- By CNI
- Category: အားကစား
- Hits: 428
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၉
အာဂျင်တီးနားအသင်း နည်းပြ စကာလိုနီဟာ စက်တင်ဘာလထဲ ယှဉ်ပြိုင်မယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင်အမေရိကဇုန်)ပွဲတွေအတွက် ပဏာမလူစာရင်း ထုတ်ပြန်ခဲ့တာမှာ အသင်းခေါင်းဆောင် မက်ဆီ ပါဝင်ခဲ့ပါတယ်။
ကစားသမား ၃၁ ဦးပါဝင်တဲ့ အာဂျင်တီးနား ပဏာမလူစာရင်းမှာ ကြယ်ပွင့် ကစားသမားတွေဖြစ်တဲ့ ရီးရယ်လ် အသင်းက မာစတန်တူအိုနို၊ မန်စီးတီးအသင်းက အီချီဗာရီ၊ ဘုန်းမောက်အသင်းက ဆိုလာ၊ ပါလ်မီးရပ်စ်အသင်းက လိုပက်ဇ်တို့လည်း ပါဝင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းရဲ့ အစီအစဉ်မှာ ပါဝင်ခြင်း မရှိတော့တဲ့ ဂါနာချိုကတော့ အာဂျင်တီးနားအသင်းရဲ့ ပဏာမ လူစာရင်းထဲမှာ ပါဝင်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းဟာ လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရရှိဖို့ ခြေစစ်ပွဲ အောင်မြင်ထားပါ တယ်။
ကြွက်သားဒဏ်ရာကြောင့် ပြီးခဲ့တဲ့ အင်တာမိုင်ယာမီအသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့တဲ့ မက်ဆီဟာ LA ဂလက်ဇီ အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်မှာ ပြန်ပါဝင်နိုင်ခဲ့ပြီး ၁ ဂိုးသွင်းယူခဲ့သလို ဆွာရက်ဇ်ရဲ့ သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာပါ။

အာဂျင်တီးနားအသင်း လူစာရင်းကိုတွေ့ရစဉ်
အင်တာမိုင်ယာမီအသင်း နည်းပြ မာရှေယာနိုက မက်ဆီဟာ အပြည့်အဝ ကောင်းမွန်မှု မရှိသေးဘူးလို့ ပြောထားပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ မက်ဆီဟာ မကြာခဏ ဆိုသလို ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး အာဂျင်တီးနားအသင်းရဲ့ ပြီးခဲ့တဲ့ ခြေစစ်ပွဲတွေမှာလည်း မိနစ်အကန့်အသတ်နဲ့သာ ပါဝင်ကစားခဲ့ရပါတယ်။
အာဂျင်တီးနားအသင်းဟာ လာမယ့်ခြေစစ်ပွဲတွေမှာလည်း မက်ဆီကို ပွဲချိန်မိနစ် အနည်းငယ်သာ အသုံးပြုပြီး လူငယ်ကစားသမားတွေကို နေရာပေးသွားဖို့ ရှိနေတာပါ။
အာဂျင်တီးနားအသင်းဟာ ခြေစစ်ပွဲတွေအဖြစ် စက်တင်ဘာ ၄ ရက်မှာ ဗင်နီဇွဲလားအသင်းကို အိမ်ကွင်း၊ စက်တင်ဘာ ၉ ရက်မှာ အီကွေဒေါအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 358
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၉
နယူးကာဆယ်အသင်းထံ ပြောင်းရွှေ့ချင်တဲ့ ဝီဆာဟာ သူ့ရဲ့အပြောင်းအရွှေ့ကို ပိတ်ပင်နေတဲ့ ဘရန်ဖို့ဒ်အသင်းကို စိတ်ပျက်နေကြောင်း သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါတယ်။
ဘရန်ဖို့ဒ်အသင်းဟာ ဒီနွေရာသီမှာ အဓိက ကစားသမားတွေကို ဆုံးရှုံးနေရတာကြောင့် ဝီဆာရဲ့ အပြောင်းအရွှေ့ ကို ပိတ်ပင်မှုတွေ ပြုလုပ်နေတာပါ။
အသင်း ပြောင်းရွှေ့ချင်နေတဲ့ ဝီဆာဟာ ဘရန်ဖို့ဒ်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို လွဲချော်ခဲ့သလို နော်တင်ဟမ်ဖောရက်စ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲစဉ်မှာလည်း မပါဝင် နိုင်ခဲ့ပါဘူး။
အသက် ၂၈ နှစ်အရွယ်ရှိ ဝီဆာဟာ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ဘရန်ဖို့ဒ်အသင်းနဲ့ ပတ်သက်ပြီး ဖော်ပြထားတဲ့ အရာတွေကို ဖျက်ခဲ့သလို အသင်းကိုလည်း Unfollowed လုပ်ကာ အင်စတာဂရမ်ပရိုဖိုင်ပုံကို အနက်ရောင် ပြောင်းလဲခဲ့ပါတယ်။
နယူးကာဆယ်အသင်းဟာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ချင်နေတဲ့ အစ်ဆက်ရဲ့ နေရာမှာ အစားထိုးဖို့ ဝိဆာကို ခေါ်ယူချင်နေတာပါ။

ဝီဆာကို တွေ့ရစဉ်
ဘရန်ဖို့ဒ်အသင်းဟာ ဘုန်းမောက်အသင်းက ဒန်ဂိုကို ခေါ်ယူထားတာကြောင့် ဝီဆာကို ထွက်ခွာခွင့်ပေးဖို့ မျှော်လင့်နေကြပေမယ့် ထွက်ခွာခွင့် မပေးချင်ဘဲ ဖြစ်နေပါတယ်။
ဘရန်ဖို့ဒ်အသင်းနည်းပြ ကိတ်အန်ဒရူးစ်က ဝီဆာရဲ့အခြေနေကို အမြန်ဆုံး ဖြေရှင်းစေချင်နေပြီး ကစားသမား တစ်ဦး ထွက်ခွာခဲ့ရင် အသင်းမှာ ရှင်းရှင်းလင်းလင်း အစီအစဉ်ရှိတယ်လို့ ပြောထားတာပါ။
ဝီဆာကတော့ ဘရန်ဖို့ဒ်အသင်းအပေါ် သူ့ရဲ့စိတ်ပျက်မှုတွေ တိုးလာခဲ့ပြီး နွေရာသီ အပြောင်းအရွှေ့ မပိတ်မီ နယူးကာဆယ်အသင်းနဲ့ သဘောတူညီမှု ရယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။
ဝီဆာနဲ့ ဘရန်ဖို့ဒ်အသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာပါ။
ဝီဆာဟာ ပြီးခဲ့တဲ့ရာသီက ဘရန်ဖို့ဒ်အသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၉ ဂိုးအထိ သွင်းယူကာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ အမ်ဘူမိုနဲ့ အတွဲညီခဲ့ပါတယ်။
၂၀၂၁ ခုနှစ်က လော်ရီးယန့်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဝီဆာဟာ ဘရန်ဖို့ဒ်အသင်းအတွက် ၁၄၉ ပွဲ ပါဝင် ကစားခဲ့ပြီး ၄၉ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 368
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၉
အင်တာမီလန်အသင်းဟာ ဂိုးသမားဟောင်း အိုနာနာရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
ကင်မရွန်း ဂိုးသမား အိုနာနာဟာ အာဆင်နယ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲစဉ်မှာ ယူနိုက်တက်အသင်း လူစာရင်းထဲ ပါဝင်ခဲ့ခြင်းမရှိတာပါ။
အိုနာနာဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ သူ့ရဲ့ ယူနိုက်တက်အသင်း အနာဂတ်နဲ့ပတ်သက်ပြီး ထင်ကြေး သတင်းတွေ အများအပြား ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ဒီအချိန်မှာ အင်တာမီလန်အသင်းဟာ ၂၀၂၃ ခုနှစ်နွေရာသီက ယူနိုက်တက်အသင်းထံ ရောင်းချခဲ့တဲ့ ဂိုးသမား အိုနာနာကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ The Sun က ဖော်ပြထားတာပါ။
အင်တာမီလန်အသင်းဟာ ဂိုးသမားသစ် တစ်ဦးခေါ်ယူဖို့ ကြိုးပမ်းနေတာကြောင့် အိုနာနာဟာ အီတလီကလပ်ထံ အံ့အားသင့်ဖွယ် ပြန်လည်ရောက်ရှိ သွားနိုင်တာ ဖြစ်ပါတယ်။

အိုနာနာကို တွေ့ရစဉ်
အိုနာနာဟာ ပြီးခဲ့တဲ့ရာသီတွေမှာ လက်စွမ်းပိုင်း မတည်ငြိမ်မှုတွေကြောင့် ယူနိုက်တက်အသင်းဟာ သူ့ကိုရောင်းချ ပြီး အပြောင်းအရွှေ့ မပိတ်မီ ဂိုးသမားသစ် တစ်ဦးခေါ်ယူဖို့ တိုက်တွန်းမှုတွေ ခံနေရတာပါ။
ယူနိုက်တက်အသင်း နည်းပြ အာမိုရင်ဟာ အာဆင်နယ်အသင်းနဲ့ ပွဲအပြီးမှာ ဂိုးသမားသစ် ခေါ်ယူဖို့လိုတယ်ဆိုတဲ့ ထင်ကြေးတွေကို ပယ်ချထားပါတယ်။
အိုနာနာဟာ ဒဏ်ရာကြောင့် ယူနိုက်တက်အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ မပါဝင်နိုင်ခဲ့သလို အသင်းနဲ့ လေ့ကျင့်မှု ပြုလုပ်တာ ၁ ပတ်သာ ရှိသေးတဲ့အတွက် အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ သူ့ကို အသုံးမပြုခဲ့တာလို့ နည်းပြအာမိုရင်က ပြောထားပါတယ်။
အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ အသုံးပြုခဲ့တဲ့ တူရကီဂိုးသမား ဘယင်ဒါဟာ အမှားအယွင်း ပြုလုပ်ခဲ့တာကြောင့် ယူနိုက်တက်အသင်းဟာ သွင်းဂိုးခွင့် ပြုခဲ့ရတာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ ဂိုးသမား အိုနာနာကို ပွဲထွက်လူစာရင်းထဲ ပြန်ပြီးအသုံးပြုမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 343
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၉
နယူးကာဆယ်အသင်းကနေ ထွက်ခွာချင်နေတဲ့ တိုက်စစ်မှူး အစ်ဆက်ဟာ အင်္ဂါနေ့ညမှာ ကျင်းပမယ့် ပရော်ဖက် ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်း(PFA)ရဲ့ ဆုပေးပွဲ အခမ်းအနားကို တက်ရောက်ဖွယ်မရှိဘူးလို့ ဗြိတိန်မီဒီယာ အများအပြားက ဖော်ပြထားပါတယ်။
အစ်ဆက်ဟာ ဒီဆုပေးပွဲရဲ့ အဓိကဆုမှာ ဆန်ကာတင် စာရင်းထဲ ပါဝင်နေပေမယ့် နယူးကာဆယ်အသင်းမှာ အနာဂတ် မရေမရာ ဖြစ်နေတာနဲ့အတူ ဆုပေးပွဲကို တက်ရောက်ဖို့ မရှိတာပါ။
နယူးကာဆယ်အသင်းဟာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ချင်နေတဲ့ အစ်ဆက်ကို ရောင်းချဖို့ ဆန္ဒမရှိ ဖြစ်နေတာကြောင့် ကစားသမားနဲ့ ကလပ်အသင်းအကြားမှာ အဆင်မပြေမှုတွေ ရှိနေတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ အစ်ဆက်ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့လက ပေါင်သန်း ၁၁၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာကို နယူးကာဆယ်အသင်းက ပယ်ချခဲ့ပြီး သူတို့ဟာ ပြောင်းရွှေ့ကြေးပေါင်သန်း ၁၅၀ နီးပါး လိုချင်နေတယ်လို့ သတင်းတွေ ထွက်နေတာပါ။

အစ်ဆက်ကို တွေ့ရစဉ်
အစ်ဆက်ဟာ နယူးကာဆယ်အသင်းရဲ့ ရာသီကြို လေ့ကျင့်မှုတွေမှာလည်း ပါဝင်ခဲ့ခြင်းမရှိဘဲ တစ်ဦးတည်း လေ့ကျင့်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
အစ်ဆက်ဟာ နယူးကာဆယ်အသင်းရဲ့ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲစဉ်ဖြစ်တဲ့ အက်စတွန်ဗီလာအသင်းနဲ့ ဂိုးမရှိ သရေကျ ခဲ့တဲ့ပွဲစဉ်မှာလည်း ပါဝင်ခဲ့ခြင်းမရှိတာပါ။
ဆွီဒင်တိုက်စစ်မှူးဟာ နယူးကာဆယ်အသင်း ပရိသတ်တွေရဲ့ ကြီးကြီးမားမား ဝေဖန်မှုတွေ ခံနေရပြီး ကစားသမားကတော့ အနာဂတ်နဲ့ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်ပေးခြင်း မရှိသေးတာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်း နည်းပြ အက်ဒီဟောင်းက အစ်ဆက်ရဲ့ အခြေအနေကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောထားပါတယ်။
၂၀၂၂ ခုနှစ်က ဆိုစီဒက်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အစ်ဆက်ဟာ နယူးကာဆယ်အသင်းအတွက် ၁၀၉ ပွဲ ကစားထားပြီး ၆၂ ဂိုးသွင်းယူကာ ပြီးခဲ့တဲ့ရာသီက ကာရာဘောင်းလိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 331
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၈
ဆန်းတို့စ်အသင်းဟာ ဘရာဇီးလ် စီးရီးအေ အိမ်ကွင်းပွဲစဉ်မှာ ဗာစကိုဒဂါးမားအသင်းကို ၆ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ပြီးနောက် အသင်းခေါင်းဆောင် နေမာက ရှက်ဖို့ကောင်းတယ်လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
နေမာက “ရှက်ဖို့ကောင်းပြီး ကျနော်တို့ရဲ့ စွမ်းဆောင်ရည်အတွက် ကျနော် အလွန်စိတ်ပျက်မိပါတယ်။ ပရိသတ် တွေဟာ အကြမ်းဖက်မှုတွေ မလုပ်ဘဲ ဆန္ဒပြမှုတွေ လုပ်ခွင့်ရှိပါတယ်။ ဒါပေမယ့် သူတို့က ဒီလိုမျိုး လုပ်ချင်ရင် လည်း သူတို့လုပ်ခွင့်ရှိပါတယ်။ အလွန်ရှက်ဖို့ကောင်းတဲ့ ခံစားမှုဖြစ်သလို ကျနော် ဒီလိုမျိုးတစ်ခါမှ မကြုံတွေ့ဖူးပါ ဘူး။ ကျနော်လည်း အသင်းကို ဘယ်လိုမှ မကူညီနိုင်ခဲ့ဘူး”လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ဇွန်လကမှ ဆန်းတို့စ်အသင်းနဲ့ စာချုပ်သစ်ချုပ်ခဲ့တဲ့ နေမာအတွက် ဒီရှုံးနိမ့်မှုဟာ သူ့ရဲ့ကစားသမားဘဝမှာ အကြီးမားဆုံး ရှုံးနိမ့်မှု ဖြစ်ခဲ့ပါတယ်။

နေမာကို တွေ့ရစဉ်
နေမာဟာ ပွဲအပြီးမှာ အလွန်စိတ်ပျက်နေခဲ့ပြီး အသင်းနည်းပြ အဖွဲ့ဝင်တစ်ဦးက သူ့ကို ကွင်းထဲမှာ နှစ်သိမ့်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။
လီဗာပူးလ်နဲ့ ဘာစီလိုနာအသင်းတွေမှာ ကစားခဲ့တဲ့ နေမာရဲ့ ဘရာဇီးလ်အသင်းဖော်ဟောင်း ကော်တင်ဟိုဟာ ဒီပွဲမှာ ဗာစကိုဒဂါးမားအသင်းအတွက် ၂ ဂိုး သွင်းယူပေးနိုင်ခဲ့တာပါ။
ဆန်းတို့စ်အသင်းဟာ ဂိုးပြတ်ရှုံးနိမ့်မှုကြောင့် ဘရာဇီးလ်စီးရီးအေ အမှတ်ပေးဇယားအဆင့် ၁၅ နေရာမှာ ရပ်တည် နေပြီး တန်းဆင်းဇုန် အထက်ကအသင်းနဲ့ ၂ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။
ဆန်းတို့စ်အသင်းဟာ ဒီပွဲအပြီးမှာ နည်းပြဖြစ်သူ ကလီဘာဇာဗီယာကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး အနာဂတ်မှာ အကောင်းဆုံးဖြစ်ဖို့ ဆန္ဒပြုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဆန်းတို့စ်အသင်းဟာ လာမယ့် ဘရာဇီးလ် စီးရီးအေပွဲစဉ်အဖြစ် ဘာဟီရာအသင်းအိမ်ကွင်း သွားရောက် ယှဉ်ပြိုင် ရမှာဖြစ်ပြီး ဒီပွဲမှာ ရလဒ်မကောင်းခဲ့ရင် တန်းဆင်းဇုန်ထဲ ရောက်ရှိသွားနိုင်တာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 411
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၈
ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြ ဂလက်စ်နာက စပါးအသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်နေတဲ့ အီဇီကို အသင်းရဲ့ပထမဆုံး ဥရောပပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
ဂလက်စ်နာက “အီဇီနဲ့ ဂူဟီတို့အကြောင်း ကောလာဟလတွေ အများကြီး ရှိနေပေမယ့် သူတို့ဟာ အသင်းနဲ့အတူ ၁၀၀ ရာခိုင်နှုန်း ရှိနေခဲ့ပြီး သူတို့ဟာ ဒါကို ကြီးမားတဲ့ နည်းလမ်းနဲ့ သက်သေ ပြသနိုင်ခဲ့ပါတယ်။ အီဇီဟာ မနက် ဖြန် အသင်းရဲ့လေ့ကျင့်ခန်း အစီအစဉ်ကို လာရောက်မှာဖြစ်သလို အသင်းရဲ့ ဥရောပပွဲစဉ်မှာလည်း သူပါဝင်ကစား နိုင်ဖို့ ကျနော်မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။
ဒီနွေရာသီ အပြောင်းအရွှေ့မှာ စပါးနဲ့အာဆင်နယ်အသင်းတို့ရဲ့ ပစ်မှတ်ဖြစ်နေတဲ့ အီဇီဟာ ချယ်လ်ဆီးအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ် အသင်းအတွက် ပါဝင်ကစား ခဲ့ပါတယ်။
စပါးအသင်းဟာ နွေရာသီ အပြောင်းအရွှေ့ မပိတ်မီ အီဇီကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာကြောင့် ချယ်လ်ဆီး အသင်းနဲ့ပွဲစဉ်ဟာ ခရစ္စတယ်ပဲလေ့စ် အသင်းအတွက် အီဇီ နောက်ဆုံး ပါဝင်ကစားခဲ့တဲ့ ပွဲဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။

ခရစ္စတယ်ပဲလေ့စ်အသင်း ယှဉ်ပြိုင်နေစဉ်
ဒါပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြ ဂလက်စ်နာက လာမယ့် နော်ဝေကလပ် ဖရီဒရစ်စတက်အသင်းနဲ့ ကွန်းဖရန့်လိဂ် ပလေးအော့ဖ် ပွဲစဉ်မှာ အသင်းအတွက် အီဇီ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အီဇီအပြင် အသင်းခေါင်းဆောင် ဂူဟီကိုလည်း ဒီနွေရာသီမှာ ဆုံးရှုံးရဖွယ် ရှိနေတာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဂူဟီကို လာမယ့်ရာသီကုန်ရင် အလွတ်နဲ့ဆုံးရှုံးရမှာကို ရှောင်ချင်တာကြောင့် သူ့ကို ဒီနွေရာသီမှာ ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဂူဟီကို ပေါင်သန်း ၄၀ ဝန်းကျင် တန်ကြေး သတ်မှတ်ထားပြီး လီဗာပူးလ်အသင်းနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 267
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၈
အသလက်တီကိုအသင်းဟာ ရာသီသစ် လာလီဂါအဖွင့်ပွဲစဉ်မှာ အက်စ်ပန်ညိုအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့် ခဲ့ပြီးနောက် နည်းပြဆီမြွန်နီက ဒီရှုံးနိမ့်မှုကြောင့် နာကျင်ရတယ်လို့ ဝန်ခံခဲ့ပါတယ်။
ဆီမြွန်နီက “အက်စ်ပန်ညိုအသင်းဟာ သူတို့ရရှိခဲ့တဲ့ အခြေအနေတွေကို အကောင်းဆုံး အသုံးချသွားနိုင်ခဲ့ပါတယ်။ ကျနော်တို့ဟာ ပွဲကိုအကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပေမယ့် ရှုံးနိမ့်မှုကြောင့် နာကျင်စေခဲ့ရပါတယ်။ ဒီရလဒ်က ကျနော်တို့ကို နာကျင်စေပေမယ့် ဒါက ကျနော်တို့ကို ပိုပြီးတိုးတက်သွားစေနိုင်ပါတယ်။ ကျနော်တို့ဟာ အကောင်း ဆုံး အရာတွေကို အာရုံစိုက်ပြီး ဆက်လုပ်သွားမှာဖြစ်သလို အားနည်းချက်တွေကိုလည်း လျှော့ချနိုင် အောင် ကြိုးစားသွားမှာပါ။ အရေးကြီးဆုံးက အနိုင်ရလဒ်ရယူဖို့ပါ”လို့ Movistar နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
အသလက်တီကိုအသင်းဟာ ဒီပွဲမှာ တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ရဲ့ဖရီးကစ်သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ချေပဂိုးနဲ့ အနိုင်ဂိုးပေးခဲ့ရပြီး အက်စ်ပန်ညိုအသင်းကို အရေးနိမ့်ကာ လာလီဂါအဖွင့်ပွဲစဉ်ကို အရှုံးနဲ့ စတင်ခဲ့ရတာ ဖြစ်ပါတယ်။

အသလက်တီကိုအသင်း ယှဉ်ပြိုင်နေစဉ်
အသလက်တီကိုအသင်းဟာ ၂၀၀၉ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် လာလီဂါရာသီ အဖွင့်ပွဲစဉ်ကို ရှုံးနိမ့်ခဲ့တာ ဖြစ်တယ်လို့လည်း အချက်အလက်တွေအရ သိရပါတယ်။
အသလက်တီကိုအသင်းဟာ ပြီးခဲ့တဲ့ရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရပြီးနောက် ဒီရာသီမှာ အောင်မြင်မှု ရယူနိုင်ဖို့ ကစားသမားသစ် ၇ ဦးအထိ အားဖြည့်ထားတာပါ။
အသလက်တီကိုအသင်း ခေါင်းဆောင် ကိုကီက ဘောလုံးမှာ ဧရိယာ ၂ ခုစလုံး အကောင်းဆုံး လုပ်ဆောင် ရမှာဖြစ်ပြီး သူတို့ မလုပ်နိုင်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။
ဒါအပြင် ကိုကီက သူတို့အနေနဲ့ စပိန်လာလီဂါမှာ တစ်ခုခု လုပ်ပြချင်တယ်ဆိုရင် ပိုပြီးကောင်းအောင် လုပ်ဆောင်ရ မယ်လို့ ပြောခဲ့တာပါ။
အသလက်တီကိုအသင်းဟာ လာမယ့် လာလီဂါပွဲစဉ်အဖြစ် အယ်လ်ချီအသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 402
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၈
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲစဉ်မှာ အာဆင်နယ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေး နိမ့်ခဲ့ပေမယ့် အသင်းဟာ ပရီးမီးယားလိဂ်မှာရှိတဲ့ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်ဆိုတာ သက်သေပြသ နိုင်ခဲ့တယ်လို့ နည်းပြအာမိုရင်က ပြောခဲ့ပါတယ်။
အာမိုရင်က “ကျနော်တို့ ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့ပေမယ့် အဆုံးသတ်မှာ ရှုံးနိမ့်သွားခဲ့ပါတယ်။ ကစားသမားတွေ ကွင်းထဲမှာ လုပ်ဆောင်ခဲ့တဲ့ အလုပ်အတွက် ကျနော်ဂုဏ်ယူမိပြီး ဒါကို ရှေ့ဆက်နိုင်ဖို့ အရေးကြီးပါတယ်။ ကျနော် တို့ဟာ ပရီးမီးယားလိဂ်မှာ ဘယ်ပွဲကိုမဆို အနိုင်ရယူနိုင်တဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားသလို ဒီလိုမျိုး လုပ်ဆောင်နိုင်တယ်ဆိုတာလည်း ဒီပွဲမှာ သက်သေပြသနိုင်ခဲ့ပါတယ်။ ကျနော်တို့ဟာ မနှစ်ကထက် ပိုမို ကောင်း မွန်လာခဲ့ပြီး ကွန်ညာနဲ့ အမ်ဘူမိုတို့က အသင်းကို အများကြီး အကူအညီပေးနိုင်ခဲ့တယ်”လို့ ပွဲအပြီးအင်တာဗျူး မှာ ပြောခဲ့တာပါ။
ဒီပွဲမှာ အာဆင်နယ်အသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ယူနိုက်တက်အသင်း ဂိုးသမား ဘယင်ဒါရဲ့ အမှားကနေ နောက်ခံလူ ကာလာဖီအိုရီက သွင်းယူခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၂၂ ကြိမ်၊ ဂိုးပေါက်တည့်မှု ၇ ကြိမ်အထိ ရှိခဲ့ပေမယ့် အာဆင်နယ်အသင်း ဂိုးသမား ဒေးဗစ်ရာယာ လက်စွမ်းပြသ နိုင်ခဲ့တာကြောင့် သွင်းဂိုး မရရှိခဲ့တာပါ။

ယူနိုက်တက်အသင်းကို တွေ့ရစဉ်
အဲဒါကြောင့်လည်း ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲစဉ်ကို ရှုံးပွဲနဲ့စတင်ခဲ့ရတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်း နည်းပြ အာမိုရင်ဟာ ဂိုးသမား ဘယင်ဒါကို ကာကွယ်ခဲ့ပြီး အပြောင်းအရွှေ့ မပိတ်မီ ဂိုးသမားသစ် ခေါ်ယူဖို့လိုတယ်ဆိုတဲ့ ထင်ကြေးတွေကို ပယ်ချခဲ့တာပါ။
ဒါအပြင် အာမိုရင်က ယူနိုက်တက်အသင်းဟာ တိုးတက်မှုရှိလာခဲ့ပြီး ပရီးမီးယားလိဂ်မှာရှိတဲ့ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်း နည်းပြ အာတီတာက သူတို့ဟာ ယူနိုက်တက်အသင်းကို အနိုင်ရခဲ့ပေမယ့် မပျော်ရွှင်နိုင်ခဲ့ တာက ကောင်းမွန်တဲ့ လက္ခဏာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းက ဖူလ်ဟမ်အသင်းနဲ့ အဝေးကွင်း၊ အာဆင်နယ် အသင်းက အိမ်ကွင်းမှာ လိဒ်စ်အသင်းနဲ့ ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 540
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၆
ချန်ပီယံရှစ်ကလပ် ဟားလ်စီးတီးအသင်းဟာ ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ဘရန်ဒန်ဝီလျံစ်ကို တစ်နှစ်စာချုပ်နဲ့ ခေါ်ယူကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။
ချန်ပီယံရှစ် ကလပ်တွေနဲ့ ပြည်ပကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတဲ့ ဘရန်ဒန်ဝီလျံစ်ဟာ ဟားလ်စီးတီး အသင်းမှာ စမ်းသပ်မှုတွေ ပြုလုပ်ပြီးနောက် အပြောင်းအရွှေ့ အပြီးသတ်နိုင်ခဲ့တာပါ။
ဘရန်ဒန်ဝီလျံစ်နဲ့ ဟားလ်စီးတီးအသင်းတို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်ထဲမှာ စာချုပ်သက်တမ်းကုန်ရင် နောက်ထပ် တစ်နှစ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ပါဝင်တယ်လို့ သိရပါတယ်။

ဘရန်ဒန်ဝီလျံစ်က “လူတိုင်းက ကျနော့်ကို အလွန်ကြိုဆိုခဲ့ကြပြီး အခုဟားလ်စီးတီးအသင်းမှာ ရှိနေသလို ဘောလုံးကို အာရုံစိုက်နိုင်ပြီဖြစ်တဲ့အတွက် ကျနော် ပျော်ရွှင်ပါတယ်။ ဘောလုံးပွဲတွေ အနားယူတာကနေ ပြန်လာရတာဟာ စိတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာပါ အလွန်ခက်ခဲပါတယ်။ ကျနော်ဟာ မတူညီတဲ့ လူတစ်ဦးအနေနဲ့ ပြန်ရောက်လာခဲ့တာပါ။ ကျနော်ဟာ အခုအချိန်မှာ ဘောလုံးကိုပဲ အာရုံစိုက်ဖို့ အဆင်သင့် ဖြစ်နေသလို အလုပ်ကို ကြိုးစားပြီး အသင်းကို ရလဒ်ကောင်းတွေရရှိအောင် ကူညီပေးသွားမယ်”လို့ အပြောင်းအရွှေ့အပြီးမှာ ပြောခဲ့ တာပါ။
ယူနိုက်တက်အသင်း လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ ဘရန်ဒန်ဝီလျံစ်ဟာ အသက် ၁၉ နှစ်အရွယ်မှာ အသင်းကြီးအတွက် ပွဲဦးထွက်ခွင့် ရရှိခဲ့ပါတယ်။
အသက် ၂၄ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဘရန်ဒန်ဝီလျံစ်ဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေတာ ၁ နှစ်ကြာခဲ့ပြီ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၅၁ ပွဲ ပါဝင်ကစားပြီး ၁ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဘရန်ဒန်ဝီလျံစ်ဟာ နော်ဝစ်ချ်နဲ့ အစ်စဝှစ်ချ်အသင်းတွေမှာလည်း အငှားကစားခဲ့တာပါ။
ဘရန်ဒန်ဝီလျံစ်ဟာ ယာဉ်တိုက်မှုကြောင့် ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံရပြီးနောက် သူ့ရဲ့ကစားသမားဘဝကို ပြန်လည် စတင်ချင်တဲ့ ဆန္ဒကို ထုတ်ဖော်ခဲ့ပြီး အခုအချိန်မှာ ဟားလ်စီးတီးအသင်းအတွက် ပါဝင်ကစားတော့မှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 549
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၆
ယူနိုက်တက်အသင်း နည်းပြ အာမိုရင်ဟာ ပရီးမီးယားလိဂ် အတွေ့အကြုံ အများအပြားရှိတဲ့ ဗီလာတိုက်စစ်မှူး ဝက်ကင်စ်ကို ခေါ်ယူဖို့ ပိုပြီးနှစ်သက်တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပေမယ့် သူကတော့ တိုက်စစ်မှူးသစ် ဆက်စ်ကိုနဲ့ အတူတွဲ အလုပ်လုပ်ရတာကို ဝမ်းမြောက်တယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ကျနော် အလွန်ပျော်ရွှင်ပြီး သူဟာ ကြီးမားတဲ့ အလားအလာ ရှိသလို ဘောလုံး အမျိုးစားတိုင်းကို လည်း ကစားနိုင်ပါတယ်။ ကျနော်ကတော့ သူဟာ ယူနိုက်တက်အသင်းမှာ နှစ်ပေါင်းများစွာကြာ တိုက်စစ်မှူး အဖြစ် ရှိနေမှာကို မြင်နေပါတယ်။ ဒါကြောင့်လည်း အသင်းဟာ တိုက်စစ်မှူး တစ်ဦးအတွက် ငွေကြေး အများ အပြား သုံးစွဲခဲ့တာပါ။ သူဟာ အသင်းအတွက် ပါဝင်ကစားဖို့ အဆင့်သင့် ဖြစ်နေပါပြီ။ ပွဲထွက် လူစာရင်းမှာ သူ ပါဝင်နိုင်မလားဆိုတာ မြင်တွေ့ရမှာပါ”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အသင်းအတွက် လိုအပ်နေတဲ့ တိုက်စစ်မှူး နေရာအတွက် ဆက်စ်ကို,ကို လိုက်ပ်ဇစ် အသင်းကနေ ပေါင် ၇၄ သန်းအထိ ရောက်ရှိလာနိုင်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် အတွေ့အကြုံရှိတဲ့ ကစားသမားတွေကို အဓိကထား ခေါ်ယူနေတာကြောင့် တိုက်စစ်မှူး နေရာအတွက်လည်း အက်စတွန်ဗီလာအသင်း တိုက်စစ်မှူး ဝက်ကင်စ်ကို ဦးစားပေး ခေါ်ယူချင်နေတယ်လို့ သတင်းထွက်ခဲ့တာပါ။
ဒါပေမယ့် နည်းပြအာမိုရင်က ဆက်စ်ကိုနဲ့ အလုပ်တွဲလုပ်ရတာကို ပျော်ရွှင်ပြီး သူဟာ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ယူနိုက်တက်အသင်း ကစားသမားဘဝ ပွဲဦးထွက်အဖြစ် ပါဝင်မယ်လို့ ပြောခဲ့ပါ တယ်။
ယူနိုက်တက်အသင်းဟာ ဆက်စ်ကို,ကို ခေါ်ယူခဲ့တာကြောင့် ဒိန်းမတ်တိုက်စစ်မှူး ဟော့ဂျ်လန်းရဲ့ အနာဂတ်ဟာ မရေမရာဖြစ်ခဲ့ပြီး ဒီနွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတာပါ။
ယူနိုက်တက်အသင်း နည်းပြ အာမိုရင်က ဟော့ဂျ်လန်းဟာ ရွေးချယ်စရာအဖြစ်ရှိနေပြီး အသင်းရဲ့ ကစားသမား အဖြစ် ရှိနေဆဲလို့ ပြောခဲ့ပါတယ်။
ဒါအပြင် အာမိုရင်က ဒီရာသီ ယူနိုက်တက် အသင်းရဲ့ ရည်မှန်းချက်က လာမယ့်ရာသီ ဥရောပပြိုင်ပွဲကို ပြန်လည် ယှဉ်ပြိုင်ခွင့်ရရှိဖို့ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
Source: Goal
