- By CNI
- Category: နိုင်ငံရေး
- Hits: 614
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆
ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် ကြားနာစစ်ဆေးဆဲအမှုများနှင့် ယင်းပြစ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခံရသူ ၅၅၈၀ ဦးတို့၏ ကြားနာစစ်ဆေးဆဲ အမှုများကို ပိတ် သိမ်းလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန် ခဲ့သည်။
ထိုသို့ အမှုများ ရုပ်သိမ်းပေးလိုက်ခြင်းက မကြာမီ ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက်ဖြစ်သည် ဟု ကာ/လုံက ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 718
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆
ကရင်ပြည်နယ်၊ ဖလူးလေး၊ ဝေါလေနှင့် စုကလိအထိ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကိုမှ ဖြတ်သန်း သွားလာခွင့် မပြုဘူးဟု ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)က ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထို့နောက် အရေးပေါ် သွားလာရန် လိုအပ်ပါက ကြိုတင် သတင်းပို့ရန် DKBA က ထုတ်ပြန်ခဲ့သည်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာရှိ DKBA ထိန်းချုပ်ထားသော ကျားဖြန့် လုပ်ငန်းခွင် တစ်ခုကို ကရင်အမျိုးသားအစည်းအရုံး(KNU)က ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်၌ ဝင်ရောက် တိုက်ခိုက်ထိန်းချုပ်ခဲ့သည်။

DKBA ထုတ်ပြန်ချက်ကို တွေ့ရစဉ်
ထို့ကြောင့် KNU နှင့် DKBA ကြား စစ်ရေးတင်းမာလာခဲ့သည်။
တခြား တစ်ဖက်မှာလည်း မြန်မာ့တပ်မတော်သည် DKBA နှင့် ကရင်နယ်ခြားစောင့်တပ်(BGF)တို့သည့် ရွှေက္ကိုလ်နှင့် KK Park ရှိ ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 488
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများ အနေဖြင့် လူငယ်မျိုးဆက်သစ်များကို မွေးထုတ်ဖို့လိုအပ်သလို လူသားယဉ်ကျေး မှုကိုလည်း ထုတ်ဖော်ပြသည့် ပလပ်ဖောင်းတစ်ခုအား လက်ဆင့်ကမ်းပေးသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်မှ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက CNI သတင်းဌာနသို့ ပြောသည်။
ငြိမ်းချမ်းရေးအတွက် မျိုးဆက်သစ် လူငယ်များကို လေ့ကျင့်သင်ကြား မွေးထုတ်ပေးရန်လိုကြောင်း ပြည်ထောင် စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အောက်တိုဘာလ ၂၄ ရက်က ပြုလုပ်သော တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား ပြန်လည်သုံးသပ်ခြင်း အ စည်းအဝေးတွင် ပြောကြားခဲ့သည်။
နိုင်ငံရေးလုပ်ခြင်းသည် အရေအတွက်နှင့်လုပ်ရသည့် ပလက်ဖောင်းတစ်ခု မဟုတ်ကြောင်း၊ တကယ်ကို စိတ် ဓာတ်ခိုင်မာသည့် အဖွဲ့အစည်း၊ ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း ၂၀၂၅ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် လသာမြို့နယ် မှ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပါတီနိုင်ငံရေးဆိုတာ လူထုနစ်နာမှု အနည်းဆုံးဖြစ်ပြီးတော့ စေ့စပ်ဆွေးနွေးညှိနှိုင်းရေး လမ်းကြောင်းနဲ့ စနစ်တစ်ခုကို တည်ဆောက်တဲ့ လမ်းကြောင်းပေါ်ကိုတက်တဲ့ အဖွဲ့အစည်းတစ်ခု ပလပ်ဖောင်းတစ်ခုပဲဖြစ်တယ်၊ ဒီလိုယဉ်ကျေးမှုကို နောင်မျိုးဆက်တွေကိုလည်း နိုင်ငံရေးဆိုတာက ခုနကလို တစ်ယောက်နဲ့တစ်ယောက် ဒုတ်နဲ့ ရိုက်၊ ဓါးနဲ့ခုတ်၊ သေနတ်နဲ့ပစ်နေမှ အဲ့တာ နိုင်ငံရေးမဟုတ်ဘူး။ နိုင်ငံရေးဆိုတာ ယဉ်ကျေးမှုတစ်ရပ်ကို အချင်း ချင်း ညှိနှိုင်းခြင်း၊ ဖလှယ်ခြင်းနဲ့ ကိုယ်လိုတဲ့ ပန်းတိုင်ကို ရောက်အောင်သွားတယ်ဆိုတဲ့ ပါတီတစ်ခုကို အသုံးချ ပြီးတော့ ပလပ်ဖောင်းတစ်ခုကို အသုံးချပြီး သွားတယ်ဆိုတဲ့ ဒီစနစ်တစ်ခုကို နောင်လာမယ့် လူငယ်တွေ အတွက် ကို မျိုးဆက်ကို ပေးထားခဲ့ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အခုပြဋ္ဌာန်းထားတဲ့ ပါတီတစ်ခုကို လူဦးရေ ၁ သိန်းရှိမှတို့ ၅၀,၀၀၀ ရှိမှတို့ဆိုတဲ့ ဥပဒေကြီးတစ်ခုကိုပြဋ္ဌာန်းထားတော့ အဲ့ဥပဒေက တော်တော်ကို ဖျက်ပစ်ဖို့ကောင်းတဲ့ ဥပဒေတစ်ခု ဖြစ်တယ်။ ဒါတွေက အရေအတွက်နဲ့လုပ်ရတဲ့ ပလပ်ဖောင်းတစ်ခု မဟုတ်ဘူး။ တကယ်ကို စိတ်ဓာတ်ခိုင်မာတဲ့ အဖွဲ့အစည်းတစ်ခု ပလပ်ဖောင်းတစ်ခုဖြစ်တယ်၊ နောက်တစ်ခု နောင်မျိုးဆက်တွေကိုလည်း အခုလိုမျိုး လူသား ယဉ်ကျေးမှုကို ထုတ်ဖော်ပြတဲ့ ပလပ်ဖောင်းတစ်ခုကို လက်ဆင့်ကမ်းပေးသင့်တယ်”ဟု ပြောသည်။

နိုင်ငံရေးပါတီများ တွေ့ဆုံကြစဉ်
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်သည် NLD အစိုးရကို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရန် ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ အုပ်ချုပ်လျက်ရှိသည်။
ထို့နောက် မြန်မာနိုင်ငံရှိ လူငယ်များသည် မြန်မာ့နိုင်ငံရေးကို မဲပုံးများက အဆုံးအဖြတ်ပေးမည် မဟုတ်ဘဲ လက်နက်များကသာ အဆုံးအဖြတ်ပေးသည်ဟု ယုံကြည်လာကာ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲ၍ မြန်မာ့တပ်မတော်အား ဖြုတ်ချရန် ကြိုးပမ်းလျက်ရှိသည်။
အဆိုပါ လက်နက်ကိုင် ပဋိပက္ခများ ကျယ်ပြန့် ပြင်းထန်နေချိန်တွင် နိုင်ငံရေးပါတီများသည် နိုင်ငံရေး ဘောင်ကျဉ်း လာသလို လူငယ်များကို မွေးထုတ်ပေးနိုင်ခြင်းလည်း မရှိဘဲဖြစ်လာနေသည်။
ပါတီများအနေဖြင့် သင်တန်းများပေးပြီး မျိုးဆက်သစ် လူငယ်များကို မွေးထုတ်ရန် လိုအပ်သည်ဟု ကရင်ပြည်သူ့ပါတီ(KPP)မှ ဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီ အစုအဖွဲ့နဲ့ NSPNC တွေ့ဆုံ ဆွေးနွေးကြစဉ်
၎င်းက “မြို့ပေါ်က,ကလေးတွေအတွက်လည်း သင်တန်းတွေ ဘာတွေပေးပြီးတော့ မွေးထုတ်ရမှာလေ၊ အဲ့တာ လေးလို အပ်တာပေါ့။ လူငယ်တွေ တော်တော်များများက ဟိုကိစ္စ(စစ်မှုထမ်းကိစ္စ)နဲ့ပတ်သက်ပြီးတော့ ရှောင်ကြ တာပေါ့၊ ရွာတွေမှာဆို မရှိသလောက် ဖြစ်တယ်။ လူလတ်ပိုင်းတွေနဲ့ လူကြီးတွေပဲ ကျန်တယ်၊ အဲ့လိုတော့ ဖြစ် တာပေါ့။ ဒါပေမယ့် လူငယ်တွေ ရှိပါသေးတယ်၊ ဆရာမတို့ကတော့ အခု ဆရာမတို့ စာပေယဥ်ကျေးမှု အဖွဲ့လေး တွေ တချို့တဝက်ကလည်း ထွက် မရှိတော့တာရှိတာပေါ့။ ဒါပေမယ့် ရှိနေတဲ့လူတွေနဲ့ ဆရာမတို့ အခုပြန်ပြီးတော့ စည်းရုံးနေတာ မဆိုးပါဘူး၊ အတိုင်းအတာ တစ်ခုအထိ ဒါပေမယ့် အခက်အခဲရှိတယ်၊ လူအင်အား၊ တတ်ကျွမ်းတဲ့ လူတွေတချို့လည်း ပါကုန်တာကို။ အဲ့တော့ အခု အစကနေ ပြန်စရမလို ဖြစ်တာပဲ။ သို့သော်လည်း ကျန်နေတဲ့လူလေး ရှိတော့ အဲ့ဒါလေးနဲ့ ဆရာမတို့က လူငယ်တွေ ပြန်မွေးဖို့ ပါတီတွေမှာလည်း လူကြီးတွေက ကြီးကုန်ပြီလေ။ ကိုယ့် ပါတီအတွက်ကို အခုပဲပြောနေတာနော်။ လူငယ်တွေနဲ့ ပြန်တည်ထောင်ဖို့လိုတယ်၊ ၂၀၂၅ ရွေးကောက်ပွဲ အလွန်မှာ တော့ သူတို့လူငယ်တွေ ပြန်လုပ်ကြမယ်လို့ ကတိပေးတယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ် အတွင်းမှာ အရပ်သား ပြည်သူများနှင့် လူငယ်များသည် လက်နက်ကိုင် တိုက်ခိုက်နေကြသော အုပ်စုများ၏ စစ်မှုထမ်းရန် ဆွဲခေါ်ခံနေကြရသည့်အတွက် စိုးရိမ်ထိတ်လန့် စွာဖြင့် နေထိုင်နေကြရသလို ပြည်ပနိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင် ကြရသူများလည်း ရှိနေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 473
CNI News
၂၀၂၅ခုနှစ်၊ နိုဝင်ဘာ ၂၆
ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရသစ် တစ်ရပ်အနေဖြင့် ပျော့ပြောင်းညင်သာ ပြတ်သားရန် လိုအပ်သည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာ ရွေးကောက်ပွဲ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ရွေးကောက်ပွဲ အပိုင်း(၃) ကိုလည်းကောင်း ကျင်းပမည်ဖြစ်သည်။
ထို့နောက် ရွေးကောက်ပွဲ အနိုင်ရရှိသည့် ပါတီအား နိုင်ငံတော်အာဏာလွှဲပြောင်းပေးမည်ဖြစ်ပြီး တပ်မတော်က ကာကွယ်ရေး တာဝန်ကိုသာ ယူမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောသည်။
ပြည်သူများအနေဖြင့် ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရသစ်တစ်ရပ်ကို နိုင်ငံအကျိုးအတွက် များစွာ မျှော်လင့်၍ ရနိုင်ကြောင်း၊ ပေါ်ထွန်းလာမည့် အရပ်သားအစိုးရသည် ပျော့ပြောင်းညင်သာ ပြတ်သားရန် လိုအပ် သည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများ တွေ့ဆုံကြစဉ်
၎င်းက“အဲ့တာကတော့ ပြည်သူလူထု အများကြီး မျှော်လင့်လို့ ရပါတယ်ဗျ။ ဘာကြောင့်လို့လဲဆိုတော့ ဒီအခြေအနေ ထက်ကို အကောင်းဆုံး ဖြစ်အောင်တော့ ဒီအစိုးရမှာ တာဝန်ရှိတယ်၊ ဘာကြောင့်မို့ သူ့ကို တာဝန်ရှိတယ်လို့ ပြော ရတာက အခုက ရွေးကောက်ပွဲအလွန်မှာ ပေါ်ပေါက်လာမယ့် အစိုးရဆိုတဲ့ဟာက ပြည်သူလူထုက ရွေးချယ် တင်မြှောက်လိုက်တဲ့ အစိုးရဖြစ်တယ်။ ပြည်သူ့ရဲ့ တာဝန်တွေကို အားကျိုးမာန်တက် ထမ်းဆောင်ရမယ့် နေရာ၊ ထမ်းဆောင်ရမယ့် အခါကျတော့လည်း နိုင်ငံနဲ့ပြည်သူကို ချစ်မြတ်နိုးစိတ်နဲ့ ထမ်းဆောင်စေလိုတာပေါ့။ ဒါပေမယ့် အစိုးရမှာလည်း ဘယ်လို ပြောမလဲဆိုတဲ့ခါကျတော့ သူရင်ဆိုင်ရမယ့် အခက်အခဲ ကြီးကြီးမားမား ရှိပါတယ်။ ပြန်လည် တည် ဆောက်ရေး အများကြီး လုပ်သွားလိမ့်မယ်။ ပြန်လည် တည်ဆောက်ရေးက ရုပ်ဝတ္ထုပိုင်းရော၊ စိတ်ဝတ္ထုပိုင်းရော၊ လုပ်ရမှာလေ။ အဲ့ခါကျတော့ ဒီ အစိုးရမှာ ဘာလိုအပ်လဲဆိုတော့ အဓိကက ပျော့ပြောင်းညင်သာရမယ် ပြတ်သားရမယ်၊ ဘယ်ကိစ္စ လုပ်မယ်ဆို လုပ်မယ်၊ နိုင်ငံနှင့် ပြည်သူ့မျက်နှာကြည့်ပြီးမှ ဒီကိစ္စ အပြတ်ဖြတ်မယ်ဆို ဖြတ်နိုင်တဲ့ ရဲစွမ်း သတ္တိလည်း ရှိရမှာပေါ့။ ဒီထွက်ပေါ်လာမယ့် အစိုးရက ဒါမှသာ နိုင်ငံအတွက်ကို တည်ငြိမ်အေးချမ်းပြီးမှ ဖွံ့ဖြိုးရေး တည်ဆောက်နိုင်မယ်လို့ ကျနော့် အနေနဲ့ မြင်တာပေါ့” ဟု ပြောသည်။
ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အရပ်သားအစိုးရသည် အုပ်ချုပ်ရေးယန္တရားကို အာဏာသက်ရောက် အောင် မဖော်ဆောင်နိုင်ပါက တပ်မတော်ကို တဖန်ပြန်လည် အားကိုးရမည့် အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြသည်။
ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရအနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံ့အကျပ်အတည်းထက် ပိုမို ကျပ်တည်းသည့် အခက်အခဲမျိုး ရင်ဆိုင်လာရနိုင်ခြေ မရှိနိုင်ဘူးဟု ဦးစိုင်းဋ္ဌေးအောင်က ပြောသည်။

နိုင်ငံရေးပါတီ ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “အခုတက်လာမယ့် အစိုးရက ဒီထက်ပိုကျပ်တည်းတဲ့ အခြေအနေကတော့ ရင်မဆိုင်ရဘူးလို့ ကျနော် မြင်ပါတယ်၊ ဘာကြောင့်လဲဆို တစ်ဖက်မှာ NUG ကလည်း ပြိုကွဲနေပြီကို ယနေ့အချိန်မှာ။ နောက်ပြီးတော့လည်း နိုင်ငံကြီးကို စစ်ရေးနဲ့ပြောင်းလဲမှာပဲဆိုတဲ့ ခံယူထားတဲ့ PDF တွေကလည်း စိတ်ဓာတ်ကျနေကြပြီ။ စိတ်ဓာတ်ကျ နေကြပြီဆိုတော့ ဒီအစိုးရကတော့ ဒီထက်ပိုပြီးမှ ကျပ်တည်းတဲ့ အခက်အခဲကိုတော့ သူရင်ဆိုင်ရတော့မယ် မထင်ဘူး”ဟု ပြောသည်။
ပြည်သူများအနေဖြင့် ရွေးကောက်ပွဲပြီးနောက် အစိုးရသစ်တစ်ရပ်အား မျှော်လင့်ချက် ကြီးကြီးမားမား ထားရန် လွန်စွာခက်ခဲသည်ဟု 7 EAO Alliance ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မျှော်လင့်ချက် ကြီးကြီးမားမားတော့ ကျနော့် စိတ်ထင်တော့ အရမ်းကို ခက်ခဲလိမ့်မယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အခုလုပ်မယ့် ရွေးကောက်ပွဲက ကျနော်တို့နိုင်ငံရဲ့ တစ်ခါမှ မကြုံဖူးတဲ့ သာမန် အခြေအနေ မဟုတ်တဲ့ နိုင်ငံရေးကျတဲ့ အခြေအနေတစ်ခုမှာ ကျင်းပတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အဲဒီကနေ ထွက်ပေါ်လာမယ့် အခင်းအကျင်းပဲပြောပြော။ ရလဒ်ပဲပြောပြော ကျနော်တို့ ခုနက ပြောသလိုမျိုး ပြည်သူလူထု ဒီ လိုလား တောင့်တနေတဲ့ ငြိမ်းချမ်းရေးတို့ စသည်ဖြင့်ပေါ့လေ။ ဒီမိုကရေစီအရေးတို့ နောက်ပြီးတော့ ဖက်ဒရယ် အရေးတို့ စသည်ဖြင့် အဲ့တာတွေကို ရောက်သွားဖို့ကတော့ တမဟုတ်ချင်း ဖြစ်လာမှာ မဟုတ်ပါဘူး။ တမဟုတ် ချင်း မဖြစ်ပေါ်လာနိုင်သည့် တိုင်အောင်တောင်မှ ကျနော်တို့အနေနဲ့ နိုင်ငံတကာတွေရဲ့ ပူးပေါင်း တိုက်တွန်းမှုနဲ့ အဲ့လိုမျိုးတွေနဲ့ပဲ လမ်းစတွေဘာတွေ တစ်ခုခုတော့ ဒါ မရှိမဲ့ ရှိမဲ့ အခြေအနေကြားမှာ မျှော်လင့်ချက်ရှိတဲ့ လူလည်း ရှိပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံ၏ အလှည့်အပြောင်းကို ဖြစ်စေမည်ဖြစ်ကြောင်း၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်သူများကို ရွေးချယ်ကြရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1147
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆
အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုင်းမှူးအဖြစ် ဗိုလ်ချုပ်ကျော်သူရကို တာဝန်ပေး ခန့်အပ်လိုက် ကြောင်း နေပြည်တော်စစ်ရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
နမခတိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွေးသည် အဂတိမှုနှင့် စစ်ဆင်ရေး မအောင်မြင်မှုများကြောင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ လ တတိယပတ်အတွင်းက ဖမ်းဆီး စစ်ဆေးခံနေရခြင်းဖြစ်သည်။
ထို့နောက် နမခတိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွေးကို တာဝန်မှ အနားပေးလိုက်ပြီး ဗိုလ်ချုပ်ကျော်သူရအား နမခ တိုင်းမှူးအဖြစ် တာဝန်ပေး ခန့်အပ်လိုက်ခြင်းဖြစ်သည်ဟု နေပြည်တော်စစ်ရုံးရှိ သတင်းရင်းမြစ်များက ပြော သည်။
လက်ရှိတွင် ဗိုလ်ချုပ်ကျော်သူရသည် နမခစစ်တိုင်းဌာနချုပ် မုံရွာမြို့သို့ ရောက်ရှိကာ တာဝန်ထမ်းဆောင်နေပြီ ဖြစ်သည်။
ဗိုလ်ချုပ်ကျော်သူရသည် အပတ်စဉ် ၃၉ ကဖြစ်ပြီး ဥစတ ကျောင်းအုပ်ကြီးတာဝန်ကနေ နမခတိုင်းမှူးအဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်ခြင်းဖြစ်သည်။
အနားပေးခံလိုက်ရသော ဗိုလ်မှူးချုပ်မျိုးမင်းထွေးသည် အလုပ်သင် ဗိုလ်သင်တန်း (တေဇ- ၂၆)မှ ဖြစ်ပြီး တပ်မ ၁၁၊ လောက်ကိုင်ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်၊ ကျောက်မဲ အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်တို့တွင် တပ်မမှူး တာဝန်ယူခဲ့သူ ဖြစ်သည်။

အနားပေးခံရတဲ့ နမခတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးကို တွေ့ရစဉ်
လားရှိုးမြို့ အခြေစိုက် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ်ဖွဲ့(MNDAA)နှင့် မဟာမိတ်တပ်ဖွဲ့က သိမ်းပိုက်လိုက်စဉ် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃ ရက်မှာ တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးနှင့်အတူ ဗိုလ်မှူးချုပ် မျိုးမင်းထွေးသည် လက်နက်ချခဲ့သူ ဖြစ်သည်။
ထို့နောက် ကိုးကန့်တပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်ကြား ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြန်လည် လွတ်မြောက်လာသော ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို ကက(ကြည်း)က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုင်းမှူးအဖြစ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်တွင် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
နမခ စစ်တိုင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးမှ ဒေသတချို့တို့ကို ကိုင်တွယ်ရခြင်းဖြစ်သည်။
အဆိုပါ စစ်တိုင်းသည် လက်နက်ကိုင် ပဋိပက္ခပြင်းထန်လျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ လက်နက်ကိုင်ပေါင်းစုံ အခြေပြုလှုပ်ရှားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 484
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြီးနောက် ပေါ်ထွက်လာမည့် အစိုးရသစ် ၏ မူဝါဒများသည် အပြောင်းအလဲ မဖြစ်နိုင်ဘဲ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သွားနေသည့် လမ်းကြောင်းအတိုင်းပဲ ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါကတော့ အခု အများထင်သလိုပါပဲ၊ မှန်းထားချက် အရကတော့ ရွေးကောက်ပွဲအပြီးမှာ ပေါ်လာမယ့် အစိုးရကလည်း အခု ကာကွယ်ရေးဦးစီးချုပ်ရဲ့ အခုသွားနေတဲ့ လမ်းကြောင်းအတိုင်း အဲဒီအတိုင်းပဲ ထပ်ဖြစ်မှာပဲ လို့ သုံးသပ်နေကြတယ်။ အဲဒါက ပြည်ခိုင်ဖြိုးက သမ္မတပဲလုပ်လုပ်၊ ဦးမင်းအောင်လှိုင်ကပဲ သမ္မတလုပ်လုပ်ပေါ့။ ဒီပေါ်လစီတွေကတော့ နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး ကိစ္စတွေနဲ့ပတ်သက်တဲ့ ပေါ်လစီတွေက အပြောင်းအလဲ သိပ်ကြီးကြီးမားမား ဖြစ်လိမ့်မယ်လို့ ကျနော်တော့ မထင်ဘူး” ဟု ပြောသည်။
ယခင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်က ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပြီး ဦးသိန်းစိန် ဦးဆောင် သည့် အစိုးရအဖွဲ့သို့ နိုင်ငံတော်အာဏာ လွှဲပြောင်းပေးခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် လွှတ်ပေး ခဲ့သလို နိုင်ငံရေး အပြောင်းအလဲများလည်း များစွာရှိခဲ့သည်။
ထို့နောက် ဦးသိန်းစိန် အစိုးရလက်ထက်တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို လက်နက်ကိုင်အဖွဲ့များလည်း ငြိမ်းချမ်းရေး ဆွေးနွေးမှု လမ်းကြောင်းကို လျှောက်လှမ်းလာခဲ့ကြသည်။

ဦးသိန်းစိန် လက်ထက် NCA ထိုးကြစဉ်
လက်ရှိတွင် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များ၏ သုံးသပ်ချက်များအရ ရွေးကောက်ပွဲပြီးနောက် ပေါ်ထွက်လာမည့် အရပ်သားအစိုးရ၌ သမ္မတ မည်သူမည်ဝါ ဖြစ်နိုင်သည်ကို သိရှိထားရသဖြင့် ၎င်းလက်ထက်တွင် အပြောင်းအလဲ ရှိလိမ့်မည်ဟု မမျှော်လင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “၂၀၀၈ အောက်မှာ သွားတဲ့လမ်းကြောင်းကတော့ မဆိုးဘူးဆိုတဲ့ အနေ(အထား)မျိုးပေါ့။ အဲဒါက ရွေးကောက်ပွဲအပြီးမှာ မပြီးခင်ကထက်စာရင် ပြီးသွားပြီးတော့မှ တက်လာတဲ့သမ္မတရဲ့ လမ်းကြောင်းနဲ့ ပေါ်လစီနဲ့ ဆိုင်တာပေါ့။ အခု ခန့်မှန်းထားတဲ့ အရကတော့ အပြောင်းအလဲ သိပ်မရှိနိုင်ဘူး။ တက်လာတဲ့အခါ ဘယ်သူတက် လာမလဲ မသိဘူး။ ပြည်ခိုင်ဖြိုးက သမ္မတလုပ်မယ့်လူ တက်လာတာဖြစ်နိုင်သလို၊ ဦးမင်းအောင်လှိုင်ကပဲ ဆက်ပြီး တော့ သမ္မတနေရာက တာဝန်ယူတာလည်း ဖြစ်နိုင်တယ်။ သူက အဲဒီလို အပြောင်းအလဲ ကြီးကြီးမားမား မဖြစ်ဘူး ဆိုရင်တော့ သက်ရောက်မှုက သူ့အပေါ်မှာ အများကြီး မူတည်တာပေါ့။ အခု လောလောဆယ် ဘယ်သူ သမ္မတဖြစ် နိုင်တယ်ဆိုတာက ကြိုပြီးမှန်းလို့ ရနေတယ်။ ဘယ်သူ လုပ်ချင်တယ်ဆိုတာ ကျနော်တို့ တွေးလို့ရတာပေါ့။ အဲဒီ တော့ အဲဒီအရ ကျနော်တို့က နောင်ဖြစ်လာမယ့် သမ္မတ လက်ထက်မှာ အပြောင်းအလဲ ရှိလိမ့်မယ်လို့တော့ ကျနော်တို့တော့ မမျှော်လင့်ဘူး၊ အဲဒီလို မယုံကြည်ဘူးပေါ့” ဟု ပြောသည်။

USDP ပါတီကို တွေ့ရစဉ်
၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် ၄ နှစ်ကျော် အကြာတွင် ရွေးကောက်ပွဲ အပိုင်း (၁) အား ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည်ဖြစ်သည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် အပိုင်း (၂) ကို ကျင်းပမည်ဖြစ်ပြီး နှစ်ပတ်အကြာတွင် အပိုင်း (၃) အား ကျင်းပသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ (၁၀) ရက်တွင် ထုတ်ပြန် ပြောကြားထားသည်။
ရွေးကောက်ပွဲအလွန် အစိုးရသစ်ကို အမျိုးသားညီညွတ်ရေးအစိုးရပုံစံ ဖွဲ့စည်းမည်ဆိုပါက မူဝါဒ အပြောင်းအလဲ များဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ယူဆလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 475
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅
တိုင်းရင်းသားစည်းလုံးညီညွတ်မှုဆိုသည့် စိတ်ဓာတ်မျိုး ဖြစ်ပေါ်လာရန်အတွက် ဒို့တာဝန်အရေး(၃)ပါးကို ပါးစပ် ကနေပဲ ပြောဆို၍မရနိုင်ဘူးဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်မှ CNI သတင်းဌာနသို့ ပြော သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသူ/သားများ အားလုံးသည် ဒို့တာဝန်အရေး(၃)ပါးကို ကာကွယ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
အဆိုပါ ဒို့တာဝန် အရေး(၃)ပါးမှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ် အခြာ အာဏာတည်တံ့ခိုင်မြဲရေး တို့ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုများအား တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုသည့် စိတ်ဓာတ် မျိုး ဖြစ်ပေါ်လာစေရန် မည်ကဲ့သို့ အကောင်အထည် ဖော်မလဲဆိုသည့်အပေါ် မူတည်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးထက်အောင်ကျော်မှ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အစိုးရရယ်၊ တပ်မတော်ရယ်က ပြည်သူကို ပူးပေါင်းဆောင်ရွက်မှု ရှိလာအောင် ဒါက ပိုပြီးတော့မှ လုပ် ပေးရမှာပေါ့၊ လုပ်ပေးမှပဲ ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်မှာပေါ့။ အခုလက်ရှိက မြန်မာနိုင်ငံရဲ့ အခြေအနေက နှစ်ပေါင်း မြန်မာပြည်လွတ်လပ်ရေးနဲ့ ပေါက်ဖွားလာတဲ့ တော်လှန်ပုန်ကန်မှုတွေက ဒီလွတ်လပ် ရေးနဲ့ ပေါက်ဖွားလာတာဖြစ်တဲ့ အခါကျတော့ သူတို့ဘက်မှာရော ကိုယ့်ဘက်မှာရောက အကုန်လုံး ဘက်အသီးသီး က မှားခဲ့တဲ့ ကိစ္စတွေရှိတာကို။ တစ်ဖက်ထဲကပဲမှားပြီး တစ်ဖက်ထဲကပဲ မှန်နေတာမျိုး မဖြစ်နိုင်ဘူး၊ စစ်တိုက်နေ ကြတာဆိုတော့ ပန်းနဲ့ပေါက်တာ မဟုတ်ဘူးလေ၊ ဒီအတွက်ကြောင့်မို့လို့ နာကျည်းစရာတွေက တစ်ဖက်နဲ့ တစ် ဖက် ရှိကြတဲ့သဘောရှိတာပေါ့။ ဒီအတွက်ကြောင့်မို့လို့က ဒါတွေကို ဘယ်လိုဖြေရှင်းမလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ ကုစား ပြီးတော့မှ တစ်မြေထဲနေ တစ်ရေထဲသောက် ငါတို့အားလုံးက တိုင်းရင်းသားညီအစ်ကို မောင်နှမတွေဆိုတဲ့ စိတ် ဓာတ်ပေါ့ အဓိက,က ဒို့တာဝန်အရေး(၃)ပါးထဲမှာပါတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုတဲ့ဟာကို ပါးစပ်ကနေ ပြောနေတာ မဟုတ်ဘူး၊ ဆိုင်းဘုတ်ကလေး တင်နေတာမျိုး မဟုတ်ပဲနဲ့ တကယ့်ကို လူထုအားလုံးက ဒီလိုစိတ်ဓာတ်မျိုး ခံစားသွားရအောင် ဘယ်လိုပုံစံမျိုး အကောင်အထည် ဖော်နိုင်မလဲပေါ် မူတည်ပြီးတော့မှ အောင်မြင် မယ် မအောင်မြင်ဘူးဆိုတာ ပြောလို့ရမယ်ပေါ့” ဟု ပြောသည်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ပြည်သူများအနေဖြင့် မိမိဒေသအား တည်ငြိမ်အေးချမ်း လုံခြုံစွာရှိစေချင်သည့် စိတ်ဆန္ဒ ပိုမိုများပြားလျှင် အစိုးရနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့က ဒေသတစ်ခုနဲ့တစ်ခုက အခြေအနေတွေက မတူကြဘူး၊ ဥပမာ ဆိုကြပါစို့ တပ်မတော်ဘက် က လုံခြုံရေးအဖွဲ့ကပေါ့နော်။ လုံခြုံရေးအဖွဲ့ကနေပြီးတော့ ပေါင်းစပ်ညှိနှိုင်းနိုင်တဲ့ စွမ်းရည်တွေပေါ်မှာလည်း မူတည်တယ်၊ မူတည်တဲ့အခါကျတော့ ဒီတိုင်းရင်းသားပြည်သူတွေက ကိုယ့်ဒေသကိုယ် တည်တည်ငြိမ်ငြိမ် လုံလုံခြုံခြုံနဲ့ ရှိစေချင်တဲ့ဆန္ဒ ပိုမိုများပြားတယ်ဆိုလို့ရှိရင် ပူးပေါင်းရတာ လွယ်တာပေါ့နော်၊ ပြောချင်တာကတော့ ဘယ်ဒေသမဆို တည်ငြိမ်အေးချမ်းမှုက ပြည်သူ့အတွက်ကို ကောင်းကျိုးထက် ဆိုးကျိုးကို သွားနေတဲ့ဟာသည် ပြည်သူတွေ နားလည် သဘောပေါက် လာလို့ရှိရင် ပူးပေါင်းရတာ လွယ်ကူလိမ့်မယ်၊ အဲ့လိုလွယ်ကူတဲ့အခါမှလည်း ကျနော်တို့ တာဝန်ရှိသူတွေ အနေနဲ့ကလည်း သူတို့ရဲ့စွမ်းဆောင်ရည်နဲ့ နည်းလမ်းကတော့ အစုံသုံးကြမှာပေါ့နော် လူချင်းတွေ့ဆုံတဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ ကာကွယ်ရေးဆိုင်ရာ ကိစ္စတွေ များစွာရှိပါလိမ့်မယ် မြေပြင်ရဲ့ အနေ အထားတွေမှာ အခြေတည်လိမ့်မယ်” ဟု ပြောသည်။

လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
လက်ရှိ မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်၌ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ကတည်းက ယနေ့ချိန်ထိ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား ပြည်တွင်းစစ် ဖြစ်ပွားနေသည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းတွင် ပိုမို ပြင်းထန်သော လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွား လာနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၃ သန်းကျော်ရှိသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပျက်ပြားနေပြီး ပြည်ထောင်စု ပြိုကွဲရေး အခြေ အနေသို့ ရောက်ရှိလာနေသည်ကို သတိပြုကြရန် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 497
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅
ရွေးကောက်ပွဲကာလတွင် နိုင်ငံရေးပါတီများ ပြည်သူလူထုအား ဆန်ပေးလိုက် ဆီပေးလိုက်ဆိုသည့် နိုင်ငံရေးကို အယုံအကြည်မရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံရေးပါတီသည် ကိုယ့်တိုင်းပြည်ကို တိုးတက်အောင် လုပ်ဆောင်မည်၊ လူမှုစီးပွားဘဝများကို မြင့်တင်ပါမည်ဆို တာမျိုး ပြောသင့်ပြီး ဆန်၊ ဆီ၊ ကြက်ဥ ဝေလိုက်ဆိုသည့် ပုံစံမျိုးက နိုင်ငံရေးတွင် မဖြစ်သင့်ကြောင်း ၎င်းက ထောက်ပြသည်။
၎င်းက “ကျနော်ကလေ လူထုကို ခုနကလို ဆန်ပေးလိုက် ဆီပေးလိုက် ဘာပေးလိုက်ဆိုတဲ့ နိုင်ငံရေးကို ကျနော်က ယုံကိုမယုံတာ အဲ့တာက သူ့ဟာသူ ပိုက်ဆံရှိရင် ထလုပ်လို့ရတယ်။ အဲ့ဒီဟာကို ဪ ငါတို့ကို ဆန်ပေးနေတာပဲ ဆိုပြီးတော့မှ ဒါတွေသည် မဲဝယ်ချင်း တစ်မျိုးဖြစ်တာပေါ့။ ဒါမျိုးကိုက ကျနော်တို့က လက်ကိုမခံနိုင်တာ ထိုင်း နိုင်ငံရေးဆိုတာ အဲ့တာမျိုး သိပ်များတာပေါ့။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးက ဒါမျိုးမရှိဘူးလို့ ပြောလို့မရဘူး သို့ပေမယ့် အချို့ ဟာလေးတွေက ဒါမျိုးမြင်နေရတယ်ပေါ့လေ။ နိုင်ငံရေးပါတီဆိုတာ ကိုယ့်တိုင်းပြည်ကို ဘယ်လို ပုံစံမျိုးနဲ့ အုပ်ချုပ်ပါမယ်၊ ဘယ်လိုပုံစံမျိုး၊ ဘယ်လိုမူဝါဒတွေနဲ့ လူထုရဲ့ လူမှုစီးပွားဘဝတွေကို မြင့်တင်ပါမယ် ဆို တာမျိုးကို ပြောရတာ။ အဲ့ဒီဟာကို သေသေချာချာပြောပြီး လူထုရဲ့ ယုံကြည်ချက်ကို ရအောင်ယူပြီးတော့မှ လုပ်ရ မယ့်ကိစ္စ။ အဲ့ဒီဟာကို မဟုတ်ပဲနဲ့ ဟိုဆန်လေးပေးလိုက်၊ ဆီလေးပေးလိုက်၊ ကြက်ဥလေး ဝေလိုက်ဆိုတဲ့ဟာမျိုး ကကြတော့ နိုင်ငံရေးမှာ မဖြစ်သင့်ဘူးပေါ့နော်။ တကယ့်ကို ပေါ်လစီတွေ ကိုယ့်တိုင်းပြည်ပေါ်မှာ ထားတဲ့ သဘော ထား နိုင်ငံရေးပေါ်လစီ စီးပွားရေးပေါ်လစီ၊ လူမှုရေး ပေါ်လစီက ဘာတွေရှိတယ်ဆိုတဲ့ဟာမျိုး လူထုကိုလည်း မြင် အောင်ပြောရမှာ။ အခုမှားနေတဲ့ ပေါ်လစီတွေက ဘာတွေလဲဆိုတာကို ဂဃနဏ ချပြနိုင်တဲ့ ကျနော် ပြောချင်တာ သီအိုရီကြီးတွေ ပြောပြီးတော့ လူထုနားရှုပ်အောင် လူထုစကားနဲ့ ရှင်းလင်း အပြတ်သားဆုံး သူ့နားထဲကို တစ်ခါထဲ ရောက်သွားနိုင်အောင် ပြောရမယ်ပေါ့”ဟု ပြောသည်။

ပြည်သူလူထုကို ရွှေရင်အေးတိုက်နေစဉ်
နိုင်ငံရေးပါတီများသည် ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို ကာကွယ် ဖြေရှင်းမပေးဘဲ ရွေးကောက်ပွဲကာလ မဲလိုချင်သည့်အခါမှ မဲဆွယ်စည်းရုံးရေး စကားများ ပြောလာခြင်းအပေါ် လူထုက ယုံကြည် မှုမရှိပဲ ဖြစ်လာကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။
အလားတူ ရွေးကောက်ပွဲ ကာလရောက်မှ မဲဆွယ်စည်းရုံးသည့်အနေဖြင့် လူထုကို ဆန်၊ဆီ၊ကြက်ဥများ အပါအဝင် စားနပ်ရိက္ခာများ ပေးဝေခြင်းဖြင့် မဲထည့်ရန် စည်းရုံးနေခြင်းကလည်း ခိုင်မာသော မူဝါဒနှင့်ရပ်တည်ချက်မဟုတ် ကြောင်း ၎င်းတို့က ထောက်ပြကြသည်။
နိုင်ငံရေးပါတီတစ်ခုသည် ပါတီနိုင်ငံရေးအတွက်ကို ဆောင်ရွက်နေသည့် ကာလအတွင်းတွင် အလှူအတန်းက လုပ်ခွင့်မရှိတော့ဘူးလားဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လူထုကို ဆန်ပေးလိုက် ဆီပေးလိုက်ဆိုတာက သူတို့စေတနာနဲ့သူတို့ ပေးတာပါ။ နိုင်ငံရေးပါတီ တစ်ခုက ပါတီနိုင်ငံရေးအတွက်ကို ဆောင်ရွက်နေတဲ့ ကာလအတွင်းမှာ အလှူအတန်းက လုပ်ခွင့်မရှိတော့ဘူးလား၊ ဒါတွေ ကိုလည်း လူထုတွေက ပြန်စဥ်းစားဖို့တော့ လိုတာပေါ့နော်။ ဥပမာ ဘုန်းကြီးတွေ ဘာတွေ ဆွမ်းကျွေးချင်လို့ ဆွမ်း ကျွေးချင်လို့ မရတော့ဘူးလား။ ဒါနိုင်ငံရေး မဲဆွယ်တာ မဟုတ်ဘူးလေ။ သူ့စိတ်ဆန္ဒ အလျောက်လှူတဲ့ အလှူ အတန်းမျိုး သူ့ဟာသူ ပြည်သူအခြေခံထားတဲ့ အလှူအတန်းမျိုးရော၊ လုပ်လို့မရတော့ဘူးလား။ ဒါတွေကိုလည်း လူထုတွေက နားလည်ပေးဖို့တော့ လိုတာပေါ့။ အဲ့တော့ အဲ့လိုပြောနေတဲ့ လူထုတွေကတော့ ဒါကတော့ ပြောရ ခက်သားပဲ၊ လူအမျိုးမျိုးပဲလေ မျက်လုံစိမ်းနဲ့ ကြည့်တဲ့လူ အဖို့ကတော့ အားလုံးက သူစိတ်ထဲမှာ ထော်လော်ကန့် လန့်ကြီးပဲ ဖြစ်နေမှာပဲ”ဟု ပြောသည်။

နိုင်ငံရေးပါတီများကို တွေ့ရစဉ်
နိုင်ငံရေးပါတီများ အနေဖြင့် ပြည်သူလူထုကို အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခြင်းက ကောင်းမွန် ကြောင်း၊ သို့သော် ရွေးကောက်ပွဲကာလကျမှ လှူဒါန်းပြီး ရွေးကောက်ပွဲအလွန် ကာလများတွင် လှူဒါန်းမှု မရှိခြင်းက ရိုးသားသော လှူဒါန်းမှုလား အကျိုးဖြစ်ထွန်းမှ လှူဒါန်းခြင်းလား ပြန်ကြည့်ရန်လိုအပ်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ပြောသည်။
ထို့ပြင် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲကာလ မဲဆွယ် ကတိကဝတ်များကို ကိုယ်စားလှယ်လောင်း ဖြစ်သည့်အခါမှာ လက်တွေ့ အကောင်အထည်ဖော်ပေးမှုမရှိသလို မိမိ ယှဉ်ပြိုင်ခဲ့သော မဲဆန္ဒနယ်သို့ ပြန်လည် ရောက်ရှိ လာခြင်းတောင် မရှိသော ကိုယ်စားလှယ်များရှိသည့်အတွက် လူထု၏ ယုံကြည်မှုသည် နိုင်ငံရေးပါတီ များအပေါ် ပျောက်ဆုံးလာခဲ့သည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၌ ကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာတော့ ရွေးကောက်ပွဲ အပိုင်း (၂) ကို ကျင်းပမည် ဖြစ်သည်။
ထို့နောက် ရွေးကောက်ပွဲ အပိုင်း (၃)အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကျင်းပသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က နိုဝင်ဘာလ (၁၀) ရက်တွင် ထုတ်ပြန် ပြောကြားထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 439
CNI News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅
မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးနှင့် တည်ငြိမ်ရေး၌ ထူးခြားသော တိုးတက်မှုများ ရှိလာပြီးဖြစ်၍ အမေရိကန်မှာ မြန်မာများအတွက် ယာယီအကာအကွယ်ပေးထားသည့် ခိုလှုံခွင့်(Temporary Protected Status-TPS)ကို ရပ်စဲ ကြောင်း အမေရိကန်ပြည်ထောင်စု အမိမြေလုံခြုံရေးဌာနက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန် ကြေ ညာခဲ့သည်။
အဆိုပါ ရပ်စဲမှုသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်တွင် စတင် အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆုံးဖြတ်လိုက်ခြင်းမှာ အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုဌာန (USCIS) မှ မြန်မာနိုင်ငံ၏ အခြေအနေများကို ပြန်လည်သုံးသပ်ခြင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တိုင်ပင်ဆွေးနွေးခြင်း တို့အပေါ် အခြေခံထားကြောင်း အမေရိကန်အစိုးရက ပြောသည်။
မြန်မာနိုင်ငံ၏ အခြေအနေမှာ မြန်မာနိုင်ငံသားများ ဘေးကင်းစွာ နေရပ်သို့ ပြန်နိုင်လောက်အောင် တိုးတက်လာပြီ ဖြစ်သောကြောင့် ယာယီအကာအကွယ်ပေးထားသည့် အခြေအနေကို အမေရိကန်က ရပ်စဲလိုက်ခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောသည်။
ထို့နောက် မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးနှင့် တည်ငြိမ်ရေး၌ ထူးခြားသော တိုးတက်မှုများ ရှိလာခဲ့သလို အရေးပေါ် အခြေအနေ ကြေညာထားမှုလည်း ရပ်စဲသွားပြီးဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ အတွက် စီမံချက်များလည်း လုပ်ဆောင်နေပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် အောင်မြင်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များနှင့် ပိုမိုကောင်းမွန်သော ဒေသန္တရအုပ် ချုပ်ရေးကြောင့် ပြည်သူ့ဝန်ဆောင်မှု ပေးအပ်ခြင်းနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ တိုးတက်လာကြောင်း အမေရိကန်အစိုးရက ပြောသည်။

မြန်မာနိုင်ငံကို TPS ရပ်စဲကြောင်း ထုတ်ပြန်ချက်ကို တွေ့ရစဉ်
အဆိုပါ အခြေအနေများကြောင့် မြန်မာနိုင်ငံသားများ နေရပ်သို့ ဘေးကင်းစွာ ပြန်နိုင်သည့် အခြေအနေသို့ တိုးတက်လာပြီဟု အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ် မှာ ကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၂) အနေဖြင့် မြို့နယ် ၁၀၀ မြို့ နယ်၌ ကျင်းပမည်ဖြစ်သည်။
အလားတူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ရွေးကောက်ပွဲ အပိုင်း(၃)ကို ဆက်လက် ကျင်းပမည်ဖြစ် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံအတွက် အပြောင်းအလဲ ဖြစ်စေမည်ဖြစ်ပြီး ပြည်သူလူထု အနေဖြင့် ဆန္ဒမဲပေးကြစေလိုကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်မည့်သူများနှင့် စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ပေးမည့်သူများကို ရွေးချယ်ပေးစေလိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ရွေးကောက်ပွဲ ကျင်းပပြီးပါက အနိုင်ရသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ပြီး တပ်မတော် သည် နိုင်ငံတော်ကာကွယ်ရေးကိုသာ ဆောင်ရွက်တော့မည်ဟုလည်း ၎င်းက ပြောသည်။
