- By CNI
- Category: နိုင်ငံရေး
- Hits: 678
CNI International News
နယူးဒေလီ၊ ဧပြီ ၁၀
အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသည့် အရှေ့ဘက်နယ်စပ်ဒေသ တစ်လျှောက်ရှိ အချို့နေရာများတွင် နယ်စပ်စည်းရိုးများ တည်ဆောက်မည့်အစား အစားထိုး နည်းလမ်းတစ်ခုအဖြစ် နယ်စပ်ဒေသရှိ မြစ်များအတွင်းသို့ အဆိပ်ရှိမြွေများနှင့် မိကျောင်းများကို လွှတ်ရန် စဉ်းစားနေကြာင်း The Independent မှ ဖော်ပြခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်မှတဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကို တားဆီးရန်အတွက် ထိုအစီအစဉ်ကို စဉ်းစားနေခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) ၏ အမျိုးသားရေးပါတီသည် ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသော ကီလို မီတာ ၄၀၉၆ ရှည်လျားသည့် နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ရန် အရင်းအမြစ်များစွာ အသုံးပြုခဲ့သော်လည်း နယ်စပ်ဒေသ၏ ၂၀ ရာခိုင်နှုန်းခန့်မှာ ပွင့်နေဆဲဖြစ်သည်။
ခြံစည်းရိုး မခတ်ရသေးသည့် ကီလိုမီတာ ၈၅၀ အနက် ၁၇၅ ကီလိုမီတာခန့်မှာ ရွှံ့နွံထူထပ်သော မြေမျက်နှာ သွင်ပြင်နှင့် ရေကြီးနိုင်ခြေရှိသောကြောင့် နယ်စပ်ခြံစည်းရိုးများ တည်ဆောက်ရန် မဖြစ်နိုင်ကြောင်း ယူဆထား ကြသည်။

ပြည်ထဲရေးဝန်ကြီး အမစ်ရှားကို တွေ့ရစဉ်
ထို့ကြောင့် နယ်စပ်ခြံစည်းရိုးများ တည်ဆောက်ရန် ခက်ခဲသည့် ဒေသများတွင် အန္တရာယ်ရှိသော တွားသွား သတ္တဝါများကို လွှတ်ထားမည့် အကြံဥာဏ်ကို အိန္ဒိယနယ်ခြားစောင့်တပ်(BSF)၏ အစည်းအဝေးများနှင့် အတွင်းရေး မှတ်တမ်းများ၌ ဆွေးနွေးလျက်ရှိကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။
မတ်လ ၂၆ ရက်စွဲဖြင့် ထုတ်ပြန်ထားသော ပြည်တွင်း အရာရှိကြီးများ၏ မှတ်တမ်းတစ်စောင်ကို BSF ဌာနချုပ်မှ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ကွင်းဆင်းတပ်ဖွဲ့များထံ ပေးပို့ခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
ထိုမှတ်တမ်းတွင် တွားသွားသတ္တဝါများကို အသုံးပြုခြင်းသည် ပြည်ထဲရေးဝန်ကြီး အမစ်ရှား (Amit Shah) ၏ လမ်းညွှန်ချက်များနှင့် ကိုက်ညီသည်ဟု ဖော်ပြထားကြောင်း The Hindu သတင်းစာက ရေးသားခဲ့သည်။
အမစ်ရှားသည် ဝန်ကြီးချုပ် မိုဒီ၏ ရင်းနှီးသော လက်ထောက်တစ်ဦးဖြစ်ပြီး အိန္ဒိယအရှေ့ဘက် ပြည်နယ်များရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ နှိမ်နင်းမှုများကို အဓိက ဦးဆောင်နေသူတစ်ဦးလည်း ဖြစ်သည်။
မိုဒီ အစိုးရသည် တရားမဝင် ရွှေ့ပြောင်းများအပေါ် သဘောထား တင်းမာသည့် ရပ်တည်ချက်ကို ကိုင်စွဲထားပြီး အထူးသဖြင့် အထောက်အထားမဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများနှင့် ရိုဟင်ဂျာများကို ပစ်မှတ်ထားလျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။
Source: The Independent
- By CNI
- Category: နိုင်ငံရေး
- Hits: 569
CNI International News
ဝါရှင်တန်၊ ဧပြီ ၁၀
အီရန်နိုင်ငံအနီးတွင် ဖြန့်ကြက်ထားသော အမေရိကန်တပ်ဖွဲ့များသည် ထိုဒေသ၌ပင် ဆက်လက် အခြေစိုက် နေမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြား ခဲ့သည်ဟု Straits Times သတင်းစာက ဖော်ပြခဲ့သည်။
ထို့နောက် အီရန်ဘက်က အမေရိကန်နှင့်ရရှိထားသည့် သဘောတူညီချက်ကို အပြည့်အဝ မလိုက်နာပါက တိုက်ခိုက်မှုများ ပြန်လည်စတင်မည်ဟု ၎င်းက ပြောသည်။
“အင်အား အလွန်ကျဆင်းသွားပြီဖြစ်တဲ့ ရန်သူကို သေကြေ ပျက်စီးစေဖို့အတွက် လိုအပ်တဲ့ ခဲယမ်းမီးကျောက်၊ လက်နက်တွေနဲ့ အခြားစစ်ဘက်ဆိုင်ရာ အင်အား ဖြည့်တင်းမှုတွေ အားလုံးဟာ အီရန်နိုင်ငံအတွင်းနဲ့ ပတ်ဝန်း ကျင်မှာ ဆက်ရှိနေမှာပါ။ ရရှိထားတဲ့ အစစ်အမှန် သဘောတူညီချက်ကို အပြည့်အဝ လိုက်နာတဲ့အထိ စစ်အင်အား တွေဟာ အဲဒီနေရာမှာပဲ ရှိနေမှာပါ”ဟု ထရမ့်က ဧပြီလ ၈ ရက်နေ့ ညပိုင်းတွင် ၎င်း၏ Truth Social လူမှု မီဒီယာမှတဆင့် ပြောကြားခဲ့သည်။
“တကယ်လို့ အကြောင်းပြချက် တစ်ခုခုကြောင့် မလိုက်နာခဲ့ရင်တော့ အဲဒီအခါကျရင် ဘယ်သူမှ တစ်ခါမှ မမြင်ဖူးသေးတဲ့ ပိုကြီးမား၊ ပိုကောင်းမွန်ပြီး ပိုမိုအားကောင်းတဲ့ ပစ်ခတ်မှုတွေ စတင်ပါလိမ့်မယ်။ လောလော ဆယ်မှာတော့ ကျနော်တို့ရဲ့ ခိုင်မာတဲ့ စစ်တပ်ဟာ အင်အားဖြည့်တင်းပြီး အနားယူနေပါတယ်။ တကယ်တော့ နောက်ထပ် အောင်ပွဲတစ်ခုအတွက် မျှော်လင့်စောင့်စားနေကြတာပါ။ အမေရိကန် ပြန်လာပါပြီ” ဟု ၎င်းက ဆိုသည်။

သေဆုံးသွားပြီးဖြစ်တဲ့ အလီခါမေနီနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
အီရန်နှင့် အမေရိကန်ကြား ရရှိထားသော ကျိုးပျက်လွယ်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ဧပြီလ ၉ ရက်နေ့တွင် ပြိုလဲမည့် လက္ခဏာများ ပြသလာပြီး အစ္စရေးက လက်ဘနွန်ကို အပြင်းအထန် တိုက်ခိုက် နေချိန်တွင် အီရန်ဘက်ကလည်း ရန်လိုသည့် တိုက်ခိုက်မှုများ ပြန်လည်စတင်မည်ဟု ခြိမ်းခြောက်လာခဲ့သည်။
အမေရိကန်နှင့် အီရန် နှစ်ဖက်စလုံးက နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲအဆုံးသတ်ရန် ရည်ရွယ်သည့် ဆွေးနွေးမှုများကို သဘောတူညီပြီးနောက် ၎င်းတို့ကိုယ်စီ အောင်ပွဲရရှိခဲ့သည်ဟု ကြေညာခဲ့ကြသည်။
အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းတစ်ခွင်တွင် လူပေါင်းထောင်ချီ သေဆုံးခဲ့ရပြီး ကမ္ဘာ့စီးပွားရေးကိုလည်း ကမောက်ကမ ဖြစ်စေခဲ့သည်။
သို့သော် အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ စစ်ပွဲအတွင်း ပါဝင်လာခဲ့သည့် မတ်လ အစောပိုင်း နောက်ပိုင်းမှာတော့ အစ္စရေးက အိမ်နီးချင်း လက်ဘနွန်နိုင်ငံကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ အက်ကြောင်းများမှာ လျင်မြန်စွာ ပေါ်ထွက်လာခဲ့သည်။
Source: Straits Times
- By CNI
- Category: နိုင်ငံရေး
- Hits: 800
CNI International News
အစ္စလာမ်မာဘတ်၊ ဧပြီ ၉
ပါကစ္စတန်သည် အမေရိကန်နှင့် အီရန်ကြား စစ်ပွဲကို ယာယီရပ်တန့်နိုင်ရန် ကြားဝင်စေ့စပ်ပေးခဲ့သဖြင့် ကမ္ဘာ ပျက်မည့် အခြေအနေကို ရှောင်လွှဲနိုင်ခဲ့ကြောင်း ပါကစ္စတန်အရာရှိများက ပြောကြားခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က အီရန်နှင့် သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြောင်း ဧပြီ ၈ ရက်တွင် မပြောကြားမီ နာရီပိုင်းအလိုက ပါကစ္စတန်သည် စစ်ပွဲကို ယာယီ ရပ်တန့်နိုင်ရန်အတွက် ကြားဝင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
ထိုအပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်လာရန်အတွက် ပါကစ္စတန်သည် ပြီးခဲ့သည့် သီတင်းပတ် ပေါင်းများစွာ ကတည်းက တိတ်တဆိတ် ကြားဝင်စေ့စပ်ပေးခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ် (Shehbaz Sharif) နှင့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အာဆင် မူနီယာ (Asim Munir) တို့၏ ကြိုးပမ်းမှုကြောင့် အမေရိကန်နှင့် အီရန်ကြား ဆွေးနွေးမှုလမ်းကြောင်း ပွင့်သွား ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတကာ သတင်းဌာနများက ဖော်ပြကြသည်။
ဧပြီ ၁၀ ရက်တွင် အပြီးသတ် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများကို ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့၌ စတင် ကျင်းပသွားမည်ဖြစ်သည်။

ပါကစ္စတန်ဝန်ကြီးချုပ်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များအရ အီရန်ဘက်က ကမ္ဘာ့ရေနံတင်ပို့မှု၏ ၅ ပုံ ၁ ပုံ ဖြတ်သန်းသည့် ဟော်မုဇ်ရေလက်ကြားကို လာမည့် သီတင်းနှစ်ပတ်အတွင်း ပြန်ဖွင့်ပေးရမည်ဖြစ်ပြီး အမေရိကန်နှင့် အစ္စရေး ကလည်း အီရန်အပေါ် တိုက်ခိုက်နေမှုများကို သီတင်းနှစ်ပတ်ကြာ ရပ်နားထားရမည်ဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) ကမူ အီရန်နှင့် အပစ်ရပ်သည့် ထရမ့်၏ ဆုံးဖြတ် ချက်ကို ထောက်ခံသော်လည်း ထိုအပစ်အခတ်ရပ်စဲမှုတွင် လက်ဘနွန်နယ်စပ်ရှိ ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့ များနှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများ မပါဝင်ကြောင်း အတိအလင်း ကြေညာခဲ့သည်။
အပစ်အခတ်ရပ်စဲရေး သတင်း ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့ရေနံ ဈေးနှုန်းများမှာ တစ်စည်လျှင် ၉၄ ဒေါ်လာ ခန့်အထိ ၁၆ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပြီး စတော့ဈေးကွက်များ ပြန်လည်ဦးမော့လာခဲ့သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (António Guterres) က အပစ်အခတ်ရပ်စဲ ရေး သဘောတူညီချက်ကို ကြိုဆိုခဲ့ပြီး ပါကစ္စတန်၏ ကြိုးပမ်းမှုကို ချီးကျူးစကား ပြောကြားခဲ့သည်။
သို့သော်လည်း အီရန်အမျိုးသားလုံခြုံရေးကောင်စီက ၎င်းတို့ အနေဖြင့် အမေရိကန်အပေါ် အပြည့်အဝ ယုံကြည်မှု မရှိသေးကြောင်း ပြောကြားထားသဖြင့် လာမည့် သီတင်းနှစ်ပတ်တာ ကာလသည် ဒေသတွင်း ငြိမ်းချမ်းရေး အတွက် အလွန်အရေးကြီးသော အဆုံးအဖြတ် ဖြစ်လာလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 616
CNI International News
ဘေဂျင်း၊ ဧပြီ ၉
ထိုင်ဝမ်၏ ကူမင်တန်(KMT)ပါတီ တည်ထောင်သူ ဆွန်ယက်ဆင် (Sun Yat-sen)၏ စိတ်ဓာတ်ကို အရင်းခံပြီး တရုတ်ပြည်မကြီးနှင့် ပြန်လည်ရင်ကြားစေ့ရေးကို လုပ်ဆောင်သွားမည်ဟု ထိုင်ဝမ်အတိုက်အခံခေါင်းဆောင် ချန်လီဝမ် (Cheng Li-wun)က ဧပြီ ၈ ရက်တွင် ကတိပြုခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ချန်သည် ကွန်မြူနစ် တော်လှန်ရေးနောက်ပိုင်း တရုတ်နိုင်ငံ၏ အောင်မြင်မှုများကို ဆွန်ယက်ဆင်၏ ဂူဗိမာန်တွင် ချီးကျူးစကား ပြောကြားချိန်တွင် ထိုကဲ့သို့ ကတိပြုခဲ့ခြင်းဖြစ်သည်။
ထိုင်ဝမ်၏ အကြီးဆုံး အတိုက်အခံ ပါတီဖြစ်သော ကူမင်တန် (KMT)ပါတီ၏ လက်ရှိဥက္ကဋ္ဌဖြစ်သူ ချန်သည် တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပြီး တရုတ်နိုင်ငံက ထိုင်ဝမ်အပေါ် စစ်ရေးအရ ဖိအားပေးမှုများ မြင့်တက် နေချိန်တွင် ထိုခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
တရုတ်နိုင်ငံက ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်အဖြစ် ရှုမြင်ထားပြီး တစ်ဖက်တွင်လည်း ထိုင်ဝမ်လွှတ်တော် အတွင်းရှိ အတိုက်အခံများက အစိုးရ၏ ဒေါ်လာ ၄၀ ဘီလျံ တန်ဖိုးရှိ အပိုဆောင်း ကာကွယ်ရေးအသုံးစရိတ် အစီအစဉ်ကို ဟန့်တားပိတ်ဆို့ထားသည်။

ဆွန်ယက်ဆင် ရုပ်တုကို ဂါရဝပြုနေတဲ့ ချန်လီဝမ်ကို တွေ့ရစဉ်
ချန်သည် တရုတ်နိုင်ငံသို့ ရောက်ရှိသည့် ပထမဆုံးနေ့တွင် နန်ကျင်း (Nanjing) မြို့ရှိ ဆွန်ယက်ဆင်၏ ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေ ချခဲ့သည်။
ကူမင်တန်များ ဦးဆောင်သည့် တရုတ်သမ္မတနိုင်ငံ (Republic of China) အစိုးရသည် ၁၉၄၉ ခုနှစ်တွင် မော်စီတုန်း (Mao Zedong) ၏ ကွန်မြူနစ်များနှင့် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်တွင် ရှုံးနိမ့်ပြီး ထိုင်ဝမ်ကျွန်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ခြင်းဖြစ်သည်။
ထိုပြည်တွင်းစစ် မဖြစ်ပွားမီက နန်ကျင်းမြို့သည် ကူမင်တန်များ ဦးဆောင်သည့် တရုတ်သမ္မတနိုင်ငံ၏ မြို့တော် ဖြစ်ခဲ့သည်။
“ဆွန်ယက်ဆင်ရဲ့ တစ်လောကလုံး တန်းတူညီမျှရေးဆိုတဲ့ စံတန်ဖိုးတွေရဲ့ အနှစ်သာရဟာ တန်းတူညီမျှမှု၊ အားလုံး ပါဝင်နိုင်မှုနဲ့ ညီညွတ်မှုတို့ပဲ ဖြစ်ပါတယ်။ ကျမတို့ဟာ ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်စလုံး ပြန်လည် သင့်မြတ်ရေးနဲ့ ညီညွတ်ရေးကို မြှင့်တင်ဖို့၊ ဒေသတွင်း သာယာဝပြောမှုနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်”ဟု ချန်က ပြောကြားခဲ့ကြောင်း ထိုင်ဝမ်ရုပ်သံလိုင်းများမှ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည်။

ထိုင်ဝမ်အတိုက်အခံခေါင်းဆောင် ချန်လီဝမ်ကို တွေ့ရစဉ်
၁၉၁၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ နောက်ဆုံး မင်းဆက်ကို ဖြုတ်ချပြီး တရုတ်သမ္မတနိုင်ငံ (Republic of China) ကို တည်ထောင်ခဲ့သူ ဆွန်ယက်ဆင်သည် ၁၉၂၅ ခုနှစ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
ဒေါက်တာ ဆွန်ယက်ဆင်ကို ထိုင်ဝမ်တွင် တရုတ်သမ္မတနိုင်ငံကို ထူထောင်သည့် ပုဂ္ဂိုလ်ကြီးအဖြစ် ကြည်ညို လေးစားကြဆဲဖြစ်သကဲ့သို့ တရုတ်ပြည်မကြီးတွင်လည်း ကွန်မြူနစ်ပါတီက ဆွန်ယက်ဆင်ကို တရုတ်အမျိုးသား အာဇာနည် တစ်ဦးအဖြစ် ဂုဏ်ပြုကြသည်။
ထို့ပြင် မော်စီတုန်း ကိုယ်တိုင်ကလည်း ဆွန်ယက်ဆင်ကို ကြီးမြတ်သော တော်လှန်ရေး ရှေ့ဆောင်တစ်ဦးဟု ကြေညာခဲ့ဖူးသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 663
CNI International News
ရောမ၊ ဧပြီ ၈
အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲသည် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုကဏ္ဍကို စိန်ခေါ်နေပြီဖြစ် ကြောင်း အီတလီကာကွယ်ရေးဝန်ကြီး ဂူဒို ခရိုဆက်တို (Guido Crosetto)က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
လက်ရှိ အခြေအနေမှာ နျူကလီးယား စစ်ပွဲအထိ ကူးစက်သွားနိုင်သည့် အခြေအနေအထိ အန္တရာယ်ရှိနေကြောင်း ၎င်းက ပြောသည်။
အီတလီနိုင်ငံသည် အီရန်အပေါ် တိုက်ခိုက်မှုများတွင် ပါဝင်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ တိုက်တွန်းချက်ကို လက်ခံရန် ဝန်လေးနေသည့် နေတိုးမဟာမိတ်နိုင်ငံများထဲ၌ ပါဝင်သည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း အရှေ့အလယ်ပိုင်းသို့ သွားမည့် အမေရိကန် စစ်လေယာဉ်များကို အီတလီနိုင်ငံ စစ္စလီ (Sicily) ကျွန်းရှိ စီဂိုနယ်လာ (Sigonella) လေတပ် အခြေစိုက်စခန်းတွင် ဆင်းသက်ခွင့် မပေးဘဲ အီတလီ အစိုးရက ငြင်းပယ်ခဲ့သည်။

အီတလီကာကွယ်ရေးဝန်ကြီး ဂူဒို ခရိုဆက်တိုကို တွေ့ရစဉ်
“ဒီစစ်ပွဲက အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှု ကဏ္ဍကိုလည်း အန္တရာယ် ဖြစ်စေပါတယ်”ဟု ခရိုဆက်တိုက ဧပြီ ၇ ရက်တွင် ထုတ်ဝေသည့် Corriere della Sera သတင်းစာနှင့် အင်တာဗျူး၌ ပြောကြားခဲ့ သည်။
အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ (Giorgia Meloni) ၏ ရင်းနှီးသော မဟာမိတ်ဖြစ်ပြီး သမ္မတ ထရမ့်နှင့် လည်း ဆက်ဆံရေး ကောင်းမွန်သည့် ခရိုဆက်တိုက ယခုပဋိပက္ခသည် ပိုမိုဆိုးရွားသော အခြေအနေသို့ ဦးတည် သွားမည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၅ ခုနှစ်က ဂျပန်နိုင်ငံအပေါ် အမေရိကန်၏ နျူကလီးယား ဗုံးကြဲတိုက်ခိုက်မှု ဖြစ်ရပ် ကို ဥပမာအဖြစ် ကိုးကားပြီး ခရိုဆက်တိုက အီရန်စစ်ပွဲ၏ ပြင်းထန်လာနိုင်သည့် အန္တရာယ်အား သတိပေးခဲ့ခြင်း ဖြစ်သည်။
“စဉ်းစားကြည့်ပါ၊ ပဋိပက္ခတစ်ခုကို အဆုံးသတ်ဖို့အတွက် ဟီရိုရှီးမား (Hiroshima) နဲ့ နာဂါဆာကီ (Nagasaki) လို ဖြစ်ရပ်မျိုးဟာ လက်ခံနိုင်စရာ နည်းလမ်းတစ်ခု ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ကြတာဟာ ကျနော်တို့လို လူသားတွေပဲ ဖြစ်ပါတယ်။ စိတ်မကောင်းစရာကတော့ ကျနော်တို့ဆီမှာ နျူကလီးယား လက်နက်တွေ ရှိနေဆဲဖြစ်သလို၊ မရှိ သေးတဲ့ သူတွေကလည်း ရယူပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ ကျနော်တို့ ဘာသင်ခန်းစာမှ မရခဲ့ကြပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1120
CNI International News
ဝါရှင်တန်၊ ဧပြီ ၈
၂၀၂၆ ခုနှစ်၊ ဧပြီ ၈ ရက်က အီရန်နှင့် အမေရိကန်ကြား သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သည်။
ထို့နောက် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ရန် သဘောတူခဲ့သဖြင့် ရေနံစျေးနှုန်းများ ပြန်လည်ကျဆင်းလာပြီး စတော့ရှယ်ယာစျေးကွက်များ ပြန်လည်ဦးမော့လာခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကလည်း အီရန်အပေါ် တိုက်ခိုက်မှုများကို သီတင်းနှစ်ပတ်ကြာ ဆိုင်းငံ့ထားရန် သဘောတူညီခဲ့ကြောင်း ရေရှည်ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်အတွက် ဆောင်ရွက်နေပြီဟု ပြောကြားခဲ့သည်။
အီရန်နိုင်ငံကလည်း ၎င်းအပေါ် တိုက်ခိုက်မှုများ ရပ်တန့်မည်ဆိုပါက ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ရန်နှင့် အပစ်အခတ်ရပ်စဲရန် သဘောတူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထိုသတင်း ထွက်ပေါ်လာပြီးနောက် နာရီပိုင်းအတွင်းမှာပင် အမေရိကန် ရေနံစိမ်းကြိုပွိုင့်ဈေးကွက်သည် ၁၆ ဒသမ ၅ ရာခိုင်နှုန်းခန့် ထိုးဆင်းသွားပြီး ရေနံ တစ်စည်လျှင် ၉၄ ဒေါ်လာ သို့ ရောက်ရှိခဲ့သည်။
တစ်ချိန်တည်းမှာပင် S&P 500 ရှယ်ယာကြိုပွိုင့်ဈေးကွက်သည် ၂ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပြီး ပဋိပက္ခဖြစ်နေချိန်အတွင်း ရင်းနှီးမြှုပ်နှံသူများ ဝယ်ယူစုဆောင်းခဲ့သည့် အမေရိကန်ဒေါ်လာတန်ဖိုးသည်လည်း ကျဆင်းသွားခဲ့သည်။
Source: Al Jazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 635
CNI International News
ကိယက်ဗ်၊ ဧပြီ ၈
ရုရှားဂြိုဟ်တုများသည် အရှေ့အလယ်ပိုင်းဒေသရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများနှင့် အရေးပါသော နေရာ များကို အသေးစိတ် ဓာတ်ပုံရိုက်ကူးမှုပေါင်း ဒါဇင်နှင့်ချီ ပြုလုပ်ခဲ့ကြောင်း ယူကရိန်းထောက်လှမ်းရေးအဖွဲ့က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန် တပ်ဖွဲ့များနှင့် အခြား ပစ်မှတ်များကို အီရန်က တိုက်ခိုက်ရာတွင် ကူညီပေးရန်အတွက် ရုရှားက ဂြိုဟ်တုများဖြင့် ကူညီပေးနေခြင်းဖြစ်သည်ဟု ယူကရိန်းထောက်လှမ်းရေးက ထုတ်ပြန်ခဲ့သည်။
ရိုက်တာသတင်းဌာနက လေ့လာခွင့်ရခဲ့သည့် အဆိုပါ ထုတ်ပြန်ချက်တွင် ရုရှားနှင့် အီရန် ဟက်ကာများသည် ဆိုက်ဘာနယ်ပယ်တွင်လည်း ပူးပေါင်းဆောင်ရွက်နေကြကြောင်း ဖော်ပြထားသည်။
ထိုအချက်အလက်များသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးနှင့် အမေရိကန်တို့က အီရန်ကို တိုက်ခိုက်ခဲ့ပြီး နောက် ရုရှားက အီရန်ကို လျှို့ဝှက်ပံ့ပိုးမှုများနှင့် ပတ်သက်သည့် အသေးစိတ် အကျဆုံး ဖော်ပြချက်များ ဖြစ်သည်။

အီရန်အမျိုးသားအစောင့်တပ်ကိုတွေ့ရစဉ်
ယူကရိန်းထောက်လှမ်းရေး၏ လေ့လာချက်အရ ရုရှားဂြိုဟ်တုများသည် မတ်လ ၂၁ ရက်မှ ၃၁ ရက်အတွင်း အရှေ့အလယ်ပိုင်း ၁၁ နိုင်ငံရှိ နယ်မြေဒေသများကို ၂၄ ကြိမ်ထက်မနည်း ထောက်လှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုသို့ ထောက်လှမ်းရာတွင် အမေရိကန်နှင့် အခြား စစ်အခြေစိုက်စခန်းများ၊ လေဆိပ်များနှင့် ရေနံမြေများ အပါအဝင် ပစ်မှတ်ပေါင်း ၄၆ ခုကို လွှမ်းခြုံ စစ်ဆေးခဲ့သည်ဟု ဆိုသည်။
ရုရှား၏ ဂြိုဟ်တုများဖြင့် ထောက်လှမ်းကြည့်ရှုပြီး ရက်ပိုင်းအတွင်းမှာပင် ထိုစစ်အခြေစိုက် စခန်းများနှင့် ဌာနချုပ် များသည် အီရန်၏ ပဲ့ထိန်းဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ထိုဖြစ်စဉ်မှာ တိုက်ဆိုင်မှု မဟုတ်ဘဲ တိကျပြတ်သားသည့် လုပ်ဆောင်မှုပုံစံ တစ်ခုဖြစ်သည်ဟုလည်း ယူကရိန်း ထောက်လှမ်းရေးများက ယူဆထားသည်။

အီရန် ပစ်ချလိုက်တဲ့ အမေရိကန်တိုက်လေယာဉ်ကို တွေ့ရစဉ်
အနောက်နိုင်ငံများမှ စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ် တစ်ခုနှင့် ဒေသတွင်း လုံခြုံရေး သတင်းရင်းမြစ် တစ်ခုတို့ ကလည်း အရှေ့အလယ်ပိုင်းဒေသတွင် ရုရှားဂြိုဟ်တုများ လှုပ်ရှားနေသည့် ထောက်လှမ်းရေး အချက်အလက်များ ရှိကြောင်းနှင့် ရုရှားသည် ၎င်းတို့ ရရှိထားသည့် ဓာတ်ပုံမှတ်တမ်းများကို အီရန်ထံ မျှဝေခဲ့ကြောင်း ရိုက်တာကို ပြောကြားခဲ့သည်။
ရုရှား၏ ထောက်လှမ်းမှုများအနက် ၉ ကြိမ်မှာ ဆော်ဒီနိုင်ငံ၏ နယ်မြေအချို့ကို လွှမ်းခြုံထားပြီး၊ ထို ၉ ကြိမ်အနက် ၅ ကြိမ်မှာ ဟာဖာအယ်လ်ဘာတင် (Hafar Al-Batin) မြို့အနီးရှိ ကင်းခါလစ် စစ်ဘက်ဆိုင်ရာမြို့(King Khalid Military City) ကို ထောက်လှမ်းခဲ့ခြင်းဖြစ်သည်။
ထောက်လှမ်းရသည့် ရည်ရွယ်ချက်မှာ အမေရိကန်ထုတ် THAAD လေကြောင်း ကာကွယ်ရေးစနစ်များ တပ်ဆင် ထားသော နေရာကို ရှာဖွေရန်ဖြစ်နိုင်ကြောင်း ယူကရိန်းထောက်လှမ်းရေးများက ပြောကြားခဲ့သည်။
တူရကီ၊ ဂျော်ဒန်၊ ကူဝိတ်နှင့် ယူအေအီးတို့ရှိ နယ်မြေအချို့မှာလည်း ရုရှားဂြိုဟ်တုများ၏ ထောက်လှမ်းခြင်းကို ၂ ကြိမ်စီခံခဲ့ရပြီး အစ္စရေး၊ ကာတာ၊ အီရတ်၊ ဘာရိန်းနှင့် အိန္ဒိယသမုဒ္ဒရာရှိ ဒီယေဂိုဂါးစီးယား (Diego Garcia) ရေတပ်အခြေစိုက်စခန်းတို့သည် ၁ ကြိမ်စီ ထောက်လှမ်းခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 268
CNI International News
တိုင်ပေ၊ ဧပြီ ၇
ထိုင်ဝမ်၏ ထိပ်တန်း အတိုက်အခံခေါင်းဆောင် ချန်လီဝမ် (Cheng Li-wun) သည် ဧပြီ ၇ ရက်တွင် တရုတ်နိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်နေပြီး ထိုခရီးစဉ်သည် တရုတ်နှင့် ထိုင်ဝမ်ကြား ၎င်း၏ အခန်းကဏ္ဍကို ပိုမိုခိုင်မာလာစေ မည်ဟု မျှော်လင့်ရကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ထို့ပြင် ချန်၏ ခရီးစဉ်သည် ထိုင်ဝမ်နိုင်ငံရေးအပေါ် ရိုက်ခတ်မှုများ ရှိလာနိုင်သလို ထိုင်ဝမ်အတွက် အလွန်အရေး ပါသော အမေရိကန်နှင့် ဆက်ဆံရေး အပေါ်တွင်လည်း သက်ရောက်မှုများ ရှိလာနိုင်သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။
ထိုင်ဝမ်၏ အကြီးဆုံး အတိုက်အခံပါတီဖြစ်သည့် ကူမင်တန်(KMT)ပါတီဥက္ကဋ္ဌ ချန်၏ ခရီးစဉ်သည် ထိုင်ဝမ်အပေါ် တရုတ်၏ စစ်ရေးအရ ဖိအားပေးမှုများ မြင့်တက်နေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
တရုတ်အစိုးရက ထိုင်ဝမ်ကို ၎င်း၏ နယ်မြေအဖြစ် ရှုမြင်ထားပြီး ထိုင်ဝမ်လွှတ်တော်အတွင်းရှိ အတိုက်အခံများ ကလည်း အစိုးရ၏ ဒေါ်လာ ၄၀ ဘီလျံတန်ဖိုးရှိ ကာကွယ်ရေးအသုံးစရိတ် အစီအစဉ်ကို တားဆီးပိတ်ဆို့ခဲ့သည်။
ချန်၏ခရီးစဉ် မတိုင်မီကတည်းက အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ(DPP)နှင့် အတိုက်အခံ KMT ပါတီတို့သည် လူမှုမီဒီယာပေါ်တွင် ကာကွယ်ရေးနှင့် ငြိမ်းချမ်းရေးဆိုသည့် စကားလုံးများကို အသုံးပြုကာ အပြန်အလှန် ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

ထိုင်ဝမ်အတိုက်အခံခေါင်းဆောင် ချန်လီဝမ်ကို တွေ့ရစဉ်
“ငြိမ်းချမ်းရေးဟာ သာယာဝပြောမှုအတွက် တစ်ခုတည်းသော အခြေခံအုတ်မြစ် ဖြစ်သလို ထိုင်ဝမ်ရဲ့ အနာဂတ် အတွက် မျှော်လင့်ချက်လည်း ဖြစ်ပါတယ်” ဟု KMT ပါတီက ဧပြီ ၅ ရက်တွင် ပြောကြားခဲ့သည်။
DPP ပါတီကမူ KMT ပါတီသည် ထိုင်ဝမ်၏ ကာကွယ်ရေးစွမ်းရည်ကို အားနည်းအောင် လုပ်ဆောင်မည့် တရုတ် ကွန်မြူနစ်များ၏ အစီအစဉ်တွင် ပူးပေါင်းပါဝင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း Facebook ပေါ်၌ စွပ်စွဲခဲ့သည်။
ထို့ပြင် အမေရိကန်အစိုးရက ထောက်ခံထားသည့် ကာကွယ်ရေး အသုံးစရိတ် အစီအစဉ်များကို အတိုက်အခံများ က လွှတ်တော်တွင် ဆိုင်းငံ့ထားမှုကိုလည်း DPP က ဝေဖန်ခဲ့သည်။
ချန်ကမူ ငြိမ်းချမ်းရေးကို ကာကွယ်ရေး စွမ်းရည် တစ်ခုတည်းဖြင့် တည်ဆောက်၍ မရနိုင်ကြောင်း၊ နိုင်ငံရေးအရ အားထုတ်ကြိုးပမ်းမှုများလည်း မရှိမဖြစ် အရေးကြီးကြောင်း ပြီးခဲ့သည့်လက သတင်းထောက်များကို ပြောကြားခဲ့ သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 292
CNI International News
ဆိုးလ်၊ ဧပြီ ၇
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း (Kim Jong Un) ၏ ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူကို ကင်မ် ၏ အရိုက်အရာ ဆက်ခံမည့်သူအဖြစ် လျာထား သတ်မှတ်ထားကြောင်း တောင်ကိုရီးယားထောက်လှမ်းရေး အေဂျင်စီက ယူဆထားသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမျိုးသားထောက်လှမ်းရေးဌာန(NIS)က ၎င်းတို့၏ သုံးသပ်ချက်သည် စုဆောင်း ရရှိထားသည့် ခိုင်လုံသော ထောက်လှမ်းရေး သတင်းအပေါ် အခြေခံထားခြင်းဖြစ်ကြောင်း ဧပြီ ၆ ရက်က တောင်ကိုရီးယားလွှတ်တော်၏ တံခါးပိတ် အစည်းအဝေးတွင် လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။
မကြာသေးမီက ကင်မ်၏ သမီးဖြစ်သူ ကင်မ်ဂျူအဲ (Kim Ju Ae) တင့်ကား မောင်းနှင်နေသည့် ပုံရိပ်များသည် ၎င်း၏ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်မှုကို အသားပေး ဖော်ပြရန်နှင့် အမွေဆက်ခံသူအပေါ် သံသယများကို ပျောက်ပြယ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း NIS က ပြောကြားခဲ့သည်ဟု အမတ်များက ဆိုသည်။
မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနသည် ပြီးခဲ့သည့်လက ကင်မ်နှင့် ၎င်း၏သမီးဖြစ်သူ ကင်မ်ဂျူအဲတို့ တင့်ကားအသစ် တစ်စီးကို မောင်းနှင်နေသည့် ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။

ကင်မ်ဂျူအဲ စနိုက်ပါ ပစ်နေစဉ်
ထိုဓာတ်ပုံများ မထုတ်ပြန်မီကလည်း ကင်မ်ဂျူအဲသည် သေနတ်ပစ်ကွင်းတွင် ရိုင်ဖယ်သေနတ် ပစ်ခတ်နေသည့် ပုံနှင့် ပစ္စတိုကို ကိုင်တွယ် အသုံးပြုနေသည့် ပုံရိပ်များကို ဖော်ပြခဲ့ဖူးသည်။
ထိုမြင်ကွင်းများသည် ၂၀၁၀ ပြည့်နှစ် အစောပိုင်း ကာလများက ကင်မ်ဂျုံအန်း ကိုယ်တိုင် ၎င်း၏ဖခင်ထံမှ အာဏာ လွှဲပြောင်းရယူရန် ပြင်ဆင်နေချိန်တွင် ပြုလုပ်ခဲ့သည့် လူသိရှင်ကြား လှုပ်ရှားမှုများကို ပြန်လည်ပုံဖော်ပြသခြင်း ဖြစ်သည်ဟု အာဏာရ ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ် ပတ်ဆွန်းဝမ် (Park Sun-won) က ပြောကြားခဲ့ သည်။
အသက် ၁၃ နှစ်ဝန်းကျင်ရှိပြီဟု ယူဆရသည့် ကင်မ်ဂျူအဲနှင့် ပတ်သက်သော နောက်ဆုံး သုံးသပ်ချက်သည် ၎င်းအား ဖခင်၏ အရိုက်အရာကို ဆက်ခံရန် လေ့ကျင့်ပေးနေဖွယ် ရှိသည်ဆိုသည့် ထောက်လှမ်းရေးအေဂျင်စီ၏ အစောပိုင်း လေ့လာဆန်းစစ်ချက်များထက် ပိုမိုခိုင်မာလာသည့် အဆင့်တစ်ခုသို့ ရောက်ရှိလာခြင်းဖြစ်သည်။
သို့သော် ကင်မ်ဂျူအဲ၏ တင့်ကား မောင်းပြရုံသည့် ဓာတ်ပုံများကို လေ့လာသုံးသပ်ခြင်းဖြင့် ကင်မ်၏ အရိုက်အရာ ဆက်ခံသူအဖြစ် အတည်ပြုရန် မလုံလောက်သေးကြောင်း တောင်ကိုရီးယား၏ အမျိုးသား ပြန်လည်ပေါင်းစည်း ရေး အင်စတီကျူမှ လေ့လာဆန်းစစ်သူ ဟောင်မင်း (Hong Min) က ပြောကြားခဲ့သည်။
Source: ရိုက်တာ
