- By CNI
- Category: အားကစား
- Hits: 306
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆
စပါးအသင်းတိုက်စစ်မှူး ရစ်ချာလီဆန်ဟာ တံကောက်ကြော ဒဏ်ရာကြောင့် ၇ ပတ်ကြာ အနားယူရမှာဖြစ်လို့ ဝက်စ်ဟမ်းအသင်းနဲ့ လန်ဒန်ဒါဘီပွဲစဉ် မတိုင်မီ အသင်းရဲ့ တိုက်စစ် ရွေးချယ်စရာအတွက် ထိုးနှက်ချက်ဖြစ် ခဲ့ပါတယ်။
ရစ်ချာလီဆန်ဟာ ဒီရာသီ ပရီးမီးယား လိဂ်ပြိုင်ပွဲမှာ စပါးအသင်းအတွက် ၇ ဂိုးသွင်းပြီး ၃ ဂိုးဖန်တီးထားကာ အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာပါ။
စပါးအသင်းဟာ FA ဖလားပြိုင်ပွဲမှာ အက်စတွန်ဗီလာအသင်းကို အရေးနိမ့်ကာ ထွက်ခွာခဲ့ရပြီးနောက် ရလဒ် ကောင်း ရယူနိုင်ဖို့ ကြိုးစားနေချိန်မှာ ရစ်ချာလီဆန်ရဲ့ ဒဏ်ရာသတင်းကြောင့် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။
ရစ်ချာလီဆန် မပါဝင်နိုင်ပေမယ့် ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ အာဖရိကဖလား ပြိုင်ပွဲကနေ ပြန်လာခဲ့တဲ့ ဘစ်ဆူးမား ပြန်ပါဝင်နိုင်သလို ဘာ့ဂျ်ဗောလ်လည်း ပါဝင်နိုင်ဖို့ရှိနေပါတယ်။

ရစ်ချာလီဆန်ကို တွေ့ရစဉ်
ဒါ့ပြင် နောက်ခံလူ အူဒိုဂီနဲ့ တိုက်စစ်မှူး ဆိုလန်ကီတို့လည်း အပြည့်အဝ ကြံ့ခိုင်မှုရရှိဖို့ နီးစပ်နေတဲ့အတွက် ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ စပါးအသင်း လူစာရင်းထဲ ပါဝင်လာဖို့ရှိနေတာပါ။
ပြီးခဲ့တဲ့ပွဲကို ပွဲပယ်ကြောင့် မပါဝင်နိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ရိုမဲရိုးလည်း ပြန်လည်ပါဝင်မှာ ဖြစ်ပါတယ်။
စပါးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂၁ ပွဲ ကစားအပြီးမှာ ရမှတ် ၂၇ မှတ်နဲ့ အဆင့် ၁၄ နေရာ ရပ်တည်နေပြီး ဝက်စ်ဟမ်းအသင်းကတော့ ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၁၈ နေရာ ရပ်တည်နေကာ သူ့ရဲ့အထက်က နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ ၇ မှတ် ကွာဟနေပါတယ်။
စပါးအသင်းဟာ ကွင်းလယ် လိုအပ်ချက်အတွက် မကြာသေးမီက အက်သလက်တီကိုအသင်း ကွင်းလယ်လူ ဂယ်လာဂါကို ခေါ်ယူအားဖြည့်ထားတာပါ။
စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ်က ဂယ်လာဂါဟာ အလွန်ကောင်းမွန်တဲ့ ကစားသမားဖြစ်ပြီး ပရီးမီးယား လိဂ်မှာ အတွေ့အကြုံ အများအပြား ရှိသလို သူ့ရဲ့ခေါင်းဆောင်မှု အရည်အချင်းတွေကို မီးမောင်းထိုး ပြောခဲ့ပါ တယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 315
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆
ယူနိုက်တက်အသင်းနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ ပြင်းထန်တဲ့ ဒဏ်ရာခံစားခဲ့ရပြီးနောက် မနှစ်က ဘောလုံးလောက,ကနေ အနားယူဖို့ စဉ်းစားခဲ့တယ်လို့ AFA Estudio နဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။
လီဆန်ဒရိုမာတီနက်ဇ်က “ဘောလုံးသမား မဟုတ်တော့သလို ခံစားခဲ့ရသလို နာကျင်မှုကြောင့် ဘောလုံးပြန်ပြီး ကစားနိုင်မှာ မဟုတ်ဘူးလို့လည်း တွေးမိခဲ့ပါတယ်။ ဒီနေ့ပြန်ပြီး စဉ်းစားကြည့်မိတော့ ဘယ်လိုလုပ်ခဲ့မှန်းတောင် ကျနော် မသိပါဘူး။ ကျနော့် ပတ်ဝန်းကျင်က လူတွေ၊ မိသားစုနဲ့ သူငယ်ချင်းတွေကို ဖက်တွယ်မိခဲ့ပါတယ်။ ရိုးရိုး သားသား ပြောရရင် ဘောလုံး မကစားချင်လောက်အောင် ဖြစ်ခဲ့ပေမယ့် သူတို့ရဲ့အားပေးမှုတွေကို ရခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။
အာဂျင်တီးနား နောက်ခံလူဟာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလက ခရစ္စတယ်ပဲလေ့စ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေး နိမ့်ခဲ့တဲ့ပွဲမှာ အရွတ်ဒဏ်ရာ ရခဲ့တာကြောင့် ၉ လကြာ အနားယူခဲ့ရပြီး နိုဝင်ဘာလကုန်ပိုင်းမှသာ ယူနိုက်တက် အသင်းအတွက် ပြန်ကစားနိုင်ခဲ့ပါတယ်။

လီဆန်ဒရိုမာတီနက်ဇ်ကို တွေ့ရစဉ်
လီဆန်ဒရိုမာတီနက်ဇ်ဟာ ယူနိုက်တက်အသင်းမှာ ဒဏ်ရာပြဿနာတွေ အများအပြား ကြုံတွေ့ခဲ့ရတဲ့အတွက် အနားယူဖို့အထိပါ စဉ်းစားခဲ့တာ ဖြစ်ပါတယ်။
လီဆန်ဒရိုမာတီနက်ဇ်ဟာ ၂၀၂၃ ခုနှစ်၊ ဧပြီလက ဆီဗီလာအသင်းနဲ့ပွဲမှာ ခြေထောက်ရိုးကျိုး ဒဏ်ရာ ရခဲ့ပြီးနောက် ခွဲစိတ်ကုသမှု ခံယူခဲ့ရတာကြောင့် ရာသီကုန်အထိ အနားယူခဲ့ရသေးတာပါ။
အာဂျင်တီးနားကစားသမားဟာ ဒဏ်ရာတွေကြောင့် မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တဲ့ ၂၀၂၃ FA ဖလားဗိုလ်လု ပွဲနဲ့ ပြီးခဲ့တဲ့ရာသီက စပါးအသင်းကို အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကိုလည်း လွဲချော်ခဲ့တာဖြစ်ပါတယ်။
လီဆန်ဒရိုမာတီနက်ဇ်က သူဟာ ဒဏ်ရာကနေ ပြန်လည် ကောင်းမွန်လာဖို့အတွက် ဒုက္ခတွေ၊ အရှုံးမပေးမှု တွေကြောင့် အခုအချိန်မှာ ပြန်ကစားနိုင်ခဲ့တာလို့လည်း ပြောခဲ့ပါတယ်။
၂၀၂၂ ခုနှစ် နွေရာသီက ပေါင် ၅၅ သန်းနဲ့ အေဂျက်စ်အသင်းကနေ ရောက်လာခဲ့တဲ့ လီဆန်ဒရိုမာတီနက်ဇ်ဟာ ယူနိုက်တက်အသင်းအတွက် ၁၀၁ ပွဲကစားထားပြီး ၃ ဂိုးသွင်းယူထားပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 367
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆
ဒီရာသီကုန်ရင် စာချုပ်ကုန်ဆုံးတော့မယ့် စကော့တလန် နောက်ခံလူ ရော်ဘတ်ဆန်က သူ့ရဲ့လီဗာပူးလ်အသင်း အနာဂတ်ဟာ မရေမရာ ဖြစ်နေဆဲလို့ ဝန်ခံခဲ့ပါတယ်။
ရော်ဘတ်ဆန်က “ကျနော်ဟာ စာချုပ် ၅ လပဲ ကျန်ရှိတော့တဲ့အတွက် ဆက်နေဖို့ ရွေးချယ်ခွင့် ဒါမှမဟုတ် ထွက်သွားဖို့ ရွေးချယ်စရာတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ကြည့်ရပါမယ်။ ကျနော်ဟာ မိသားစုနဲ့အတူ ထိုင်ပြီး ဆုံးဖြတ်သွားမှာပါ။ စိတ်ဖိစီးမှုများခဲ့တဲ့ နွေရာသီအပြီးမှာ ကျနော်ဟာ အသင်းရဲ့ အစိတ်အပိုင်းဖြစ်ပြီး လီဗာပူးလ် အသင်း ကစားသမား ဖြစ်ရတာကို ပျော်ရွှင်ဖို့ ကြိုးစားနေပါတယ်။ ကျနော် ကိုယ်တိုင်နဲ့ ကျနော့်မိသားစုက ဘာလို ချင်လဲဆိုတာ ကျနော်မြင်ဖို့လိုပါတယ်”လို့ ပြောခဲ့တာပါ။
ရော်ဘတ်ဆန်ဟာ ပြီးခဲ့တဲ့နွေရာသီက အက်သလက်တီကိုအသင်းရဲ့ ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် လီဗာပူးလ် အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စကော့တလန်အသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ရမယ့် ရော်ဘတ်ဆန်ဟာ ဒီပြိုင်ပွဲကနေ ပြန်လာရင် အသင်းလက်မဲ့အဖြစ် ရှိနိုင်ပါတယ်။
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဟန်ဂေရီ ဘယ်နောက်ခံလူ ကာကတ်ဇ်ကို ခေါ်ယူပြီးနောက် ရော်ဘတ်ဆန်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၄ ပွဲသာ ပွဲထွက် လူစာရင်းထဲ ပါဝင်ခဲ့ရတာပါ။

ရော်ဘတ်ဆန်ကို တွေ့ရစဉ်
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ရော်ဘတ်ဆန်ကို အသင်းရဲ့ အဝတ်လဲခန်းထဲမှာ သြဇာကြီးမားတဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် မြင်နေဆဲဖြစ်ပြီး ဒုတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးထားပါတယ်။
ရော်ဘတ်ဆန်က သူဟာ ပွဲကစားချင်တဲ့ ကစားသမားဖြစ်ပြီး အရန်ခုံမှာ ထိုင်ရတာ မပျော်ရွှင်တဲ့သူဖြစ်လို့ ဘာတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရမယ်လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ရော်ဘတ်ဆန်က သူဟာ ကလပ်အသင်းအတွက် အရာအားလုံး ပေးခဲ့သလို အသင်းကလည်း သူ့အပေါ် အလွန်ကောင်းခဲ့တယ်လို့ ပြောခဲ့တာပါ။
၂၀၁၇ ခုနှစ်က ဟားလ်စီးတီးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ရော်ဘတ်ဆန်ဟာ လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း ၃၆၂ ပွဲ ပါဝင်ကစားထားပြီး ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား အောင်မြင်မှု အများအပြားရယူနိုင်ခဲ့ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 347
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆
ဘာစီလိုနာအသင်းဟာ ကိုပါဒယ်ရေးဖလားပြိုင်ပွဲမှာ ရေးဆင်းအသင်းကို အနိုင်ရပြီး ပြိုင်ပွဲစုံ ၁၁ ပွဲဆက်တိုက် အနိုင်ရခဲ့ပေမယ့် နည်းပြဟန်ဆီဖလစ်က ဒီစံချိန်က ဘာမှမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဟန်ဆီဖလစ်က “ဒါက ဘာမှမဟုတ်သလို အချက်အလက်တွေကို ကျနော် စိတ်မဝင်စားပါဘူး။ ကျနော်တို့ အတွက်၊ ကလပ်အတွက်နဲ့ ပရိသတ်တွေအတွက် ဒီပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ကျနော်ပျော်ရွှင်ပါတယ်။ ဒီနိုင်ပွဲ ကြောင့် ကျနော်တို့ဟာ နောက်တစ်ဆင့်ကို ရောက်ရှိပြီး ဒါက ကျနော်တို့လိုချင်တဲ့အရာပါ”လို့ ပြောခဲ့ပါတယ်။
ကိုပါဒယ်ရေးဖလားပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ ဘာစီလိုနာအသင်းဟာ ၁၆ သင်းအဆင့်မှာ ရေးဆင်းအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ် တက်နိုင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းအတွက် သွင်းဂိုးတွေကို ဖာရန်တောရက်စ်နဲ့ ယာမဲလ်တို့က ဒုတိယပိုင်းမှာ သွင်းယူခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ဒီနိုင်ပွဲကြောင့် ပြိုင်ပွဲစုံ ၁၁ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး အသင်းရဲ့ သမိုင်းမှာ ဒုတိယမြောက် အရှည်ကြာဆုံး နိုင်ပွဲဆက် စံချိန်ဖြစ်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းကို တွေ့ရစဉ်
ဘာစီလိုနာအသင်း နောက်ဆုံးရှုံးပွဲ ကြုံတွေ့ခဲ့တာက ပြီးခဲ့တဲ့နိုဝင်ဘာလက ချယ်လ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာဖြစ်ပြီး ဒီနောက်ပိုင်းမှာ အသင်းဟာ နိုင်ပွဲဆက်ခဲ့ပြီး လာလီဂါပြိုင်ပွဲမှာ ၄ မှတ်အသာနဲ့ ထိပ်ဆုံးနေရာ ရပ်တည်ခဲ့တာပါ။
ဒါ့ပြင် ဘာစီလိုနာအသင်းဟာ စပိန်စူပါဖလားပြိုင်ပွဲမှာ ရီးရယ်လ်အသင်းကို အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့သလို ကိုပါဒယ်ရေးဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ် ရောက်ရှိခဲ့ပါတယ်။
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ရေးဆင်းအသင်းဟာ အသင်းကောင်း တစ်သင်းဖြစ်ပြီး လာမယ့်ရာသီ လာလီဂါပြိုင်ပွဲမှာ ပြန်တွေ့နိုင်တယ်လို့ ပြောခဲ့ပါတယ်။
ရေးဆင်းအသင်းဟာ စပိန်ဒုတိယတန်း ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်နေတာကြောင့် ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် လာလီဂါပြိုင်ပွဲထံ တန်းတက်နိုင်ဖို့ မျှော်လင့်နေပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 306
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅
ပြီးခဲ့တဲ့နွေရာသီက မိုနာကိုအသင်းထံ ရောက်ရှိလာပြီးကတည်းက မိနစ် ၃၀ သာ ကစားထားနိုင်တဲ့ ကွင်းလယ်လူ ပေါ့ဘာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ မူလအစီအစဉ်ဟာ အလုပ်မဖြစ်ဘူးလို့ အသင်း CEO သီယာဂိုစကူရိုက ပြောခဲ့ပါ တယ်။
သီယာဂိုစကူရိုက “ပေါ့ဘာအတွက် ပရိုဂရမ်နဲ့ အစီအစဉ်က ကျနော်တို့အစပိုင်းမှာ မျှော်လင့်ထားသလို အလုပ် မဖြစ်ခဲ့ပါဘူး။ သူရုန်းကန်နေရတဲ့ အချက်ကို သူကိုယ်တိုင်ကလည်း စိတ်အနှောင့်အယှက် ဖြစ်နေပါတယ်။ သူဟာ ပိုပြီးပါဝင်ချင်သလို ကွင်းထဲမှာ သူ့ရဲ့ကစားချိန်တွေကို တိုးချင်နေတယ်”လို့ ပြောခဲ့ပါတယ်။
ဒဏ်ရာတွေ၊ တားမြစ်ဆေးကြောင့် ပွဲကစားခွင့် ပိတ်ပင်ခံခဲ့ရတဲ့ ပေါ့ဘာဟာ သူ့ရဲ့ ကစားသမားဘဝကို ပြန်လည် စတင်နိုင်ဖို့ ပြီးခဲ့တဲ့ နွေရာသီမှာ မိုနာကိုအသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ခဲ့တာပါ။
ဒါပေမယ့် ပေါ့ဘာဟာ လေ့ကျင့်ရေးကွင်းမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် အနားယူခဲ့ရပြီး မိုနာကိုအသင်းအတွက် ပွဲဦးထွက်နိုင်ဖို့ နိုဝင်ဘာလကုန်အထိ စောင့်ဆိုင်းခဲ့ရပါတယ်။
ပြင်သစ်ကွင်းလယ်လူဟာ လက်ရှိအချိန်ထိ မိုနာကိုအသင်းအတွက် ၃ ပွဲသာ ပါဝင်ကစားထားရသေးတာပါ။

ပေါ့ဘာကို တွေ့ရစဉ်
မိုနာကိုအသင်းက ပေါ့ဘာဟာ အသင်းအတွက် အကျိုးသက်ရောက်မှုတွေ လုပ်ပေးနိုင်မယ်လို့ မျှော်လင့်နေဆဲ ဖြစ်ပေမယ့် စာချုပ်ထဲမှာ ဖော်ပြထားခြင်းမရှိတဲ့ အချက်တွေက ပြင်သစ်ကလပ်မှာ သူ့ရဲ့အချိန်တွေဟာ စောစီးစွာ အဆုံးသတ် သွားနိုင်ပါတယ်။
မိုနာကိုအသင်း CEO က ပေါ့ဘာနဲ့ ပတ်သက်ပြီး အခုအချိန်မှာ ဆွေးနွေးဖို့ မရှိသေးပေမယ့် ရာသီကုန်ချိန်မှာ နောက်ထပ် ဆွေးနွေးမှုတွေ ပြုလုပ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
မိုနာကိုအသင်းဟာ ဒီရာသီပြင်သစ် လီဂူး-၁ ပြိုင်ပွဲမှာ ရလဒ်တွေ မတည်မငြိမ်ဖြစ်နေပြီး အဆင့် ၉ နေရာ ရပ်တည် နေကာ ဥရောပဝင်ခွင့်နေရာနဲ့ ၇ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 306
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅
ဆွီဒင်တိုက်စစ်မှူးဟောင်း ဇလာတန်အီဘရာဟီမိုဗစ်ရဲ့ သားဖြစ်သူ မက်ဆီမီလီယန်ဟာ အေစီမီလန်အသင်း ကနေ ဒတ်ချ်ကလပ် အေဂျက်စ်အသင်းထံ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
မက်ဆီမီလီယန်ဟာ အေဂျက်စ်အသင်းမှာ ၃ ရာသီကြာ ကစားပြီး ဆုဖလား ၄ ခု ရယူနိုင်ခဲ့တဲ့ ဖခင်ဖြစ်သူရဲ့ ခြေရာအတိုင်း လိုက်နင်းပြီး ဒတ်ချ်ကလပ်ထံ ပြောင်းရွှေ့လာခဲ့တာပါ။
အေဂျက်စ်အသင်းဟာ ရာသီကုန်ချိန်မှာ ဝယ်ယူဖို့ ရွေးချယ်ခွင့်ရှိနေတဲ့ မက်ဆီမီလီယန်ကို ယူ-၂၃ အသင်းနဲ့ အသင်းကြီးအကြားမှာ ခွဲဝေပြီး အသုံးပြုသွားဖို့ ရှိနေပါတယ်။
မက်ဆီမီလီယန်ဟာ ၂၀၂၂ ခုနှစ်မှာ အေစီမီလန်အသင်း အကယ်ဒမီကို ရောက်ရှိလာခဲ့ပြီး ဒုတိယအသင်းဖြစ်တဲ့ စီးရီးဒီရှိ မီလန်ဖူတူရိုအသင်းမှာ ကစားခဲ့ပါတယ်။
မက်ဆီမီလီယန်ဟာ နာပိုလီအသင်းကို အရေးနိမ့်ခဲ့တဲ့ အီတလီ စူပါဖလားပွဲစဉ်မှာ အေစီမီလန်အသင်းကြီး လူစာရင်းထဲ ပထမဆုံးအကြိမ် ခေါ်ယူခြင်း ခံခဲ့ရပေမယ့် ပါဝင်ကစားခဲ့ရခြင်းတော့ မရှိပါဘူး။

မက်ဆီမီလီယန်ကို တွေ့ရစဉ်
အေဂျက်စ်အသင်းထံ ပြောင်းရွှေ့ပြီးနောက်မှာ မက်ဆီမီလီယန်က သူဟာ ကိုယ်ပိုင်ဇာတ်လမ်းကို ရေးချင်တယ်လို့ ပြောခဲ့ပါတယ်။
မက်ဆီမီလီယန်က “ကျနော့် အတွက်တော့ အဖေ့ရဲ့ခြေရာကို လိုက်နင်းနေတယ်ဆိုပြီး မခံစားရပါဘူး။ ကျနော် ဟာ ဒီနေရာကို ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ ရောက်လာတာဖြစ်ပြီး ကိုယ်ပိုင်ဇာတ်လမ်းကိုပဲ ရေးချင်ပါတယ်။ ဒီအပြောင်းအရွှေ့ကြောင့် အဖေက ကျနော့်ကို ဝမ်းသာနေတယ်လို့ ထင်ပါတယ်။ အီဘရာဟီမိုဗစ်ဆိုတာ နာမည် တစ်ခုဖြစ်ပြီး ကျနော်က မက်ဆီမီလီယန်ပါ။ ကျနော်တို့ နှစ်ဦးစလုံးဟာ အလွန်ကွာခြားပါတယ်”လို့ ပြောခဲ့တာပါ။
နောက်ဆုံးကစားခဲ့တဲ့ လိဂ် ၅ ပွဲမှာ ၄ ပွဲ အနိုင်ရပြီး ၁ ပွဲ သရေကျခဲ့တဲ့ အေဂျက်စ်အသင်းဟာ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 321
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅
ချယ်လ်ဆီးအသင်းက အာဆင်နယ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမ အကျော့ပွဲစဉ်မှာ ဂိုးသမားဆန်းချက်ဇ်ရဲ့ အမှားအယွင်း ၂ ခုအတွက် သူ့ကိုအပြစ်တင်ဖို့ နည်းပြရိုစီနီယာက ပြောခဲ့ပါတယ်။
ရိုစီနီယာက “ပထမဂိုးက စိတ်ပျက်စရာ ဖြစ်ပေမယ့် ဆန်းချက်ဇ် တစ်ဦးတည်းကြောင့် မဟုတ်ပါဘူး။ ကျနော်ဟာ သူ့ကို သူအရင်က မလုပ်ဖူးတဲ့ အရာတွေလုပ်ဖို့ တောင်းဆိုထားပြီး ပွဲမစခင်မှာ ရှင်းရှင်းလင်းလင်း ပြောထားပါ တယ်။ ကျနော့် ကစားသမားတွေ အမှားလုပ်မိရင် ကျနော် တာဝန်ယူမှာဖြစ်ပြီး ဒါက ကျနော့်အပေါ် မူတည်ပါ တယ်။ ကျနော့်အလုပ်က သူတို့ကို ကူညီဖို့ဖြစ်ပြီး အပြစ်တင်ဖို့မဟုတ်ဘူး”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှာ ဂိုးသမား ဆန်းချက်ဇ်ရဲ့ အမှား ၂ ခုကနေ အာဆင်နယ်အသင်းကို ဦးဆောင်ဂိုး ၂ ဂိုး ပေးခဲ့ရပါတယ်။
ဒါပေမယ့် ဂါနာချိုက ချယ်လ်ဆီးအသင်းအတွက် ချေပဂိုး ပြန်သွင်းခဲ့ပေမယ့် ဇူဘီမန်ဒီက အာဆင်နယ်အသင်း အတွက် တတိယမြောက် သွင်းဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းအတွက် နောက်ထပ် ချေပဂိုးကို ဂါနာချိုကပဲ သွင်းယူနိုင်ခဲ့တာပါ။

ဂိုးသမား ဆန်းချက်ဇ်ကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်းဟာ အာဆင်နယ်အသင်းဘက်ကို တတိယမြောက် ချေပဂိုး မသွင်းနိုင်တော့တာကြောင့် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တာကြောင့် အာဆင်နယ်အသင်း အိမ်ကွင်းမှာ ကစားရမယ့် ဒုတိယအကျော့ပွဲမှာ နိုင်ပွဲရရှိဖို့ ရုန်းကန်ရတော့မှာပါ။
ချယ်လ်ဆီးအသင်း ပရိသတ်တွေကတော့ ဒီပွဲမှာ အမှားတွေ ပြုလုပ်ခဲ့တဲ့ ဂိုးသမား ဆန်းချက်ဇ်ကို ဝေဖန်ခဲ့ပေမယ့် နည်းပြရိုစီနီယာက သူ့ရဲ့ ဂိုးသမားကို ကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းနဲ့ပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ်နဲ့ ကိုးလ်ပါလ်မာတို့ဟာ လာမယ့် ဘရန်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း နည်းပြရိုစီနီယာက ပြောခဲ့ပါ တယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 527
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅
ရီးရယ်လ်အသင်းဟာ နည်းပြအာဘီလိုအာ စတင်ကိုင်တွယ်တဲ့ ပထမဆုံးပွဲမှာ ဒုတိယတန်းကလပ် အယ်လ်ဘာ စီတီ အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ပြီး ကိုပါဒယ်ရေးဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။
ဒီပွဲရဲ့ မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာ ဂွန်ဇာလိုဂါစီယာက ရီးရယ်လ်အသင်းအတွက် ချေပဂိုး သွင်းယူ နိုင်ခဲ့ပေမယ့် နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ ဘီတန်ကော်က အယ်လ်ဘာစီတီအသင်းအတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူခဲ့တာပါ။
အဲ့ဒါကြောင့် စပိန်ဒုတိယတန်းပြိုင်ပွဲမှာ အဆင့် ၁၇ နေရာ ရပ်တည်နေတဲ့ အယ်လ်ဘာစီတီအသင်းဟာ ရီးရယ်လ် အသင်းကို ပထမဆုံးအကြိမ် အနိုင်ရပြီး ကွာတားဖိုင်နယ်တက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းကို အရေးနိမ့်ခဲ့တဲ့ ရီးရယ်လ်အသင်းဟာ ဒီရှုံးပွဲ ကြောင့် နောက်ထပ် ဆုဖလားတစ်ခုကို လက်လွှတ်ခဲ့ရပါတယ်။

ရီးရယ်လ်အသင်းကို တွေ့ရစဉ်
ဇာဘီအလွန်ဆိုရဲ့ နေရာမှာ ရီးရယ်လ်အသင်းကို ပထမဆုံးပွဲအဖြစ် တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ နည်းပြအာဘီလိုအာ က ဒီရှုံးပွဲအတွက် သူ့မှာတာဝန်ရှိတယ်လို့ ပြောခဲ့ပါတယ်။
အာဘီလိုအာက “ဒီကလပ်မှာ သရေရလဒ်က ဆိုးရွားတယ်ဆိုရင် ရှုံးနိမ့်မှုကို မြင်ယောင် ကြည့်နိုင်ပါတယ်။ အဆင့် နိမ့်အသင်းကို အရေးနိမ့်ခဲ့ရတာက နာကျင်စရာကောင်းပြီး ကျနော်တို့ တိုးတက်အောင် လုပ်ရမယ်ဆိုတာ သိသာ ပါတယ်။ ကျနော်က ဆုံးဖြတ်ချက်တွေ ချတဲ့အတွက် ဒီရလဒ်က ကျနော့်မှာ တာဝန်ရှိပါတယ်။ ရှုံးနိမ့်မှုတွေက အောင်မြင်မှု လမ်းကြောင်းရဲ့ အစိတ်အပိုင်းဖြစ်ပြီး ဒါက ကျနော်တို့ကို ပိုပြီးကောင်းလာစေမှာပါ”လို့ ပြောခဲ့တာ ပါ။
ရီးရယ်လ်အသင်းဟာ ဒီပွဲမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ကော့တွိုက်စ်၊ ဘတ်ပီ၊ ဘယ်လင်ဂမ်၊ ချူအာမန်နီ၊ ရိုဒရီဂိုတို့ကို ချန်လှပ်ပြီး အသင်းရဲ့ အဓိက ကစားသမားတချို့နဲ့ အကယ်ဒမီထွက် ကစားသမားတွေကို တွဲဖက် အသုံးပြုခဲ့ပါတယ်။
ရီးရယ်လ်အသင်းနည်းပြ အာဘီလိုအာက ဒီလူစာရင်းက သူ့အတွက် မှန်ကန်တယ်လို့ ယုံကြည်ခဲ့ပြီး လာမယ့်ပွဲမှာ ကစားသမား အများအပြားဟာ အကောင်းဆုံး ရုပ်ပိုင်းဆိုင်ရာအဆင့်ကို ပြန်ရပြီး ပါဝင်လာကြမယ်လို့ ပြောခဲ့ပါ တယ်။
ရီးရယ်လ်အသင်းဟာ လာမယ့် လာလီဂါပွဲအဖြစ် လီဗန်တေးအသင်းကို အိမ်ကွင်းလက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 320
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄
ချယ်လ်ဆီးအသင်းနည်းပြသစ် ရိုစီနီယာဟာ အသင်းရဲ့ အပယ်ခံ ကစားသမားတွေအဖြစ် သတ်မှတ်ခံထားရတဲ့ စတာလင်၊ ဒီဆာဆီတို့နဲ့ တွေ့ဆုံပြီး စကားပြောသွားမယ်လို့ ပြောခဲ့ပါတယ်။
ရိုစီနီယာက “ကျနော် သူတို့နဲ့ စကားပြောသွားမှာပါ။ အခုက ခင်ဗျားတို့ သိတဲ့အတိုင်း ဇန်နဝါရီထဲကို ရောက်နေ တာလေ။ စတာလင်ဟာ အလွန်ကောင်းမွန်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပြီး ကျနော်သူ့ကို အလွန်လေးစား ပါတယ်။ ဒီဆာဆီကလည်း ကျနော် နှစ်သက်ခဲ့တဲ့ ကစားသမားတစ်ဦးပါ။ သူတို့နဲ့ စကားပြောမှာဖြစ်သလို ကလပ် အသင်းနဲ့လည်း စကားပြောမှာပါ။ လာမယ့်ရက် အနည်းငယ်အတွင်း ဒါကို ကျနော် လုပ်ဆောင်သွားမှာပါ”လို့ ပြောခဲ့တာပါ။
၂၀၂၃-၂၄ ရာသီမှာ ချယ်လ်ဆီးအသင်းကို ပေါင် ၄၇.၅ သန်း၊ ပေါင် ၃၈.၅ သန်းတို့နဲ့ ရောက်ရှိလာခဲ့တဲ့ စတာလင်နဲ့ ဒီဆာဆီတို့ဟာ ဒီရာသီအစကတည်းက အသင်းကြီးနဲ့ အဝေးမှာ သီးခြား လေ့ကျင့်မှုတွေ ပြုလုပ်နေရတာ ဖြစ်ပါ တယ်။

စတာလင်နဲ့ ဒီဆာဆီကို တွေ့ရစဉ်
ပြီးခဲ့တဲ့ နွေရာသီက အငှားနဲ့ ထွက်ခွာနိုင်မယ့် ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တဲ့ စတာလင်နဲ့ ဒီဆာဆီတို့ဟာ ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ စာရင်းထဲမှာ ရှိနေကြပါတယ်။
စတာလင်နဲ့ ဒီဆာဆီတို့ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ ပြင်ပကလပ်အသင်း တွေရဲ့ ချိတ်ဆက်မှုတွေ ခံနေရပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်အသင်းထံ အငှားကစားခဲ့တဲ့ စတာလင်ဟာ မိသားစုနဲ့အတူ လန်ဒန်မှာပဲ ဆက်ရှိချင် တာကြောင့် လန်ဒန်ကလပ်အသင်းတွေထံ ပြောင်းဖို့သာ စိတ်ဝင်စားနေပါတယ်။
ဒီဆာဆီကတော့ ချယ်လ်ဆီးအသင်းကနေ အပြီးသတ် ထွက်ခွာဖို့ ဆန္ဒရှိနေတာပါ။
ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့တိုင်း ကစားသမားသစ် ခေါ်ယူဖို့ လှုပ်ရှားမှုတွေ ရှိပေမယ့် အခုဇန်နဝါရီ အပြောင်းအရွှေ့မှာ နည်းပြသစ် အပြောင်းအလဲနဲ့အတူ လှုပ်ရှားမှုတွေ မရှိသေးတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 268
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄
ဆော်ဒီမှာ စာချုပ်သက်တမ်းနောက်ဆုံး ၆ လထဲကို ရောက်ရှိလာတဲ့ ပြင်သစ်ကွင်းလယ်လူ ကန်တီကို တူရကီ ထိပ်သီးကလပ် ဖီနာဘာချီအသင်းက ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကန်တီဟာ ဥရောပထံ ပြန်လာဖို့ တံခါးဖွင့်ထားတာကြောင့် အယ်လ်အစ်တီဟတ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကြန့်ကြာနေတာဖြစ်ပြီး ဆော်ဒီကလပ်ကတော့ သူ့ကို နွေရာသီထက် ကျော်လွန်ပြီး အသင်းမှာ ဆက်ထိန်းသိမ်း ချင် နေပါတယ်။
ဖီနာဘာချီအသင်းဟာ ဆော်ဒီပရိုလိဂ်မှာ ကန်တီရဲ့ အနာဂတ် မရေမရာဖြစ်မှုကို အခွင့်ကောင်းယူကာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ ပြင်သစ်က ထွက်ပေါ်လာတဲ့ သတင်းတွေမှာ ဖော်ပြထား ပါတယ်။
L'Equipe က ဖီနာဘာချီအသင်းဟာ ကန်တီရဲ့ စာချုပ်ကုန်ဆုံးမယ့် နွေရာသီအထိ စောင့်ဆိုင်းမယ့်အစား ချက်ချင်း ခေါ်ယူချင်နေတယ်လို့ ဖော်ပြထားတာပါ။
ကန်တီဟာ လက်ရှိအချိန်မှာ ပြင်ပကလပ် အသင်းတွေနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်လို့ရပြီ ဖြစ်ပေမယ့် ဖီနာဘာချီအသင်းကတော့ ဒီရာသီရဲ့ ဒုတိယရာသီဝက်မှာ သူ့ကို အသုံးပြုချင်နေတာ ဖြစ်ပါတယ်။

ကန်တီကို တွေ့ရစဉ်
ဖီနာဘာချီအသင်းဟာ သူတို့ရဲ့ ကွင်းလယ်ပိုင်းကို အားကောင်းစေဖို့ ဈေးကွက်ထဲမှာ ရှာဖွေမှုတွေ ပြုလုပ်နေချိန်မှာ ကန်တီက အဓိက ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။
ဖီနာဘာချီအသင်း ဒါရိုက်တာတွေဟာ ကန်တီကို အသင်းထံ လာရောက်အောင် ဆွဲဆောင်ဖို့ ငွေကြေး အများ အပြား အသုံးပြုဖို့လည်း အဆင်သင့် ဖြစ်နေပါတယ်။
ကန်တီဟာ ၂၀၂၃ ခုနှစ်မှာ ဆော်ဒီကို ပြောင်းခဲ့ပေမယ့် သူ့ရဲ့ ခြေစွမ်းတွေဟာ ကျဆင်းသွားခြင်းမရှိဘဲ ပြင်သစ် လက်ရွေးစင်အသင်းရဲ့ လူစာရင်းထဲမှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။
အယ်လ်အစ်တီဟတ်အသင်းကတော့ ကန်တီကို လွယ်လွယ်နဲ့ လက်လွှတ်မှာ မဟုတ်သလို စာချုပ် သက်တမ်းတိုး ဖို့လည်း ကြိုးပမ်းနေတဲ့အတွက် ဖီနာဘာချီအသင်းအနေနဲ့ ဒီအပြောင်းအရွှေ့မှာ သူ့ကိုခေါ်ယူဖို့ ခက်ခဲဖွယ်ရှိနေ တာ ဖြစ်ပါတယ်။
Source: Goal
