
- By CNI
- Category: အားကစား
- Hits: 422
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၅
အာဆင်နယ်အသင်းဟာ PSV အသင်းကို ၇ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သမိုင်းတစ်ခုကို ဖန်တီးနိုင်ခဲ့ပေမယ့် နည်းပြအာတီတာက အသင်းလိုချင်တာက ဆုဖလားတွေဖြစ်ပြီး စံချိန်မှတ်တမ်းမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
အာတီတာက “ကျနော်တို့ဟာ နောက်တဆင့် တက်ဖို့အတွက် အလွန်အားကောင်းတဲ့ အနေအထားမှာရှိတာက ကောင်းမွန်ပါတယ်။ ဒါပေမယ့် ကျနော်တို့ လန်ဒန်မှာ လုပ်စရာ အလုပ်ရှိပါသေးတယ်။ ကျနော်တို့ဟာ သမိုင်း မှတ်တိုင် တင်နိုင်ဖို့ဆိုရင် အလွန်ခြားနားတဲ့ အဆင့်ဖြစ်အောင် လုပ်ရပါမယ်။ ဒါပေမယ့် ဒီအသင်းဟာ နှစ်ပေါင်း များစွာကြာ ဒါမှမဟုတ် ကလပ်သမိုင်းမှာ မလုပ်ဖူးတဲ့ အရာတွေ အများကြီးလုပ်ခဲ့ပါတယ်။ ဒါက အဓိပ္ပါယ် အများ ကြီးရှိပေမယ့် ကျနော်တို့ လိုချင်တဲ့ အရာတော့မဟုတ်ဘူး”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ PSV အသင်းကို ၇ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် ဒီပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့် အဝေးကွင်းမှာ ၇ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးအသင်း အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဂိုးပြတ်နိုင်ပွဲကြောင့် ကွာတားဖိုင်နယ်ကို တက်ဖို့ သေချာသလောက်လည်း ရှိသွားတာပါ။
အာတီတာကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ အဓိက တိုက်စစ် ကစားသမား အများအပြားရဲ့ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် အာဆင်နယ်အသင်းဟာ ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် PSV အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ သူတို့ရဲ့ ဂိုးသွင်းစွမ်းရည်ကို ပြသနိုင်ခဲ့တာပါ။
နည်းပြအာတီတာက ဒီပွဲစဉ်မှာ အသင်းရဲ့ အထင်ကြီးဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ မယုံနိုင်စရာ သွင်းဂိုးတွေကြောင့် ပျော်ရွှင်မိပြီး လာမယ့် ပွဲစဉ်မှာလည်း ဒီပုံစံကိုယူဆောင်ကာ ဆက်တိုးတက်အောင် လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့် ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရလဒ်ကောင်း ရယူနိုင်မယ်လို့ နည်းပြအာတီတာက ယုံကြည်မှုရှိနေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 523
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၄
လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က ပီအက်စ်ဂျီအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်မှာ သူတို့ရဲ့တန်ဖိုးကို သက်သေပြဖို့ အသင်းဖော်တွေကို တိုက်တွန်းခဲ့ပါတယ်။
ဗန်ဒိုက်က “ဒီပွဲက အလွန်ကောင်းတဲ့ပွဲဖြစ်မှာပါ။ ဘရက်စ်အသင်းနဲ့ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းဟာ အလွန်ကောင်းခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ခက်ခဲမှာဖြစ်ပေမယ့် ဒီလိုပွဲတွေမျိုးတွေဟာ ကျနော်တို့ ယှဉ်ပြိုင်ချင်တဲ့ ပွဲတွေဖြစ်ပြီး ကျနော်တို့ စောင့်မျှော်နေပါတယ်။ ရှုံးထွက်အဆင့် ရောက်နေတဲ့အတွက် အမှားအယွင်းတွေ ဒါမှမဟုတ် ဆိုးရွားတဲ့ပွဲတွေလုပ်ဖို့ အချိန်မရှိပါဘူး။ ကျနော်တို့ရဲ့ အကောင်းဆုံး စွမ်းဆောင် ရည်တွေကို ကမ္ဘာကြီးကို ပြသချင်ပါတယ်”လို့ ပြောခဲ့တာပါ။
လီဗာပူးလ်နဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ သူတို့ရဲ့လိဂ်တွေမှာ အကောင်းဆုံးပုံစံတွေ ပြသနေပြီး ချန်ပီယံဆုရယူနိုင်ဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းကို တွေ့ရစဉ်
လီဗာပူးလ်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဆင့် ၁ နေရာ ရပ်တည်ကာ ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်နိုင်ခဲ့ပြီး ပီအက်စ်ဂျီအသင်းက ပလေးအော့ဖ် ယှဉ်ပြိုင်ခဲ့ရကာ ဘရက်စ်အသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၁၀ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာကြောင့် ပီအက်စ်ဂျီအသင်းကို အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်နိုင်မယ်လို့ ယုံကြည်မှုရှိနေပါတယ်။
ပီအက်စ်ဂျီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ သွင်းဂိုး ၄၀ အထိ သွင်းယူထားပြီး သူတို့ရဲ့ အကောင်းဆုံး ပုံစံကို ပြသနေတာပါ။
အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ ပုံစံကောင်းတွေကို ရပ်တန့်နိုင်ဖို့ မျှော်လင့်နေပါတယ်။
လီဗာပူးလ်အသင်းဟာ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်ပြီးရင် ဆောက်သမ်တန်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 454
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၄
လူငယ်တိုက်စစ်မှူး ချီဒိုအိုဘီဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားခွင့် မရတာ ကြောင့် ဆိုစီဒက်အသင်းနဲ့ ၁၆ သင်းအဆင့် ပွဲစဉ်ကို လွဲချော်မှာဖြစ်ပါတယ်။
အာဆင်နယ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အသက် ၁၇ နှစ်အရွယ်ရှိ ချီဒိုအိုဘီဟာ ပြီးခဲ့တဲ့ ဖူလ်ဟမ်အသင်းနဲ့ FA ဖလားပဉ္စမအဆင့်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် လူစားလဲဝင်ရောက်ကစားပြီး အထင်ကြီးဖွယ် စွမ်းဆောင်ရည်တွေကို ပြသခဲ့တာပါ။
ချီဒိုအိုဘီဟာ ယူနိုက်တက်အသင်းကြီးအတွက် လူစားဝင်အဖြစ် ၃ ပွဲ ပါဝင်ကစားခွင့် ရရှိထားတာ ဖြစ်ပါတယ်။
ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်က စွမ်းဆောင်ရည်ကြောင့် ချီဒိုအိုဘီဟာ ယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင် လာနိုင်တယ်ဆိုပြီး ဖော်ပြမှုတွေရှိနေကြတာပါ။
ဒါပေမယ့် ချီဒိုအိုဘီဟာ ဆိုစီဒက်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။
ချီဒိုအိုဘီကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ဇန်နဝါရီလက ခေါ်ယူခဲ့တဲ့ ဒေါဂူနဲ့ ဟီဗန်တို့ကို ယူရိုပါလိဂ် ရှုံးထွက်အဆင့် မတိုင်ခင် လူစာရင်းထဲ ထည့်သွင်းခဲ့တာကြောင့် သူတို့ဟာ ဆိုစီဒက်အသင်းနဲ့ပွဲအတွက် စပိန်ကိုထွက်ခွာမယ့် အသင်းလူ စာရင်းထဲ ပါဝင်မှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အစောပိုင်းက ချီဒိုအိုဘီကို လူငယ်အသင်းအတွက်သာ သုံးဖို့ရည်ရွယ်ခဲ့တာကြောင့် လူစာရင်းထဲ ထည့်သွင်းခဲ့ခြင်းမရှိတာပါ။
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အာမတ်၊ ကိုဘီမိုင်နူးတို့ အပါအဝင် အဓိက ကစားသမား အများအပြား ရဲ့ ဒဏ်ရာတွေကြောင့် ချီဒိုအိုဘီကို လူစာရင်းထဲ ထည့်သွင်း အသုံးပြုခဲ့တာဖြစ်ပါတယ်။
ချီဒိုအိုဘီဟာ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က သတ်မှတ်ထားတဲ့ ကစားသမားတွေ ကလပ်အသင်း တစ်သင်း မှာ အနည်းဆုံး ၂ နှစ်ရှိရမယ့် လူငယ်ကစားသမားတွေအတွက် ဘီစာရင်းမှာလည်း ပါဝင်ခွင့်မရရှိခဲ့တာပါ။
အဲဒါကြောင့် ချီဒိုအိုဘီဟာ ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တွေမှာသာ ပါဝင်ခွင့်ရမှာဖြစ်ပြီး လာမယ့် အသင်းဟောင်း အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ သူ့ကိုပြန်လည် မြင်တွေ့ရမှာဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 463
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၄
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ ပဲလေ့စ်အသင်း တိုက်စစ်မှူး မာတီတာကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တဲ့ မီလ်ဝေါလ်အသင်းဂိုးသမား ရောဘတ်စ်ကို ပွဲပယ်ပြစ်ဒဏ် ထပ်တိုးပြီး ချမှတ်ဖို့ စဉ်းစားနေပါတယ်။
ပဲလေ့စ်အသင်းက မီလ်ဝေါလ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ FA ဖလား ပဉ္စမအဆင့်ပွဲစဉ်ရဲ့ ပွဲချိန် အစောပိုင်းမှာ ရောဘတ်စ်ဟာ လေပေါ်မှာ ဘောလုံးကို ရှင်းထုတ်ဖို့ကြိုးပမ်းရင် မာတီတာရဲ့မျက်နှာကို ကန်ခဲ့တာပါ။
မာတီတာဟာ ရောဘတ်စ်ရဲ့ ကန်ချက်ကြောင့် သတိလစ်သွားခဲ့ပြီး ကွင်းထဲမှာ အချိန်အတော်ကြာ ကုသမှု ခံယူခဲ့ရပါတယ်။
ဒီနောက်မှာ မာတီတာကို ဆေးရုံပို့ခဲ့ရပြီး ၂၅ ချက် ချုပ်ခဲ့ရတယ်လို့ ပဲလေ့စ်အသင်းက အတည်ပြုခဲ့တာပါ။
ပဲလေ့စ်အသင်း ပိုင်ရှင်ဖြစ်သူက ရောဘတ်စ်ရဲ့ ဖျက်ထုတ်မှုဟာ ဘောလုံးပွဲတွေမှာ သူမြင်တွေ့ဖူးသမျှ အဆိုးရွားဆုံး ဖျက်ထုတ်မှုလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ရောဘတ်စ်နဲ့ မာတီတာကို တွေ့ရစဉ်
ပဲလေ့စ်အသင်းနည်းပြ ဂလက်စ်နာကလည်း မာတီတာအနေနဲ့ ဒီဖျက်ထုတ်မှုကြောင့် ကစားသမားဘဝကို အဆုံးသတ်သွားနိုင်တယ်လို့ ပြောခဲ့တာပါ။
ရောဘတ်စ်ဟာ မာတီတာကို ဖျက်ထုတ်မှုကြောင့် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံရတဲ့အတွက် ၃ ပွဲပယ်ခံရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် FA ဟာ သူ့ကို ပွဲပယ်ပြစ်ဒဏ် ထပ်တိုးပြီးချမှတ်ဖို့ စဉ်းစားနေတာပါ။ ရောဘတ်စ်ကလည်း FA က သူ့ကို ပွဲပယ် အရေအတွက် ထပ်ပြီးတိုးမှာကို လက်ခံဖွယ်ရှိနေတာ ဖြစ်ပါတယ်။
မာတီတာဟာ ဒီရာသီမှာ ပဲလေ့စ်အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ပြိုင်ပွဲစုံ ၃၃ ပွဲမှာ ၁၅ ဂိုး သွင်းယူထားတာပါ။
မာတီတာဟာ ဒဏ်ရာကြောင့် ပဲလေ့စ်အသင်းရဲ့ လာမယ့် ပွဲစဉ်အချို့ကို လွဲချော်ဖွယ်ရှိနေပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေတဲ့ ပဲလေ့စ်အသင်းဟာ FA ဖလားကွာတားဖိုင်နယ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 394
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၄
ဘရာဇီးလ်ကြယ်ပွင့် ဗီနီစီးယက်စ်ဟာ ဆော်ဒီပရိုလိဂ်ထံ မက်လောက်စရာ ငွေကြေးပမာဏနဲ့ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ခံနေရပေမယ့် ရီးရယ်လ်အသင်းနဲ့ စာချုပ်သစ် အမြန်ဆုံး ချုပ်ချင်တယ်လို့ ပြောခဲ့ပါတယ်။
ဗီနီစီးယက်စ်က “ကျနော်ဟာ ၂၀၂၇ အထိ စာချုပ်ရှိနေတဲ့အတွက် စိတ်အေးလက်အေး ဖြစ်နေပါတယ်။ ကျနော့်ရဲ့ စာချုပ်ကို ကျနော်တို့ အမြန်ဆုံးသက်တမ်း တိုးနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးတွေရှိပြီး လူတိုင်း ကျနော့်ကိုချစ်တဲ့ နေရာမှာ ရှိနေရတာကို ကျနော် ပျော်ရွှင်ပါတယ်။ ကျနော့်အတွက် ဒီထက်ပိုကောင်းတဲ့ နေရာမျိုး မရှိနိုင်ပါဘူး”လို့ ပြောခဲ့တာပါ။
ဆော်ဒီပရိုလိဂ်ဟာ လာမယ့်နွေရာသီမှာ ဗီနီစီးယက်စ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပေမယ့် သူကတော့ ရီးရယ်လ်အသင်းမှာပဲ ဆက်ရှိချင်နေတာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်း အကြီးအကဲတွေနဲ့ ဗီနီစီးယက်စ်တို့ဟာ ပြီးခဲ့တဲ့လက တွေ့ဆုံခဲ့ပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။
ဗီနီစီးယက်စ်ကို တွေ့ရစဉ်
ဗီနီစီးယက်စ်ဟာ ရီးရယ်လ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရခဲ့တဲ့ ၂၀၂၂ နဲ့ ၂၀၂၄ ခုနှစ် ဗိုလ်လုပွဲတွေမှာ ဂိုးတွေ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် FIFA The Best ဆုပေးပွဲမှာ တစ်နှစ်တာ အကောင်းဆုံး အမျိုးသားကစားသမားဆုကို ရရှိခဲ့တာပါ။
ဗီနီစီးယက်စ်က သူဟာ ရီးရယ်လ်အသင်းအတွက် အရာအားလုံးကို ပေးသွားမှာဖြစ်ပြီး သမိုင်းမှတ်တမ်းကို ဖန်တီးနိုင်ဖို့ ဒီမှာရှိနေတာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
၂၀၁၈ ခုနှစ်က ဖလာမင်ဂိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဗီနီစီးယက်စ်ဟာ ရီးရယ်လ်အသင်းအတွက် ပွဲပေါင်း ၃၀၀ ပါဝင်ကစားထားပြီး ၁၀၂ ဂိုးသွင်းယူထားတာပါ။
ရီးရယ်လ်အသင်းဟာ မတ်လ ၅ ရက်မှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် အသလက်တီကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 348
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၃
လီဗာပူးလ်အသင်း နည်းပြဟောင်း ဘင်နီတက်ဇ်ဟာ နိုင်ငံရပ်ခြားက အလုပ်သစ်ကို ငြင်းခဲ့ပြီးနောက် ပရီးမီးယားလိဂ်ထံ ပြန်လာဖို့ စောင့်ဆိုင်းနေတယ်လို့ ပြောခဲ့ပါတယ်။
ဘင်နီတက်ဇ်က “ဘိုတာဖိုဂိုနဲ့ သဘောတူညီမှု ရရှိဖို့ အလွန်နီးစပ်ခဲ့ပါတယ်။ ပိုင်ရှင်၊ ဘောလုံးဒါရိုက်တာနဲ့ စကားပြောရတာလည်း အလွန်ကောင်းပါတယ်။ သူတို့က အလွန်ရည်မှန်းချက်ကြီးတာကြောင့် ကျနော့်ကို အထင်ကြီး စေခဲ့ပေမယ့်လည်း ဝေးကွာခဲ့ပါတယ်။ ကျနော်ဟာ ဒီနှစ်ထဲမှာ ကမ်းလှမ်းမှုတွေ အများကြီး ရရှိခဲ့ ပါတယ်။ ဒါပေမယ့် ကျနော်နှစ်သက်တဲ့ ပရီးမီးယားလိဂ်ထံ ပြန်လာဖို့ အမြဲတမ်း စောင့်ဆိုင်းနေခဲ့ပါတယ်။ မှန်ကန်တဲ့ အခွင့်အရေး မကြာခင် ရောက်လာဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။
စပိန်လူမျိုး ဘင်နီတက်ဇ်ဟာ ၂၀၂၄ ခုနှစ်၊ မတ်လက ဆယ်လ်တာဗီဂိုအသင်းကနေ ထွက်ခွာပြီးကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတာ ဖြစ်ပါတယ်။
ဘင်နီတက်ဇ်ဟာ ဆယ်လ်တာဗီဂိုအသင်းကို ကိုင်တွယ်ခဲ့တာမှာ ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။
အခုအချိန်မှာတော့ ဘင်နီတက်ဇ်ဟာ နည်းပြလောကထဲကို ပြန်ဝင်ရောက်ချင်နေပြီး ပရီးမီးယားလိဂ်ထံ ပြန်လာ ချင်တဲ့ သူ့ရဲ့ဆန္ဒကို ပြောခဲ့တာ ဖြစ်ပါတယ်။
ဘင်နီတက်ဇ်ကို တွေ့ရစဉ်
ဘင်နီတက်ဇ်ဟာ လီဗာပူးလ်အသင်းကို ၂၀၀၄ ကနေ ၂၀၁၀ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ပွဲဦးထွက်ရာသီမှာ ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့တာပါ။
ဘင်နီတက်ဇ်ဟာ ချယ်လ်ဆီးအသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ကာ ယူရိုပါလိဂ်ဖလား ရယူပေးနိုင်ခဲ့ပြီး နောက်ထပ် ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ နယူးကာဆယ်နဲ့ အဲဗာတန်အသင်း တို့ကိုလည်း ကိုင်တွယ်ခဲ့ပါ တယ်။
ဘင်နီတက်ဇ်ဟာ နယူးကာဆယ်အသင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ် ပြိုင်ပွဲထံ တန်းပြန်တက်အောင် ကိုင်တွယ်နိုင်ခဲ့ပေမယ့် အဲဗာတန်အသင်းကိုတော့ ရလဒ်ကောင်းမွန်အောင် ကိုင်တွယ်ပေးနိုင်ခဲ့ခြင်း မရှိတာပါ။
ဘင်နီတက်ဇ်ဟာ သူ့ရဲ့နည်းပြဘဝမှာ ဥရောပထိပ်တန်း ကလပ်တွေဖြစ်တဲ့ ရီးရယ်လ်၊ အင်တာမီလန်နဲ့ နာပိုလီ အသင်းတို့ကို ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
Source: Dailymail

- By CNI
- Category: အားကစား
- Hits: 448
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၃
ဘရိုက်တန်အသင်းကို အရေးနိမ့်ခဲ့တဲ့ FA ဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ တိုက်ရိုက် အနီကတ်ပြသခြင်း ခံခဲ့ရတဲ့ ဂေါ်ဒွန်ရဲ့ အနီကတ် ပြစ်ဒဏ်အတွက် နယူးကာဆယ်အသင်း အယူခံဝင်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
ဂေါ်ဒွန်ဟာ ဒီပွဲစဉ်ရဲ့ ပုံမှန်ပွဲ ကစားချိန်ပြီးခါနီးမှာ ဘရိုက်တန်အသင်း နောက်ခံလူ ဗန်ဟီကီကို ဘရိုက်တန် ဂိုးဧရိယာထဲ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် တိုက်ရိုက် အနီကတ် ပြသခြင်းခံခဲ့ရတာပါ။
နယူးကာဆယ်အသင်းဟာ ဒီပွဲစဉ်မှာ ဘရိုက်တန်အသင်းကို အချိန်ပိုမှာ ၂ ဂိုး-၁ ဂိုးနဲ့အရေးနိမ့်ပြီး FA ဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ဂေါ်ဒွန်ဟာ တိုက်ရိုက်အနီကတ်ကြောင့် ၃ ပွဲပယ် ပြစ်ဒဏ်ကျခံရမှာပါ။
အင်္ဂလန်ကြယ်ပွင့် ကစားသမားဟာ ၃ ပွဲပယ်ကြောင့် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ နယူးကာဆယ်အသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
နယူးကာဆယ်အသင်း ယှဉ်ပြိုင်နေစဉ်
နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟိုဝီက ဂေါ်ဒွန်ဟာ ဆိုးရွားတဲ့ ရည်ရွယ်ချက် မရှိတာကြောင့် အနီကတ် ပြစ်ဒဏ်ကို ပယ်ဖျက်အောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။
အက်ဒီဟိုဝီက “ကျနော်တို့ဟာ အဖြစ်အပျက်ကို ပြန်သုံးသပ်သွားမှာဖြစ်ပြီး အယူခံဝင်ဖို့အတွက် အကြောင်း ပြချက်တွေ ရှိတယ်လို့ခံစားရရင် ချက်ချင်း လုပ်ဆောင်သွားမှာပါ။ ဒါပေမယ့် ဂေါ်ဒွန်ဟာ ဆိုးရွားတဲ့ ရည်ရွယ်ချက် မရှိဘူးဆိုတာ ကျနော်သိပါတယ်”လို့ ပြောခဲ့တာပါ။
ဂေါ်ဒွန်ဟာ ဒီရာသီမှာ နယူးကာဆယ်အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ပြိုင်ပွဲစုံ ၃၄ ပွဲ ပါဝင်ကစားထားတာမှာ ၉ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားတာဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 363
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၃
ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကွင်းလယ်လူ ရိုဒရီဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပြန်ပါဝင် ကစားနိုင်တယ်လို့ နည်းပြ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ရက်သတ္တပတ်တွေစောပြီး ပြန်လာမယ်ဆိုတဲ့ မိုက်မဲတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့မလိုပါဘူး။ ရိုဒရီ ဟာ ကောင်းမွန်နေပေမယ့် ပြန်လာဖို့ မနီးစပ်သေးဘူးလို့ ပြောချင်ပါတယ်။ သူဟာ အဝတ်လဲခန်းထဲမှာ ဘောလုံး ကို ထိတွေ့နေပြီး ယုံကြည်မှုအပြည့်နဲ့ ပျော်ရွှင်နေတယ်လို့ ခံစားရပါတယ်။ ကျနော်ဟာ သူ့ကို ရာသီမကုန်ခင်မှာ ပြန်လာဖို့ မမျှော်လင့်ထားပေမယ့် ပြန်လာဖို့ဖြစ်သွားနိုင်ပါတယ်”လို့ ပြောခဲ့တာပါ။
ရိုဒရီဟာ ပြီးခဲ့တဲ့ စက်တင်ဘာက အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒူးအရွတ် ဆုတ်ပြဲဒဏ်ရာရရှိပြီး ခွဲစိတ်မှုခံယူပြီးကတည်းက ပွဲတွေကစားနိုင်ခြင်း မရှိသေးပါဘူး။
ဒါပေမယ့် ရိုဒရီဟာ အသင်းမှာ တစ်ဦးချင်း လေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပြီဖြစ်လို့ မန်စီးတီးအသင်းအတွက် သတင်းကောင်းဖြစ်ခဲ့ပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ရိုဒရီကို လာမယ့်ရာသီမှသာ ပြန်လာနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် အသင်း ဘက်က သူတစ်ဦးချင်း လေ့ကျင့်နေတဲ့ ရုပ်သံပြခဲ့ပြီးနောက်မှာ ရာသီမကုန်ခင် ပြန်ကစားနိုင်မယ့် အရိပ်အမြွက် ပြောခဲ့တာပါ။
ရိုဒရီနဲ့ ဂွာဒီယိုလာကို တွေ့ရစဉ်
မန်စီးတီးအသင်းဟာ ရိုဒရီရဲ့ဒဏ်ရာကြောင့် ဒီရာသီမှာ ရလဒ်ကောင်းတွေရရှိဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့ ရမှတ် ၂၀ အထိ ကွာဟသွားခဲ့ပါတယ်။
ဒါအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခဲ့ရပြီး ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလား မျှော်လင့်ချက်အဖြစ် FA ဖလားသာ ရှိတော့ပါတယ်။
မန်စီးတီးအသင်းဟာ FA ဖလား ကွာတားဖိုင်နယ်အဖြစ် ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
မန်စီးတီးအသင်းဟာ အခုလာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်း အိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 390
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၃
ယူနိုက်တက်အသင်းရဲ့ ရည်မှန်းချက်က ပရီးမီးယားလိဂ်ဖလား ရဖို့ဆိုပြီး ပြောခဲ့တဲ့အပေါ် နုံအတဲ့သူလို့ မှတ်ချက် ပေးခဲ့တဲ ဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်နီကို နည်းပြအာမိုရင်က ဝေဖန်သုံးသပ်သူဖြစ်ရတာ လွယ်ကူတယ်လို့ပြောကာ တုန့်ပြန်ခဲ့ပါတယ်။
အာမိုရင်က “ပရီးမီးယားလိဂ်က ရည်မှန်းချက်ပန်းတိုင်ပါ။ ဒီလိုပြောတာကို နုံအတယ်လို့ ထင်ကြမှာပါ။ ဘာလို့လဲ ဆိုရင် ကျနော်တို့ရဲ့ လက်ရှိအနေအထားက အလွန်ဝေးကွာနေလို့ပါ။ ဒါကို ကျနော်သိပြီး အလွန်လွယ်ကူပါတယ်။ ကျနော်ဟာ ကစားသမားဘဝ ကုန်ဆုံးပြီးချိန်မှာ ဝေဖန်သုံးသပ်သူဖြစ်ခဲ့ပြီး ဒါက အလွန်လွယ်ကူတယ်ဆိုတာ သိပါ တယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်က ပရီးမီးယားလိဂ်ဖလား ရဖို့ဖြစ်ပြီး အားလုံးရည်မှန်းထားတဲ့ အရာပါ။ အခုက ခက်ခဲတဲ့ အခိုက်အတန့်မှာရှိနေပြီး ပိုကောင်းအောင်လုပ်ရမှာပါ။ ကျနော်က နုံအတဲ့သူ မဟုတ်ပါဘူး”လို့ ပြောခဲ့ တာပါ။
လက်ရှိ ချန်ပီယံ ယူနိုက်တက်အသင်းဟာ FA ဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ ဖူလ်ဟမ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီးနောက် ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရပါတယ်။
ဒီရှုံးပွဲကြောင့် ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိဖို့ဆိုရင် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ဖို့ ကြိုးစားရတော့မှာပါ။
ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ဖူလ်ဟမ်အသင်းကို အရေးနိမ့်ပြီးနောက် BBC Sport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ နည်းပြအာမိုရင်က ယူနိုက်တက်အသင်းရဲ့ ရည်မှန်းချက်က ပရီးမီးယားလိဂ်ဖလားရဖို့လို့ ပြောခဲ့ပါတယ်။
ဒီအချိန်မှာ BBC ရဲ့ ရုပ်သံဘောလုံး ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ဝိန်းရွန်နီက အာမိုရင်ကို နုံအတဲ့ သူလို့ပြောခဲ့ပြီး လက်ရှိ အခြေအနေအပေါ် ပိုအာရုံစိုက်သင့်တယ်လို့ မှတ်ချက်ပေးခဲ့တာပါ။
ဒါကို နည်းပြအာမိုရင်က ရုပ်သံစတူဒီယိုထဲကနေ ဘေးကင်းစွာနဲ့ ပြောရတာဟာ လွယ်ကူတယ်လို့ပြောကာ ဝိန်းရွန်နီကို ပြန်တုန့်ပြန်ခဲ့ပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင် လက်ထက်မှာ ယူနိုက်တက်အသင်းဟာ ရလဒ်ကောင်းတွေ ရရှိနိုင်ဖို့ ရုန်းကန် နေရတာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့် ကြားရက်မှာ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ဆိုစီဒက်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 399
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁
ဒီရာသီအကုန်မှာ မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ကွင်းလယ်လူ ဒီဘရိုင်းရဲ့ အနာဂတ်ဟာ သူ့ရဲ့ လက်ထဲမှာပဲရှိတယ်လို့ နည်းပြဂွာဒီယိုလာက ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ကလပ်ရဲ့အနာဂတ်မှာ အစိတ်အပိုင်းအဖြစ် ရှိနေမယ့် အသက် ၃၀ ကျော် ကစားသမားတွေ ရှိပါတယ်။ ဒီဘရိုင်းကတော့ သူနဲ့ ကလပ်က ဆုံးဖြတ်သွားပါလိမ့်မယ်။ စာချုပ်ရှိနေတဲ့ သူတွေကို လာမယ့် ရာသီ အသင်းမှာ ဆက်ရှိဖို့ ကျနော် မျှော်လင့်ပါတယ်။ ကျနော်တို့ဟာ ကစားသမားအသစ်တွေ ဒါမှမဟုတ် အဟောင်း တွေနဲ့ပဲ လုပ်လို့မရဘဲ အားလုံး အတူတူတွဲလုပ်ရမှာပါ”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက အိုမာမာမွတ်ရှ်၊ နီကိုဂွန်ဇာလက်ဇ် အပါအဝင် ကစားသမား ၅ ဦးကို ပေါင်သန်း ၁၈၀ ကျော် သုံးစွဲပြီး အားဖြည့်ခဲ့သလို လာမယ့် နွေရာသီမှာလည်း အသင်းကို အပြောင်းအလဲ ပြုလုပ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။
အဲဒါကြောင့် စာချုပ်ကုန်ဆုံးမယ့် ဒီဘရိုင်း အပါအဝင် ကစားသမားတချို့ဟာ နွေရာသီမှာ မန်စီးတီးအသင်းကနေ ထွက်ခွာရဖို့ ရှိနေတာပါ။
ဂွာဒီယိုလာကတော့ အတွေ့အကြုံရင့် ကစားသမားတွေကို လာမယ့်ရာသီအသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့် နေပါတယ်။
ဒီဘရိုင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ရပ်တန့်နေ ခဲ့ပြီး ကစားသမားကတော့ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ရခြင်း မရှိသေးဘူးလို့ ပြောထားတာပါ။
လက်ရှိအချိန်မှာ ဒီဘရိုင်းကို ခေါ်ယူဖို့ မေဂျာလိဂ်နဲ့ ဆော်ဒီပရိုလိဂ် ကလပ်တွေက စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်က ဝုလ်ဖ်ဘတ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒီဘရိုင်းဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့တာပါ။
မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ ဒီဘရိုင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ပွဲကစားချိန် အကန့်အသတ်နဲ့သာ ရရှိတော့တာဖြစ်ပါတယ်။
Source: Metro