- By CNI
- Category: နိုင်ငံရေး
- Hits: 783
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၉
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့ကို ရရှိပြီး နောက် မကြာခင်တွင် ဗန်းမော်မြို့မှ အပြီးအပိုင် ဆုတ်ခွာသွားနိုင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
KIA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့သည် ဗန်းမော်၌ မြန်မာ့တပ်မတော်နှင့် စစ်ရေးပြင်းထန်ပြီး ရှုံးနိမ့်နေချိန်တွင် ဗန်းမောက်မြို့သို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်၌ စတင်တိုက်ခိုက်ကာ စက်တင်ဘာ ၂၀ ရက်နေ့မှာ သိမ်းပိုက် နိုင်ခဲ့သည်။
ထို့ပြင် ဗန်းမောက်မြို့သည် ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်ထဲတွင် ပါဝင်သော်လည်း ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁)အတွက် မြို့နယ် ၁၀၂ ခုထဲ၌ မပါဝင်ကြောင်း သိရသည်။
KIA အနေဖြင့် ဗန်းမော်တွင် စစ်ရေးသိက္ခာကျသည့် ကိစ္စကို ဗန်းမောက်မြို့အား တိုက်ခိုက်သိမ်းပိုက်၍ စစ်ရေးအရ အဖတ်ဆယ်သည့် သဘောဖြစ်ကြောင်း၊ မကြာခင်တွင် ဗန်းမော်မြို့မှ အပြီးအပိုင် ဆုတ်ခွာသွားနိုင်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကို တွေ့ရစဉ်
၎င်းက “အခု ကျနော်တို့ ဗန်းမောက်ကြတော့ ပထအကြိမ် ရွေးကောက်ပွဲမှာတော့ မပါသေးဘူးပေါ့နော်။ ၁၀၂ မြို့ နယ် ကြေညာတဲ့ အထဲမှာတော့။ နောက်တစ်ပိုင်းကြရင်တော့ ပါကောင်းပါလာနိုင်တယ်။ ဒါကတော့ ဒီအချိန် အတိုင်းအတာ တစ်ခုမှာတော့ ပြန်ရယူနိုင်မှာပါ။ SNA လည်းရှိတယ် ကိုယ့်ရဲ့အမျိုးသားကို ကာကွယ်မယ့်၊ နောက် တပ်မတော်နဲ့ လက်တွဲပြီး လုပ်နေတဲ့အချိန်ကြတော့ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီလိုရင် ရွေးကောက်ပွဲကို ဖြတ်သန်းရပါလိမ့်မယ်။ ကျနော့်အမြင်ကို ထပ်ပြောရမယ်ဆိုရင် ဗန်းမော်မှာ စစ်ရေးသိက္ခာ ကျတဲ့ကိစ္စကို ဗန်းမောက်ကို တိုက်ပြီးမှ စစ်ရေး အဖတ်ဆယ်တယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့ KIA ဟာ ဗန်းမော်ကို မကြာခင် မှာ စွန့်လွှတ်ပါလိမ့်မယ်။ ဗန်းမော်စွန့်လွှတ်မယ်၊ ဗန်းမောက်ကိုနိုင်တယ်၊ စစ်ရေးအနိုင်ယူပြီးမှ နိုင်ငံရေးဂုဏ်သိက္ခာ တင်မယ်၊ တစ်ဖက်မှာ ဗန်းမော်ကို သူမကြာခင် စွန့်လွှတ်လိမ့်မယ်လို့၊ အပြီးအပိုင် ဆုတ်ခွာလိမ့်မယ်လို့ ကျနော် မြင်တာပေါ့။ အဲဒီနှစ်ခုကို ပြန်နှိုင်းယှဉ်ကြည့်တဲ့ အခါကြတော့။ အဲဒါကလည်း လကုန်ပြီးလောက် မကြာခင်တော့ KIA ဟာ ဗန်းမော်ကနေ အပြီးအပိုင် ဆုတ်ခွာသွားနိုင်တယ်လို့ ကျနော်မြင်တယ်။ အဲဒီဗန်းမောက်ကို ရပြီး နောက်ပိုင်းမှာလေ”ဟု ပြောသည်။
လက်ရှိ ဗန်းမောက်မြို့ကို KIA၊ PDF၊ ကဒူးတပ်ဖွဲ့တို့ ပူးပေါင်း၍ ထိုးစစ်ဆင် သိမ်းပိုက်လိုက်ပြီးနောက် တပ်မတော် က စက်တင်ဘာ ၂၁ ရက်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်။
ဗန်းမောက်မြို့တွင် ရှမ်းနီလူမျိုး အများဆုံးနေထိုင်ပြီး ဒုတိယအများဆုံးမှာ ကဒူးလူမျိုးများ ဖြစ်ကြသည်။
KIA အနေဖြင့် ဗန်းမောက်ကို ရရှိသွားသည့်အတွက် စစ်ကိုင်းတိုင်းအထက်ပိုင်းအား ရိက္ခာ၊ လူ၊ လက်နက် ပို့ဆောင်ရန် အဆင်ပြေကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိတွင် SNA တပ်ဖွဲ့သည် ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းကို ထိန်းချုပ်ထားပြီး စစ်ပွဲအတွက် ပြင်ဆင်နေ သလို ဗန်းမောက်မြို့ ပြန်လည် ရရှိရေးအတွက်လည်း ပြင်ဆင်လျက်ရှိနေသည်။
ဗန်းမောက်မြို့ကို ရှမ်းနီများ လက်လွှတ်လိုက်ရခြင်းသည် ခုခံနေသည့် အင်အားနှင့် စစ်ကူ မလာနိုင်သည့်အတွက် ကြောင့် ဖြစ်ကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

ဟုမ္မလင်းမြို့ကိုတွေ့ရစဉ်
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)အတွက် ဗန်းမာက်မြို့ကို လက်လွှတ် လိုက်ရသည့်အတွက် နိုင်ငံရေး ဂုဏ်သိက္ခာ ကျစေသဖြင့် ပြန်လည်ရရှိအောင် ကြိုးစားလာနိုင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)မှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “SNA အနေနဲ့ကတော့ တပ်မတော်နဲ့ သူနဲ့တွဲထားတယ်ဆိုတော့ ဗန်းမောက်ဒေသက သူနိုင်အောင် ပြန် တိုက်မှပဲ နိုင်ငံရေးအရ သူ့အနေနဲ့ ဂုဏ်တင့်ပါလိမ့်မယ်။ ဘာလို့ဆို ကိုယ့်ဒေသကိုယ် ဗန်းမောက်မြို့ ကျသွားတာ ဖြစ်တဲ့အတွက် နိုင်ငံရေးဂုဏ်သိက္ခာကျပါတယ်။ ကိုယ့်လူမျိုး အများစု နေထိုင်ရာဒေသကို မကာကွယ် ပေးနိုင်ဘူး လားဆိုတဲ့ ယုံကြည်ချက်မျိုးပေါ့ ရှမ်းနီလူမျိုးကြားထဲမှာ ဖြစ်ပေါ်လာနိုင်တဲ့ အတိုင်းအတာ တစ်ခုရှိပါတယ်။ ဒါကြောင့် SNA အနေနဲ့တော့ ဗန်းမောက်မြို့ကို ရအောင်တော့ ပြန်လည်ပြီးမှ ကြိုးစားလာမယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
KIA သည် ဟုမ္မလင်းမြို့နှင့် ကသာမြို့များကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ခြေလည်းရှိကြောင်း၊ KIA သည် ဗန်းမောက်မြို့ကို မည်မျှကြာကြာ ထိန်းချုပ်နိုင်မလဲကိုမူ စောင့်ကြည့်ရအုံးမည်ဖြစ်ကြောင်း၊ KIA သည် ရှမ်းနီဒေသများကို ဦးတည်တိုက်ခိုက်နေခြင်းကလည်း SNA နှင့် ရှမ်းနီအင်အားကို ဖြတ်တောက်ရန် ကြိုးပမ်းနေ လည်း ဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိနေကြသည်။
လက်ရှိတွင်လည်း ဟုမ္မလင်းမြို့ကို KIA-PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေခြင်းကြောင့် ဟုမ္မလင်းမြို့ ပတ်ပတ်လည်က ကျေးရွာ ၁၀ ရွာတွင် KIA-PDF နှင့် SNA ကြား တိုက်ပွဲများ ပြင်းထန်နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1538
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၉
လာမည့် ရွေးကောက်ပွဲသည် နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများကို ဖြေရှင်းပေးနိုင်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဋ္ဌ ဦးခင်ရီက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ရွေးကောက်ပွဲက နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများကို ဖြေရှင်းပေးနိုင်သော်လည်း ၉၆ ပါးရောဂါအား ပျောက်သည့် ဆေး မဟုတ်ကြောင်း၊ လုံးဝ ငြိမ်းချမ်းသွားမည် ဆိုတာမျိုးကမူ လူနှင့်ဆိုင်သည့်ကိစ္စဟု နိုင်ငံရေးလေ့လာ သုံးသပ် သူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေသည့် နိုင်ငံရေးနှင့်စစ်ရေး ပဋိပက္ခများကို ကိုင်တွယ် ဖြေရှင်းနိုင်မည့် နည်းလမ်း USDP ပါတီမှာ ရှိသည်ဟု USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောသည်။
၎င်းက “ကျနော်တို့ နိုင်ငံဟာ ငါနဲ့မတူငါ့ရန်သူတဲ့ အတ္တနိုင်ငံရေးသမားတွေရဲ့ အတွေးအခေါ်တွေကြောင့် အကြမ်းဖက်မှု ပဋိပက္ခတွေကြားမှာ လူသားအားလုံးရဲ့ အနာဂတ်တွေ မျှော်မှန်းချက်တွေ ကြောက်လန့်တုန်လှုပ်မှု စတာတွေဟာ အချိန်ကာလတစ်ခု ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ လာမယ့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကြီးဟာ အဲဒီအခြေအနေ အားလုံးကို အဆုံးသတ် ပေးနိုင်မယ့်လုပ်ရပ်လို့ ကျနော် အခိုင်အမာ ယူဆပါတယ်”ဟု ပြောသည်။

နိုင်ငံရေးပါတီတွေနဲ့ UEC တွေ့ဆုံစဉ်
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲအား မပျက် ပျက်အောင် ဖျက်မည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲမှာ ပါဝင် ပူးပေါင်းသူများကို အရေးယူမည်ဖြစ်ကြောင်း လက်နက်ကိုင်တချို့၊ PDF၊ NUG၊ CRPH၊ NUCC တို့က ထုတ် ပြန်ထားသည်။
ထို့ကြောင့် ရွေးကောက်ပွဲသည် ပြည်တွင်း နိုင်ငံရေးနှင့် စစ်ရေး ပဋိပက္ခများကို အဆုံးသတ်မှုမဖြစ်ပဲ ပဋိပက္ခ အသစ်တစ်ခု ထပ်မံ ပေါ်ပေါက်လာမည်ကို ပြည်တွင်း/ပြည်ပက စိုးရိမ်နေကြသည်။
ရွေးကောက်ပွဲသည် လိုအပ်ချက်ဖြစ်သော်လည်း ၉၆ ပါးရောဂါအား ပျောက်သည့်ဆေး မဟုတ်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရွေးကောက်ပွဲဟာ နိုင်ငံရဲ့ လိုအပ်ချက်ဖြစ်ပေမယ့် နိုင်ငံရေးရော၊ စစ်ရေး ပဋိပက္ခရော အားလုံးပေါ့ မြန်မာပြည်မှာရှိတဲ့ပြဿနာ အလုံးစုံကို ဖြေရှင်းပေးနိုင်မဲ့ ၉၆ ပါးရောဂါကို ပျောက်တဲ့ဆေးတော့ မဟုတ်ဘူး။ ဘာကောင်းလာမလဲဆိုတော့ စနစ်နဲ့အုပ်ချုပ်တဲ့ စနစ်လေး ပေါ်လာမယ်။ ဒီမိုကရေစီ၊ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ဦးတည်မယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ နိုင်ငံသား အခွင့်အရေး ကို အာမခံနိုင်တဲ့ အစိုးရ တစ်ရပ်တော့ ပေါ်လာမယ်။ အခုက တပ်မတော်အစိုးရ ကာလဖြစ်တဲ့ အတွက်ကြောင့်မို့ လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာရှိတဲ့ နိုင်ငံသား အခွင့်အရေးတွေကိုတောင်မှ ထိန်းသိမ်းထားခံရတယ်၊ ကန့်သတ်ထားခံရတဲ့ အခြေအနေ ဖြစ်နေတယ်လေ။ ရွေးကောက်ပွဲဟာ တိုင်းပြည်ရဲ့ လိုအပ်ချက် တချို့ကို ဖြည့်ဆည်းပေးနိုင်တယ် ဒီစစ်ရေးကနေ အကျိုးစီးပွား ပတ်သက်နေတဲ့ အုပ်စုတွေက မြန်မာနိုင်ငံမှာ အရမ်းကြီး ထွားနေတယ်။ အုပ်စုအသီးသီးက သူတို့ရဲ့အကျိုးစီးပွား ကိုယ်ပိုင်အကျိုးစီးပွားတွေကို လျှော့ချမှသာလျှင် မြန်မာနိုင်ငံမှာရှိတဲ့ စစ်ရေးအခြေအနေက လျော့ပါးသွားမှာ ပေါ်ပေါက်လာမယ့် အစိုးရကလည်း လက်စားခြေ ရေးကို ဦးမတည်ပဲနဲ့ နိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်မယ်ဆိုရင်တော့ စစ်ရေးပဋိပက္ခတွေက အနည်းနဲ့အများ လျော့ချပေးနိုင်လိမ့်မယ်” ဟု ပြောသည်။
ရွေးကောက်ပွဲက နိုင်ငံရေးနှင့်စစ်ရေး ပဋိပက္ခများကို ဖြေရှင်းပေးနိုင်ခြင်းက အမှန်ဖြစ်ပြီး လုံးဝငြိမ်းချမ်းသွား မည်ဆိုတာမျိုးကမူ လူနှင့်ဆိုင်သည့်ကိစ္စဟု USDP ပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းက CNI သတင်းဌာန သို့ ပြောသည်။

ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အရေအတွက်ကို တွေ့ရစဉ်
၎င်းက “ရွေးကောက်ပွဲက နိုင်ငံရေးနဲ့စစ်ရေး ပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်တယ်လို့ အမှန်ပဲလေ။ အန်ကယ် အမြင် ပြောရမယ်ဆိုရင်တော့ ရွေးကောက်ပွဲကို ဖြစ်စေချင်တဲ့ ပြည်သူတွေရဲ့ဆန္ဒ၊ မဖြစ်စေချင်တဲ့ သောင်းကျန်းသူ တွေရဲ့ဆန္ဒ၊ နှစ်ခုကြားထဲမှာရှိတဲ့ ပဋိပက္ခလွန်ဆွဲပွဲမှာတော့ အချို့နေရာတွေမှာ ဖြစ်နိုင်ကောင်း ဖြစ်နိုင်ပါလိမ့်မယ် နားမလည်သေးတဲ့ လူတွေအားလုံးမှာ ဖြစ်နိုင်ချင်ဖြစ်နိုင်မှာပေါ့။ ဒါတွေ အကုန်လုံးကို အစိုးရကလည်း နိုင်ငံရေး ပါတီတွေအားလုံးကို သူစည်းကမ်းတကျနဲ့ ဖိတ်ခေါ်ပြီးတော့မှ ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ခိုင်းထားတာပါ။ သို့ သော်လည်း လုံးဝဥုံသုန်း ငြိမ်းချမ်းသွားမယ် ဆိုတာမျိုးကတော့ ဖြစ်ချင်လည်း ဖြစ်လာနိုင်တယ်၊ မဖြစ်ချင်လည်း မဖြစ်လာနိုင်ဘူးပေါ့။ လူနဲ့ဆိုင်တဲ့ကိစ္စ ဖြစ်တဲ့အတွက်ကြောင့် တယူသန်စိတ်တွေနဲ့ ဒါမှဒါဆိုပြီးတော့ စွဲကိုင်ထား တဲ့လူတွေ အစွန်းရောက်တွေ များနေရင်တော့လည်း အဲဒီဟာလေး နည်းနည်းကျန်မှာပေါ့။ ကိုယ်လည်းလိုချင်လို့ရှိ ရင် ပြောဆိုခွင့်ရချင်လို့ရှိရင် တစ်သီးပုဂ္ဂလ ဝင်ပြိုင်ပြီး နိုင်တဲ့အခါကျ လွှတ်တော်ထဲဝင်ပြီး ပြောဆိုလို့ရတာဘဲ”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တစ်သီးပုဂ္ဂလမှ ကိုယ်စားလှယ်လောင်း ၄၉၆၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အမည်စာရင်း တင်သွင်းလာသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်၌ ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၁၀၁၈ ဦး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ် ၆၉၄ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီက ကိုယ်စားလှယ် ၆၇၂ ဦး၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ကိုယ်စားလှယ် ၄၂၈ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီမှ ကိုယ်စား လှယ် ၅၈၄ ဦး၊ ပြည်သူ့ပါတီမှ ကိုယ်စားလှယ် ၅၁၂ ဦးတို့ အသီးသီး ဝင်ရောက် ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 333
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၉
ကာဇက်စတန်နိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ရောက်ရှိနေသော နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်က ကာဇက်စတန်နိုင်ငံ ကနေ ပြန်လည် ထွက်ခွာခဲ့ကြောင်း သိရသည်။

ကာဇက်စတန်ကနေ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထွက်ခွာစဉ် ဂုဏ်ပြုတပ်ဖွဲ့က ဂုဏ်ပြုပို့ဆောင်ခဲ့ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 373
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၈
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာဇက်စတန် နိုင်ငံ၊ အက်စတာနာမြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးနန်းတော် အပြင် အမျိုးသားပြတိုက်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်က သွားရောက်လေ့လာခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာဇက်စတန်နိုင်ငံသမ္မတ H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ် ကြားချက်အရ ကာဇက်စတန်နိုင်ငံသို့ စက်တင်ဘာ ၂၇ ရက်က ရောက်ရှိခဲ့သည်။
ထို့နောက် ကာဇက်စတန်သမ္မတနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သလို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး နန်းတော် အပါအဝင် အမျိုးသားပြတိုက်သို့ သွားရောက် လေ့လာခဲ့သည်။
ကာဇက်စတန်နိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးနန်းတော်သည် ပိရမစ်ပုံစံ ဒီဇိုင်း ရေးဆွဲ တည်ဆောက်ထားသည့် ခေတ်မီ အဆောက်အအုံတစ်ခုဖြစ်ပြီး စုစုပေါင်း ဧရိယာစတုန်းပေ ၃၀၀,၀၀၀ (စတုရန်း မီတာ ၂၈,၀၀၀) ကျယ်ဝန်းပြီး ၆၂ မီတာ(၂၀၃ ပေ)မြင့်သော အဆောက်အအုံ ဖြစ်သည်။

အဆိုပါ နန်းတော်တွင် ဘာသာရေး အခမ်းအနားများ၊ ဖျော်ဖြေပွဲများ၊ ရုပ်ရှင်ပွဲတော်များနှင့် အမျိုးသားရေး ညီလာခံ အခမ်းအနားများ ကျင်းပကြောင်း သိရသည်။
ထို့နောက် ကာဇက်စတန်နိုင်ငံ အမျိုးသားပြတိုက်သည် အာရှအလယ်ပိုင်းတွင် အကြီးမားဆုံးနှင့် အဆန်းသစ်ဆုံး ပြတိုက် တစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့် လှစ်ခဲ့သည်။
ထိုပြတိုက်တွင် ခန်းမ ၁၁ ခု ပါဝင်ကြောင်း၊ ထိုခန်းမများတွင် ယခင် ခေတ်မှ ယခုအချိန်ထိ ဖြစ်ပေါ်ခဲ့သော ကာဇက်စတန်နိုင်ငံ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုများစွာကို ပုံဖော်ပြသထားကြောင်း သိရသည်။
အဆိုပါ အမျိုးသားပြတိုက်အား အပတ်စဉ် တနင်္လာနေ့တိုင်းပိတ်၍ အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ နံနက် ၁၀ နာရီမှ ည ၆ နာရီအထိ ဖွင့်လှစ်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 524
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၇
ကာဇက်စတန်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၂၇ ရက်က ကာဇက်စတန်သမ္မတ H.E.Mr.Kassym-Jomart Tokayev နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားခရီးစဉ်အပြီး ရုရှားနိုင်ငံ၊ မော်စကိုမြို့ကနေ စက်တင်ဘာ ၂၇ ရက်က ကာဇက်စတန်နိုင်ငံသို့ သွားရောက်ခဲ့သည်။
ထို့နောက် ကာဇက်စတန် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကာဇက်စတန်ဒုတိယဝန်ကြီးချုပ် Mr. Roman Sklyar နှင့် မြန်မာနိုင်ငံဆိုင်ရာ ကာဇက်စတန် သံအမတ်ကြီး Mr. Margulan Baimukhan တို့က ကြိုဆိုခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 382
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၇
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာဇက်စတန် နိုင်ငံသို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်က ရောက်ရှိခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားခရီးစဉ်အတွင်းမှာ စက်တင်ဘာ ၂၇ ရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ အမှတ်(၂) ဘနုကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကာဇက်စတန်နိုင်ငံ အက်စတာနာလေဆိပ်သို့ ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။
ထို့နောက် ကာဇက်စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်(၁) Mr. Roman Sklyar နှင့် မြန်မာနိုင်ငံဆိုင်ရာ ကာဇက်စတန် သံအမတ်ကြီး Mr. Margulan Baimukhan တို့ကလည်း ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 681
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၆
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မြန်မာ့တပ်မတော်တို့အကြား တစ်စုံတစ်ရာ ပြေလည်မှုရသွားပါက တရုတ်-အိန္ဒိယ ဆက်သွယ်ရေးလမ်းကြောင်းသည် မြန်မာနိုင်ငံအတွက် အကျိုးရှိကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ် ပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တပ်မတော်ဘက်မှ တာဝန်ရှိသူများသည် တရုတ်နှင့် အိန္ဒိယ အာဏာပိုင် များဖြင့် တွေ့ဆုံမှုများ ခပ်စိပ်စိပ် တွေ့လာရသည်။
ထိုသို့ တွေ့ဆုံမှုများမှာ အဓိအားဖြင့် တရုတ်-အိန္ဒိယ ဆက်သွယ်ရေးလမ်းကြောင်း အတွက်ဖြစ်ကြောင်း၊ ထိုလမ်း ကြောင်းအတွက် မြန်မာနိုင်ငံမှ ကချင်ပြည်နယ်သည် အဓိကကျကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ ချုပ် (PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

KIA အဖွဲ့ကိုတွေ့ရစဉ်
၎င်းက “ကချင်ပေါ့လေ။ အဓိက,ကတော့ အိန္ဒိယနဲ့ တရုတ်နဲ့ ဆက်သွယ်ရေးလိုင်း အဲဒါကို စစ်ကော်မရှင် ဥက္ကဋ္ဌ ကလည်းပဲ သွားပြီးတော့ ပါဝင်ပတ်သက် ထားတယ်ဆိုတော့ ဒီအပေါ်မှာ ကချင်ကလည်းပဲ သူပိုင်တဲ့နယ်မြေ၊ သူ့ရဲ့လှုပ်ရှား နယ်မြေဖြစ်တော့ သူ့ရဲ့ဩဇာကလည်းပဲ အဲဒီဒေသမှာ သက်ရောက်မှု ရှိအောင်ဆိုတဲ့ သဘောမျိုး ကြိုးပမ်းနေ တယ်လို့လည်း ယူဆလို့ရတာပေါ့။ အခုလောလောဆယ်တော့ အဓိကဖြစ်တဲ့ အဲဒီနယ်မြေမှာရှိတဲ့ KIO/KIA နဲ့ စစ်ကော်မရှင်နဲ့ တစ်စုံတစ်ရာ အပစ်အခတ်ရပ်တဲ့ စာချုပ်တို့ သို့တည်းမဟုတ် ဟိုးအရင် KIO ခေါင်းဆောင်တွေ ဦးဆောင်ထားတဲ့ NCA စာချုပ်အပေါ်မှာ ပြင်ဆင်ဖြည့်စွက်ပြီးတော့ ပူးပေါင်းဆောင်ရွက်တာတို့ တစ်စုံတစ်ရာ ပြေလည်မှု ရသွားရင်တော့ တရုတ်-အိန္ဒိယ ဆက်သွယ်ရေးလမ်းကြောင်းက ကျနော်တို့ တိုင်းပြည် အတွက် အကျိုးရှိတယ်လို့ ယူဆပါတယ်” ဟု ပြောသည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် တရုတ်ဒုသမ္မတ မစ္စတာဟန်ကျိန့်တို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ၊ နန်နင်းမြို့၌ တွေ့ဆုံခဲ့ကြသည်။
ထို့ပြင် မြန်မာ့တပ်မတော်၏ ကစထ(၁)မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် အိန္ဒိယတပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Upendra Dwivedi တို့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက် က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
စက်တင်ဘာ ၁၂ ရက်ကလည်း မြန်မာ့တပ်မတော်၏ ကစထ(၁)မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် အဖွဲ့ဝင် ၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယ၏ အရှေ့ပိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိခဲ့ပြီး အိန္ဒိယ အရှေ့ပိုင်း စစ်ဌာနချုပ်၏ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး RC Tiwari အပါအဝင် အခြား ထိပ်သီးအရာရှိများနှင့် တွေ့ဆုံခဲ့သည်။
ကော်မရှင်ဥက္ကဋ္ဌ၏ တရုတ်ခရီးစဉ်အတွင်း လီဒိုလမ်း ပြန်လည်ပြုပြင်ရေး၊ မြစ်ဆုံစီမံကိန်း ပြန်လည် စတင်နိုင်ရေး၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်လည် စတင်နိုင်ရေး၊ အိန္ဒိယ-မြန်မာ မြေရှားသတ္တု တူးဖော်ရေးနှင့် လုံခြုံရေးကဏ္ဍ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်
လီဒိုလမ်းသည် တရုတ်နှင့် အိန္ဒိယကို ဆက်သွယ်သည့် လမ်းကြောင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ကချင်ပြည်နယ်သည် အဓိကဖြစ်သည့်အတွက် ထိုလမ်းကြောင်း အဆင်ပြေသွားပါက မြစ်ကြီးနားမြို့သည် အချက်အချာမြို့တစ်ခု ဖြစ်လာနိုင်ကြောင်း တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါလည်း ကျနော်တို့ မြန်မာနိုင်ငံ တိုးတက်ရေးအတွက်ကောင်းသော လက္ခဏာလို့ ပြောလို့ရတာပါပဲ။ ကျနော်တို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်တော့ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ မရှိလေ ကောင်းလေပဲပေါ့နော်။ အဲဒါကတော့ ကျနော့်ရဲ့ အမြင်။ ဒါပေမယ့် လက်ရှိ အခြေအနေအရကတော့ နိုင်ငံတော် အစိုးရကတော့ ဒီ KIA နဲ့ စကားပြောမယ်ဆိုရင်လည်း resource sharing, power sharing တွေအစား တည်ငြိမ် အေးချမ်းရေးအတွက်ကို အဓိကပြောပြီးမှ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဘက်ကို အခြေတည်သွားမယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ ဒါ ကျနော့်အမြင်ကို ပြောပြတယ်။ ဒီပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ပြောလို့မှ KIA ဘက်က လက်မခံဘူးဆိုလည်း ပြည်သူက ဆန့်ကျင်ပါလိမ့်မယ်။ ဘာကြောင့်ဆို ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုက အရမ်းလိုလားနေပြီ။ အခုစစ်ပွဲတွေကြားထဲမှာ ဒုက္ခရောက်တာ ပြည်သူတွေပဲ။ ဒုက္ခတွင်းထဲက ကျော်ဖို့အတွက်ကို ပြည်သူတွေက တော်တော်ကြီး လိုလားနေတဲ့ အခါကြတော့ မြေရှားသတ္တုကိစ္စ၊ သယံဇာတကိစ္စ အဲဒါတွေကို အပေးယူလုပ်မယ့်အစား ငြိမ်းချမ်းရေးဘက်ကို ကျနော်တို့ ဒီလို လုပ်ပြီးမှ ဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လိုလုပ်မယ်ဆိုတဲ့ စီမံကိန်းတွေချပြပြီးမှ ဆွေးနွေးညှိနှိုင်းစေချင်ပါတယ်” ဟု ပြောသည်။
တရုတ်ခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ တရုတ်ဒုသမ္မတ ဟန်ကျိန့်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ ရုရှားသမ္မတ ပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်၊ လာအို သမ္မတ သောင်လောင်ဆီ ဆိုလစ်၊ ပါကစ္စတန်ဝန်ကြီးချုပ် မူဟာမက်စ် ရှက်ဘာ ရှာရီစ်၊ မလေးရှားဝန်ကြီးချုပ် အန်ဝါ၊ အင်ဒိုနီးရှားသမ္မတ ဘရာဘိုဝို၊ အာဆီယံအတွင်းရေးမှူး၊ ကာဇက်စ္စတန်သမ္မတ အပါအဝင် တခြားသော နိုင်ငံတကာ ခေါင်းဆောင်များဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 540
CNI News
၂၀၂၅ခုနှစ်၊ စက်တင်ဘာ ၂၅
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘာ့အဏုမြူသတင်းပတ် ဖိုရမ်သို့ တက်ရောက်ရန်အတွက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက် ညပိုင်းတွင် ရုရှားနိုင်ငံသို့ ရောက်ရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဏုမြူသတင်း ပတ်ဖိုရမ်သို့တက်ရောက်ရန်အတွက် ရုရှားသမ္မတ ပူတင်၏ ဖိတ်ကြားမှုကြောင့် စက်တင်ဘာ ၂၄ရက် နံနက်ပိုင်းတွင် လေဆိပ်မှ ထွက်ခွာခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိမ်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဥ်တွင် လိုက်ပါခဲ့ကြောင်းသိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး
ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါလာသည့် အထူးလေယာဥ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗာဆီဗစ်မြို့၊ သာမာရှယ်ဗာ လေဆိပ်၌ ရပ်နားခဲ့ရာ နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး (Mr. Travnikov Ahdrey Aleksandrovich) နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးတို့သည် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲအပြီးတွင် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲအပြီးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ စက်တင်ဘာ ၂၄ရက် ညပိုင်းတွင် မော်စကိုမြို့ရှိ ဘနူကာဘာ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြသည်။
ထို့နောက် ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Andrey Rudenko နှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးဦးတို့က နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ မေလ ၇ ရက်ကလည်း ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပသည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ချစ်ကြည်ရေးခရီးစဥ်အဖြစ် သွားရောက်ခဲ့ဖူးသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 542
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၅
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားတွင် တက်ရောက်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များကို အိမ်နီးချင်းနိုင်ငံများက ဖိအားပေး လာနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ NCA (၁၀)နှစ်ပြည့် အခမ်းအနားသို့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင်များဖြစ်သည့် ULA/AA, UWSA, MNDAA, TNLA တို့အပြင် KNU တို့လည်း တက်လာနိုင်ကြောင်း၊ ၎င်းတို့ တက်ရောက်နိုင်ရေးအတွက်လည်း သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် ထိုင်းတို့မှ ဖိအားပေးနိုင်ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအေးမောင်က “တွေ့ဆုံဆွေးနွေးမှုမှာ ပါလာနိုင်တာက မြောက်ပိုင်းမှာရှိတဲ့ FPNCC ၇ ဖွဲ့စုံပါလာမယ်။ အဲဒီလိုပါလာဖို့အတွက် တရုတ်သည် ဖိအားပေးနိုင်တယ်။ အိန္ဒိယနယ်စပ်ကိုလည်း ဖိအားပေးနိုင်တယ်။ ထိုင်း နယ်စပ်ကိုလည်း ထိုင်းအစိုးရက ဖိအားပေးနိုင်တယ်။ အဲဒါကြောင့် အဲဒီမှာ NCA ထိုးထားတဲ့ ၁၀ ဖွဲ့ လက်ရှိ မပြည့် တာကြာပြီ။ ၇ ဖွဲ့ကနေ ၅ ဖွဲ့ဖြစ်တာတို့ ဘာတို့ ရှိခဲ့တာရှိတယ်။ အဲဒီ NCA (၁၀) နှစ်ပြည့်မှာ ကြီးကြီးမားမား လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ NSPNC သွားနေတယ်။ အောင်မြင်မယ်လို့ ယူဆတယ်။ အဲဒီကနေ ဆွေးနွေးမှု ရလဒ်တစ်ခု အနာဂတ်နိုင်ငံအသစ်ကို ဘယ်လိုသွားမှာလဲဆိုတဲ့ ဦးတည်ချက်တစ်ခုနဲ့ အဖြေတစ်ခုလည်း လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တွေဘက်က ရလာနိုင်တယ်။ အဲဒီ FPNCC ၇ ဖွဲ့ ထဲမှာ ULA/AA ဘက်က ဒုတိယခေါင်းဆောင် ဒေါက်တာညိုထွန်းအောင် တက်လာနိုင်တယ်။ တရုတ်ရဲ့ ဘေးနားမှာရှိတာကို။ “ဝ”လည်း တက်လာနိုင်တယ်။ မိုင်းလားလည်း တက်လာနိုင်တယ်။ ကိုးကန့်လည်း တက်လာနိုင်တယ်။ တအာင်း TNLA လည်း တက်လာနိုင်တယ်။ လာမယ့် NCA (၁၀)နှစ်ပြည့် အခမ်းအနားကို မျှော်မှန်းကြည့်တာပါ” ဟု ပြောသည်။

UWSA နဲ့ MNDAA ခေါင်းဆောင်များကိုတွေ့ရစဉ်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)သည် လာမည့် အောက်တိုဘာလ ၁၅ ရက် နေ့တွင် လက်မှတ်ရေးထိုးခြင်း (၁၀)နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။
ထို (၁၀)နှစ်ပြည့် အခမ်းအနားအား ယခင်နှစ်များနှင့် မတူညီဘဲ ကြီးကျယ်ခမ်းနားစွာ ကျင်းပမည်ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များကြား ပြောဆိုနေကြပြီး စာချုပ်ရေးဆွဲစဉ်က ပါဝင်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO)ခေါင်းဆောင်များကို ဖိတ်ကြားရန်ရှိကြောင်းလည်း သိရသည်။
ထို့ပြင် အိမ်နီးချင်းနိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များကိုလည်း ဖိတ်ခေါ်နိုင်ကာ NCA (၁၀) နှစ်ပြည့် အခမ်းအနား သည် မြန်မာနိုင်ငံကို အဆိုးသံသရာမှ ရုန်းထွက်နိုင်အောင် တွန်းအားတစ်ခု ပေးနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ ၁၀ နှစ်ပြည့် အခမ်းအနားဆိုတာ တော်တော် ကြီးမားနိုင်တယ်။ နိုင်ငံတကာက ခေါင်းဆောင်တွေလည်း ဖိတ်နိုင်တယ်။ အဲဒီလိုပဲ ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ကြီး ဂူတာရက်စက်ကိုလည်း ဖိတ်နိုင်တယ်။ အိန္ဒိယဝန်ကြီးချုပ်ကိုလည်း ဖိတ်နိုင်တယ်။ တရုတ်ဘက်ကလည်း ရှီကျင့်ဖျင်တို့ကို ဖိတ်နိုင်တယ်။ မလာဘူးဆိုရင် တောင် ဝမ်ယိ လာနိုင်တယ်။ ကျန်တဲ့ တကယ့် ညှိနှိုင်းရေးလုပ်တဲ့ တိန့်ရှီကျွင်းတို့၊ အိန္ဒိယဘက်က နိုင်ငံတော် လုံခြုံရေးအကြံပေးတို့ ဘာတို့ လာနိုင်တယ်။ လာဖို့များတယ်။ တစ်ဖက်က အာဆီယံဘက်က ခေါင်းဆောင်တွေ ကိုလည်း ဖိတ်နိုင်တယ်။ အဲဒီ (၁၀)နှစ်ပြည့် အခမ်းအနားဟာ မြန်မာနိုင်ငံကို ပြန်ပြီးတော့ အဆိုးအကျိုးသံသရာက ရုန်းထွက်နိုင်အောင် တွန်းအားတစ်ခု ပေးနိုင်တယ်” ဟု ပြောသည်။

KNU ခေါင်းဆောင်ဟောင်း မူတူးစေးဖိုးနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်၊ ဩဂုတ် ၁၈ ရက်တွင် အပစ်ရပ်စဲရေး ကမ်းလှမ်းခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၂၁ ဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။
ထို့နောက် ၂၀၁၁-၂၀၁၂ ခုနှစ်များအတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေးစာချုပ်(Bilateral) လက်မှတ်ရေးထိုးခဲ့ကြသလို ၂၀၁၃ ခုနှစ်မှာ NCA စာချုပ်ကို စတင်ဆွေးနွေး၍ ၂၀၁၅ ခုနှစ်၊ သြဂုတ်မှာ NCA စာချုပ်အား မူကြမ်းရရှိခဲ့သည်။
NCA စာချုပ် မူကြမ်း ရရှိပြီးနောက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် KNU, RCSS, ALP, DKBA, KNU/KNLA-PC, PNLO, CNF, ABSDF တို့ဖြင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ရက်တွင် NMSP နှင့် LDU တို့ဖြင့်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို လက်နက်ကိုင် (၁၀)ဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ဆိုသည့် နာမည်ဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ကြသည်။
သို့သော် ၂၀၂၁ ခုနှစ်နောက်ပိုင်း အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာပြီး ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့က NCA ပျက်သွားပြီဟုဆိုကာ တပ်မတော်ကို လက်နက်ကိုင် ဆန့်ကျင်ရန် ဆုံးဖြတ်ပြီး ယနေ့အထိ တိုက်ပွဲများ ဆင်နွှဲလျက်ရှိသည်။
