CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၀
ပြင်သစ်တိုက်စစ်မှူးဟောင်း ဘန်ဇီမာဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းရဲ့ စာချုပ် သက်တမ်းတိုးဖို့ ကမ်းလှမ်းမှု ခံခဲ့ရပြီးနောက် လေးစားမှုမရှိသလို ခံစားနေရကြောင်း ESPN က ဖော်ပြထားပါ တယ်။
အသက် ၃၈ နှစ်အရွယ်ရှိ ဘန်ဇီမာဟာ ကြာသပတေးနေ့မှာ ပထမအသင်း လူစာရင်းကနေ သူ့ဘာသာသူ ထွက်ခွာပြီး တစ်ဦးတည်း လေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။
ဘန်ဇီမာ မပါဝင်တဲ့ အယ်လ်အစ်တီဟတ်အသင်းဟာ ဆော်ဒီပရိုလိဂ်ပွဲမှာ အယ်လ်ဖာတက်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့ပါတယ်။
အယ်လ်အစ်တီဟတ်အသင်းဟာ သရေရလဒ်ကြောင့် ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
၂၀၂၂ Ballon d'Or ဆုရှင်ဘန်ဇီမာနဲ့ အယ်လ်အစ်တီဟတ်အသင်းတို့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီ ဖြစ်ပါတယ်။

ဘန်ဇီမာကို တွေ့ရစဉ်
အယ်လ်အစ်တီဟတ်အသင်းဟာ ဘန်ဇီမာကို အလကားနီးပါး ကစားပေးရမယ်ဆိုပြီး စာချုပ်သစ် ကမ်းလှမ်း ခဲ့တာလို့ သတင်းရင်းမြစ်တွေက ဖော်ပြထားတာပါ။
အဲ့ဒါကြောင့် ဘန်ဇီမာဟာ စိတ်ပျက်နေပြီး ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေပါတယ်။
၂၀၂၃ ခုနှစ်မှာ အယ်လ်အစ်တီဟတ်အသင်းထံ ရောက်ရှိလာခဲ့တဲ့ ဘန်ဇီမာဟာ ဆော်ဒီကလပ်အတွက် ၈၇ ပွဲ ကစားထားပြီး ၅၇ ဂိုး သွင်းယူကာ ဆော်ဒီပရိုလိဂ်နဲ့ ဘုရင့်ဖလား ၁ ကြိမ်စီ ရယူပေးနိုင်ခဲ့တာပါ။
လက်ရှိအချိန်မှာ အယ်လ်အစ်တီဟတ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ မူဆာဒီယာဘီဟာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေသလို ကွင်းလယ်လူ ကန်တီလည်း ဖီနာဘာချီအသင်းနဲ့ စာချုပ်ချုပ်ဖို့ နီးစပ်နေပါတယ်။
နွေရာသီမှာ စာချုပ်ကုန်ဆုံးမယ့် ကန်တီကို အယ်လ်အစ်တီဟတ်အသင်းဟာ အလွတ်နဲ့ မဆုံးရှုံးချင်တာကြောင့် ဖီနာဘာချီအသင်းနဲ့ ပြောင်းရွှေ့ကြေး ဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
Source: ESPN
