- By CNI
- Category: အားကစား
- Hits: 302
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃
ယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမား ခေါ်ယူမှု ဒါမှမဟုတ် ထွက်ခွာမှုနဲ့ ပတ်သက်ပြီး ဘာအစီအစဉ်မှ မရှိဘူးလို့ နည်းပြအာမိုရင်က ပြောခဲ့ပါတယ်။
အာမိုရင်က “အသင်းလူစာရင်းကို အပြောင်းအလဲတွေ ပြုလုပ်ဖို့ ကျနော်တို့ ဆွေးနွေးထားတာ မရှိပါဘူး။ ချန်ပီယံ လိဂ် ဝင်ခွင့်နေရာနဲ့ နီးစပ်နေပေမယ့် လာမယ့်ပွဲကို အာရုံစိုက်သွားမှာပါ။ ဘယ်သူ့မှ ထွက်ခွာဖို့ တောင်းဆိုထား တာလည်း မရှိပါဘူး။ သူတို့ ကျနော့် ဆီလာပြီး ပြောဖို့ကိုလည်း မမျှော်လင့်ထားပါဘူး”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒဏ်ရာရ ကစားသမားတွေနဲ့ အာဖရိကဖလားပြိုင်ပွဲထံ စေလွှတ်ထားရတဲ့ ကစားသမား တွေ ရှိတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေ တာပါ။
ဒါပေမယ့် နည်းပြအာမိုရင်က သူတို့ဟာ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဘာမှ ဆွေးနွေးထားခြင်း မရှိဘူးလို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အမှတ်ပေးဇယား အောက်ဆုံးက ဝုလ်ဗ်စ် အသင်းနဲ့ သရေကျခဲ့တာကြောင့် ဝေဖန်မှုတွေခံခဲ့ရပါတယ်။
ယူနိုက်တက်အသင်း တွေ့ဆုံရမယ့် လိဒ်စ်အသင်းဟာ လက်ရှိအချိန်မှာ ရှုံးပွဲမရှိ အကောင်းဆုံးပုံစံ ပြသနေတာ ကြောင့် ခက်ခဲတဲ့ပွဲဖြစ်လာဖို့ ရှိနေတာပါ။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က သူတို့ဟာ ဘယ်ပွဲကိုမဆို အနိုင်ယူနိုင်တယ်ဆိုတာ သက်သေပြပြီးဖြစ်လို့ အနိုင်ရယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 279
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃
ဝက်စ်ဟမ်းအသင်းထံ ပြောင်းဖို့ ငြင်းခဲ့တဲ့ အင်္ဂလန်တောင်ပံကစားသမား စတာလင်ဟာ ချယ်လ်ဆီးအသင်းရဲ့ လန်ဒန်ပြိုင်ဘက်ထံ ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်နေပါတယ်။
ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းမှာ အငှားကစားခဲ့တဲ့ စတာလင်ဟာ ဒီရာသီ ချယ်လ်ဆီးအသင်းကြီးနဲ့ အဝေးမှာ သီးခြားလေ့ကျင့်မှုတွေ ပြုလုပ်နေရတာပါ။
ချယ်လ်ဆီးအသင်းဟာ တစ်ပတ်လုပ်ခပေါင် ၃၂၅,၀၀၀ ပေးချေနေရတဲ့ စတာလင်ကို ရောင်းချချင်နေပြီး ဝက်စ်ဟမ်းအသင်းအသင်းက သူ့ကို အငှားနဲ့ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
The Times က စတာလင်ဟာ ဝက်စ်ဟမ်းအသင်းရဲ့ ချဉ်းကပ်မှုကို ငြင်းပယ်ခဲ့ပြီး အနောက်လန်ဒန်ပြိုင်ဘက် ဖူလ်ဟမ်အသင်းထံ ပြောင်းရွှေ့ချင်နေတယ်လို့ ဖော်ပြထားပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ တန်းဆင်းဇုန်အန္တရာယ် ကျရောက်နေပြီး ဖူလ်ဟမ်အသင်းက အဆင့် ၁၁ နေရာမှာ ရပ်တည်နေတာပါ။

စတာလင်ကို တွေ့ရစဉ်
၂၀၂၂ ခုနှစ်က ပေါင်သန်း ၅၀ နဲ့ မန်စီးတီးအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ စတာလင်ဟာ ချယ်လ်ဆီးအသင်းနဲ့ ၁၈ လ စာချုပ် ကျန်ရှိနေတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ် ရယူနိုင်ခဲ့တဲ့ စတာလင်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်ကနေ အပြီးသတ် ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။
စတာလင်ဟာ ပြီးခဲ့တဲ့နွေရာသီက ဥရောပထိပ်တန်း အသင်းအချို့ရဲ့ ကမ်းလှမ်းမှု ရခဲ့ပေမယ့် မိသားစုနဲ့ အနီးကပ် ရှိချင်တာကြောင့် လန်ဒန်မှာပဲ ဆက်နေချင်တာ ဖြစ်ပါတယ်။
ဖူလ်ဟမ်အသင်း တောင်ပံကစားသမား ထရာအိုရေးဟာ ဝက်စ်ဟမ်းအသင်းထံ ပြောင်းရွှေ့ခဲ့ရင် ဖူလ်ဟမ်အသင်း ထံ ပြောင်းရွှေ့ချင်တဲ့ စတာလင်ရဲ့ မျှော်လင့်ချက် ပိုပြီးခိုင်မာလာမှာပါ။
အသက် ၃၁ နှစ်အရွယ်ရှိ စတာလင်ဟာ ချယ်လ်ဆီးအသင်းအတွက် ၈၁ ပွဲ ကစားခဲ့ပြီး ၁၉ ဂိုးသွင်းခဲ့ပါတယ်။
Source: The Sun
- By CNI
- Category: အားကစား
- Hits: 321
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃
မန်စီးတီးအသင်း နည်းပြရာထူးအတွက် မာရက်စ်ကာနဲ့ ထင်ကြေး သတင်းတွေ ထွက်ပေါ်နေချိန်မှာ စပိန်လူမျိုး နည်းပြ ဂွာဒီယိုလာက မန်ချက်စတာကလပ်မှာ ဆက်နေချင်တဲ့ သူ့ရဲ့ဆန္ဒကို အတည်ပြုခဲ့ပါတယ်။
ဂွာဒီယိုလာက “ကျနော့်မှာ စာချုပ်ရှိတယ်ဆိုတာ အကြိမ်ပေါင်းများစွာ ပြောခဲ့ပါတယ်။ ဒီမှာရှိတာ ၁၀ နှစ်ရှိပြီ ဖြစ်ပြီး တစ်နေ့ကျရင် ထွက်ခွာသွားမှာ ဖြစ်ပေမယ့် ကျနော့်မှာ စာချုပ်ရှိပါတယ်။ ကျနော် ပျော်ရွှင်နေသလို အသင်းနဲ့အတူ တိုက်ပွဲဝင်ချင်ပါတယ်။ အသင်းအကြီးအကဲတွေက ကျနော့်ကို လေးစားမှုရှိတယ်ဆိုတာ ပြီးခဲ့တဲ့ ရာသီမှာ ဖြစ်ပျက်ခဲ့တာတွေက သက်သေပြခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးနဲ့ ဂွာဒီယိုလာတို့ရဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ် နွေရာသီအထိ သက်တမ်းရှိနေတာပါ။
ဂွာဒီယိုလာဟာ ဒီရာသီကုန်မှာ မန်စီးတီးအသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရင် သူ့ရဲ့ လက်ထောက်နည်းပြ ဟောင်း မာရက်စ်ကာက သူ့ရဲ့ နေရာကို အစားထိုး ဝင်ရောက်နိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

ဂွာဒီယိုလာကို တွေ့ရစဉ်
မာရက်စ်ကာဟာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာခဲ့တာကြောင့် မန်စီးတီးအသင်း နည်းပြရာထူးကို ရယူနိုင် ဖွယ်ရှိတဲ့ ထင်ကြေးသတင်းတွေဟာ ပိုပြီး ထွက်ပေါ်လာခဲ့တာပါ။
ဂွာဒီယိုလာက သူဟာ မန်စီးတီးအသင်းနဲ့ စာချုပ်ရှိနေပြီး ချယ်လ်ဆီးအသင်းဟာ မယုံနိုင်ဖွယ်ကောင်းတဲ့ နည်းပြ တစ်ဦးကို ဆုံးရှုံးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲအဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး နည်းပြဂွာဒီယိုလာက ပြိုင်ဘက်အသင်း အကြောင်းထက် ကိုယ်ဘာလုပ်ရမလဲဆိုတာ တွေးပြီး အကောင်းဆုံးလုပ်ဖို့ အာရုံစိုက်နေ တယ်လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ၂၀၂၆ ခုနှစ်ထဲ ပထမဆုံး ကစားခဲ့တဲ့ပွဲမှာ ဆန်းဒါးလန်းအသင်းနဲ့ ဂိုးမရှိ သရေကျပြီး ရမှတ် ၂ မှတ် လျော့ခဲ့တဲ့အတွက် အာဆင်နယ်အသင်းရဲ့ ၄ မှတ်ဖြတ် ဦးဆောင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 328
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃
အာဆင်နယ်အသင်းဟာ နှစ်သစ်ကူးနေ့မှာ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာ ရပ်တည်ခဲ့ပြီးရင် အမှတ်ပေးဖလားကို ဘယ်တုန်းကမှ ရခဲ့ခြင်း မရှိပေမယ့် နည်းပြအာတီတာက ဒီရာသီမှာ ဒီကျိန်စာဆိုးကို ချိုးဖျက်နိုင်ဖို့ မျှော်လင့် တယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “ဒါကို ချိုးဖျက်ကြရအောင်ပါ။ ကစားသမားတွေဟာ ဘယ်လောက်အထိ လိုချင်နေကြလဲဆိုတာ သူတို့ရဲ့ စိတ်ဆန္ဒနဲ့ စွမ်းအင်ကို မြင်နိုင်ပါတယ်။ ၅ လကျန်သေးပြီး နေ့တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွား မှာပါ။ ကျနော်တို့ဟာ အမြဲတမ်း ပိုကောင်းလာနိုင်သလို တိုးတက်အောင် လုပ်ရမယ့် အရာတွေလည်း ရှိပါတယ်။ ဇန်နဝါရီအစပိုင်းပဲရှိသေးတဲ့အတွက် ကျနော်တို့ အများကြီးပိုလုပ်ရဦးမှာပါ”လို့ ပြောခဲ့ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ် ရာသီဝက် ပြီးဆုံးသွားတဲ့အချိန်မှာ အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းကို ၄ မှတ် အသာရပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ မနှစ်က ရာသီတွေတုန်းကလည်း ရာသီရဲ့ ဒုတိယပိုင်းမှာ ရမှတ်တွေဆုံးရှုံးပြီး ဆုဖလားနဲ့ လွဲချော်ခဲ့ရတာပါ။

အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ သူတို့ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလား ရယူပြီး မှတ်တမ်း ဆိုးကို ချိုးဖျက်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Opta က အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလား ရရှိဖို့ ၇၈.၉၈ ရာခိုင်နှုန်းနဲ့ ရေပန်းအစားဆုံး အသင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒဏ်ရာကြောင့် အက်စတွန်ဗီလာအသင်းနဲ့ပွဲကို မပါဝင်နိုင်ခဲ့တဲ့ ကွင်းလယ်လူ ဒီကလန်ရိုက်စ် ဘုန်းမောက်အသင်း နဲ့ ပွဲမှာ ပါဝင်နိုင်ဖွယ် ရှိ/မရှိ စောင့်ကြည့်ရဦးမယ်လို့ နည်းပြအာတီတာက ပြောခဲ့ပါတယ်။
ဒါ့ပြင် အာတီတာက ဘုန်းမောက်အသင်းဟာ သူတို့ကို ဒုက္ခပေးနိုင်တဲ့ အသင်းဖြစ်တဲ့အတွက် ဒီပွဲရဲ့ ခက်ခဲမှုကို သိတယ်လို့ ပြောခဲ့ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 344
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂
ယူနိုက်တက်အသင်းကနေ အငှားနဲ့ လာရောက်ကစားပြီး ခြေစွမ်းပြသနေတဲ့ ဒိန်းမတ်တိုက်စစ်မှူး ဟော့ဂျ်လန်းကို နာပိုလီအသင်းက အပြီးသတ်ဝယ်ယူဖို့ သေချာတယ်လို့ ကလပ်အသင်းရဲ့ အားကစားဒါရိုက်တာက ပြောခဲ့ပါတယ်။
ဟော့ဂျ်လန်းဟာ ယူနိုက်တက်အသင်း နည်းပြ အာမိုရင်ရဲ့ အစီအစဉ်မှာ မပါဝင်ကြောင်း အသိပေးခံရပြီးနောက် နွေရာသီ အပြောင်းအရွှေ့မှာ စီးရီးအေထံ ပြန်လည်ပြောင်းရွှေ့လာခဲ့တာပါ။
ဟော့ဂျ်လန်းဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် ဒီရာသီနာပိုလီအသင်းမှာ စီးရီးအေသွင်းဂိုး ၆ ဂိုး အပါအဝင် ပြိုင်ပွဲစုံ ၉ ဂိုးအထိ သွင်းပြီး ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
ဒါ့ပြင် ဟော့ဂျ်လန်းဟာ နာပိုလီအသင်းအတွက် ၃ ဂိုး ဖန်တီးမှု ပြုလုပ်ထားတာပါ။
နာပိုလီအသင်း အားကစားဒါရိုက်တာ ဂျီယိုဗန်နီမန်နာက ဟော့ဂျ်လန်းဟာ လာမယ့် ရာသီအသင်းရဲ့ သွင်းဂိုးတွေ မှာ ဆက်ပြီးပါဝင်သွားမယ်လို့ Corriere dello Sport နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ဟော့ဂျ်လန်းကို တွေ့ရစဉ်
နာပိုလီအသင်းဟာ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရင် ဟော့ဂျ်လန်းကို ပေါင် ၃၈ သန်းနဲ့ အပြီးသတ် ဝယ်ယူ နိုင်မယ့် အချက်ရှိနေတာကြောင့် သူ့ကို အပြီးသတ် ဝယ်ယူနိုင်မယ်လို့ ယုံကြည်မှုရှိနေတာ ဖြစ်ပါတယ်။
ဂျီယိုဗန်နီမန်နာက ဟော့ဂျ်လန်းဟာ သူ့ကိုယ်သူ နာပိုလီကစားသမားလို့ ထင်မြင်နေပြီး အသင်းဘက်ကလည်း အတူတူပဲဖြစ်တာကြောင့် ဒါက အလွန်အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။
နာပိုလီအသင်းဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ အဆင့် ၃ နေရာ ရပ်တည်နေပြီး အဆင့် ၁ နေရာက အင်တာမီလန် အသင်းနဲ့ ၂ မှတ်သာ ကွာဟတာကြောင့် ချန်ပီယံဆုကို ဆက်ပြီး ကာကွယ်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
အီတလီစူပါဖလား ချန်ပီယံဆုကို ရယူထားတဲ့ နာပိုလီအသင်းဟာ လာမယ့် စီးရီးအေပွဲအဖြစ် လာဇီယိုအသင်း အိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 397
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂
မန်စီးတီးအသင်း နောက်ခံလူဟောင်း ကန်ဆယ်လိုဟာ ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်ဖွင့်တဲ့ အချိန်မှာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ် အသင်းကနေ ထွက်ခွာပြီး ဥရောပထံ ပြန်လာဖို့ အံ့အားသင့်ဖွယ် ပြင်ဆင်နေပါတယ်။
ကန်ဆယ်လိုကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းအပြင် စီးရီးအေ ထိပ်သီးတွေဖြစ်တဲ့ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ် အသင်းတို့ကလည်း စိတ်ဝင်စားနေပါတယ်။
ဖာဘရီဇီယိုရိုမာနိုက အင်တာမီလန်အသင်းဟာ ကန်ဆယ်လိုကို အငှားနဲ့ခေါ်ယူဖို့ အယ်လ်ဟီလယ်အသင်းထံ ချဉ်းကပ်ခဲ့ပြီး အသင်းဟောင်း ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်အသင်းတို့ကလည်း သူ့ရဲ့ အခြေအနေအကြောင်း မေးမြန်းဖို့ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကန်ဆယ်လိုဟာ ၂၀၂၃-၂၄ ရာသီကို ဘာစီလိုနာအသင်းမှာ အငှားနဲ့ကုန်ဆုံးခဲ့ပြီး ကွင်းထဲမှာရော ကွင်းပြင်ပမှာပါ အထင်ကြီးဖွယ် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ကန်ဆယ်လိုကို တွေ့ရစဉ်
ဘာစီလိုနာအသင်းဟာ နောက်ခံလူ ခရစ္စတန်ဆန် ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရဖွယ် ရှိနေတဲ့ အတွက် ဗဟိုနောက်ခံလူ တစ်ဦးကို ဈေးကွက်ထဲမှာ ရှာဖွေဖို့ရှိပေမယ့် နေရာစုံ ကစားနိုင်တဲ့ ကန်ဆယ်လိုရဲ့ နာမည်ဟာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ကန်ဆယ်လိုဟာ ဘယ်နောက်ခံလူ၊ ညာနောက်ခံလူအပြင် ကွင်းလယ်လူအဖြစ်တောင် ကစားနိုင်တဲ့အတွက် ဘာစီလိုနာအသင်းရဲ့ နေရာ အများအပြားကို ဖြေရှင်းမှုတွေ ပြုလုပ်ပေးနိုင်တာပါ။
အင်တာမီလန်အသင်းဟာ ညာတောင်ပံ နောက်ခံလူ နေရာအတွက် ကန်ဆယ်လိုကို ခေါ်ယူချင်နေပြီး အယ်လ်ဟီလယ်အသင်းရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်နွေရာသီမှာ အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ကန်ဆယ်လိုဟာ အသင်းအတွက် ၄၅ ပွဲ ကစားထားပြီး ၃ ဂိုးသွင်းယူထားကာ ၂၀၂၇ ရာသီကုန်အထိ စာချုပ်ရှိနေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 325
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁
စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဖိအားတွေ တိုးလာနေတဲ့ အီတလီလူမျိုးနည်းပြ မာရက်စ်ကာရဲ့ ချယ်လ်ဆီးအသင်း နည်းပြ နေရာကို ဆက်ခံဖို့ ဘာစီလိုနာအသင်း နည်းပြဟောင်း ဇာဗီက ရေပန်းအစားဆုံး ဖြစ်လာခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် မျှော်လင့်ချက်တွေလည်း ပျောက်ကွယ်သွားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ ဘုန်းမောက်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့ပြီး ပရီးမီးယားလိဂ် ၃ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာပါ။
မာရက်စ်ကာဟာ ဘုန်းမောက်အသင်းနဲ့ပွဲမှာ ကိုးလ်ပါလ်မာကို လူစားလဲချိန် အသင်းပရိသတ်တွေရဲ့ လှောင်ပြောင် မှုတွေ ခံခဲ့ရသလို ပွဲအပြီးမှာ လှောင်ပြောင်မှုတွေ ပိုများလာခဲ့တာ ဖြစ်ပါတယ်။
သတင်းတွေမှာတော့ မာရက်စ်ကာဟာ ဒီရလဒ်ကြောင့် နည်းပြရာထူးကို ဆုံးရှုံးမယ့် အန္တရာယ်နဲ့ ချက်ချင်းရင်ဆိုင် နေရတာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် Daily Telegraph က ရလဒ်တွေ မြန်မြန်ဆန်ဆန် တိုးတက်မလာဘူးဆိုရင်တော့ အခြေအနေတွေက ပြောင်းလဲသွားနိုင်တယ်လို့ ဖော်ပြထားတာပါ။
ချယ်လ်ဆီးအသင်းဟာ လာမယ့်ပွဲအဖြစ် မန်စီးတီးအသင်းနဲ့ ခက်ခဲတဲ့ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဇန်နဝါရီလထဲမှာ အာဆင်နယ်နဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်၊ နာပိုလီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။

ဇာဗီကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်း နည်းပြရာထူးကနေ မာရက်စ်ကာ ထုတ်ပယ်ခံရရင် သူ့ရဲ့နေရာမှာ အစားထိုး ဝင်ရောက်ဖို့ ဇာဗီက ရေပန်းစားနေတယ်လို့ Bet Victor က ဖော်ပြထားတာပါ။
ဇာဗီဟာ ၂၀၂၄ ခုနှစ်မှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာပြီးကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတာ ဖြစ်ပါတယ်။
စထရာဘောင်းအသင်းနည်းပြ ရိုစီနီယာ၊ ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြ ဂလက်စ်နာတို့ဟာ ဇာဗီရဲ့အနောက် မှာ ချယ်လ်ဆီးအသင်း နည်းပြရာထူးအတွက် ရေပန်းစားတဲ့သူတွေအဖြစ် ရှိနေတာပါ။
ခရစ္စမတ်မတိုင်မီက သတင်းတွေမှာ စပိန်လူမျိုးနည်းပြ ဂွာဒီယိုလာဟာ ဒီရာသီအကုန်မှာ မန်စီးတီးအသင်းကနေ ထွက်ခွာခဲ့ရင် မာရက်စ်ကာဟာ မန်ချက်စတာကလပ်ရဲ့ နည်းပြရာထူးကို ရယူနိုင်တယ်လို့ ဖော်ပြထားပါတယ်။
မာရက်စ်ကာဟာ မန်စီးတီးလူငယ်အသင်းမှာ နည်းပြချုပ်နဲ့ ဂွာဒီယိုလာလက်အောက် အသင်းကြီးမှာ လက်ထောက် နည်းပြအဖြစ် လုပ်ကိုင်ခဲ့ဖူးတာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 387
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁
ပြင်သစ်တိုက်စစ်မှူး ဘတ်ပီဟာ ဘယ်ဘက်ဒူးဒဏ်ရာ ရရှိနေတယ်လို့ ရီးရယ်လ်အသင်းက ကြေညာခဲ့တာကြောင့် သူဟာ ဘက်တစ်အသင်းနဲ့ လာလီဂါပွဲစဉ်ကို လွဲချော်မှာဖြစ်သလို လာမယ့်အပတ်မှာ ကစားမယ့် စပိန်စူပါကိုပါ ဖလား ပြိုင်ပွဲကိုလည်း ပါဝင်နိုင်ဖို့ မသေချာဘူးလို့ ESPN က ဖော်ပြထားပါတယ်။
ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ၁၈ ဂိုးနဲ့ ဂိုးသွင်း အများဆုံး ကစားဖြစ်နေတဲ့ ဘတ်ပီဟာ အင်္ဂါနေ့က ပရိသတ်တွေနဲ့ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်ခဲ့ပေမယ့် ဗုဒ္ဓဟူးနေ့က လေ့ကျင့်မှုပြုလုပ်နိုင်ခဲ့ခြင်းမရှိတာပါ။
ဘတ်ပီရဲ့ ဒဏ်ရာဟာ မကြာသေးမီ ရက်သတ္တပတ်တွေအတွင်း သူ့ကို ဒုက္ခပေးခဲ့တဲ့ ဒူးပြဿနာပဲ ဖြစ်ခဲ့ပါတယ်။
ရီးရယ်လ်အသင်းက ဘတ်ပီရဲ့ တိုးတက်မှု အခြေအနေကို စောင့်ကြည့်သွားမယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ရီးရယ်လ်အသင်းဟာ ၂၀၂၆ ခုနှစ်မှာ ပထမဆုံးပွဲအဖြစ် ဘက်တစ်အသင်းကို အိမ်ကွင်း လက်ခံ ယှဉ်ပြိုင်ရမှာဖြစ် ပြီး ဒီပွဲပြီးရင်တော့ စူပါကိုပါဖလား ပြိုင်ပွဲအတွက် ဆော်ဒီနိုင်ငံကို ထွက်ခွာမှာပါ။
ရီးရယ်လ်အသင်းဟာ ဇန်နဝါရီ ၈ ရက်မှာ မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းနဲ့ ဆီမီးဖိုင်နယ် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အနိုင်ရခဲ့ရင် ဘာစီလိုနာနဲ့ ဘီလ်ဘာအိုအသင်းတို့ပွဲက အနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဘတ်ပီဟာ ဒီရာသီ ရီးရယ်လ်အသင်းရဲ့ လာလီဂါ ၁၈ ပွဲစလုံး ပွဲထွက်လူစာရင်း ပါဝင်ခဲ့ပြီး မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။
ပြင်သစ်တိုက်စစ်မှူးဟာ ခရစ္စမတ်မတိုင်မီ ကစားခဲ့တဲ့ ရီးရယ်လ်အသင်းရဲ့ ၃ ပွဲစလုံး ပွဲချိန်ပြည့် ပါဝင်ကစားခဲ့တာပါ။
ဘတ်ပီဟာ ပြက္ခဒိန် နှစ်တစ်နှစ်အတွင်း ရီးရယ်လ်အသင်းအတွက် ဂိုးသွင်း အများဆုံးဖြစ်တဲ့ ရော်နယ်လ်ဒိုရဲ့ ကလပ်စံချိန် ၅၉ ဂိုးကို လိုက်မီပြီး ၂၀၂၅ ခုနှစ်ကို အဆုံးသတ်ခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ အဆင့် ၁ နေရာက ဘာစီလိုနာအသင်းနဲ့ ၄ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 298
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁
လာလီဂါကလပ် ဂျီရိုနာအသင်းဟာ ဂျာမနီဂိုးသမား စတီဂန်ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း လူသိရှင်ကြား ထုတ်ဖော်ခဲ့တာကြောင့် သူဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ နီးစပ်လာခဲ့ပါတယ်။
ဆယ်စုနှစ် တစ်ခုကျော်ကြာ ဘာစီလိုနာအသင်းရဲ့ နံပါတ်တစ် ဂိုးသမားဖြစ်ခဲ့တဲ့ စတီဂန်ဟာ ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးဖြစ်ဖို့ ရုန်းကန်နေရတာနဲ့အတူ နွေရာသီမှာခေါ်ယူခဲ့တဲ့ ဂိုးသမား ယိုအန်ဂါစီယာရဲ့ လက်စွမ်း ပြသမှုတွေကြောင့် ဒီရာသီမှာ ပွဲကစားခွင့်ရဖို့ ခက်ခဲနိုင်တာပါ။
မကြာသေးမီကမှ ဘာစီလိုနာအသင်းအတွက် ပြန်ပါဝင်နိုင်ခဲ့တဲ့ စတီဂန်ဟာ ယိုအန်ဂါစီယာနဲ့ ဆက်ဇနီတို့ရဲ့ အနောက်မှာသာ ဘာစီလိုနာအသင်းအတွက် ပွဲထွက်ခွင့်ရဖို့ရှိနေတာ ဖြစ်ပါတယ်။
စတီဂန်အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်ချင်တယ်ဆိုရင် ပွဲကစား ချိန်ရဖို့ လိုအပ်တယ်ဆိုတာကို သိတဲ့အတွက် ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ရှိနေတာပါ။

စတီဂန်ကို တွေ့ရစဉ်
ဘာစီလိုနာအသင်း နည်းပြ ဟန်ဆီဖလစ်က သူတို့ဟာ စတီဂန်ကို အသင်းကနေ ထွက်ခွာဖို့ တွန်းအားပေး နေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့ပြီး ဆုံးဖြတ်ချက်ကို စတီဂန်ကိုယ်တိုင် ချမှတ်ရမှာလို့ ပြောခဲ့ပါတယ်။
စတီဂန်ကို ခေါ်ယူဖို့ ဂျီရိုနာအသင်းက စိတ်ဝင်စားနေတာကြောင့် သူဟာ စပိန်မှာ ဆက်ပြီး ကစားနိုင်တာ ဖြစ်ပါတယ်။
ဂျီရိုနာအသင်းရဲ့ အားကစားဒါရိုက်တာဟာ ဘာစီလိုနာအသင်းထံ ဆက်သွယ်ခဲ့ပြီး စတီဂန်ရဲ့ အခြေအနေကို မေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ စပိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဂျီရိုနာအသင်းဟာ ခရိုအေးရှားဂိုးသမား လီဗာကိုဗစ်ကို စာချုပ်ဖျက်သိမ်းမှာဖြစ်ပြီး အဓိကဂိုးသမား ဂါဇာနီဂါဟာ ဒီရာသီမှာ အမှားအယွင်း အများအပြား ပြုလုပ်ထားတာပါ။
ဂျီရိုနာအသင်း နည်းပြ မီချဲလ်က စတီဂန်ဟာ ထိပ်တန်း ကစားသမားဖြစ်ပြီး လူတိုင်းက သူ့လိုဂိုးသမားမျိုးကို အသင်းမှာ ရှိစေချင်ကြမှာပါလို့ ပြောထားပါတယ်။
စတီဂန်ဟာ ဘာစီလိုနာအသင်းက ဂွာဒါလာဂျာရာအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကိုပါဒယ်ရေးဖလား ပွဲစဉ်မှာ ဒီရာသီ ဘာစီလိုနာအသင်းအတွက် တစ်ပွဲတည်းသောပွဲအဖြစ် ပါဝင်ကစားထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 278
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးဖြစ်ဖို့ ရည်မှန်းထားတဲ့ ရီးရယ်လ်အသင်း ကြယ်ပွင့် ဟောင်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ မေဂျာလိဂ်ကလပ် ကိုလံဘတ်စ်ခရူအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။
ကလပ်လီယွန်အသင်းကနေ ထွက်ခွာခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အစောပိုင်းက မက္ကဆီကိုမှာ ဆက်နေဖို့ စီစဉ်ထား ပေမယ့် အခုအချိန်မှာတော့ အမေရိကန်ထံ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာပါ။
ကိုလံဘီယာအသင်း ခေါင်းဆောင်ဟာ ရီးရယ်လ်အသင်းကနေ ထွက်ခွာအပြီးမှာ အဲဗာတန်၊ အယ်လ်ရေယန်၊ အိုလံပီယာကို့စ်၊ ဆော်ပေါ်လိုနဲ့ ဗယ်လက်ကာနိုအသင်းတွေမှာ ကစားခဲ့ပါတယ်။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ကလပ်လီယွန်အသင်းမှာ ၃၄ ပွဲကစားခဲ့ပြီး ၅ ဂိုးသွင်းယူကာ ၉ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
စပိန်သတင်းစာ မာကာနဲ့ အခြားသတင်းတွေက ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ကိုလံဘတ်စ်ခရူအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ ဖော်ပြထားပါတယ်။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးနဲ့ ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းတို့ကလည်း ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် ဆန်းတို့်စ်အသင်းက စိတ်ဝင်စားမှု မရှိဘူးလို့ ငြင်းဆန်ထားတာပါ။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို တွေ့ရစဉ်
ကိုလံဘီယာအသင်းအတွက် ၁၂၂ ပွဲ ပါဝင်ကစားထားတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ နိုင်ငံအသင်း ကစားသမားဘဝ သူ့ရဲ့ နောက်ဆုံးပြိုင်ပွဲ ဖြစ်လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကို ရယူဖို့ အိပ်မက်မက်နေကြောင်း ဖွင့်ဟထားပါတယ်။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ကိုလံဘီယာ လက်ရွေးစင်အသင်းနဲ့ ဆုဖလားအောင်မြင်မှု မရရှိသေးတာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ပစ်မှတ်ထားနေတာပါ။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လှပတဲ့သွင်းဂိုး ၁ ဂိုးသွင်းယူခဲ့ပြီး ဒီသွင်းဂိုးအတွက် Puskas ဆု ရခဲ့သလို ကွာတားဖိုင်နယ်အထိ ရောက်ခဲ့တဲ့ ကိုလံဘီယာအသင်းအတွက် ၆ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဒီပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကို ရခဲ့ပါတယ်။
ကိုလံဘီယာအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥဇဘတ်ကစ္စတန်၊ ပေါ်တူဂီ၊ ပလေးအော့ဖ်ပွဲက အနိုင်ရတဲ့ အသင်းနဲ့ အုပ်စုကျရောက်နေတာ ဖြစ်ပါတယ်။
Source: Goal
