CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၅

ရွေးကောက်ပွဲမဲရလဒ်များကို ရေတွက်ရာတွင် နောက်မှရောက်လာသည့် ကြိုတင်မဲအား ထည့်သွင်းရေတွက်ခြင်း က ရိုးသားမှုမရှိဘူးဟု မွန်ညီညွတ်ရေးပါတီ(MUP)မှ ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲကော်မရှင်ကလည်း ကြိုတင်မဲအတွက် မဲစာရင်းပြုစုခြင်း၊ မဲကောက်ယူခြင်း၊ ကြေညာခြင်း၊ ရေတွက် ခြင်းများကို လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ကြိုတင်မဲ ကောက်ရာတွင် ပါတီက ကောက်ယူမှုရှိသလို ကော်မရှင်နှင့်ရပ်ကျေးများက ကောက်ယူမှုလည်းရှိ ကြောင်း၊ ကိုယ်စားလှယ်များ လိုက်ပါခွင့် မရှိလျှင် ပွင့်လင်းမြင်သာမှု မရှိသည့်သဘောဖြစ်ကြောင်း မွန်ညီညွတ်ရေး ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများကိုတွေ့ရစဉ်

၎င်းက “ဟိုကြိုတင်မဲ ကောက်တာက တချို့က ပါတီတွေက ကောက်တာရှိသလို၊ တချို့က  ကော်မရှင်နဲ့ရပ်ကျေး တွေက ကောက်တာရှိတယ်ပေါ့နော်။ ဒါပေမယ့် ကြိုတင်မဲ ထည့်တဲ့ အချိန်ကျလို့ရှိရင် ကျနော်တို့ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ လိုက်ပါခွင့် ရှိရတယ်။ ကိုယ်စားလှယ်တွေ လိုက်ပါခွင့် မရှိဘူးဆိုရင်တော့ ဒါကတော့ ပွင့်လင်း မြင်သာမှု မရှိတဲ့သဘောပေါ့။ ကြိုတင်မဲကနော်၊ ရပ်/ကျေး ကြိုတင်မဲကောက်တဲ့ အခါကျတော့ အခုကော်မရှင်က ကောက်တာရှိတယ်၊ နောက်တစ်ချက်က ကြိုတင်မဲကို ထည့်တဲ့အခါကြလို့ရှိရင် ရွေးကောက်ပွဲ ကိုယ်စားလှယ် ဒါမှ မဟုတ် ကိုယ်စားလှယ်လောင်း ဒါမှမဟုတ်ရင် ကိုယ်စားလှယ်လောင်းက ခန့်ထားတဲ့ မဲရုံကိုယ်စားလှယ်က လိုက်ပါခွင့် ရှိရ တယ်ပေါ့။ တချို့ကော်မရှင်တွေလည်း အလုပ်ရှုပ်တဲ့ အခါကျတော့ အသိပေး အကြောင်းကြားမှု အားနည်းတဲ့ဟာ လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဟိုဘယ်လိုပြောမလဲ မသိလိုက်ရဘူးပေါ့နော်။ ပြောချင်တာက ကြိုတင်မဲကို အရင် ရေမယ် ပြီးတော့မှ ပုံးမှာထည့်ထားတဲ့ မဲကို ပြန်‌ရေမယ်။ ဒီနှစ်ခုပေါင်းလို့ရှိရင် ကျနော်တို့အတွက် ခိုင်လုံမဲကတော့ ဟိုသေချာသွားပြီ။ ဒီနောက်မှ ရောက်လာတဲ့ ကြိုတင်မဲကတော့ အဲ့ဒါက ဟိုရိုးသားမှု မရှိဘူးပေါ့”ဟု ပြောသည်။

ကြိုတင်မဲဆိုင်ရာ လုပ်ငန်းစဉ်များကို နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ အသိသက်သေများနှင့် အများပြည်သူတို့အား ဖိတ်ကြား၍ ပွင့်လင်းမြင်သာစွာဆောင် ရွက်ခဲ့ ပြီး ရရှိသည့် ဆန္ဒမဲစာရင်းများကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာထားခဲ့ကြောင်း UEC က ထုတ်ပြန်ထားသည်။

ကြိုတင်မဲနှင့်ပတ်သက်ပြီး မသိရသည့် နေရာများက များကြောင်း၊ အကြောင်းမကြားသည့် နေရာများလည်း များခြင်းက အမှန်တကယ်ဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ ဒုဥက္ကဋ္ဌ ဦးစောဟန်အေးက CNI သတင်းဌာနသို့ ပြောသည်။

ကြိုတင်မဲပေးနေစဉ်

၎င်းက “အဲ့ဒါကတော့ ကျနော်တို့ ပြီးခဲ့တဲ့အပိုင်း (၁) မှာကတော့ တကယ် အားနည်းချက် ရှိပါတယ်။ နောက်အ ပိုင်း(၂) မှာ ဒီဟာတွေ မဖြစ်ရအောင် ကျနော်တို့ UEC ကိုလည်း အကြံပြုချက်တွေ ပို့ထားပါတယ်။ နောက် ဒီနေ့ လည်း ပါတီတွေနဲ့ ကျနော်တို့ UEC နဲ့လည်း နေပြည်တော်မှာ အစည်းအဝေးတစ်ခု လုပ်ဖို့လည်း စီစဥ်ထားပါ တယ်။ အဲ့ဒါကတော့ အတိအကျတော့ ပြောလို့ မရဘူးပေါ့နော်။ သေချာတာကတော့ ကျနော်တို့ အကြောင်း မကြား တာတွေများတယ်၊ ဘယ်နှစ်ယောက် ဘယ်သူ စာရင်းနဲ့ပေါ့နော်၊ ဒီရပ်ကွက်မှာ ဘယ်နှစ်ယောက် ပေးထား ပြီးလဲဆိုတဲ့ စာရင်းက ကျနော်တို့ မသိရဘူးပေါ့နော်။ မသိရတဲ့ နေရာတွေက များတယ်၊ အကြောင်းမကြားတဲ့ နေရာတွေ များတယ်၊ အဲ့ဒါတော့ အမှန်တကယ်ပဲ။ တချို့ ရပ်ကွက်တွေမှာတော့ အကြောင်းကြားတာတွေရှိတယ်၊ တချို့ဆို တော်တော်နည်းပါတယ်၊ တော်တော်နည်းပါတယ်။ အခုပြောနေတာက ရပ်ကွက်ထဲမှာရှိတဲ့ ကြိုတင်မဲ တွေပေါ့နော်။ အဓိကတော့ ကျနော်တို့ သိသလောက် ရပ်ကွက်ထဲမှာရှိတဲ့ ကြိုတင်မဲဆိုတာ မသန်စွမ်းတွေရယ်၊ အိုမင်းမစွမ်းတွေ၊ တကယ် အမှန်တကယ် ခရီးသွားမယ့်လူတွေ၊ ကျောင်းသွားတက်မယ့်သူတွေ၊ တက္ကသိုလ်တက် မယ့်သူတွေ ဒီလို လူတွေပဲ ပေးရမှာပေါ့နော်။ ကျန်တဲ့လူတွေကတော့ မဲပေးတဲ့နေ့ကျမှ မဲလာပေးရမှာပေါ့။ အဲ့လို မဟုတ်ဘဲနဲ့ တချို့ တော်တော်များများက ကြိုတင်မဲတွေနဲ့ အဲ့လိုမျိုး အများကြီး ယူထားပြီးတော့ မဲပုံးတွေမှာ အဲ့လိုဖြစ် နေတဲ့ အဲလိုပြဿနာတွေပေါ့နော်”ဟု ပြောသည်။

ကြိုတင်မဲပေးမည့်သူ အရေအတွက်စာရင်း မသိရခြင်း၊ ကြိုတင်မဲ ကောက်ယူချိန်တွင် ကျန်သည့် ပါတီကိုယ်စား လှယ်များကို အသိမပေးဘဲ ကြံ့ခိုင်ရေးပါတီ(USDP)ကသာ လိုက်ပါခွင့်ရခြင်းသည် လွတ်လပ်ပြီး မျှတသည့် အချက် မဟုတ်ဘူးကြောင်း မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးက ထောက်ပြ ထားသည်။