CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
နော်ဝေတိုက်စစ်မှူး ဟာလန်းက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၈ ပွဲမှာ ပယ်နယ်တီ ကနေသာ ၂ ဂိုး သွင်းယူ နိုင်ခဲ့ပြီးနောက် မန်စီးတီးအသင်းအတွက် သူ့ရဲ့စွမ်းဆောင်ရည်ကို တိုးတက်အောင်လုပ်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
ဟာလန်းက “ဒီနှစ်အစကတည်းက ကျနော်ဟာ ဂိုးတွေကို လုံလောက်အောင် မသွင်းနိုင်သေးဘူး၊ တိုးတက်အောင် လုပ်ဖို့ လိုတယ်ဆိုတာ ကျနော်သိပါတယ်။ ကျနော်ဟာ အရာအားလုံးကို ပိုကောင်းအောင်လုပ်ဖို့ လိုအပ်တယ်ဆို တာ သိပြီး ဒါက ကျနော် ကြိုးစားရမယ့်အရာတွေပါ။ အကောင်းဆုံး မလုပ်နိုင်တဲ့အပေါ်မှာ ဆင်ခြေပေးစရာ မရှိပါ ဘူး။ အသင်းကိုကူညီဖို့အတွက် အဆင်သင့်ဖြစ်နေအောင် ကြိုးစားသွားမှာပါ”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းက လီဗာပူးလ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟာလန်းဟာ ထပ်ဆောင်းအချိန်ပိုမှာ အသင်းအတွက် ပယ်နယ်တီကနေ အနိုင်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဟာလန်းကို တွေ့ရစဉ်
ဟာလန်းဟာ ဒီပွဲမှာ အသင်းအတွက် အဖိုးတန် ၃ မှတ် ရယူပေးနိုင်ခဲ့ပေမယ့် ဒီဇင်ဘာလ ၂၀ ရက်က ဝက်စ်ဟမ်း အသင်းနဲ့ပွဲပြီးကတည်းက ကစားကွက်ကနေ သွင်းဂိုးသွင်းယူနိုင်ဖို့ စောင့်ဆိုင်းနေရတာပါ။
ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၁ ဂိုး သွင်းယူထားပြီး ရွှေဖိနပ်ဆု ရယူနိုင်ဖို့ ဦးဆောင်နေတဲ့ ဟာလန်းက သူဟာ ပိုပြီးကောင်းအောင် လုပ်ရမယ်လို့ ဝန်ခံထားပါတယ်။
မန်စီးတီးအသင်းဟာ လီဗာပူးလ်အသင်းကို အနိုင်ရခဲ့တာကြောင့် အာဆင်နယ်အသင်းနဲ့ အမှတ်ကွာဟမှုကို ၆ မှတ် အထိ လျှော့ချနိုင်ခဲ့ပြီးနောက် ဟာလန်းက သူတို့ဟာ အာဆင်နယ်အသင်းကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်နေ ပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကလည်း ပွဲကစားဖို့ ၁၃ ပွဲ ကျန်သေးတဲ့အတွက် ချန်ပီယံ ပြေးလမ်းကြောင်း မှာ အပြောင်းအလဲတွေ အများကြီး ဖြစ်နိုင်တယ်လို့ ပြောထားပါတယ်။
Source: ESPN
