CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၃

မာဆေးလ်အသင်းနည်းပြ ဒီဇာဘီက အသင်းအတွက် ခြေစွမ်းပြသနေတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ Ballon d'Or ဆုကို ရရှိနိုင်တယ်လို့ ပြောခဲ့ပါတယ်။ 

ဒီဇာဘီက “ဂရင်းဝုဒ်မှာ ကြီးမားတဲ့ အလားအလာရှိပြီး ဥရောပမှာ ဒီလိုမျိုး အရည်အချင်းရှိတဲ့ ကစားသမားတွေကို ကျနော် အများအပြား မတွေ့ရပါဘူး။ သူဟာ Ballon d'Or ရနိုင်ဖို့ အလားအလာရှိပြီး ဒါကိုရနိုင်ဖို့ သူအစွမ်းကုန် ကြိုးစားမလား၊ မကြိုးစားဘူးလားဆိုတာတော့ သူဆုံးဖြတ်ရမယ့် အရာပါ။ သူ့ကို ပိုပြီးတည်ငြိမ်မှု ရှိစေချင်သလို အမြဲတမ်းပိုပြီးလိုချင်တယ်”လို့ ပြောခဲ့ပါတယ်။ 

ယူနိုက်တက် ကြယ်ပွင့်ဟောင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မာဆေးလ်အသင်းအတွက် ၂ ဂိုး သွင်းယူခဲ့ ပြီးနောက် ဒီရာသီမှာ သူ့ရဲ့ ပြိုင်ပွဲစုံသွင်းဂိုးက ၁၃ ဂိုးအထိ ရှိလာခဲ့တာပါ။

မုဒိမ်းမှု အပါအဝင် စွဲချက်အမျိုးမျိုးကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီမှာ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ဂရင်းဝုဒ်ဟာ နောက်ပိုင်း မှာ စွဲချက်တွေကနေ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ 

ဂရင်းဝုဒ်ကို တွေ့ရစဉ်

ဂရင်းဝုဒ်ဟာ သူ့ရဲ့ ကစားသမားဘဝကို ဂီတာဖေးအသင်းမှာ ပြန်လည် တည်ဆောက်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် နွေရာသီမှာ မာဆေးလ်အသင်းထံ အပြီးသတ် ပြောင်းရွှေ့ခဲ့တာပါ။ 

ဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းအတွက် ပွဲဦးထွက်ခဲ့တဲ့ မနှစ်က ရာသီမှာလည်း ခြေစွမ်းပြသနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၃၆ ပွဲမှာ ၂၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

မာဆေးလ်အသင်းနည်းပြ ဒီဇာဘီက သူဟာ ဂရင်းဝုဒ်ဆီကနေ အခုပြသနေတဲ့ စွမ်းဆောင်ရည်ထက် ပိုလိုချင် နေပြီး သူစတင် ကိုင်တွယ်တဲ့ အချိန်တုန်းကထက် ပိုကောင်းတဲ့ ဂရင်းဝုဒ်ကို မြင်တွေ့ချင်တယ်လို့ ပြောခဲ့ပါတယ်။

မာဆေးလ်အသင်းဟာ ဒီရာသီပြင်သစ် လီဂူး-၁ ပြိုင်ပွဲမှာ အဆင့် ၃ နေရာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၆ နေရာ ရပ်တည်နေတာဖြစ်ပါတယ်။ 

Source: Dailymail