CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၁၄
ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း ဂရင်းဝုဒ်ဟာ ဥရောပကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ရနေပေမယ့် မာဆေးလ်အသင်းမှာ ဆက်ပြီးရှိဖို့ ဆန္ဒရှိနေပါတယ်။
ဂျူဗင်တပ်စ်၊ ဒေါ့မွန်နဲ့ အက်သလက်တီကိုအသင်းတို့ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ဂရင်းဝုဒ်ဟာ မကြာသေးမီက သူ့ရဲ့စွမ်းဆောင်ရည်တွေအတွက် ဝေဖန်မှု ပြင်းပြင်းထန်ထန် ခံနေရပေမယ့် ပြင်သစ်လီဂူး-၁ တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။
ဂရင်းဝုဒ်က တစ်နှစ်တာ အကောင်းဆုံး အသင်းမှာ အလွန်ကောင်းမွန်တဲ့ ကစားသမားတွေ အများကြီး ပါဝင်တာ ကြောင့် ဒီဆုကို ရတာက သူ့အတွက် ကောင်းမွန်သလို လီဂူး-၁ ဟာ အကောင်းဆုံး လိဂ်တွေထဲက တစ်ခုဖြစ်တယ် လို့ ဆုပေးပွဲ အခမ်းအနားမှာ ပြောခဲ့ပါတယ်။

ဂရင်းဝုဒ်ကိုတွေ့ရစဉ်
ဒါ့အပြင် ဂရင်းဝုဒ်က ဒီမှာဆက်ရှိနေဖို့ မျှော်လင့်ကြောင်းလည်း ပြောခဲ့တာပါ။
အသက် ၂၄ နှစ်အရွယ်ရှိ ဂရင်းဝုဒ်ဟာ ဒီရာသီမှာ မာဆေးလ်အသင်းအတွက် ၄၄ ပွဲ ကစားထားပြီး ၂၆ ဂိုးသွင်း ယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ထားပါတယ်။
ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ လီဟာဗေးအသင်းနဲ့ပွဲမှာ မာဆေးလ်အသင်းအတွက် တစ်လုံးထဲသော အနိုင်ဂိုးကို သွင်းယူ ပေးခဲ့ပြီး ဒီဂိုးကြောင့်အသင်းဟာ ဥရောပဝင်ခွင့် မျှော်လင့်ချက် ရှင်သန်နေတာပါ။
ဂရင်းဝုဒ်နဲ့ မာဆေးလ်အသင်းစာချုပ်ဟာ ၂၀၂၉ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။
Source: Thesun
