- By CNI
- Category: အားကစား
- Hits: 367
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၄
ချယ်လ်ဆီးအသင်းကို အနိုင်ယူပြီး ကာရာဘောင်းဖလား ဗိုလ်လုပွဲ တက်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ အောင်မြင်မှုကို မိမိတို့ခန္ဓာကိုယ်ထဲ အကောင်းဆုံး ဗီတာမင်တွေ ဖြည့်သွင်းလိုက်သလိုပဲလို့ နည်းပြအာတီတာက ပြောခဲ့ပါတယ်။
အာတီတာက “ကျနော်တို့ တစ်ပွဲပဲ လိုပါတော့တယ်။ ကျနော်တို့ဟာ ၃ ရက်ကို တစ်ပွဲနှုန်း ကစားနေရတာကြောင့် ဒါဟာ ကျနော်တို့ ခန္ဓာကိုယ်ထဲ အကောင်းဆုံး ဗီတာမင်တွေ ဖြည့်သွင်းလိုက်သလိုပါပဲ။ ဒါပေမယ့် ကျနော်တို့ဟာ ဒီအခိုက်အတန့်တွေကို ရရှိဖို့နဲ့ ဒီအခိုက်အတန့်တွေကို အတူတူပိုင်ဆိုင်ဖို့ အလွန်ကြိုးစားခဲ့ကြတယ်ဆိုတဲ့ အချက် က မှော်ဆန်ပါတယ်။ ကလပ်မှာ အလုပ်လုပ်တဲ့ လူတိုင်းရဲ့ပျော်ရွှင်မှု၊ အပြုံးတွေနဲ့ စွမ်းအင်တွေကို မြင်တွေ့နိုင်ပါ တယ်။ အနိုင်ရတာက အများကြီး အထောက်အကူ ပြုပါတယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ချယ်လ်ဆီးအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ကိုင်ဟာဗက်ဇ်က မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်းအချိန်ပို ၇ မိနစ်မှာ သွင်းယူခဲ့ပါတယ်။

အာဆင်နယ်အသင်းကိုတွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ပထမအကျော့ကလည်း ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရထားတာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၄ ဂိုး-၂ ဂိုးနဲ့ ချယ်လ်ဆီးအသင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ကာရာဘောင်းဖလား ဗိုလ်လုပွဲကို ၈ နှစ်အကြာမှ ပြန်ရောက်ရှိခဲ့တာဖြစ်သလို ၂၀၂၀ ခုနှစ် နောက်ပိုင်း အသင်းအတွက် ပထမဆုံး ဆုဖလားရယူနိုင်ဖို့ နီးစပ်လာခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ကိုင်ဟာဗက်ဇ် ဂိုးသွင်းအပြီးမှာ အာဆင်နယ်အသင်း ဖော်တွေက သူ့ကိုဝိုင်းပြီး ဂုဏ်ပြုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဒီပွဲဟာ ကိုင်ဟာဗက်ဇ်အတွက် အထူးအခိုက်အတန့်ဖြစ်ပြီး သူနဲ့ အပြည့်အဝ ထိုက်တန်တာကြောင့် သူပျော်ရွှင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောခဲ့ပါတယ်။
ဒီရာသီဆုဖလား ၄ လုံး လမ်းကြောင်းပေါ်မှာရှိနေတဲ့ အာဆင်နယ်အသင်းဟာ လာမယ့်လိဂ်ပွဲအဖြစ် ဆန်းဒါးလန်း အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 286
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃
ဘာစီလိုနာအသင်းမှာ အငှားကစားနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ နွေရာသီမှာ ယူနိုက်တက်အသင်းထံ ပြန်လာဖို့ ဆန္ဒမရှိဘဲ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ သူ့ရဲ့အနာဂတ်ကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။
ဘာစီလိုနာအသင်းဟာ အငှားစာချုပ် ကုန်ဆုံးမယ့် ရာသီကုန်ချိန်မှာ ရက်ရှ်ဖို့ဒ်ကို ပေါင် ၂၆ သန်းနဲ့ အပြီးသတ် ဝယ်ယူဖို့ ရွေးချယ်ခွင့် ရှိနေတာပါ။
ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတဲ့ မိုက်ကယ်ကာရစ်ဟာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရမယ်ဆိုရင် ရက်ရှ်ဖို့ဒ်ကို အသင်းထံ ပြန်ခေါ်ယူချင်နေပေမယ့် သူကတော့ မန်ချက်စတာကလပ်ထံ ပြန်လာဖို့ ဆန္ဒမရှိတော့တာ ဖြစ်ပါတယ်။
Daily Mirror က ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းမှာ ဆက်နေချင်နေပြီး ဒီမှာ ဆက်နေခွင့် ရဖို့အတွက် လုပ်ခ လစာ လျှော့ပြီးယူဖို့ အစီအစဉ်ရှိနေတာပါ။
ဘာစီလိုနာအသင်းကလည်း ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ခေါ်ယူချင်နေပေမယ့် ရာသီကုန်ချိန်မှသာ အစည်းအဝေး ပြုလုပ်ပြီး ဆုံးဖြတ်သွားဖို့ ရှိနေပါတယ်။

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
ရက်ရှ်ဖို့ဒ်က ဘာစီလိုနာအသင်းမှာ ဆက်နေဖို့က သူ့ရဲ့ရည်မှန်းချက် ဖြစ်ပေမယ့် လက်ရှိအချိန်မှာ အသင်းကို ဆုဖလား အောင်မြင်မှုတွေ ရရှိအောင် ကူညီပေးသွားမယ်လို့ မကြာသေးမီက အင်တာဗျူးမှာ ပြောထားပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ၃၂ ပွဲ ကစားထားပြီး ၁၀ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်ထားတာပါ။
ရက်ရှ်ဖို့ဒ်နဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ်၊ ဇွန်လအထိ သက်တမ်း ကျန်ရှိနေပြီး အသင်းကလည်း သူ့ကိုရောင်းချပြီး ရရှိလာမယ့် ပြောင်းရွှေ့ကြေးကို နွေရာသီ အသုံးစရိတ်ထဲ ထည့်နိုင်ဖို့ မျှော်လင့် နေပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 341
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃
အတ္တလန်တာအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲမှာ ကိုမိုအသင်းအတွက် အနိုင်ဂိုး ဖြစ်စေမယ့် ပယ်နယ်တီကို နီကိုပက်ဇ် လွဲချော်ခဲ့ပြီးနောက် နည်းပြဖာဘရီဂတ်စ်က ဒါဟာ ဘောလုံးခရီးရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ ပြော ကာ ကာကွယ်ခဲ့ပါတယ်။
ဖာဘရီဂတ်စ်က “လူငယ်ကစားသမားတွေကို အပြုသဘောဆောင်ပြီး အားပေးတဲ့ မက်ဆေ့ချ်ပို့ပေးဖို့ အရေးကြီး ပါတယ်။ ပယ်နယ်တီ လွဲတာက ဘောလုံးရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကျနော် ကိုယ်တိုင်လည်း ပယ်နယ်တီ လွဲဖူး တယ်၊ မက်ဆီလည်း လွဲတယ်၊ ဂျွန်တယ်ရီလည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လွဲခဲ့ပါတယ်။ ဒါတွေက တကယ်ကို နာကျင်စရာပါ။ နီကိုပက်ဇ်ကတော့ ဆိုးရွားတယ်ဆိုပြီး ခံစားနေမှာ ဖြစ်ပေမယ့် ကျနော်တို့ကတော့ အဲ့ဒီလို မမြင်ပါဘူး။ အမြဲတမ်း ကြိုးစားနေတာက အရေးကြီးပါတယ်”လို့ DAZN ကို ပြောခဲ့တာပါ။
ကိုမိုအသင်းအတွက် ဒုတိယမြောက် ရာသီအဖြစ် ကစားနေတဲ့ နီကိုပက်ဇ်ဟာ စီးရီးအေကလပ် ကစားသမား ဘဝ မှာ တတိယမြောက် ပယ်နယ်တီ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

နီကိုပက်ဇ်ကို တွေ့ရစဉ်
အသက် ၂၁ နှစ်အရွယ်ရှိ နီကိုပက်ဇ်ဟာ ကိုမိုအသင်းကို ရောက်ရှိလာကတည်းက ခြေစွမ်းပြသနေတဲ့ သူဖြစ်ပြီး ဒီရာသီမှာ ကစားထားတဲ့ ၂၅ ပွဲမှာ ၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားတာပါ။
နည်းပြဖာဘရီဂတ်စ် လက်ထက်မှာ အကောင်းဆုံးပုံစံ ရရှိနေတဲ့ ကိုမိုအသင်းဟာ ဒီရာသီ စီးရီးအေ ၂၃ ပွဲကစား အပြီးမှာ ရမှတ် ၄၁ မှတ်နဲ့ အဆင့် ၆ နေရာ ရပ်တည်နေပြီး လာမယ့်ရာသီ ဥရောပဝင်ခွင့် ရရှိနိုင်ဖို့ မျှော်လင့်ချက် ရှိနေပါတယ်။
ကိုမိုအသင်းဟာ စီးရီးအေပြိုင်ပွဲမှာ ရလဒ်ကောင်းနေသလို ကိုပါအီတာလီယာဖလားပြိုင်ပွဲမှာလည်း ကွာတား ဖိုင်နယ်ကို ရောက်ရှိနေပါတယ်။
ကိုမိုအသင်းဟာ ကိုပါအီတာလီယာဖလား ကွာတားဖိုင်နယ်မှာ နာပိုလီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:besoccer
- By CNI
- Category: အားကစား
- Hits: 320
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃
အက်သလက်တီကိုအသင်းဟာ နိုင်ဂျီးရီးယားကြယ်ပွင့် လွတ်ခ်မန်းကို အတ္တလန်တာအသင်းကနေ ပေါင် ၃၀.၃ သန်းနဲ့ ခေါ်ယူပြီး ၂၀၃၀ ခုနှစ်၊ ဇွန်လအထိ စာချုပ်ချုပ်ခဲ့ပါတယ်။
ဒီအပြောင်းအရွှေ့ကြောင့် လွတ်ခ်မန်းဟာ ပရီးမီးယားလိဂ်၊ ဘွန်ဒက်လီဂါ၊ စီးရီးအေနဲ့ လာလီဂါမှာ ကစားတဲ့ ပထမဆုံး အင်္ဂလိပ်ဖွား ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ အတ္တလန်တာအသင်းကို ရောက်လာခဲ့တဲ့ လွတ်ခ်မန်းဟာ အသင်းအတွက် ၁၃၇ ပွဲ ကစားခဲ့ပြီး ၅၅ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၂၇ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။
လွတ်ခ်မန်းဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက အတ္တလန်တာအသင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး အခု အပြောင်းအရွှေ့မှ ထွက်ခွာနိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ ၂၀၂၄ ခုနှစ်က လေဗာကူဆင်အသင်းနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းပြီး အတ္တလန်တာအသင်းကို ပထမဆုံး ဥရောပဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

လွတ်ခ်မန်းကို တွေ့ရစဉ်
လွတ်ခ်မန်းဟာ ၂၀၂၄ ခုနှစ်အတွက် အာဖရိကတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရခဲ့ပြီး Ballon d'Or မှာလည်း နံပါတ် ၁၄ နေရာ ရပ်တည်ခဲ့တာပါ။
လွတ်ခ်မန်းဟာ အင်္ဂလန် လူငယ်အသင်းတွေမှာ ကစားခဲ့ပြီး ၂၀၁၇ ခုနှစ်က ယူ-၂၀ ကမ္ဘာ့ဖလား ချန်ပီယံဆု ရရှိခဲ့ပါတယ်။
ဒါပေမယ့် လွတ်ခ်မန်းဟာ နိုင်ဂျီးရီးယား လက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ပွဲဦးထွက် ခဲ့ကာ လက်ရှိအချိန်ထိ ၄၁ ပွဲ ကစားထားတာမှာ ၁၁ ဂိုး သွင်းယူထားပါတယ်။
ချာလ်တန်အသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ လွတ်ခ်မန်းဟာ ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ အဲဗာတန်၊ ဖူလ်ဟမ်နဲ့ လက်စတာအသင်းတွေမှာလည်း ကစားခဲ့တာပါ။
အက်သလက်တီကိုအသင်းဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ အဆင့် ၃ နေရာ ရပ်တည်နေပြီး အဆင့် ၁ နေရာက ဘာစီလိုနာအသင်းနဲ့ ၁၀ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 341
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃
ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ဆော်ဒီပရိုလိဂ်ပြိုင်ဘက် အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။
ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ်အသင်းရဲ့ စိတ်ပျက်စရာကောင်းတဲ့ စာချုပ် သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးနောက် အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
အယ်လ်အစ်တီဟတ်အသင်းရဲ့ ပြီးခဲ့တဲ့ လိဂ် ၂ ပွဲကို ပါဝင်ကစားခဲ့ခြင်း မရှိတဲ့ ဘန်ဇီမာကို အယ်လ်ဟီလယ် အသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ၁ နှစ်ခွဲ စာချုပ်ချုပ်ကာ ခေါ်ယူခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
အယ်လ်အစ်တီဟတ်နဲ့ အယ်လ်ဟီလယ်အသင်းတို့ကို ဆော်ဒီ အများပြည်သူ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့(PIF)က ရှယ်ယာ ၇၅ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားတာကြောင့် ဘန်ဇီမာရဲ့ အပြောင်းအရွှေ့ ဖြစ်ခဲ့တာပါ။

ဘန်ဇီမာကို တွေ့ရစဉ်
PIF ဟာ ဘန်ဇီမာကို အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့စေခဲ့တဲ့အပေါ် အယ်လ်နာဆာအသင်း ခေါင်းဆောင် ရော်နယ်လ်ဒိုက ဒေါသထွက်နေတယ်လို့ သိရပါတယ်။
ရော်နယ်လ်ဒိုက PIF ဟာ အယ်လ်နာဆာအသင်းကို လုံလောက်တဲ့ အားဖြည့်မှုတွေ မလုပ်ပေးဘူးလို့ ယူဆကာ ပြီးခဲ့တဲ့ အယ်လ်ရီယက်ဒ်အသင်းနဲ့ ဆော်ဒီပရိုလိဂ်ပွဲကို ပါဝင်ကစားဖို့ ငြင်းဆန်သွားခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာ အယ်လ်အစ်တီဟတ်အသင်းထံ ရောက်ရှိလာခဲ့တဲ့ ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းနဲ့အတူ ဆော်ဒီပရိုလိဂ်နဲ့ ဘုရင့်ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။
အယ်လ်အစ်တီဟတ်အသင်းအတွက် ၈၇ ပွဲ ကစားခဲ့ပြီး ၅၇ ဂိုး သွင်းယူခဲ့တဲ့ ဘန်ဇီမာက အသင်းရဲ့ အရောင်တွေ ကို ဝတ်ဆင်ခွင့် ရခဲ့တဲ့အတွက်နဲ့ မျှဝေခဲ့တဲ့ အရာအားလုံးကို ဂုဏ်ယူမိတယ်လို့ သူ့ရဲ့ X ဆိုရှယ်မီဒီယာမှာ ရေးသား ခဲ့ပါတယ်။
ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အယ်လ်ဟီလယ်အသင်းဟာ အဆင့် ၂ နေရာက အယ်လ်နာဆာအသင်းကို ၁ မှတ် အသာနဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 325
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂
ရီးရယ်လ်အသင်းက ဗယ်လက်ကာနိုအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲမှာ တံကောက်ကြောဒဏ်ရာ ရခဲ့တဲ့ ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ တစ်လကြာ အနားယူရဖွယ် ရှိနေပါတယ်။
ဒဏ်ရာကြောင့် ငိုကြွေးခဲ့တဲ့ ဘယ်လင်ဂမ်ဟာ ဒီပွဲရဲ့ပွဲချိန် ၁၀ မိနစ်မှာ ဘရာဟင်ဒီယက်ဇ်နဲ့ လူစားလဲ ခံခဲ့ရပါ တယ်။
ရီးရယ်လ်အသင်းက ဘယ်လင်ဂမ်ရဲ့ ဒဏ်ရာ အခြေအနေကို ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် ဘယ်လောက် ကြာကြာ အနားယူရမလဲဆိုတာကို ဖော်ပြထားခြင်း မရှိတာပါ။
စပိန်မီဒီယာတွေကတော့ ဘယ်လင်ဂမ်ဟာ တစ်လကြာ အနားယူရဖွယ်ရှိတယ်လို့ ဖော်ပြထားကြပါတယ်။

ဘယ်လင်ဂမ်ကို တွေ့ရစဉ်
ဘယ်လင်ဂမ်အနေနဲ့ တစ်လကြာ အနားယူရမယ်ဆိုရင် ဘင်ဖီကာအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ပလေးအော့ဖ် နှစ်ကျော့စလုံးမှာ ရီးရယ်လ်အသင်းအတွက် ပါဝင်နိုင်မှာ မဟုတ်သလို ဗလင်စီယာ၊ ဆိုစီဒက်၊ အိုဆာဆူနာအသင်းတို့နဲ့ လာလီဂါပွဲတွေကိုလည်း လွဲချော်မှာဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ ဘယ်လင်ဂမ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၂၈ ပွဲ ကစားထားပြီး ၆ ဂိုး သွင်းယူ ထားပါတယ်။
ရီးရယ်လ်အသင်းနည်းပြ အာဘီလိုအာက ဘယ်လင်ဂမ် မပါဝင်နိုင်တာဟာ အသင်းအတွက် ကြီးမားပေမယ့် သူ့နေရာမှာ အစားထိုးပြီး အသုံးပြုရမယ့် လူစာရင်းရှိတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
လာလီဂါနောက်ဆုံး ၆ ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့တဲ့ ရီးရယ်လ်အသင်းဟာ အဆင့် ၁ နေရာက ဘာစီလိုနာအသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၂ နေရာမှာ ဆက်ပြီး ရပ်တည်နေတာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ လာမယ့်ပွဲအဖြစ် ဗလင်စီယာအသင်းအိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 311
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂
နယူးကာဆယ်အသင်း ကစားသမားဟောင်း စိန့်မက်ဆီမင်က သူ့ရဲ့ကလေးတွေဟာ လူမျိုးရေး ခွဲခြား တိုက်ခိုက်မှု တွေရဲ့ ပစ်မှတ်ထား ခံခဲ့ရကြောင်း ထုတ်ဖော် ပြောခဲ့ပြီးနောက် ၂ ရက်အကြာမှာ ကလပ် အမေရိကအသင်းက သူ့ရဲ့ထွက်ခွာမှုကို ကြေညာခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ စိန့်မက်ဆီမင်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ကလပ်အမေရိကအသင်းနဲ့ ၂ နှစ် စာချုပ် ချုပ်ခဲ့ပေမယ့် ၁၆ ပွဲသာကစားပြီး ထွက်ခွာခဲ့တာပါ။
ကလပ်အမေရိကအသင်းဟာ စိန့်မက်ဆီမင် ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ထုတ်ပြောထားခြင်း မရှိပေမယ့် ကွင်းအတွင်းနဲ့ ကွင်းပြင်ပမှာ လူ့ဂုဏ်သိက္ခာကို ချိုးဖောက် တဲ့ ခွဲခြားဆက်ဆံမှု ဒါမှမဟုတ် အကြမ်းဖက်တဲ့ လုပ်ရပ်တိုင်းကို ပြင်းထန်စွာ ရှုတ်ချတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါ့ပြင် အသင်းရဲ့ အရောင်တွေကို ဝတ်ဆင်ပေးတဲ့အတွက် စိန့်မက်ဆီမင်ကို ကျေးဇူးတင်ကြောင်း ကလပ် အမေရိက အသင်းက ပြောခဲ့ပါတယ်။
စိန့်မက်ဆီမင်က သူ့ကလေးတွေ တိုက်ခိုက်ခံရတဲ့ အရာတွေနဲ့ မိသားစုကို ကာကွယ်ဖို့ သူ့ရဲ့ဆုံးဖြတ်ချက်ကို အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

စိန့်မက်ဆီမင်ကို တွေ့ရစဉ်
စိန့်မက်ဆီမင်က “ပြဿနာက အသားအရောင် မဟုတ်ပါဘူး၊ အတွေးတွေရဲ့ အရောင်ပါပဲ။ လူတွေက ကျနော့်ကို တိုက်ခိုက်ကြတယ်၊ ဒါက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ကျနော် ဘယ်တော့မှ သည်းခံမှာ မဟုတ်တဲ့ အရာ တစ်ခုရှိပြီး ဒါကတော့ လူတွေက ကျနော့်ရဲ့ ကလေးတွေကို တိုက်ခိုက်တာပါ။ ကလေးတွေကို ကာကွယ်တာက ကျနော့်ရဲ့ဦးစားပေးပါ။ ကျနော့်မိသားစုကို ကာကွယ်ဖို့ ကျနော် အမြဲတမ်း တိုက်ပွဲဝင်သွားမှာပါ”လို့ ရေးခဲ့တာပါ။
ကလပ်အမေရိကအသင်း နည်းပြဂျာဒိုင်းက စိန့်မက်ဆီမင်လို အရည်အသွေးရှိတဲ့ ကစားသမားတစ်ဦးကို ဆုံးရှုံး တာဟာ ရှက်ဖို့ကောင်းတဲ့ အရာပါလို့ မှတ်ချက်ပေးခဲ့ပါတယ်။
ကလပ်အမေရိကအသင်းအတွက် ၃ ဂိုး သွင်းယူနိုင်ခဲ့တဲ့ စိန့်မက်ဆီမင်ဟာ နယူးကာဆယ်အသင်းမှာ ၄ ရာသီကြာ ကစားပြီးနောက် ဆော်ဒီကလပ် အယ်လ်အာလီအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး မနှစ်ကရာသီမှာ ဖီနာဘာချီအသင်းထံ အငှားသွားကစားခဲ့ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 406
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂
ဖူလ်ဟမ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက်အသင်းအတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူပေးခဲ့ တဲ့ တိုက်စစ်မှူး ဆက်စ်ကို,ကို နည်းပြ မိုက်ကယ်ကာရစ်က ကြီးမားတဲ့ ပါရမီရှင်လို့ခေါ်ပြီး ချီးကျူးခဲ့ပါတယ်။
မိုက်ကယ်ကာရစ်က “ဒါဟာ ကြီးမားတဲ့ အခိုက်အတန့်ဖြစ်ပြီး အဝတ်လဲခန်းထဲကို ပြန်ရောက်တော့ သူရရှိခဲ့တဲ့ ကြိုဆိုမှုက အရာအားလုံးကို ပြောပြနေပါတယ်။ သူဟာ လေ့ကျင့်ရေးမှာလည်း ထူးချွန်ပြီး သူ့ကိုကြည့်ရတာ အန္တရာယ်ပေးနိုင်တဲ့ပုံ ပေါက်ပါတယ်။ သူဟာ ကြီးမားတဲ့ ပါရမီရှင်ဖြစ်သလို အပြုသဘောဆောင်တဲ့ အရာတွေ အများကြီး ရှိပါတယ်။ Stretford End အရှေ့မှာ အနိုင်ဂိုး သွင်းဖို့ဆိုတာ အိပ်မက် မက်ရမယ့် အရာဖြစ်ပြီး သူနဲ့ အလွန်ထိုက်တန်ပါတယ်”လို့ ပြောခဲ့တာပါ။
ဆက်စ်ကိုဟာ နည်းပြမိုက်ကယ်ကာရစ် လက်ထက်မှာ ယူနိုက်တက်အသင်းရဲ့ ပွဲထွက် လူစာရင်းထဲ ပါဝင်ခွင့် မရသေးသလို ပြီးခဲ့တဲ့ ၂ ပွဲမှာ လူစားဝင် ကစားသမားအဖြစ် ၉ မိနစ်သာ ကစားခွင့် ရထားပါတယ်။
ဆက်စ်ကိုဟာ ဖူလ်ဟမ်အသင်းနဲ့ ပွဲမှာလည်း လူစားဝင်အဖြစ် ပါဝင်ခွင့်ရခဲ့ပြီး ပွဲချိန် ၉၄ မိနစ်မှာ အသင်းအတွက် အဖိုးတန် အနိုင်ဂိုး ဖြစ်စေမယ့် လှပတဲ့သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်း ယှဉ်ပြိုင်နေစဉ်
ပြီးခဲ့တဲ့ နွေရာသီမှာ လိုက်ပ်ဇစ်အသင်းကနေ ရောက်လာခဲ့တဲ့ ဆက်စ်ကိုဟာ ဒီဂိုး အပါအဝင် ယူနိုက်တက်အသင်း အတွက် ၂၁ ပွဲ ကစားထားပြီး ၆ ဂိုး သွင်းယူထားတာပါ။
ယူနိုက်တက်အသင်းဟာ ဖူလ်ဟမ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ကျ ချေပဂိုးတွေ ပေးခဲ့ရ တာကြောင့် အနိုင်ဂိုး သွင်းယူနိုင်ဖို့ ပြန်ကြိုးပမ်းခဲ့ရတာ ဖြစ်ပါတယ်။
မိုက်ကယ်ကာရစ်ကတော့ ဒုတိယဂိုးပေးခဲ့ရလို့ စိတ်ပျက်ခဲ့ရပေမယ့် ပွဲချိန်ကျန်သေးတဲ့အတွက် အနိုင်ဂိုး ရရှိမယ် ဆိုတာ ယုံကြည်မှုရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ နည်းပြမိုက်ကယ်ကာရစ် လက်ထက်မှာ ပရီးမီးယားလိဂ် ၃ ပွဲစလုံး အနိုင်ရထားပြီး အဆင့် ၄ နေရာမှာ ရပ်တည်နေကာ လာမယ့်ပွဲအဖြစ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 313
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂
မန်စီးတီးအသင်းဟာ စပါးအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တာကြောင့် ထိပ်ဆုံးနေရာက အာဆင်နယ်အသင်းနဲ့ ၆ မှတ်အထိ ကွာဟသွားခဲ့ပေမယ့် နည်းပြဂွာဒီယိုလာက အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မျှော်လင့်ချက် ရှိနေသေးတယ်လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “အခွင့်အရေး ရှိသလောက် မျှော်လင့်ချက်တွေကလည်း အမြဲတမ်း ရှိနေမှာပါ။ ကျနော်တို့ဟာ ဒီပွဲမှာ အနိုင်ရဖို့ နည်းလမ်းတွေ ရှိခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ နောက်ပြန်ဆုတ်မှုတစ်ခု ဖြစ်ခဲ့ပေမယ့် ကျနော် တို့ဟာ ဆုဖလားအတွက် ယှဉ်ပြိုင်ရမယ့် နေရာမှာ ရှိနေသေးပြီး ရှေ့ဆက်သွားရမှာပါ။ ၁၄ ပွဲ ကျန်သေးတဲ့အတွက် အမှတ်တွေ အများကြီးရဦးမှာပါ။ စောင့်ကြည့်ကြတာပေါ့”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီပွဲရဲ့ ပထမပိုင်းမှာ ချာကီ၊ ဆီမန်ညိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း မှာ ဆိုလန်ကီရဲ့သွင်းဂိုး ၂ ဂိုးကို ခွင့်ပြုခဲ့ရလို့ စပါးအသင်းနဲ့ သရေကျခဲ့တာ ဖြစ်ပါတယ်။
ဒါ့ပြင် ဂိုးသမား ဒွန်နာရမ်မာရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် မန်စီးတီးအသင်းဟာ ရှုံးပွဲမကြုံတွေ့ခဲ့ရ တာပါ။

မန်စီးတီးနဲ့စပါး ယှဉ်ပြိုင်နေစဉ်
မန်စီးတီးအသင်းဟာ ဒီပွဲရလဒ်ကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာက အာဆင်နယ်အသင်းနဲ့ ၆ မှတ် ကွာဟသွားခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကတော့ အသင်းဟာ ချန်ပီယံဆုအတွက် မျှော်လင့်ချက် ရှိနေသေးတယ်လို့ ပြောခဲ့ပြီး ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်ကြောင်း ဖော်ပြခဲ့ပါတယ်။
စပါးအသင်းအတွက် ဆိုလန်ကီသွင်းယူခဲ့တဲ့ ပထမဂိုးမှာ မန်စီးတီးအသင်း နောက်ခံလူ ဂူဟီရဲ့ ခြေထောက် အနောက်ကို ကန်ပြီးရယူခဲ့တာပါ။
အဲ့ဒါကြောင့် ဂွာဒီယိုလာက ဗဟိုနောက်ခံလူဟာ ဂိုးဧရိယာထဲမှာ တိုက်စစ်မှူး တစ်ဦးကို ဒီလိုမျိုးပြုလုပ်ရင် ပယ်နယ်တီ ပေးရမှာလို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ကြားရက်ထဲမှာ နယူးကာဆယ်အသင်းနဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ကစား ရမှာဖြစ်ပြီး ဒီပွဲပြီးရင် လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 508
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁
ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဒီရာသီကုန်ရင် ဘာစီလိုနာအသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ သူ့ရဲ့ ဇနီးဖြစ်သူ အန်နာက ပြောခဲ့ပါတယ်။
အန်နာက “ဒီနှစ် ဘာစီလိုနာမှာ ရာသီဘယ်လို ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး ဘာလို့လဲဆိုရင် ဒီမှာ ကျမ အမျိုးသားရဲ့ နောက်ဆုံးရာသီ ဖြစ်သွားနိုင်လို့ပါ။ အခုအချိန်မှာ ကျမတို့ဟာ ပရိသတ်တွေနဲ့အတူ အချိန်တိုင်း၊ ပွဲတိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပါတယ်။ နောက်ဘာဖြစ်မလဲဆိုတာ မသိပေမယ့် ဒီအတွက်လည်း ကျမ တို့ အဆင်သင့်ဖြစ်နေပါပြီ”လို့ ပိုလန်နိုင်ငံက Plejada ကိုပြောခဲ့တာပါ။
အသက် ၃၇ နှစ်အရွယ်ရှိ လီဝန်ဒေါစကီးရဲ့ စာချုပ်ဟာ ဇွန်လကုန်ရင် ကုန်ဆုံးမှာဖြစ်ပြီး ဘာစီလိုနာအသင်းက သူ့ကို စာချုပ်သက်တမ်းတိုးဖို့ မဖြစ်နိုင်ဘူးလို့ ပြီးခဲ့တဲ့လ အနည်းငယ်က စပိန်သတင်းစာ Sport က ဖော်ပြခဲ့ပါ တယ်။

လီဝန်ဒေါစကီးနဲ့ သူ့မိသားစုကို တွေ့ရစဉ်
၂၀၂၂ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ လီဝန်ဒေါစကီးဟာ ဘာစီလိုနာအသင်းအတွက် ၁၇၃ ပွဲကစားထားတာမှာ ၁၁၃ ဂိုး သွင်းယူထားပါတယ်။
၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ကြတဲ့ လီဝန်ဒေါစကီးနဲ့ အန်နာတို့မှာ ၈ နှစ်အရွယ်နဲ့ ၅ နှစ်အရွယ် သမီး ၂ ဦး ပိုင်ဆိုင် ထားတာပါ။
အန်နာရဲ့ ပြောစကားကြောင့် လီဝန်ဒေါစကီးကို ခေါ်ယူချင်နေတဲ့ ဥရောပကလပ် အသင်းတချို့နဲ့ မေဂျာလိဂ်၊ ဆော်ဒီ ကလပ်တွေဟာ ဒီအခြေအနေကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
လီဝန်ဒေါစကီးဟာ ဒီရာသီ ဘာစီလိုနာအသင်းမှာ အနည်းငယ် ရုန်းကန်နေရပြီး ထွက်ခွာဖို့ စဉ်းစားနေတဲ့ အကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ပြောခဲ့ပါတယ်။
လီဝန်ဒေါစကီးဟာ ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါဖလား ၂ ကြိမ်၊ စပိန်စူပါဖလား ၂ ကြိမ်နဲ့ ကိုပါဒယ်ရေး ဖလား ၁ ကြိမ် ရယူထားတာဖြစ်ပါတယ်။
Source: Dailymail
