CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၆

မာဆေးလ်အသင်း တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ဂျမေကာနိုင်ငံသားခံယူခွင့်နဲ့ ပတ်စပို့ ရရှိခဲ့ပြီးနောက် ဂျမေကာ လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားဖို့ နီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။ 

ဂရင်းဝုဒ်ဟာ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာက အိုက်စလန်အသင်းနဲ့ပွဲမှာ အင်္ဂလန်အသင်းအတွက် တစ်ပွဲသာ ပါဝင် ကစားခဲ့ပြီးကတည်းက နိုင်ငံအသင်းပွဲတွေနဲ့ ဝေးကွာနေတာပါ။

ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းမှာ ကစားနေချိန် မုဒိမ်းမှု အပါအဝင် စွဲချက် အများအပြားနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီမှာ ဒီစွဲချက်တွေကနေ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ 

ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းကနေ ဂီတာဖေးအသင်းထံ အငှားသွားရောက် ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ သလို ပြီးခဲ့တဲ့နွေရာသီက မာဆေးလ်အသင်းထံ အပြီးသတ် ပြောင်းရွှေ့ခဲ့တာပါ။ 

ဂရင်းဝုဒ်ကို တွေ့ရစဉ်

ဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းမှာ ဂိုးတွေသွင်းယူပြီး ခြေစွမ်းပြသခဲ့ပေမယ့် အင်္ဂလန်အသင်းဟာ သူ့ကို ရွေးချယ် ခြင်း မရှိခဲ့တာကြောင့် ဂျမေကာ လက်ရွေးစင်အသင်းအတွက် ပြောင်းလဲကစားဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ 

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ဂရင်းဝုဒ်ဟာ ဂျမေကာ လက်ရွေးစင်အသင်းအတွက် ကစားမယ်လို့ အတည်ပြု ခဲ့သလို အခုအချိန်မှာ ဂျမေကာနိုင်ငံသားခံယူခွင့်နဲ့ ပတ်စပို့လည်း ရရှိခဲ့တာကြောင့် လာမယ့် နိုင်ငံတကာပွဲတွေမှာ ဂျမေကာအသင်းအတွက် ပါဝင်ကစားတော့မှာပါ။ 

ဂရင်းဝုဒ်ဟာ လာမယ့်လမှာ ယှဉ်ပြိုင်မယ့် ဘာမြူဒါ၊ ထရီနီဒတ်နှင့် တိုဘာဂို အသင်းတို့နဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဂျမေကာအသင်းအတွက် ပါဝင်ဖို့ရှိနေပါတယ်။ 

အင်္ဂလန်အသင်း နည်းပြဟောင်း စတိဗ်မက္ကလာရင် ကိုင်တွယ်နေတဲ့ ဂျမေကာအသင်းဟာ သူတို့ရဲ့မိသားစု ဆက်စပ်မှုတွေနဲ့ ဗြိတိန်အခြေစိုက် ကစားသမားတွေကို နိုင်ငံအသင်းအတွက် ပါဝင်ကစားဖို့ လုပ်ဆောင်နေတာပါ။ 

ဂျမေကာအသင်းဟာ ဘရန်ဖို့ဒ်အသင်းက ရီကိုဟင်နရီနဲ့ စပါးအသင်းက ဟော်လ်တို့ကိုလည်း လူစာရင်းထဲ ထည့်သွင်းထားပါတယ်။ 

ဂျမေကာအသင်းဟာ ၁၉၉၈ ခုနှစ်နောက်ပိုင်း ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိဖို့အတွက် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။ 

Source: BBC