင်ဖီကာအသင်းဟာ နွေရာသီမှာ နည်းပြမော်ရင်ဟိုနဲ့ လမ်းခွဲခဲ့မယ်ဆိုရင် အာမိုရင်ဟာ သူ့ရဲ့ နေရာမှာ အစားထိုးဝင်ရောက်ဖို့ အကောင်းဆုံး အနေအထားမှာရှိတယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားတာပါ။
အာမိုရင်ဟာ ဘင်ဖီကာအသင်းမှာ ၂၀၀၈ ကနေ ၂၀၁၇ ခုနှစ်အထိ ကစားခဲ့ပြီး လိဂ်ဖလား ၃ ကြိမ် အပါအဝင် ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ အာမိုရင်ဟာ နည်းပြလောကထဲကို ချက်ချင်း ပြန်လည် ဝင်ရောက်မလား ဒါမှမဟုတ် အနားယူဦးမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးတာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 271
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၈
ဘိုင်ယန်မြူးနစ်အသင်းကြယ်ပွင့် လန်းနာ့တ်ကားလ်ဟာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ချင်တဲ့ သူ့ရဲ့ဆန္ဒနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တာကြောင့် အငြင်းပွားစရာတွေ ဖြစ်ခဲ့တဲ့အတွက် အသင်းအကြီးအကဲတွေကို တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်။
အသက် ၁၇ နှစ်အရွယ်ရှိ ကားလ်ဟာ ရီးရယ်လ်အသင်းကို သူ့ရဲ့ အိပ်မက်အသင်းအဖြစ် ပြောခဲ့တဲ့ အင်တာဗျူး အပြီးမှာ ရှင်းလင်းမှုတွေ ပြုလုပ်ဖို့ ဖိအားပေးခံခဲ့ရတာပါ။
ဒါပေမယ့် သူဟာ ဆဲလ်ဘတ်အသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၂ ဂိုးသွင်းပြီး ဆူညံသံတွေကို ဖျောက်ပစ်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာဖြစ်သူက သူတို့ရဲ့ ဆယ်ကျော်သက် ကစားသမားကို ကာကွယ်ခဲ့ပြီး ကားလ်က ချက်ချင်း တောင်းပန်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပြောဆိုမှုကြောင့် ကားလ်နဲ့ ဆွေးနွေးခဲ့ပြီး သူဟာ အသင်းမှာ ပျော်ရွှင်နေသလို သူတို့နဲ့အတူ ရှိနေရတာကိုလည်း ပျော်ရွှင်တယ်လို့ အားကစားဒါရိုက်တာက ပြောခဲ့တာပါ။

လန်းနာ့တ်ကားလ်ကို တွေ့ရစဉ်
ဒါ့ပြင် ကားလ်ဟာ ငယ်စဉ်က ရီးရယ်လ်အသင်းနဲ့ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် သူ့ရဲ့ အိပ်မက်ကလပ် ဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဂျာမန်ကြယ်ပွင့် ကားလ်ဟာ ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူဟာ တစ်ချိန်ချိန် ရီးရယ်လ်အသင်း ထံ သွားချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ကားလ်ဟာ သူ့ရဲ့ ပရော်ဖက်ရှင် ကစားသမားဘဝ အစမှာတင် ဘိုင်ယန်မြူးနစ်အသင်း ပရိသတ်တွေကို စိတ် အနှောင့်အယှက် ဖြစ်စေခဲ့တဲ့ စကားပြောခဲ့တာ ဖြစ်ပါတယ်။
ကားလ်ဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပေါင်း ၂၁ ပွဲအထိ ပါဝင်ကစားခွင့်ရထားပြီး ၆ ဂိုး သွင်းယူထားတာပါ။
ဂျာမန်သက်တမ်းလိုက် အသင်းတွေမှာ ပါဝင်ကစားထားတဲ့ ကားလ်ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ လာမယ့် ပွဲတွေမှာ သူ့ရဲ့နေရာကို ဆက်ပြီး ထိန်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၂၆ ခုနှစ်ထဲ ပထမဆုံး ဘွန်ဒက်လီဂါပွဲအဖြစ် ဇန်နဝါရီ ၁၁ ရက်မှာ ဝုလ်ဖ်ဘတ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
